မိမိရွေးတဲ့ ကျောင်းရဲ့နိုင်ငံနဲ့ နေရာကဘယ်လောက်ထိအရေးပါလဲ။

ဒီလိုမျိုးအချက်အလက်တွေရေးသားတဲ့အခါ ထည့်သွင်းစဥ်းစားစရာတွေအများကြီးဖြစ်လာတယ်။ ကိုယ်က နိုင်ငံခြားကိုဘာလာလုပ်ချင်တာလဲကအစ ကျောင်းတက်ပြီးတာနဲ့ဘာဆက်လုပ်မှာလဲဆိုတာအထိ သိပ်အရေးပါတယ်။ ငွေကြေးအခြေအနေ၊ အလုပ်opportunitiesနဲ့ ရေရှည်နေထိုင်ဖို့အဆင်ပြေနိုင်မပြေနိုင် ဆိုတာလဲအရေးပါတယ်။ 

မိမိရွေးတဲ့ ကျောင်းရဲ့နိုင်ငံနဲ့ နေရာကဘယ်လောက်ထိအရေးပါလဲ။
Central London ရဲ့ မြင်ကွင်းလေးတစ်ဖြတ်။

လိုင်းပေါ်ကျနော်တို့ ကျောင်းတွေရှာကြတဲ့အခါ နာမည်စာရင်းတွေအများကြီးပါ။ “UKနိုင်ငံမှ ထိပ်တန်းကျောင်း” တို့ “ကမ္ဘာပေါ်က အဆင့် ၇၀၀ရှိတဲ့ကျောင်း” တို့ “ဖွံ့ဖြိုးတိုးတက်ပြီးသားနိုင်ငံ”တို့ မြင်နေကြဖြစ်မှာပါ​။ ဒီလိုမျိုးကိစ္စတွေက ကျနော်တို့အပေါ်ဘယ်လောက်ထိ သက်ရောက်မှုရှိလဲ။ 

ဒီလိုမျိုးအချက်အလက်တွေရေးသားတဲ့အခါ ထည့်သွင်းစဥ်းစားစရာတွေအများကြီးဖြစ်လာတယ်။ ကိုယ်က နိုင်ငံခြားကိုဘာလာလုပ်ချင်တာလဲကအစ ကျောင်းတက်ပြီးတာနဲ့ဘာဆက်လုပ်မှာလဲဆိုတာအထိ သိပ်အရေးပါတယ်။ ငွေကြေးအခြေအနေ၊ အလုပ်opportunitiesနဲ့ ရေရှည်နေထိုင်ဖို့အဆင်ပြေနိုင်မပြေနိုင် ဆိုတာလဲအရေးပါတယ်။ 

နိုင်ငံနဲ့ နေရာရွေးချယ်မှု

ကျနော်ရေးသားခဲ့သော Post လေးရဲ့အသေးစိတ်ပေါ့နော်။ မိမိရွေးချယ်မယ့်နိုင်ငံက ဘယ်လိုမျိုးနိုင်ငံလဲ။ နိုင်ငံအသီးသီးမှာ ဥပဒေအမျိုးမျိုး lawအမျိုးမျိုးရှိတယ်။ တချို့lawတွေက ကိုယ်တွေနဲ့ဘာမှမဆိုင်သလို တချို့lawတွေကျကိုယ်တွေအပေါ််သိပ်သက်ရောက်မှုရှိတယ်။​

