နိုင်ငံခြားသင်ရိုးပညာရေးတွေကတကယ်ကောင်းရဲ့လား။

နိုင်ငံခြားသင်ရိုးပညာရေးတွေကတကယ်ကောင်းရဲ့လား။

မြန်မာနိုင်ငံမှာ ရှိနေဆဲရှိနေတဲ့ ပညာရေးတွေ အများမှအများကြီးပါ။ ဘယ်နိုင်ငံက ဘယ်ကျောင်းက ဘယ်ပညာရေးဆိုပြီး နာမည်ကြီးတာတွေလဲရှိတယ်။ နာမည်သိပ်မကြီးဘဲနဲ့ လူတွေသို့လောသို့လောနဲ့ တက်တက်နေကြတဲ့ ကျောင်းတွေလဲရှိတယ်။ ဒီဟာတွေကတကယ်ကောကောင်းရဲ့လား အသုံးကောဝင်ရဲ့လား ဘယ်လိုဆန်းစစ်ရမလဲ။

နိုင်ငံခြားသင်ရိုးဆိုတာဘာလဲ။

ပြောရမယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ International schoolဆိုပြီးတော့ ဟိုးအရင်တုန်းကတည်းက ပေါ်ခဲ့တဲ့ကျောင်းတွေကနေစလို့ အခုနောက်ပိုင်းပေါ်လာတဲ့ကျောင်းတွေ private universityတွေအထိကိုဆိုလိုတာဖြစ်တယ်။

ပညာရေးကောင်းမကောင်းဆိုတာရဲ့ အဆုံးအဖြတ်ကာလက တကယ့်တကယ်ကောင်းတဲ့ တက္ကသိုလ်တွေပဲဖြစ်ဖြစ် အလုပ်ခွင်ထဲရောက်ရင်ပဲဖြစ်ဖြစ် ရှေ့ဆက်တွဲ ဒီသင်ပေးထားတဲ့အရာကိုအသုံးချရတဲ့အခါ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ အသုံးဝင်တာလို့ သတ်မှတ်ချင်တယ်။

အသုံးဝင်တဲ့ပညာရေးတစ်ခုမှာတော့ တိုက်ရိုက်အနေနဲ့ပြောရရင် သူ့ဆီကတတ်လာတဲ့ ပညာရပ်နဲ့သက်ဆိုင်တဲ့ကိစ္စတွေ ကျနော်တို့architectureဆိုရင်တော့ ဘယ်လောက်ထိတွေးခေါ်တတ်လဲ software knowledgeဘယ်လောက်ကျယ်ပြန့်လဲ ဘယ်လောက်အမြင်ကျယ်လဲ ဒီလိုပေါ့။

သွယ်ဝိုက်ပြီး လေ့လာသင်ကြားရတဲ့အရာတွေဆိုရင် သေသေချာချာစဥ်းစားတွေးခေါ်တတ်လာတာမျိုး၊ ပြင်ဆင်မှုကောင်းကောင်းနဲ့ "ဟာ ဒီကောင်အိမ်စာကောင်းကောင်းလုပ်ခဲ့တယ်" ဆိုတာမျိုးပေါ့။

ဥပမာ - စည်းကမ်းစနစ်တကျနဲ့ သေချာပြင်ဆင်ခဲ့တဲ့သူတစ်ဦးအတွက်

ကျောင်းတက်ရတဲ့အခါ

လုံးဝအဆင့်အတန်းမမီတဲ့မကောင်းမွန်တဲ့ပညာရေးမျိုး ကနေ နာမည်တစ်ခုရှိပြီးသား အခြေကျပြီးသားဖြစ်တဲ့ ပညာရေးကိုပေးအပ်နိုင်တဲ့ ကျောင်းကောင်းတစ်ကျောင်းရောက်သွားတဲ့အခါ ပညာရေးအခြေခံဆိုတာ အင်မတန်အရေးပါလာတယ်။

ကျနော်လက်ရှိကြုံနေရတာနဲ့ဆက်စပ်ရရင် ကျနော်ကိုယ်တိုင်လဲ ဘယ်လောက်ကြီးပဲ UKမှာတက်နေနိုင်ပါစေ အဲ့လောက်ကြီးအခြေခံရယ်လို့ သေသေချာချာပြင်ဆင်ခဲ့ဖူးတဲ့သူတစ်ဦးမဟုတ်ခဲ့ဘူး။ ကျောင်းဆိုတာ သူ့ဟာနဲ့သူ အလိုလိုပြီးသွားမှာပါ ဆိုတဲ့စိတ်မျိုးနဲ့ပဲ ရှေ့ဆက်ခဲ့တာ။ ဒီလိုပုံစံနဲ့ပဲ ကျောင်းတွေအများစုကလဲ approachခဲ့တာကိုး။

