ကျောင်းပြီးသွားရုံနဲ့ အဆင်ပြေပြီတဲ့လား။

ကျောင်းပြီးသွားရုံနဲ့ အဆင်ပြေပြီတဲ့လား။

ကျနော်ပြည်ပကိုကျောင်းတက်ဖို့ စဥ်းစားစဥ်အတောအတွင်းမှာ ပြည်ပရောက်တာနဲ့အကုန်လုံးအဆင်ပြေပြီလို့တွက်ထားခဲ့တယ်။ ငွေကြေးလဲတတ်နိုင်တယ်၊ စာလုပ်ရရုံမှလွဲ ခက်ခဲနိုင်တာမရှိဘူးပေါ့။ ကိစ္စတွေအများကြီးကတော့ခက်ခဲတာပေါ့။ ဒီထက်ပိုပြီးခက်ခဲမယ်လို့ ယူဆတာက ကျောင်းပြီးတဲ့ကာလ။


နိုင်ငံခြားသွားတဲ့ timeline

ပြည်ပကိုကျောင်းသွားတက်မယ့်သူတစ်ဦးအတွက် အချိန်ကာလအပိုင်းအခြားကိုတော့ ဒီလိုလေးအကြမ်းဖျင်းတွက်လို့ရပါတယ်။

High School Diploma >

Undergraduate (3/4 yr) > ….

Masters (2 yr) >

Ph.D (မူတည်)> …

အရေးကြီးတဲ့မေ့ထားလို့မရတဲ့အချက်က ဘယ်step ကနေ ဘယ်stepပဲသွားသွား ကြားထဲမှာ ယူရတဲ့အချိန်ဆိုတာရှိပါတယ်။ အများအားဖြင့် အလုပ်experience ယူလေ့ရှိပါတယ်။

တစ်ဦးချင်းတစ်ယောက်ချင်းရဲ့ အခြေအနေပေါ်မူတည်ပြီးအများကြီးကွဲပြားသွားနိုင်ပါတယ်။


ထည့်သွင်းစဥ်းစားစရာကိစ္စရပ်များ

မျက်ကွယ်ပြုထားတဲ့ အခြေအနေတွေ

  • ငွေကြေးခက်ခဲမှု၊
  • အတန်းပြန်တက်ရတာမျိုး၊ moduleတစ်ခုကျတာမျိုး၊ foundationတက်ရတာမျိုးစတဲ့ အပိုထပ်တက်ရတာမျိုး၊
  • Visaကျတာမျိုး၊ English Second Language တို့ Language school တို့စတဲ့ ဘာသာစကားသင်ရတာ၊
  • မိမိရဲ့ ကျောင်းစာ၊ အလုပ်၊ social lifeကောစတဲ့ ကိစ္စတွေနဲ့ပတ်သက်တဲ့ထိန်းကျောင်းနိုင်မှု၊
  • အလုပ်ရှာချိန်ပဲဖြစ်စေ အလုပ်သင်ဆင်းရတာမျိုးပဲဖြစ်စေ အလုပ်လုပ်ရတာပဲဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေတာပဲဖြစ်စေ။

မိမိနဲ့ပတ်သက်တာတွေ

  • နဂိုမူလအခြေအနေ၊
  • တက်မယ့်ကျောင်း၊
  • နိုင်ငံရွေးချယ်မှု၊
  • အလုပ်နယ်ပယ်၊

ကိုယ်ထိန်းချုပ်လို့မရတဲ့ကိစ္စတွေက

  • မိမိသွားမယ့်နိုင်ငံရဲ့ အခြေအနေနဲ့ ပေါ်လစီအပြောင်းအလဲအရပ်ရပ် (visa၊ နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့်၊…)
  • ငွေကြေးဖောင်းပွမှု၊
  • မကြုံစဖူးကြုံတွေ့လာရတဲ့ ကိစ္စရပ်တွေ။

အကောင်းဆုံးကတော့ မှန်းဆထားတဲ့ကုန်ကျစရိတ်၊ အချိန် အတိုင်းအကုန်လုံးပြီးမယ်။ အလုပ်လုပ်ရတာအဆင်ပြေမယ်။ ရေရှည်ဘဝကို ကျေကျေနပ်နပ်နဲ့နေထိုင်နိုင်သွားမယ်။

အဆိုးဆုံးကတော့ မှန်းထားတဲ့ကုန်ကျစရိတ်အတိုင်းမဝင်၊ ကျောင်းစာတွေကလဲခက်၊ အလုပ်ကလဲရှာမရ၊ နိုင်ငံကလဲ အဆင်မပြေ၊ ရန်ကုန်မပြန်ရုံတမယ်အသက်ဆက်ရှင်နေရတာမျိုး။ တချို့ကျတော့ Undergraduate လောက်နဲ့သုံးမရတော့ Mastersတို့ Ph.Dတို့ လိုင်စင်ယူတာတို့ internshipတို့ပါ အချိန်အကြာကြီးယူပြီး လုပ်နေရတယ်။