ဥပမာ 

  • UKရဲ့ Work Visa ရဖို့ အနည်းဆုံးလုပ်ခလစာက £38,700 / yearရှိရမယ်။ ဒီလိုမျိုးပေးနိုင်တဲ့employerမျိုးနဲ့အလုပ်မျိုးရှိရမယ် မဟုတ်ရင်မရဘူး။ ဒီပမာဏက သိပ်များတဲ့ပမာဏလားဆိုတော့ ကိုယ့်major၊ ကိုယ့်အတွေ့အကြုံနဲ့ ကိုယ်တက်တဲ့ကျောင်း စတာတွေပေါ်မူတည်တယ်။ 
  • ထိုင်းလိုနိုင်ငံမျိုးမှာ Professionalအလုပ်တစ်ခုရမယ်ဆိုရင်တောင် မိမိရရှိနိုင်တဲ့ လုပ်ခလစာက အခြားသောနိုင်ငံတွေနဲ့ယှဥ်ကြည့်ရင် သိပ်နည်းလိမ့်မယ်။ ဖြစ်ချင်တော့ ထိုင်းဘာသာစကားလိုမျိုး အတော်လေးတတ်မြောက်ထားမှ အလုပ်တစ်ခုရယ်လို့လုပ်နိုင်မယ်။​ Part timeလုပ်ရင်တောင် တစ်နာရီကို Baht 100လောက်ကပဲစရနိုင်လိမ့်မယ်။ 
  • UKမှာ Londonက အကောင်းဆုံးသောမြို့လို့ဆိုကြပေမယ့် Londonရဲ့ နေရာနဲ့zoneပေါ်မူတည်ပြီးတော့ ကောင်းချင်မှကောင်းမယ်။ အလုပ်Opportunitiesပိုများတယ်လို့ဆိုကြပေမယ့် High demand High supplyပါ။ Central Londonဘက်မသွားဘဲ စျေးလဲ နည်းနည်းတန်တဲ့ကျောင်းမျိုးကိုရွေးမိပြီဆို londonတော့londonပဲ ဒါပေမယ့်Londonဆိုတဲ့feelingမျိုးမရဘဲ တခြားမြို့တစ်မြို့လို့ခံစားမိနေမှာပါ။ Safeဖြစ်တဲ့ zone, သိပ်safeမဖြစ်တဲ့zoneဆိုတာလဲရှိသေးတာကိုး။ 

ဒီလိုမျိုးသော specific ဖြစ်တဲ့ကိစ္စတွေရှိတယ်။ ဒီတော့ ကိုယ်တိုင်မရောက်ဖူးဘဲနဲ့ ဘယ်လိုမျိုးရွေးချယ်ကြရမလဲ။ ဘာလို့ဆို ထိုင်းလိုမျိုး နေ့ချင်းပြန်သွားနေကြမယ့်နိုင်ငံမျိုးတောင် ကျနော်တို့မထင်မှတ်ထားမယ့်ကိစ္စတွေလဲရှိသေးတာပဲဥစ္စာ။ 


အလုပ်ရနိုင်ချေ။

Apple MacBook beside computer mouse on table
Photo by Luca Bravo / Unsplash

အလုပ်ဆိုတဲ့နေရာမှာ Part timeကတစ်ကဏ္ဍ၊ တကယ်အလုပ်လုပ်ဖို့စဥ်းစားကြတဲ့အခါ တစ်ကဏ္ဍပါ။ 

Part Time

Part timeဆိုတဲ့နေရာမှာ ကိုယ်အချိန်ပိုင်းလုပ်လို့ရနိုင်တဲ့အလုပ်ကိုဆိုလိုတယ်။ Waiterတို့ အအေးဖျော်တဲ့သူတို့လိုမျိုး ကိုယ့်careerနဲ့မဆိုင်တဲ့ careerမျိုးလဲရှိတယ်(Culinary schoolတို့ Hospitalityတို့ တက်တဲ့သူတွေမှအပ)။ ဝင်ငွေကို မိမိကျောင်းတက်ဖို့လောက်ထိမျှော်မှန်းလို့ သေချာပေါက်မရနိုင်ဘဲ နေစရိတ်စားစရိတ်လောက်ပဲ ရနိုင်တဲ့နိုင်ငံမျိုးလဲရှိတယ် ကျောင်းစရိတ်ပါထောက်ပံ့လို့ရနိုင်မယ့်နိုင်ငံမျိုးလဲရှိကောင်းရှိနိုင်တယ်။

ဒီလိုမျိုးထောက်ပံ့ဖို့အဆင်ပြေမပြေကလဲ အခြေအနေအမျိုးမျိုးပေါ်မူတည်နိုင်တယ်။​

  • Part time အလုပ်လုပ်ခွင့်limit 
  • အနည်းဆုံးလုပ်ခလစာနဲ့ ပေးရမယ့်အချိန်
  • Part time အလုပ်ရနိုင်ချေ။
  • Part time အလုပ်ရဲ့ထုံးစံ
  • အလုပ်သွား အလုပ်ပြန်သွားရလာရတဲ့transportation
  • အလုပ်သွားတဲ့အခါ အစားအသောက်စရိတ်။ 

