Major ရွေးချယ်မှုနှင့် ဘဝလမ်းကြောင်း - ကျောင်းသားတစ်ယောက်ရဲ့ အတွေးအခေါ်များ

"ကျောင်းဆိုတာ လက်တွေ့ဘဝကို ရင်ဆိုင်တတ်ဖို့အတွက် သင်ကြားပေးတဲ့နယ်ပယ်တစ်ခု။ စာအုပ်တွေခဲတံတွေနဲ့ ယှဉ်ပြိုင်ရုံနေရာမဟုတ်။"
This article is also available in [English]
ကျနော် Architecture ကို ရွေးချယ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြောရရင်၊ ဒါက ကျနော့်ဘဝရဲ့ အရေးကြီးဆုံးသော လမ်းဆုံလမ်းခွတွေထဲက တစ်ခုပါပဲ။ ဒီနေ့တော့ Major တစ်ခုကို ရွေးချယ်တယ်ဆိုတာက ဘာကိုဆိုလိုသလဲ၊ တက္ကသိုလ်ပညာရေးရဲ့ တကယ့်အဓိပ္ပာယ်က ဘာလဲ၊ နောက်ဆုံးမှာ ကိုယ့်ရဲ့ရွေးချယ်မှုတွေနဲ့ ဘယ်လိုပျော်အောင်နေမလဲဆိုတာကို ကျနော့်ရဲ့ကိုယ်ပိုင်အတွေးအခေါ်တွေနဲ့အတူ အမေးအဖြေပုံစံလေးနဲ့ ဆွေးနွေးကြည့်ချင်ပါတယ်။
အပိုင်း (၁) - "Major" ၏ အဓိပ္ပာယ်ကို ပြန်လည်ရှာဖွေခြင်း
"Major တစ်ခုကို ဘာလို့သတ်မှတ်ကြတာလဲ။"
Major ဆိုတာက ဘာသာရပ်တစ်ခုကို အထူးပြုလေ့လာခြင်း (specialization) ပါပဲ။ ဒါပေမယ့် ကျနော်တို့ရဲ့ အထင်အမြင်လွဲမှားမှုက ဒီနေရာမှာစပါတယ်။ ကျနော်တို့က Major တစ်ခုကို "အလုပ်အကိုင်တစ်ခုအတွက် လက်မှတ်" လို့ပဲမြင်ကြတယ်။ Engineering major က အင်ဂျင်နီယာဖြစ်ဖို့၊ Law major က ရှေ့နေဖြစ်ဖို့သက်သက်ပဲလို့ ယူဆကြတယ်။
တကယ်တော့ University ပညာရေးက အဲ့ဒီထက်အများကြီးပိုနက်နဲပါတယ်။
"အရင်တုန်းကသင်ခဲ့ရတာတွေနဲ့ ဘာကွာလဲ။"
အရမ်းကွာပါတယ်။ ငယ်ငယ်တုန်းက ကျောင်းစာဆိုတာက လုပ်ရင်လုပ်သလောက် အမှတ်တက်လာတဲ့ ရိုးရှင်းတဲ့ညီမျှခြင်းတစ်ခုပါ။ အခုကတော့ ဘယ်လောက်ပဲလုပ်လုပ်၊ အလုပ်တစ်ခုလုပ်ပြီးတိုင်း နောက်ထပ်လုပ်စရာနှစ်ခုက အမြဲတမ်းပေါ်လာတယ်။ အမှတ်တွေကလည်း တော်ရုံတန်ရုံနဲ့ တက်မလာပါဘူး။
ဒါပေမယ့် အရေးအကြီးဆုံးကွာခြားချက်ကတော့ "အမှတ်တွေက အရေးမပါတော့တာပါပဲ"။ အောင်ဖို့သက်သက်မဟုတ်တော့ဘဲ၊ ကိုယ်တကယ်ဘာတွေသင်ယူခဲ့သလဲ၊ ဘယ်လို skill တွေရလိုက်သလဲဆိုတာကသာ အဓိကဖြစ်လာပါတယ်။
အပိုင်း (၂) - တက္ကသိုလ် - ရုပ်ရှင်ထဲကလိုမဟုတ်တဲ့ လက်တွေ့ဘဝ
"ကျောင်းက မြန်မာရုပ်ရှင်တွေထဲမှာလို လမ်းလျှောက်လိုက်၊ ဆိုးလိုက်နဲ့လား။"