အခုOxfordရောက်လာကတည်းကနေစလို့ ကျနော်အခက်အခဲကြုံတွေရတဲ့ အခက်အခဲတွေအများကြီးပဲ။ ပညာရေးနဲ့ပတ်သက်ပြီး ချဥ်းကပ်ကြတဲ့ပုံစံဖြစ်စေ အခက်အခဲတွေ ရင်ဆိုင်ရတဲ့အခါ ဖြေရှင်းနည်းတွေပဲဖြစ်စေ အစစအရာရာ ကျနော့်အတွက်အသစ်အဆန်းတွေ။ အခက်အခဲတစ်ခုမဖြစ်သင့်တဲ့ကိစ္စတွေ။ အခုထိလဲ ခက်ခဲနေဆဲကိစ္စရပ်တွေ အနည်းနဲ့အများတော့ ရှိပါသေးတယ်။

ဒီလိုကြုံရတဲ့အခါ "ပညာရေးအခြေခံသိပ်မကောင်းခဲ့ဘူး" လို့သတ်မှတ်လို့ရတယ်။

အလုပ်လုပ်ကြတဲ့အခါ

လုပ်ဖော်ကိုင်ဖက်အချင်းချင်း connectionဖြစ်စေ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်နယ်ပယ်ကသူတွေနဲ့relationshipတည်ဆောက်တာပဲဖြစ်စေ ကြုံလာသမျှrisk တွေကို တစ်လွှာပြီးတစ်လွှာ ရင်ဆိုင်နိုင်တာမျိုး Stressful ဖြစ်နေချိန်မှာတောင် ရှေ့ဆက်နိုင်တာမျိုး။ ဒီလိုskillတွေက အလိုလိုတတ်လာတာမှမဟုတ်တာ။

ဒီအချိန်မှာ တချို့ကျောင်းတွေက သေချာလေးသင်ပေးနိုင်တယ် ပြင်ဆင်ပေးနိုင်တယ်။ ကျောင်းကနေအလုပ် ဆိုတဲ့transitionမှာ အင်မတန်အဆင်ပြေချောမွေ့တယ်။ ကျောင်းမှာသင်ခဲ့တဲ့အရာတွေ သင်ခဲ့တဲ့workflow ပုံစံက အလုပ်မှာလဲ အင်မတန်အသုံးဝင်တယ်။ ကိုယ့်scheduleကို အဆင်ပြေဆုံးအကြားအလပ်မရှိ တည်ဆောက်နိုင်တယ်။

ဒါက ပြင်ဆင်မှုကောင်းခဲ့တဲ့သူတစ်ဦးလို့ဆိုနိုင်တယ်။

ဘယ်ဟာရွေးချယ်ရမလဲ

နိုင်ငံခြားက သင်ရိုးဖြစ်ပြီဆိုတိုင်း မကောင်းနိုင်ပါဘူး။ ဟိုး..အရင်တစ်နေ့တုန်းက ကျနော်မြင်မြင်နေတာ A levelsနဲ့ မြန်မာ ၁၂ တန်းတူတူပဲဆိုတာမျိုး။ ၂ခုလုံးကျနော်မသင်ကြားခဲ့ဖူးပါဘူး။ ဒါပေမယ့် သင်ရိုးတွေကို နောက်ထား၊ ပိုပြီးယှဥ်သင့်တဲ့အရာက

  • ဘယ်သင်ရိုးကို ဘယ်လိုသူတွေက အများစုရွေးချယ်လေ့ရှိလဲ
  • ဘယ်သင်ရိုးက ပြည်တွင်း၊ ဘယ်သင်ရိုးက ပြည်ပမှာ အသုံးဝင်လဲ။
  • ကိုယ်ရှေ့လျှောက်သွားမယ့် ပညာရေးခရီးစဥ်မှာ ဘယ်လောက်ထိအသုံးဝင်နိုင်လဲ။

လူတိုင်းအတွက် တူညီမယ့်အဖြေတစ်ခုတည်းတော့ထွက်လာမှာ မဟုတ်ပါဘူး။ ဒီလိုchoiceတွေက personalisedအရမ်းဖြစ်ပါတယ်။