UKလိုနိုင်ငံမျိုးမှာဆိုရင်တော့

  • Limitက 20 hour per week in term time, full time in holiday time။
  • အနည်းဆုံးလုပ်ခလစာက £11 ကျော်တယ်။ ပေးရမယ့်အချိန်ကတော့ ကိုယ့်contractပေါ်မူတည်တယ်။ တရားဝင်အလုပ်မို့လို့ taxပေးရနိုင်ချေရှိတယ်။ 
  • မြို့ပေါ်မူတည်သလို မိိမိပေါ်လဲမူတည်တယ်။ ရှာရင်ရှာသလောက်ရနိုင်မယ်။ မရှာရင်မရှာသလောက်ပဲ။ 
  • Zero-hour contractတွေလဲofferတဲ့အလုပ်တွေရှိတယ်။ အလုပ်အများစုကတော့ Full time staffကိုလိုချင်ကြတယ်။​ ဒီတော့လဲ ရှာရတော့ခက်တာမျိုးတော့ရှိတာပေါ့ဗျာ။ သွားလာနိုင်ရင်တော့ကောင်းတယ်။​ သဘောက အတွေ့အကြုံမရှိသေးသလို provideနိုင်တဲ့ skill or talent or certificationမရှိတဲ့ အချိန် အပင်ပန်းဆုံးပဲ။​
  • အင်မတန်ကျဥ်းတဲ့မြို့မျိုးမှာ Bikeနဲ့အဆင်ပြေနိုင်တယ်။ Londonတို့(နီးစပ်ဆုံး Bangkokတို့) လိုမျိုးမြို့မှာ နယ်ပယ်ပြန့်ချင်တယ်ဆို သွားလာရမယ်။ ရထားလဲစီးချင်ရင်စီးရမယ် Busလဲစီးချင်စီးရမယ်။ Motor-Bikeစီးချင်လဲစီးရမယ်။
  • အလုပ်တွေက Provideတာမျိုးလဲရှိတယ်။​ Employerကောင်းရင်တော့ ကိုယ့်အတွက် အထူးခံစားခွင့်တွေအခွင့်အရေးတွေပေးတယ်။ မကောင်းရင်တော့မကောင်းသလိုပဲ ခေါင်းပုံဖြတ်တာပေါ့ဗျာ။
MacBook Pro
Officeတစ်ခုလေးရဲ့ပုံပေါ့။ Photo by Olena Bohovyk / Unsplash

Full time

ကျနော်ကိုယ်တိုင်မလုပ်ဖူးတော့ပြောရခက်တယ်။ although လေ့လာစရာလေးတွေတော့အများကြီးရှိတယ်။ ကိုယ်ဘွဲ့ရပြီးတဲ့နောက် ဒီဘွဲ့နဲ့ ဘယ်အလုပ်တွေမှာလုပ်လို့ရလဲ၊ ဘယ်အလုပ်တွေကလက်ခံလဲ။ ဒီပေါ်မူတည်တယ်။

Internshipဖြစ်စေ Full timeဖြစ်စေ

  • အလုပ်ကို ဘာနဲ့သွားမှာလဲ။ အလုပ်ဆိုတာက ကိုယ်နေတဲ့နေရာအနားရှိနေမှာမဟုတ်လို့ အခြေအနေအရ အိမ်ပြောင်းရင်လဲပြောင်းရမယ်။ ကိုယ်ပိုင်ကားရှိလား။ ကားမောင်းလိုင်စင်ရှိလား။
  • လုပ်ခလစာက မိမိvisaဆက်ပြီးသက်တမ်းတိုးလို့ရနိုင်မယ့်လစာလား၊ ဒီအလုပ်ကကော မိမိအတွက် ရေရှည်လုပ်လို့ရနိုင်မယ့်အလုပ်မျိုးလား မိမိကို Visa Sponsorshipပေးလောက်တဲ့အလုပ်မျိုးလား။
  • Work life balanceရအောင်လုပ်လို့ရနိုင်မလား။ ဒါမှမဟုတ် လုပ်သာလုပ်တယ် ကိုယ့်အတွက် အဆင်မပြေတဲ့ပုံစံမျိုးဖြစ်နေလား(ဥပမာ-တချို့အလုပ်တွေဆို ညဆိုင်းဆင်းရတာမျိုးတို့ရှိတော့တော်ရုံသူအဆင်မပြေဘူး လစာပိုရနိုင် vacancyပိုရှိနိုင်ပေမယ့်)
  • မိမိရေရှည်သွားချင်တဲ့career way အတွက် ဘယ်လောက်ထိ အထောက်အကူဖြစ်နိုင်မလဲ။ ကိုယ့်ရဲ့ရေရှည်ရည်မှန်းချက်နဲ့ကော alignဖြစ်နေလား ဒါမှမဟုတ် ဒီနိုင်ငံငါလဲရှိနေတာပဲ ဆက်နေလိုက်ပါမယ်ဆိုပြီးမှိန်းပြီးနေနေရုံသက်သက်ပဲလား။
  • ကိုယ်က mastersတို့ PhDတို့လိုမျိုးwork experienceတောင်းဆိုတဲ့ အတန်းမျိုးမှာပြန်တက်မယ်ဆို ဒီအလုပ်က "Work Experience"လို့ ခေါင်းစဥ်တပ်ရတဲ့အထိ ဖြစ်နိုင်မလား။ ဒီအလုပ်က ကိုယ်တခြားနိုင်ငံတစ်ခုခုကိုပြောင်းတဲ့အခါ အသုံးဝင်နိုင်မလား။

