ကျောင်းရွေးမမှားကြစေဖို့။

ကျောင်းရွေးမမှားကြစေဖို့။

နိုင်ငံခြားကျောင်းတွေကို ကျနော်တို့ရွေးကြတဲ့အခါမှာ မရမကရွေးချယ်ကြတယ်။ အများစုက Budget wiseစဥ်းစားကြတယ်။ တချို့ကတော့ မြို့အနေအထား၊ မေဂျာရွေးချယ်မှု၊ လူနေမှုအဆင့်အတန်းပေါ့။

ခက်တာက ဒီလိုရွေးချယ်မှုတွေထဲက အမှားတွေမှာ မေဂျာအရွေးမှားတဲ့သူတွေ၊ ကျောင်းအရွေးမှားတဲ့သူတွေ၊ စာမေးပွဲကျတဲ့သူတွေနဲ့ နှစ်တွေ ငွေသိန်းထောင်ချီလောက် ပိုမိုကုန်ကျသွားတတ်ကြတယ်။


ကျောင်းအရွေးမှားတာ

အခြေအနေအမျိုးမျိုးကို expose(ထိတွေ့)ခံထားရတဲ့ လူငယ်တွေမှာ ဘယ်ဟာကကောင်းတယ်ဘယ်ဟာကမကောင်းဘူးဆိုတာ ခွဲခြားရတာအင်မတန်လွယ်ကူတဲ့ကိစ္စတစ်ခုဖြစ်လာခဲ့တယ်။ နိုင်ငံခြားမြင်တိုင်း၊ လူဖြူမြင်တိုင်း၊ ပြည်ပရောက်သွားတဲ့သူတွေကိုမြင်တိုင်း အားကျမနေတော့ဘူး မျက်စိမှိတ်အထင်ကြီးမနေတော့ဘူး။ ဒီအခြေအနေမှာ ကောင်းတဲ့အခြေအနေနဲ့မကော်ငးတဲ့အခြေအနေဆိုတာခွဲခြားတတ်လာတယ်။

အင်မတန်မှတိုးတက်လာပါတယ်ဆိုတဲ့မြို့တစ်မြို့ကိုရောက်သွားတယ်။ ဥပမာ londonလိုမျိုး။ ဟော londonဆိုတာပြောရရင် နာမည်အကြီးဆုံး အဖွံ့ဖြိုးအတိုးတက်ဆုံး ကမ္ဘာတစ်ဝှမ်းလုံးက လုပ်ငန်းတွေ companyတွေ အကုန်လုံးရဲ့စုရပ်။ ကိုယ့်ကိုယ်ကိုထင်တာကတော့ Londonerဖြစ်မယ်။ နေ့စဥ်နေ့တိုင်းbig benကိုဖြတ်နေမယ်။ thamesမြစ်ကြီးကိုနောက်ခံထားပြီးတော့ ဘယ်လိုပုံလေးတွေရိုက်မယ်တို့ဘာတို့။

ဟောလက်တွေ့မှာကျ ကိုယ်တက်နေရတဲ့ကျောင်းက ထင်သလောက်မကောင်း။ Londonတော့Londonပဲ။ Londonရဲ့ လူသူသိပ်မနေတဲ့ မြို့ခံဆိုတာထက် ကျောင်းတက်တဲ့သူတွေပဲအများဆုံးနေဖြစ်ကြတဲ့နေရာမျိုး။ ကျောင်းလခကလဲ မြို့ထဲဘက်ကျောင်းတွေနဲ့ယှဥ်ရင်သက်သာတာကိုး။ တချို့အတွက်တော့ ဒါကြီးက လုံးဝshockပဲ။

ဒီအဆင့်လောက်ကနေ ဘယ်လောက်ထိတာသွားတတ်လဲဆိုတော့

  • ကျောင်းကလဲ သူ့အဆင့်နဲ့မလိုက်အောင် စျေးကြီး၊
  • ပတ်ဝန်းကျင်က ဆေးသမားတွေ ဆေးနံ့တွေနဲ့ စာသေချာမလုပ်တဲ့ကျောင်းသားတွေချည်းပြည့်နေတဲ့နေရာမျိုး၊
  • ဆရာဆရာမတွေကလဲ သေချာမသင်ပေးတဲ့အပြင် courseနဲ့ကိုမရင်းနီးဘူး၊
  • Timetableရေးဆွဲထားတဲ့သူကလဲ ပုံမှန်အတန်းကို Monday to fridayဆွဲထားတယ်၊ မလိုအပ်တဲ့ courseတွေကော လိုအပ်တဲ့ courseတွေကော အကုန်လုံးရွေးချယ်ခိုင်းတာ
  • Guidanceမကောင်းတာ ကျောင်းသားကိုကူညီပေးမယ့် Student supportတို့ coordinatorတို့ advisorတို့ teamတို့စသဖြင့်နည်းတာ။

