၂၀၂၄က အမှတ်အရဆုံးဖြစ်ရပ်များ
နှစ်တစ်နှစ်တာရဲ့ reflectionဆိုတာ လူတိုင်းရေးချင်စိတ်ရှိကြတယ်။ ဒါပေမယ့် အနည်းငယ်သော ရာခိုင်နှုန်းကသာ ရေးလိုက်နိုင်ကြတယ်။ အများစုကျတော့ ရေးသားရင်း တစ်ဝက်တစ်ပျက်နဲ့ ဘာဆက်ရေးလို့ရေးရမှန်းမသိဖြစ်ရင်းပေါ့။
ကျနော်ကတော့
- Achievements (ကြုံတွေ့ရတဲ့အခက်အခဲတွေနဲ့ ဖြတ်ကျော်ခဲ့ချိန်တွေ၊ မှတ်တိုင်တွေ)
- Learnings (ဘယ်ကိစ္စကအလုပ်ဖြစ်ခဲ့လဲ၊ မဖြစ်ခဲ့ဘူးလဲ၊ ဘာတွေလေ့လာသင်ယူလို့ရနိုင်မလဲ။)
- Failures (အားမလိုအားမရ ဖြစ်ခဲ့တဲ့အရာတွေ၊ ကြောက်ရွံ့မှုလား အကျင့်လား)
- New Year Plan (နောက်နှစ်မှာဘာဆက်လုပ်မှာလဲ)
ကိုယ့်ဘဝရဲ့ key areasတွေဖြစ်တဲ့
- Work/Studies (အလုပ်အကိုင်/ကျောင်း)
- Relationships (ဆက်ဆံရေး)
- Health and wellness (ကျန်းမာရေး )
- Finance (ငွေကြေး)
- Personal Development (တစ်ကိုယ်ရည်တိုးတက်မှု)
- Passion (ဝါသနာ သို့မဟုတ် creativeအလုပ်တွေ)
စတဲ့နေရာတွေကို focus ပြီးရေးသားနိုင်တယ်။
ဒါလေးကတော့ကျနော့်Version
ဂုဏ်အယူမိဆုံးအလုပ်
Moe Notesကိုအသက်သွင်းခဲ့တယ်။ စာအပုဒ်ရေရာကျော်ရေးသားဖြစ်ခဲ့တယ်။ သူငယ်ချင်းမိတ်ဆွေတွေနဲ့ စတင်interviewဖြစ်ခဲ့တယ်။ စာဖတ်သူမိတ်ဆွေတွေရဲ့ အားပေးမှုတွေနဲ့အတူ လိုအပ်နေတဲ့သူတွေဆီ ကောက်ရိုးလေးတစ်မျှဥ်စာဖြစ်စေ ကူညီပေးနိုင်ခဲ့တယ်။
အမှတ်အရဆုံးက စရေးဖြစ်တုန်းကဆို ဒီအတိုင်းလေးပဲ ရေးလဲမရေးတတ်ပေမယ့်လဲ ကြိုးစားတော့လုပ်တာပေါ့။ အားပေးမှုဆိုရင်လဲ ရှားတယ် နည်းတယ်။ စလုပ်ခဲ့တာဆိုလဲ အားပေးမှုလိုချင်လို့မဟုတ်ခဲ့ဘူး။ ကိုယ့်ဘဝမှာကြုံနေတဲ့အရာတွေကိုမျှဝေဖို့။ အမှန်တရားဆိုတဲ့အရာကို ဖြည့်စွက်ဖို့။
ကိုယ်ရေးတဲ့ပုံစံကိုနှစ်သက်တဲ့သူတွေရှိတယ်။ မနှစ်သက်တဲ့သူတွေရှိတယ်။ ဘာပဲဖြစ်ဖြစ် ပထမဦးရေးသားဖြစ်ခဲ့တဲ့ postလေးကနေစလို့ ဒီနေ့အချိန်အထိ အမြဲတစေ အချိန်ပေးဖတ်ရှုနေတဲ့သူတွေလဲရှိတယ် အင်မတန်ကျေးဇူးတင်မိပါတယ်။