ကျနော့်ထက် အလုပ်experienceရှိတဲ့သူတွေကတော့ ပိုပြီးတော့ ပြောပေးနိုင်လိမ့်မယ်။


a herd of cattle grazing on a lush green field
Photo by Benjamin Elliott / Unsplash

မိမိရွေးမယ့်ကျောင်းရဲ့ဘွဲ့အခြေအနေ

ဒီလိုမျိုးအလုပ်နဲ့ဆက်စပ်ပြီးတော့ ကျောင်းကရနိုင်မယ့်ဘွဲ့ကလဲသိပ်အရေးပါတယ်။ နိုင်ငံချင်းတူရင်တောင် ကျောင်းချင်းကတူနိုင်မှာမဟုတ်ဘူး။

အခုနောက်ပိုင်း​ "College doesn't matter" တို့​ "သာမန်ကျောင်းတွေအတွက်rankingတွေက အရေးမကြီးဘူး"တို့ပြောကြတယ်။​ အတိုင်းအတာတစ်ခုထိပဲမှန်နိုင်လိမ့်မယ်။

အရမ်းကောင်းတဲ့ကျောင်းဆိုပြီး သူတို့ဆိုလိုတာက နာမည်ကြီးကျောင်းတွေ ဥပမာ - University of Oxfordတို့လိုမျိုးကျောင်းတွေ။ နာမည်ကြီးပြီးတော့အရှိန်အဝါလဲမြင့်တယ်rankingကလဲ အပေါ်ကကျောင်းတွေနဲ့ယှဥ်စရာမလိုတဲ့ထိကို အရေးပါတာမျိုး။

သာမန်ကျောင်းတွေဆိုတာ ကျနော်တို့နိုင်ငံခြားကျောင်းတက်ဖို့ ရွေးကြတဲ့အခါ ရွေးလေ့ရှိကြတဲ့ကျောင်းတွေ။​ ဥပမာ - UKဆို UWE Bristolတို့ University of Portsmouthတို့ Sheffield Halamတို့ စသဖြင့်ပေါ့။ ကုန်ကျစရိတ်၊ ဝင်ခွင့်၊ နေရာ၊ စတာတွေအကုန်လုံးအဆင်ပြေတဲ့ကျောင်းတွေပေါ့ဗျာ။

ဒီနေရာမှာ ကွာဟသွားတာက တစ်ကျောင်းချင်းစီရဲ့ အခြေအနေ။ ဟုတ်တယ် နာမည်ကြီး ထိပ်တန်းစာရင်းဝင်ကျောင်းတွေမှအပ ကျနော်တို့နဲ့လူအများစုရွေးဖြစ်ကြမယ့်ကျောင်းတွေက နာမည်ကြီးမှာမဟုတ်သလို Employerဆီမှာ advantageတစ််ခုအနေနဲ့ရချင်မှရမယ်။ သို့ပေမယ့် ဒီကျောင်းတွေကနေပြီးတော့ ပေးနိုင်တဲ့ကိစ္စတွေကတော့သိပ်အရေးပါတယ်။

  • ကျောင်းတက်တဲ့အခါ ပေးနိုင်တဲ့ Collaborationနဲ့ network၊
  • ကိုယ်ကျောင်းတက်ချိန် ဆရာဆရာမတွေ သူငယ်ချင်းတွေနဲ့ မိမိ အချင်းချင်းမျှဝေနိုင်မယ့် ကိစ္စရပ်တွေ၊
  • Employerနဲ့ကိုယ်နဲ့ကို ချိတ်ဆက်ပေးနိုင်မယ့် ကိစ္စရပ်တွေ၊
  • စာသင်တဲ့ပုံစံနဲ့ သင်ရိုးနဲ့ မိမိကိုက်ညီနိုင်မညီနိုင်၊
  • မြို့မှာရှိတဲ့ မိမိတက်နေမယ့်ကျောင်းရဲ့ ဒေသန္တရဆိုင်ရာ အခြေအနေတွေ၊
  • ဒီဘွဲ့က တကယ်ကောကောင်းလား ကျောင်းကကော တကယ်ကောကောင်းလား။ Individual တစ်ဦးချင်းစီရဲ့ ကြုံတွေ့ရတဲ့ကိစ္စတွေ။