လုံးဝမဟုတ်ပါဘူး။ တက္ကသိုလ်ဆိုတာက ရွယ်တူတွေ၊ ဆရာတွေ၊ မိတ်ဆွေတွေနဲ့ပေါင်းစည်းပြီး လူမှုဆက်ဆံရေးကိုသင်ယူရတဲ့၊ ကိုယ့်ရဲ့အမြင်တွေကို ချဲ့ထွင်ရတဲ့ လူ့အဖွဲ့အစည်းငယ်လေးတစ်ခု (micro-society) ပါ။
ဟုတ်တယ်၊ ချစ်သူရည်းစာတွေလည်းထားကြပါတယ်။ ဒါပေမယ့် အောင်ရုံတက်ရုံနဲ့ ဘွဲ့တစ်ခုရသွားနိုင်ပေမယ့်၊ အဲ့ဒီနောက်က consequences တွေကိုတော့ ကိုယ်တိုင်ပဲရင်ဆိုင်ရမှာပါ။ ကျနော့်ရဲ့ခံယူချက်ကတော့ ရှင်းပါတယ် - "လုပ်ရင်လည်း ကောင်းကောင်းလုပ်၊ မလုပ်ရင်လည်း မလုပ်နဲ့။" ကိုယ်အချိန် ၃ နှစ်ပေးပြီးလုပ်ရမယ့်အရာတစ်ခုကိုတော့ အကောင်းဆုံးဖြစ်အောင်လုပ်သင့်တယ်လို့ ကျနော်ယုံကြည်တယ်။
"ကျောင်းက တစ်တန်းပြီးတစ်တန်းအောင်လား။"
စာတော်တဲ့သူဖြစ်စေ၊ မတော်တဲ့သူဖြစ်စေ၊ ကြိုးစားနေကြတာချည်းပါပဲ။ ကျရှုံးသွားနိုင်တယ်၊ အတန်းပြန်တက်ရနိုင်တယ်။ ဒါကြောင့် major တစ်ခုကိုမရွေးခင် သေချာစဉ်းစားပါ။
"နိုင်ငံခြားမှာ ကျောင်းဘာလို့တက်သင့်တာလဲ။"
ကျောင်းကောင်းတာတစ်ခုတည်းကြောင့်မဟုတ်ပါဘူး။ နိုင်ငံခြားမှာကျောင်းတက်တယ်ဆိုတာက ပညာရေးသက်သက်မဟုတ်ဘဲ၊ "ဘဝနေထိုင်မှုပညာ" ကိုပါ သင်ယူရတာပါ။ နိုင်ငံရဲ့အနေအထား၊ လူ့အခွင့်အရေး၊ ပတ်ဝန်းကျင်နဲ့ လူ့သဘာဝ၊ ဒီအရာတွေအားလုံးကြားထဲမှာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်တတ်အောင် သင်ယူရခြင်းက ဘယ်စာအုပ်ထဲမှာမှမပါတဲ့ သင်ခန်းစာတွေပါပဲ။
နောက်တစ်ခုက၊ ကျောင်းတစ်ကျောင်းရဲ့အဆင့်ဆိုတာက အောင်ချက်အကောင်းဆုံးဆိုတာနဲ့ တိုင်းတာတာမဟုတ်ပါဘူး။ ဘွဲ့ရကျောင်းသားတွေရဲ့ အလုပ်ရနိုင်စွမ်း (graduate employability)၊ ဆရာနဲ့ဝန်ထမ်းတွေရဲ့အရည်အသွေး၊ ကျောင်းရဲ့ facility တွေ၊ သင်ကြားရေးပုံစံ၊ ဘာသာရပ်အလိုက်အဆင့် - ဒါတွေအားလုံးပေါင်းပြီးမှ ရလာတာပါ။
အပိုင်း (၃) - Major နှင့် ဘဝ - ရေရှည်အတွက် အတွေးအခေါ်များ
"ဒီ career နဲ့တစ်သက်လုံးလုပ်ရရင် ဘယ်လိုလုပ်မလဲ။"
ကျနော်လား။ လုံးပါးပါးမှာပါ။ ဒီမေးခွန်းက ကျနော်တို့အားလုံးကို ကြောက်လန့်စေတဲ့မေးခွန်းပါ။ တစ်နေ့ပြီးတစ်နေ့ ပိုများလာတဲ့ နည်းပညာအသစ်တွေ၊ သင်ယူလို့မကုန်နိုင်တဲ့ ပညာရပ်တွေကြားထဲမှာ ပျော်ရွှင်ဖို့ဆိုတာထက်၊ ကျေနပ်နိုင်ဖို့ က ပိုအရေးကြီးလာပါတယ်။
သေချင်စိတ်ပေါက်လား။ ပေါက်တယ်။ အရာအားလုံးကို စွန့်လွှတ်ချင်စိတ်ပေါက်လား။ ပေါက်တယ်။ ဒါပေမယ့် ဒီလမ်းကိုရွေးချယ်ခဲ့တဲ့အတွက်တော့ ဘယ်တုန်းကမှနောင်တမရခဲ့ဘူး။