ကိုယ့်ကို မကျေနပ်လို့ မကြိုက်လို့ ကြည့်မရလို့ အမျိုးမျိုးတိုက်ခိုက်ဖို့ နှိုက်ဖို့ ကြိုးစားခဲ့သူတွေအကုန်လုံးကိုလဲ ကျေးဇူးတင်တယ်။ ကိုယ့်ကိုယ်ကို ပြင်ဆင်မှုပေါင်းများစွာနဲ့ ပိုမိုကောင်းမွန်အောင်ကြိုးစားလာနိုင်ခဲ့လို့။
အလုပ်လုပ်ခဲ့တယ်။ လိုအပ်တဲ့အခါ ထွက်ခဲ့တယ်။
ဒါကလဲaccomplishmentတစ်ခုတော့မဟုတ်ဘူး အလုပ်ဆိုတာမျိုးက ထွက်ရလိုက်ဝင်ရလိုက်မို့ သဘာဝပဲ။ ဒါပေမယ့် ဘာက accomplishmentလဲဆိုတော့ အဲ့ဆုံးဖြတ်ချက်။
1st year ဆိုပေမယ့်ယူထားတာကarchitecture စာလုပ်ရတာများတယ် ခက်တယ်။ တဖြည်းဖြည်းနဲ့ စာတွေမလိုက်နိုင်တဲ့အထိ ဖြစ်လာတယ်။ စာမေးပွဲကျတယ်။ အချိန်မပေးနိုင်လို့။
ပိုဆိုးတာက ကိုယ့်အတွက် ရေရှည်ရေတိုအကျိုး provideပေးနိုင်တဲ့qualityလဲမရှိ။ ကိုယ်ရှိနေလို့လဲ အကျိုးရှိသွားမယ့်သူလဲမရှိ။ အာရုံနောက်တဲ့ကိစ္စတွေဖြစ်လာတယ်။ မတန်တော့ဘူးလေ။ ထွက်လိုက်တယ်။
ငွေနဲ့အချိန် ဘယ်လိုအချိုးအစားနဲ့ အသုံးပြုသင့်သလောက်အသုံးပြုရမယ်ဆိုတာသိသွားတယ်။ ငွေနည်းတိုင်းအဆင်ပြေတာမှမဟုတ်တာ။
ဘဝရဲ့အမှိုက်တွေပစ်တတ်လာတယ်။
- ကျနော်alcoholနဲ့သက်ဆိုင်သမျှအရာတွေကို စတင်ရှောင်ကြဥ်ခဲ့တယ်။
- ဘဝကို စက္ကန့်နဲ့ရေတွက်ပြီး မဖြုန်းမိအောင်တယ်။ အမြဲနေထိုင်နိုင်ဖို့ကြိုးစားနေဆဲပဲ။
- ဘဝအတွက်အကျိုးမရှိဘူးလို့ ယူဆတဲ့ အရာတွေကို ဘဝထဲက ပယ်ထုတ်ပစ်တယ်။
- "မရှိဘူး၊ မသိဘူး" ဆိုတဲ့ Learn how to say no ဆိုတာကို သင်ယူဖြစ်လာတယ်။
- မပတ်သက်သင့်တဲ့သူတွေကို ငြင်းဆန်တတ်လာတယ်။
ဆက်ရေးရင်ပြောလို့ကုန်မှာမဟုတ်ပါဘူး။ အဓိကကတော့ disciplineနဲ့ ရှင်သန်နေထိုင်ဖို့ ကိုယ့်ကိုယ်ကိုအလေးထားဖို့ ကြိုးစားလျက် ဦးစားပေးသင့်တာဦးစားပေးလျက်လို့ဆိုလိုတာပါ။
ငယ်သူငယ်ချင်းတွေနဲ့ဆက်သွယ်ဖြစ်တယ်
ပတ်ဝန်းကျင်အပြောင်းအလဲ များပြားခဲ့ပြီးနောက် အသစ်အသစ်သောလူတွေနဲ့ တွေ့ဆုံဖြစ်တယ်။ စကားပြောကြဆိုကြ ပေါင်းသင်းကြပေါ့။ ဒါပေမယ့်လဲ ရေရှည်မခံပါဘူး။