ကျောင်းမှာရှိတဲ့statisticsတွေက မိမိနဲ့ သိပ်ဆက်စပ်နေတာမျိုးလဲရှိသလို မဆိုင်အပ်တာတွေလဲရှိတယ်။

ဥပမာ - ကျနော်ကျောင်းမှာစာသင်တုန်းကဆို တချို့ဆရာဆရာမတွေကတော့ သူတို့ကိုယ်တိုင်လဲတော်တယ်။ သို့ပေမယ့် စာကို ကိုယ်တွေနားလည်လောက်တဲ့ထိ လက်ခံနိုင်တဲ့ပုံစံမျိုးနဲ့မပေးနိုင်ဘူး။ ကြာလာတော့ ကိုယ်က စာညံ့သလို ဆရာ မကောင်းသလိုဖြစ်သွားတယ်။

တချို့ဆရာဆရာမတွေက အဆင်ပြေတယ် စာသင်တာကောင်းတယ် မြန်တယ်။ ဒီလိုမျိုးဆရာမတစ်ဦးလောက်ရှိလိုက်တာ ကျနော်စာလုပ်တဲ့ပုံစံတွေ၊ စာကိုapproachတဲ့ပုံစံ၊ ဖြေရှင်းတဲ့ပုံစံ၊ အချိန်ကို ဘယ်လိုမျိုးအတတ်နိုင်ဆုံး အသုံးပြုနိုင်တယ် ဒီကိစ္စတွေအကုန်လုံးအဆင်ပြေသွားတယ်။

ဒီလိုမျိုးအခြေအနေက တစ်ဦးနဲ့တစ်ဦးကြားမတူညီတာမျိုးမို့လို့ သိပ်ထူးခြားမှုမရှိ ရွေးချယ်ဖို့လဲခဲယဥ်းပေမယ့် ဆရာဆရာမတစ်ဦးချင်းကနေ Departmentတစ်ခုလုံး တစ်ကျောင်းလုံးအခြေအနေအထိကျယ်ပြန့်သွားခဲ့ရင် ဒီကျောင်းက "စာသင်တာမကောင်းတဲ့ကျောင်း"လို့ နာမည်တပ်ခံရကော။ ဒီလိုပေါ့ဗျာ။


Photo - Myint Mo

မြန်မာတွေအသွားများတဲ့ကျောင်းတွေ

ဒါကတော့နီးစပ်ရာနိုင်ငံတွေမှာအများဆုံးတွေ့ရတဲ့ကိစ္စ။ မြန်မာသင်ရိုးလက်ခံတယ် GEDလက်ခံတယ် ဘယ်လိုမျိုးdiscountတွေ scholarshipတွေရတယ်ဆိုတဲ့ကျောင်းတွေ။ တကယ့်တကယ်ကျမှ ဒုက္ခရောက်တာ။

First touch - Its a great school

စစချင်းတက်တဲ့အချိန် ကျောင်းရွေးတဲ့အချိန်မှာတော့ နာမည်တွေအများကြီးထဲကတစ်ခုမို့ သိပ်မသိသာသေးဘူး။ အဆင့်တွေကွာ အဆင့် ၄၀၀ လောက်နဲ့ ၁၀၀၀နဲ့ဘာကွာမှာလဲ။ မြို့ပဲဖြစ်စေ နိုင်ငံပဲဖြစ်စေ သိပ်ပြီးမကွာတဲ့နေရာတွေလေ။ ဒီလိုနဲ့ကျောင်းရွေးလိုက်တယ်။​

တကယ့်တကယ်ကျောင်းတက်တဲ့အချိန်လဲ မသိသာသေးဘူးဗျာ။ ဟုတ်တယ် မြို့နဲ့တော့ဝေးတယ်။ လာတဲ့ကျောင်းသားတွေက သိပ်ပြီးတော့ တော်တဲ့ကျောင်းသားတွေတော့မဟုတ်ဘူး။ နိုင်ငံနဲ့မြို့ရဲ့လူနေမှုအဆင့်အတန်းက ဟုတ်တယ်ကွာပေမယ့် မြန်မာနိုင်ငံနဲ့လုံးလုံးကြီးကွာတယ်လို့တောင် ပြောလို့မရတဲ့အခြေအနေ။