ပိုပြီးယှဥ်ချင်သေးရင် ထိုသင်ရိုးတွေကို သင်ပေးတဲ့ကျောင်းတွေရဲ့အခြေအနေ (campus၊ ဆရာအင်အားနဲ့ အတွေးအခေါ်၊ ကျောင်းရဲ့future vision နဲ့ aim၊ လူ့ပတ်ဝန်းကျင်နဲ့ကျောင်းသားထုကို အကျိုးပြုနိုင်တဲ့အခြေအနေ) တို့ကိုယှဥ်ကြည့်နိုင်ပါတယ်။

ဒီလိုcriteriaတွေအကုန်လုံးကိုထားခဲ့ပြီး သင်ရတဲ့စာတွေ၊ ဖတ်ရတဲ့ဖတ်စာအုပ်တွေနဲ့ဖြေရတဲ့စာမေးပွဲတွေတစ်ခုတည်းကို ယှဥ်ကြည့်ရင် အဖြေမှန်ရဖို့ခက်ခဲတယ်။

ဥပမာ ဆိုပါစို့ မြန်မာနိုင်ငံမှာ ယခင်ကတည်းက ပျက်စီးနေတဲ့ပညာရေးပုံစံအတိုင်း သင်ရိုးလေးပဲပြောင်းသင်နေမယ်ဆိုရင် ဘာသင်သင်မကောင်းပါဘူး။ ဒီလိုပဲ စုတ်ချာပျက်စီးနေတဲ့ဖတ်စာအုပ်တစ်အုပ်ကို အင်မတန်တော်လှပါသတဲ့ဆရာတွေသင်ခိုင်းလဲ ကျောင်းသားတွေ ဘာမှတတ်မှာမဟုတ်ပါဘူး။

ထိုနည်းလည်းကောင်း ပိုမိုထည့်သွင်းစဥ်းစားသင့်တာက နိုင်ငံရဲ့အခြေအနေနဲ့ ပညာရေးပေါ်အလေးထားတဲ့အခြေအနေ။ ပညာရေးကို ပညာရေးတစ်ခုလို တွေးလို့ကော ရကြသေးလို့လား။ တိုင်းပြည်ကို ချုပ်ကိုင်ထားတဲ့သူတွေကကော ဘယ်လောက်ထိ မိမိတိုင်းပြည်ကို အလေးထားနေလို့လဲ။

တစ်နည်းအားဖြင့် ဒီလိုသင်ရိုးတွေကို ချုပ်ကိုင်ထားတဲ့ အဖွဲ့အစည်းဌာနတွေကကော တကယ်ကလေးတွေကို ပညာတတ်စေချင်ရဲ့လား။ ဒီလောက်ဆို နားလည်ကြလောက်ပြီထင်ပါတယ်။

နိုင်ငံခြားသင်ရိုးတွေဆိုတာ တကယ်တော့ နိုင်ငံခြားဆိုတဲ့ စစ်မှန်တဲ့လွတ်လပ်မှုနဲ့တန်းတူညီမျှမှုရှိတဲ့ ဒေသတစ်ခုကို အရောက်လှမ်းနိုင်ဖို့ အလွယ်ကူဆုံးခြေလှမ်းတစ်ခု။ ဒီလိုခြေလှမ်းကောင်းကို စျေးအသက်သာဆုံးနဲ့အချောင်ချိဆုံးဖန်တီးလာကြတဲ့အခါ စတေးရတဲ့အရာတွေက "A Level = မြန်မာ၁၂တန်း" ဖြစ်သွားတာပေါ့ဗျာ။

Read more

December 2024 Life Update

ကျနော့်ရဲ့life update လေးပြောပြထားပါတယ်။ အကျဥ်းချုပ်ကတော့ Oxford Brookesရဲ့ Architecture ဒုတိယနှစ် ကျောင်းတက်ခဲ့ဖြစ်တဲ့အခြေအနေတွေ အခြားသော updateလေးတွေပါ။ videoလေးကတော့ တစ်ခုခုကိုအာရုံစိုက်နေရတဲ

By Moe Htet
မိဘနဲ့သားသမီးကြားပြဿနာဘယ်လိုဖြေရှင်းရမလဲ

မိဘနဲ့သားသမီးကြားပြဿနာဘယ်လိုဖြေရှင်းရမလဲ

နေ့လည်တုန်းက ကျနော့်မိတ်ဆွေတစ်ဦးရဲ့မိဘနဲ့စကားပြောဖြစ်လိုက်တယ်။ ထွေထွေထူးထူးမဟုတ်ပါဘူး UKမှာ ကျောင်းတက်ရင် ဘယ်လိုမျိုးလဲ၊ ကျောင်းရွေးသင့်မရွေးသင့်၊ ငွေဘယ်လောက်လေ

By Moe Htet