အသက်ကြီးလာတာနဲ့အမျှ စိတ်ရင်းနဲ့ပေါင်းသင်းကြတဲ့ မိတ်ဆွေကောင်းမိတ်ဆွေစစ်ဆိုတာအင်မတန်ရှားပါးလာတယ်။ ဒီထဲကမှ ကိုယ့်အကြောင်း၊ ကိုယ့်အတိတ်နဲ့ အနာဂတ်ရည်မှန်းချက်၊ မျှော်လင့်ချက် ဒါတွေကိုနားလည်၊ လိုအပ်တာတွေမှန်သမျှ ဖေးမကူညီပေးမယ် ဆိုတဲ့သူမျိုးက ပိုလို့တောင်ရှားပါတယ်။
ဘယ်လိုပဲပြောပြော ငယ်ငယ်တုန်းကတည်းက ခင်ခဲ့တဲ့သူတွေထဲကတချို့နဲ့ စကားပြန်လည်ပြောဆိုဖြစ်ခဲ့တယ်။ အခြေအနေတွေ ဘယ်လောက်ကြီးပဲဝေးကွာနေပါစေ ခင်ဖို့ကောင်းကြတုန်းပဲ။
တန်ဖိုးမရှိတဲ့သူတွေရာထောင်မက ကိုယ့်ဘေးနားဝိုင်းနေတာထက် တန်ဖိုးရှိတဲ့မိတ်ဆွေစစ်တစ်ဦးရဲ့ဖြစ်တည်မှုက ပိုတန််ဖိုးရှိပါတယ်။
ပြန်မေးကြည့်ကြည့်။ ကိုယ့်ဘဝရဲ့အဆိုးဆုံး သေမင်းရဲ့လက်တစ်ကမ်းအလိုအခြေအနေမျိုးကို သွားရောက်ရင်ဆိုင်မယ်ဆို ဘယ်သူတွေကို ကိုယ့်ဘေးမှာ ခေါ်မလဲ။ သေခြင်းတရားကနေ ဆွဲထုတ်ပေးနိုင်မယ်လို့ မျက်စိမှိတ်ယုံကြည်လို့ရတဲ့သူ ရှိရဲ့လား။
ကျနော့်အတွက်တော့ အင်မတန်ရှင်းလင်းပါတယ်။
Gymကိုအရင်လိုပြန်ဆော့ဖြစ်ခဲ့တယ်။
ဒါက အကြီးမားဆုံးaccomplishmentတစ်ခုမဟုတ်ခဲ့ပေမယ့် ကျနော့်အတွက် hopeတစ်ခုရယ်လို့ပေးအပ်ခဲ့တဲ့အရာတွေထဲမှာ သူက အင်မတန်မှအရေးကြီးတဲ့triggerဖြစ်စေတဲ့အရာဖြစ်သွားခဲ့တယ်။ ညလေးတစ်ညအိပ်မရလိုက်တာနဲ့ ပြန်သွားဖြစ်သွားရာကနေ daily routineထဲမပါမဖြစ်lifestyleတစ်ခုဖြစ်သွားတယ်။
တကယ်တော့ အခုမှစဆော့ဖြစ်တာမဟုတ်ဘူးဗျ။ ၈တန်း ၉တန်းလောက်ကတည်းကဆော့တယ်။ သို့ပေမယ့် အစားအသောက်ပုံစံ၊ ရှိရင်းစွဲအမူအကျင့်၊ အလုပ် သို့မဟုတ် ကျောင်းစာ၊ ပြီးတော့ ငွေ အကြောင်းအမျိုးမျိုးကြောင့် ထိန်းသိမ်းဖို့ ခက်ခဲခဲ့တယ်။
အခုတော့ ပြန်လည်စတင်လျက်ပေါ့ဗျာ။
အပြင်ထွက်ဖြစ်တယ်။
အရင်နှစ်နဲ့မတူတော့တာက အပြင်တော်တော်လေးထွက်ဖြစ်တယ်။ စက်ဘီးလေးတစ်စီးနဲ့ Oxfordတစ်ဝိုက်လျှောက်သွားဖြစ်တာလဲရှိတယ်။ နောက်တစ်ချိန်ကားလေးတစ်စီးလောက်ရှိရင်တော့ ဝေးဝေးလံလံသွားဖြစ်လောက်မယ်။
ကိုယ်ဟာကိုယ်ထင်ထားတဲ့သူမျိုး ဟုတ်ချင်မှဟုတ်လိမ့်မယ်။ အကြောင်းအမျိုးမျိုးကြောင့်တိမ်မြှုပ်ကွယ်ပျောက်နေတဲ့ ပင်ကိုယ်စိတ်ကို ရှာဖွေဖြစ်လာတယ်။ သီးသန့်နေတတ်လာတယ်။