စာလုပ်ခိုင်းတဲ့ပုံစံတွေ ကျောင်းသားတွေကိုထိန်းကျောင်းပေးတဲ့ပုံစံ ဆရာဆရာမတွေသင်ကြားပုံ စသဖြင့် အပြစ်ပြောစရာရယ်လို့ သိပ်မရှိ (ဘယ်ရှိမှာတုန်း လိုင်းပေါ်မှာresearchတာဆိုတာလဲ အပေါ်ယံလေးပဲသိရတာ၊ Universityဆိုတာက ၃/၄နှစ် Uniတက်တဲ့ကာလအတွင်း ကျောင်းကောင်းတာတွေကောဆိုးတာတွေကော သိလောက်တဲ့ထိ အကုန်ပြောင်းတက်တဲ့သူမျိုး ခပ်ရှားရှားရယ်။)

Second touch- Hmm? Did I make a good choice?

ကျောင်းပြောင်းဖို့လုပ်တယ် ဆက်တက်ရင် သိပ်အဆင်မပြေဘူးခံစားမိလို့။​ စုံစမ်းကြည့်တော့မှ ဒီကျောင်းကရတဲ့ 1st year ဖြစ်စေ 2nd yearဖြစ်စေ ဘယ်ကျောင်းကိုမှ credit transferလို့မရဘူး။ ဘယ်လိုပဲလုပ်လုပ် ကိုယ့်အထက်တန်းအောင်စာရင်းလိုပဲသတ်မှတ်တော့ Foundationတက်လို့ရရင်တောင်ကံကောင်းတယ်။

ဒီတော့မြန်မြန်ပြောင်းချင်ရင်ပြောင်း မဟုတ်ဘဲ မှေးပြီး mastersကျရင်တော့ အဆင်ပြေသွားမှာပါ။ အလုပ်ရရင်တော့ပြေမှာပါ။ ထင်ခဲ့တာပေါ့လေ

Final touch. I wish I could turn back time.

ကျောင်းပြီးခါနီးကျတော့မှ စပြီးတော့အဆင်မပြေဖြစ်တာတကယ်သိသာလာတာ။ ဒီကျောင်းကရတဲ့ဘွဲ့က ခုနက Middle classတွေ High classတွေထဲတောင်မဝင်ဘူး။ ဘယ်ထဲမှအကျုံးမဝင်တဲ့ဘွဲ့မျိုး။ အလုပ်ဆက်လုပ်ဖို့ဆိုရင်တော့ ခက်ခဲနိုင်တယ်။​ တခြားသော requirementsတွေအများကြီးလိုအပ်သေးတယ်။ ဥပမာ - ဘာသာစကား၊ အလုပ်အတွေ့အကြုံ၊ Internship စတာတွေရှိမှအဆင်ပြေနိုင်မယ်။

မဖြစ်ပါစေနဲ့ ။


ကျောင်းတက်ပြီးနောက်အခြေအနေ

အလုပ်လုပ်ဖို့ ကြိုဆိုတဲ့ လုပ်သားရှားပါးမှုပြဿနာနဲ့နိုင်ငံတွေရှိတယ်။ မကြိုဆိုတဲ့ နိုင်ငံအတွင်းမှာတင်ကို ပေါများနေတဲ့ နိုင်ငံမျိုးတွေရှိတယ်။ ထိုနည်းလည်းကောင်း မိမိရရှိထားတဲ့ဘွဲ့ကို ကြိုဆိုတာရှိတယ် ဘာမှကိုမထူးတာမျိုးလဲရှိတယ်။

တချို့နိုင်ငံတွေမှာ visaရဖို့ ခက်တာမခက်တာထက် ဒီဘွဲ့ဒီကျောင်းကိုက တော်ရုံရလေ့ရှိတာမျိုးမဟုတ်ရင် ကိုယ့်အတွက်လဲခက်ခဲနိုင်တယ်။ အလုပ်ရဖို့လွယ်တဲ့ကျောင်းမရှိပါဘူး၊ လွယ်တဲ့majorမရှိပါဘူး။ ခက်ခဲတာနည်းတာများတာပဲရှိနိုင်မှာပါ။

အခြေချနေထိုင်ဖို့အဆင်ပြေတဲ့နိုင်ငံမျိုးလဲရှိသလို မြို့မျိုးလဲရှိတယ်။ ဒီလိုပဲ ကျောင်းတက်ဖို့တစ်ခုအတွက်ပဲအဆင်ပြေတဲ့မြို့မျိုး အလုပ်လုပ်ဖို့အတွက်ပဲအဆင်ပြေတဲ့မြို့မျိုးလဲရှိတာပဲ။​ အကုန်လုံးအဆင်ပြေတာဆိုရင်တော့ စျေးကြီးချင်ကြီးမယ် requirementမြင့်မယ် ဒီလိုမျိုးပေါ့။

နောက်ပိုင်းကျရင်တော့ ပိုမိုရှင်းပြနိုင်ပါလိမ့်မယ်။

Child Education Abroad.