ကျောင်းတက်ပြီးတယ်ဆိုတာဘယ်တော့လဲ။

လူအများစုreferကြတဲ့ ကျောင်းပြီးတယ်ဆိုတဲ့အခိုက်အတန့်က ဘွဲ့တစ်ခုရမယ် ကျောင်းပြီးမယ်၊ အလုပ်လုပ်လို့ရမယ်၊ ချမ်းသာမယ်။

ကျောင်းတက်စဥ်ကာလအတွင်းပဲ ကုန်ကျစရိတ်များမယ်၊ ငွေလေး ၃/၄နှစ်စာလောက် ပေး၊ ပြီးရင် ကျန်တာအကုန်အဆင်ပြေပြီ။ အလုပ်လုပ်ပြီဆိုရင်တော့ ဘာမှမလိုအပ်တော့ဘူး၊

မလွယ်ဘူးဗျ။

ကိုယ်ကသာ ကျောင်းကရတဲ့ ဘွဲ့ပေါ်မူတည်ပြီး အလုပ်လုပ်ချင်တယ် ဒါဆိုအရေးကြီးပြီ။ ကျောင်းပြီးဖို့ဆိုတာ Undergraduateဆိုတဲ့ bachelorလား mastersလား အလုပ်ရမှလား ကျနော်မသိဘူး။


ကျောင်းတက်ပြီးတဲ့အခါဖြစ်လာလေ့ရှိတဲ့အခြေအနေများ။

အရွေးမတော်ခဲ့တာကြောင့် အလုပ်မရဘဲ လုံးလုံးအမိမြေကိုပြန်လာတဲ့ထိဖြစ်ကြပါတယ်။ အရွေးတော်တယ် ပြင်ဆင်မှုအားကောင်းတယ် ပင်ကိုလဲတော်တဲ့သူတစ်ဦးအတွက်တော့ ဒီလောက်ခက်ခဲချင်မှခက်ခဲလိမ့်မယ်။

မိမိတက်ထားခဲ့တဲ့ ဘွဲ့ရဲ့အဆင့်အတန်းက စကားပြောပါပြီ။

ဘွဲ့ကောင်းတယ်မကောင်းဘူးဆိုတာ ပြောရတာအရမ်းတိမ်ပါတယ်။ ဒီကျောင်းတက်ရတဲ့experienceပေါ်မှာ မိမိအများဆုံး extractလုပ်နိုင်တဲ့ ဆွဲထုတ်နိုင်တဲ့ အဆီအနှစ်တွေအနည်းအများပါ။

ကိုယ်က ကျောင်းတက်တာကို သာမန် အတန်းအောင်ရုံလေးပဲလုပ်လာတယ် ပေါ့ပေါ့လေးနေခဲ့တယ် စာမလုပ်တဲ့အပြင် ကိုယ့်အတွက်ကိုယ်လဲဘာမှမလုပ်ရင်တော့ ဘွဲ့ရခဲ့ရင်တောင်(မရနိုင်ပါဘူး) ဘယ်တန်ဖိုးရှိပါ့မလဲ။

ကျောင်းသေချာတက်ခဲ့တဲ့အပြင် မိမိအတွက်ကော မိမိcommunityအတွက်ပါ နည်းလမ်းအသွယ်သွယ်နဲ့ ကြိုးစားခဲ့တဲ့သူတစ်ဦးဆိုရင်တော့ အဆီအနှစ်ကိုအကောင်းဆုံးဆွဲထုတ်နိုင်တဲ့သူပေါ့။

mentionမလုပ်ရသေးတာတွေက ကိုယ့်ကျောင်းက graduateတွေရဲ့သွားရာလမ်းပါ။ ဒီကိစ္စကတော့ တစ်ကျောင်းချင်းတစ်နိုင်ငံချင်းပေါ်အများကြီးမူတည်တာမို့လို့ သိမ်းကျုံးပြောဖို့ခက်ခဲပါတယ်ဗျာ။

ဒီတော့ ကျောင်းပြီးသွားရုံနဲ့တင် အဆင်ပြေဖို့ခဲယဥ်းပါတယ်ဗျာ။ ကျောင်းကိုသေချာလေးပြီးမှအဆင်ပြေတာပါဗျိုး။


Read more

Moe Notes Studio Journal #1: A Trap, A Guide, and An Unfaded Sound

(Burmese Version) Moe Notes Studio Journal #1: ထောင်ချောက်တစ်ခု၊ လမ်းညွှန်တစ်ခု၊ နှင့် မမှိန်ဖျော့သေးသော အသံတစ်သံ Issue #1 | Monday, 18 August 2025 မင်္ဂလာပါမိတ်ဆွေ။ Moe Notes ကနေ ပထမဆုံးအကြိမ်ပို့လိုက်တဲ

By Moe Htet
"Moe Notes Studio Journal" နှင့် သီးသန့်စကားဝိုင်း

"Moe Notes Studio Journal" နှင့် သီးသန့်စကားဝိုင်း

This article is also available in [English] အဆုံးမရှိ scroll လုပ်နေရတဲ့၊ ကျယ်လောင်တဲ့ algorithm တွေနဲ့ ခဏတာပဲမြင်ရတဲ့ social media post တွေကြားက ကမ္ဘာကြီးမှာ၊ တကယ့်စစ်မှန်တဲ့စကားဝိုင်းတစ်ခုဆိုတာ ဘာ

By Moe Htet