နောက်နှစ်အတွက်ရည်ရွယ်ထားတဲ့system
Goalဆိုရင် လက်လှမ်းမမီတဲ့ မှန်းဆရခက်တဲ့အရာတစ်ခုလို့ ယူဆမိလို့ systemတစ်ခုလို့ပဲပြောချင်တယ်။
မနက်စောစောထမယ်။ Gymသွားမယ်။ စားလိုက်သောက်လိုက်နဲ့ နေ့တစ်နေ့တာကို သန်သန်မာမာစတင်မယ်။ တစ်နေ့တာလုပ်ဖို့လိုတာတွေအကုန်လုံး ကျောင်းဖြစ်စေ အလုပ်ဖြစ်စေ ဝါသနာတစ်ခုခုဖြစ်စေ လုပ်မယ်။
ညအချိန် စာအုပ်ဖတ်မယ် နားထောင်မယ်။ စာရေးမယ်။ videoလေးတွေလဲ အဆင်ပြေသလိုရိုက်မယ်။ Journalလုပ်မယ်။
ဒီလိုနဲ့ အိပ်မယ်။ အိပ်ချိန် အနည်းဆုံး ၆နာရီရမယ်။
Goalတွေကတော့ မရေးတော့ဘူး ရေးချင်တယ် ခက်တာက မှန်းထားတာနဲ့ လွဲလွဲပြီး ဖြစ်လာတာ။ ပိုကောင်းတာလဲဖြစ်တာပေါ့လေ။
တကယ်တော့လေသိလား ကျနော့်ရဲ့နောက်နှစ်selfမှာ ထွေထွေထူးထူးမျှော်လင့်ထားတာမျိုးမရှိဘူး။ ဘာဖြစ်ရပါမယ်ဆိုတဲ့ hopeနဲ့ ဘဝကြီးကို ရှင်သန်မနေတော့ဘူး။ Hopeဆိုတာအင်မတန်ကွာဝေးလွန်းတဲ့အရာတစ်ခုမို့ မနက်ဖန်တိုင်း နောက်တစ်နာရီ နောက်တစ်မိနစ် စသဖြင့် ဘဝကြီးတစ်ခုလုံးကို မိနစ်တွေနာရီတွေနဲ့ပဲ မြင်တတ်သွားဖို့မျှော်လင့်ပါတယ်။
Ps. ဖြစ်နိုင်ရင်တော့ ကိုယ့်ဟာကိုယ် personal journalလေးတစ်ခုမှာ ရေးသားစေချင်တယ်။ ကိုယ်တစ်ဦးတည်းပဲ ပြန်ဖတ်မယ်ဆိုတဲ့အသိနဲ့ဆို ဘယ်ကိစ္စမဆို အစစ်အမှန်အတိုင်း အပွင့်လင်းဆုံး ရေးနိုင်လိမ့်မယ်(ဥပမာ - မိမိကိုယ်ပိုင်အိမ်မက်တွေ မျှော်လင့်ချက်တွေ ကျရှုံးမှုတွေ အမှားတွေ) ။
ကျနော်ဆိုလဲ ခိုးခိုးပြီးမက်တဲ့အိမ်မက်တွေရှိတာပေါ့။ 'ဥ'ထားရတယ်လေ။
တကယ်တော့လူ့ဘဝဆိုတာခနလေး၊ တစ်နှစ်ပြီးတစ်နှစ်ကုန်ဆုံးတာ ဟော ၂၀၂၅တောင်ရောက်လာပြီ။ ဆုံးစမရှိတဲ့ ပင်လယ်ထဲလက်ပစ်ကူးနေသလို ၂၀၂၅ ကို ဖြတ်သန်းမလား လမ်းကြောင်းလေးတစ်ခု သတ်မှတ်ပြီး ဖြတ်သန်းမလား။
တဖြည်းဖြည်း ကြိုးစားသွားရင်တော့ ကိုယ်ထားသမျှgoalsတွေ မျှော်လင့်ချက်တွေက တစ်နည်းနည်းနဲ့တော့ ဖြစ်လာမှာဆိုတာအသေအချာပဲ။ ကိုယ့်နည်းလမ်းအတိုင်းဖြစ်ချင်မှဖြစ်မယ်။ မထင်မှတ်ထားတဲ့ပုံစံတွေကိုလဲ မျှော်လင့်ထားရင်းနဲ့ပဲပေါ့။