Ps. Secondary schoolတွေ primary schoolတွေထားချင်ကြတဲ့ မိဘတွေရှိတယ်။ ထားပြီးတော့ လိုက်လာချင်တာပေါ့နော်။ ဒီလိုမျိုးအတွက်လဲ အဆင်ပြေတဲ့နိုင်ငံမပြေတဲ့နိုင်ငံရှိတယ်။ နိုင်ငံအများစုကတော့ ကလေးအရမ်းငယ်နေမှ အဆင်ပြေနိုင်မယ်။

ကိုယ်တိုင်ကလဲ နှစ်ဦးလုံးကိုထောက်ပံ့နိုင်တယ် ဒီလိုပဲ နောက်ပိုင်းကျရင်လဲ work visaယူနိုင်တဲ့အခြေအနေရှိတယ်။ မဟုတ်ရင်လဲ အဲ့မှာ ကလေးကိုကူညီပေးဖို့ boarding schoolသို့မဟုတ် အမျိုးတွေရှိတယ်။ ဒီလိုမျိုးမှအဆင်ပြေနိုင်မယ်။ ကလေးကိုမီခိုပြီး နိုင်ငံခြားထွက်ဖို့ ရေရှည်နေထိုင်ဖို့ဆိုတာ ပုံမှန်တစ်ဦးတည်းကျောင်းတက်တာမျိုးထက် ပိုခက်ခဲပါလိမ့်မယ်။

UK governmentကရေးသားထားတာကိုပဲ နားလည်လွယ်အောင်ရေးတာမျိုးဆိုရင်တော့အဆင်ပြေနိုင်တယ်။ ဒီလိုမျိုးလုပ်တဲ့သူနည်းတာကော ကျနော်ကိုယ်တိုင်လဲမလုပ်ဖူးတာကောမို့ ကိုယ်ပိုင်အတွေ့အကြုံထည့်သွင်းရေးသားရတာ ခက်ခဲတော့ ကြုံတွေ့ရတဲ့အချိန်ကျ သေချာလေးရေးပြနိုင်ပါလိမ့်မယ်။


မိမိခံစားချက်

ကျနော်က City lifeကို နှစ်သက်တဲ့သူမဟုတ်ပါဘူး။ ဒီအတွက် Londonလိုမြို့မျိုးမှာအလုပ်လုပ်ဖို့ခက်ခဲပါလိမ့်မယ်။ ထိုနည်းလည်းကောင်း Oxfordလိုမျိုး touristတွေအရမ်းများတဲ့မြို့လိုမျိုး အရမ်းDiverseဖြစ်တဲ့မြို့မျိုးမှာနေလာပြီးတဲ့နောက် ကျနော်သိသွားတာက