"ဒီ career ယူလိုက်တော့ စွန့်လွှတ်လိုက်ရတာမျိုးရှိလား။"
ရှိတာပေါ့ဗျာ။ ကျနော်အရင်က ပါဝင်နေကျအရာတွေ၊ တက်နေကျသင်တန်းတွေ၊ လုပ်နေကျ leisure activities တွေ၊ ဒါတွေတော့မရှိတော့ဘူး။ ဒါပေမယ့် တစ်ခုကိုစွန့်လွှတ်လိုက်တဲ့အခါ၊ သူ့နေရာမှာ အစားထိုးဝင်ရောက်လာတဲ့ alternative အသစ်တွေ အမြဲရှိပါတယ်။
ဥပမာ - ရန်ကုန်မှာ ဓာတ်ပုံရိုက်ပြီး ဝင်ငွေရှာခဲ့ပေမယ့်၊ ဒီဘက်ရောက်တော့ အဲ့ဒီ skill ကိုသုံးပြီး vlogger တစ်ယောက်ဖြစ်လာတာမျိုးပေါ့။ ဟင်းချက်ရတာဝါသနာပါပေမယ့် ဒီမှာ ဟင်းချက်ဖို့အချိန်မပေးနိုင်တော့တဲ့အခါ၊ ကိတ်မုန့်ဖုတ်တာလိုမျိုး ဝါသနာအသစ်တစ်ခုကို ရှာဖွေတွေ့ရှိသွားတာမျိုးပေါ့။
စွန့်လွှတ်လိုက်ရတယ်လို့မခံစားမိပါဘူး။ ခံစားမိရင်တောင် "တန်တယ်" လို့ပဲ ကိုယ့်ကိုယ်ကိုပြောပါတယ်။
"ကဲ ကုန်ကုန်ပြော၊ လုံးဝအဆင်မပြေတော့ဘူးဆို ဘာလုပ်မလဲ။"
ကိုယ်တိုင်ကြိုးစားအားထုတ်မှုတွေ ကျရှုံးမှုတွေ အခြေအနေမျိုးစုံကို ကျော်ဖြတ်ပြီးပြီ။ အားကုန်သုံးကြိုးစားခဲ့ပြီးပြီ။ အဆင်မပြေဘူး။ အော်၊ တခြားလမ်းကြောင်းတစ်ခုပြောင်းမှာပေါ့ဗျာ။ ဒီfieldထဲဘယ်လောက်ပဲ တော်နေထက်နေပါစေ မိမိကိုယ်ကိုကျေနပ်မှုမရှိရင်တော့ ဘာထူးမှာလဲ။ အဓိကက ကိုယ့်ကိုယ်ကိုယ်လောက် ဘယ်အရာမှအရေးမကြီးဘူးဆိုတာကို လက်ခံထားဖို့ပါပဲ။
နိဂုံးချုပ်
နောက်ဆုံးမှာတော့၊ Major တစ်ခုရွေးချယ်တယ်ဆိုတာက အသက်မွေးဝမ်းကျောင်းတစ်ခုကို ရွေးချယ်တာသက်သက်မဟုတ်ပါဘူး။ သင်ဘယ်လိုလူစားမျိုးဖြစ်ချင်သလဲ၊ ဘယ်လိုဘဝမျိုးကို နေထိုင်ချင်သလဲဆိုတာကို ရွေးချယ်ခြင်းပါပဲ။ ဒီမေးခွန်းတွေက သင့်ကို ကိုယ့်အဖြေကိုယ်ရှာတွေ့နိုင်အောင် ကူညီပေးပါလိမ့်မယ်။
Resources
ဒါကတော့ postဖတ်ရင်းပျင်းနေမှာစိုးလို့ပါ။ ကျနော်ဒီနေ့တော့သွားစရာရှိတာကော စာလုပ်စရာများနေတာမို့ သိပ်မရေးနိုင်ဘူး။ နောက်တော့သေချာလေးရေးပါမယ်။
ကျနော်architecture အကြောင်းလေ့လာခဲ့တုန်းက ကြည့်ဖြစ်ခဲ့တဲ့youtuber.
Ali abdaal, Productivityနဲ့ပတ်သက်ပြီး မသိကြတဲ့သူမရှိလောက်ပါဘူး
ဒါကတော့ ရီစရာဟာသလေးတစ်ဖြတ်ပါ။
ကျောင်းလျှောက်စဥ် portfolio submitတဲ့နေရာမှာအသုံးဝင်ခဲ့တဲ့portfolio review
Architecture Laptop Choosing
Career Decisions