  • ကိုယ်က မြို့ရဲ့လူနေမှုအဆင့်အတန်းနဲ့ cultureမျိုးကိုကြိုက်နှစ်သက်တယ် ထိန်းသိမ်းထားတဲ့ မြို့မျိုးလိုချင်တာဆိုရင် tourist များတဲ့မြို့မျိုးကို မနေပါနဲ့။ တော်ရုံအဆင်ပြေနိုင်ပေမယ့် sometimes, touristတွေ အရမ်းအရမ်းကိုများတဲ့ ရာသီမျိုးဆို သိပ်ဆိုးပါတယ်။​
  • မိမိတက်မယ့်ကျောင်းက အရမ်းinternational studentတွေများတယ် စာလုပ်တဲ့internationalတွေမဟုတ်ဘဲ သိပ်စာမလုပ်တဲ့သူတွေများတယ်ဆို ကိုယ်ကပါရောယောင်ပြီး စာလုပ်ချင်စိတ်ရှိတော့မှာမဟုတ်ပါဘူး။ အလုပ်နဲ့စာချည်းပဲလုပ်နေဖို့မဆိုလိုပါဘူး။ တချို့ကျောင်းတွေမှာ စာလုံးဝမလုပ်ဘဲနဲ့ နေထိုင်ခွင့်ရရုံ အောင်ရုံဆိုတဲ့ majorမျိုး အတန်းမျိုးသပ်သပ်ရှိကြပါတယ်။​
  • ကိုယ်က skyscraperတွေအများကြီးနဲ့ Metropolianမြို့မျိုးကို ကြိုက်နှစ်သက်တာလား။ Metropolianပုံစံကိုမှ adaptထားတာကိုကြိုက်တာလား။ ဒါမှမဟုတ် Country sideပုံစံမျိုးကိုကြိုက်နှစ်သက်တာလား။
  • နိုင်ငံမှာနေတဲ့သူတွေရဲ့စရိုက်ကဘယ်လိုလဲ။ နိုင်ငံနဲ့ချီပြီးပြောဖို့ခဲယဥ်းပေမယ့် သေချာတာတစ်ခုကတော့ Asian cultureနဲ့ Western cultureလုံးဝမတူညီပါဘူး။ ဒီလိုပဲ ဒီလိုမျိုးနိုင်ငံကလာတဲ့သူတွေရဲ့အကျင့်စရိုက်တွေကလဲ လုံးလုံးမတူညီပါဘူး။ ကိုယ်ကြိုက်တဲ့ cultureက သိပ်အရေးပါပါတယ်။ စာမှာလဲထိုနည်းလည်းကောင်းပါပဲ။
  • ရာသီဥတုအခြေအနေ - ရန်ကုန်ကနေ Dubaiတို့ Dohaတို့၊ အဲ့ကနေ Greeceတို့Italy၊ အဲ့ကနေ UK၊ အဲ့ကနေမှ Finlandတို့Norwayတို့။ ပိုပိုအေးစက်သွားတာပါ။ air qualityတွေဘာတွေမပါသေးဘူးရာသီဥတုသီးသန့်ပါ။

Vacationအဖြစ်လာတဲ့သူနဲ့ နိုင်ငံမှာတကယ်နေတဲ့သူတစ်ဦးရဲ့ ခံစားချက်ချင်းမတူညီပါဘူး။ ဒါလေးကိုလဲသတိချပ်ထားပါ။ ကိုယ့်ရဲ့ရေရှည်အိမ်မက်ကိုအကောင်းဆုံးအကောင်ထည်ဖော်ပေးနိုင်မယ့်နိုင်ငံမျိုးမြို့မျိုးကို သွားပါ။ အလုပ်ပေါတဲ့မြို့မရှိပါဘူး။ အလုပ်ပေါတဲ့လွယ်တဲ့နိုင်ငံမရှိပါဘူး။ အကုန်သူ့နည်းသူ့ဟန်နဲဲ့ခက်ကြတာချည်းပါပဲ။

ဒီတစ်နိုင်ငံတည်းမှာပဲအခြေချရမယ်လို့တွေးမထားပါနဲ့။ မြို့တစ်မြို့တည်းဆို ပိုလို့တောင်မတွေးပါနဲ့။ Londonကနေ New York Cityကိုလဲလဲသွားချင်သွားရမှာပဲ၊ ဒီကနေ Singapore၊ အဲ့ကနေToronto အဲ့ကနေ Seoul ကိုယ့်အပေါ်ပဲမူတည်တာပါ။

Read more

December 2024 Life Update

ကျနော့်ရဲ့life update လေးပြောပြထားပါတယ်။ အကျဥ်းချုပ်ကတော့ Oxford Brookesရဲ့ Architecture ဒုတိယနှစ် ကျောင်းတက်ခဲ့ဖြစ်တဲ့အခြေအနေတွေ အခြားသော updateလေးတွေပါ။ videoလေးကတော့ တစ်ခုခုကိုအာရုံစိုက်နေရတဲ

By Moe Htet
မိဘနဲ့သားသမီးကြားပြဿနာဘယ်လိုဖြေရှင်းရမလဲ

မိဘနဲ့သားသမီးကြားပြဿနာဘယ်လိုဖြေရှင်းရမလဲ

နေ့လည်တုန်းက ကျနော့်မိတ်ဆွေတစ်ဦးရဲ့မိဘနဲ့စကားပြောဖြစ်လိုက်တယ်။ ထွေထွေထူးထူးမဟုတ်ပါဘူး UKမှာ ကျောင်းတက်ရင် ဘယ်လိုမျိုးလဲ၊ ကျောင်းရွေးသင့်မရွေးသင့်၊ ငွေဘယ်လောက်လေ

By Moe Htet