နေချင်စိတ်ပါမရှိတဲ့ထိဖြစ်နိုင်ပါတယ်။


နိုင်ငံခြားကို expectationအရမ်းမြင့်တာ။

မြန်မာနိုင်ငံကသူတွေအများစုသွားဖြစ်ကြတဲ့overseaခရီးစဥ်က ဘန်ကောက်။ ခက်တာက Bangkokဆိုတာက ကိုယ့်ပြည်တွင်းမှာရှိတဲ့ ကလောတို့ ငွေဆောင်တို့လောက်တောင် မလှတဲ့နေရာမျိုးပါ။ လှတဲ့နေရာတွေရှိကောင်းရှိလိမ့်မယ်။ နေလို့မှမကောင်းတာ။ ပတ်ဝန်းကျင်ကလူတွေပဲဖြစ်စေ လည်စရာပတ်စရာနေရာတွေရဲ့ကုန်ကျစရိတ်ပဲဖြစ်စေ အကုန်လုံးက မတူဘူးလေ။

ကဲ ဘန်ကောက်လောက်ကနေ တခြားသောဥရောပနိုင်ငံတွေဆီသွားမယ်။ နိုင်ငံခြားရောက်သွားတာနဲ့ အကုန်လုံးအဆင်ပြေသွားတာမျိုးရယ်မဟုတ်ဘူးဗျ။

သူတို့လဲသူတို့အခြေအနေအလိုက် တကယ်နေထိုင်မှသိသွားတဲ့ကိစ္စတွေလဲအများကြီး။ ဥပမာ - ညစ်ပတ်တာကို သာမန် အမှိုက်ပစ်ထားရုံလို့မြင်ပေမယ့်တကယ့်တကယ်ကျ ယင်ကောင်တွေနဲ့ပုပ်စော်တွေနဲ့ လူသေအနံ့လိုရတဲ့အထိဆိုးနေတာမျိုးတွေ၊


Universityဆိုတာအောင်ရုံနဲ့တင်ရတာလား။

University ဆိုရင်လဲ University အလျောက် ခက်ခဲတယ်ဗျ။ တက္ကသိုလ်ဆိုတာ အောင်ရုံနဲ့တင်ရတယ်ဆိုတာမျိုးက သာမန်ဘွဲ့ရရုံလိုချင်တဲ့သူတွေအတွက်ပဲအဆင်ပြေမှာပါဗျ။ ဒီဘွဲ့နဲ့အလုပ်အကိုင်ကောင်းကောင်းတစ်ခုလဲရချင်တယ်၊ နိုင်ငံခြားမှာပဲ အလုပ်တွေဆက်လုပ်ချင်တယ်၊ ဘာExperienceမှာလဲမရှိဘူးဆိုတဲ့ကျောင်းသားတွေအတွက် ပြသစရာဆိုလို့

  • ကိုယ်ကျောင်းတုန်းက လုပ်ခဲ့ဖူးတဲ့ projectတွေ၊
  • ကိုယ့်ရဲ့raw potentialဘယ်လောက်ရှိလဲ။ ဘယ်လောက်ထိ သက်သေပြခဲ့ပြီးပြီလဲ။
  • ဒီbachelorsကနေ ကိုယ်ဘာတွေသင်ခဲ့လဲ။ သင်ရိုးနဲ့ပတ်သက်တာတွေထဲက စာလေ့လာပုံနည်းတွေ၊ ဒီကိစ္စတစ်ခုကို approachလုပ်တဲ့ပုံစံနဲ့ work flowအပြင် တခြားသော volunteerဖြစ်စေ sports activitiesဖြစ်စေ စတဲ့ ပြင်ပကိစ္စတွေကော အရေးပါပါတယ်။

အောင်ရုံလုပ်ရုံနဲ့တင် ဒီကိစ္စတွေဘာတစ်ခုမှဖြစ်မလာပါဘူးဗျ။ တကယ်တော့ အောင်ရုံနဲ့တင်ရတယ်ဆိုတာက အမှတ်နည်းတာများတာထက် စာဘာမှသိပ်လုပ်စရာမလိုဘူး ပေါ့ပေါ့ပါးပါးပဲလုပ်လို့ရတယ် အတန်းလစ်ချင်လစ်လို့ရတယ် ဒါတွေအားလုံးလုပ်ရင်တောင် အောင်ဦးမှာဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့ အချင်းချင်းကြားပြောတတ်ကြတာမျိုးပါ။ လိုက်လံအတုယူရမယ့်ကိစ္စမဟုတ်ပါဘူးနော်။

ဟုတ်တယ် ကျောင်းစာတစ်ခုတည်းနဲ့ ဘာမှဖြစ်မလာဘူးဆိုတာတော့မှန်တယ်။ ဒါပေမယ့် ကျောင်းစာလဲသေချာမလုပ်နိုင်၊ အပြင်အလုပ်ဆိုလဲ မယ်မယ်ရရပြစရာမရှိနဲ့ သစ်ကိုင်းမလွတ်စေနဲ့ပေါ့။

Not to be mentioned, bachelorsကနေ mastersတက်တာမျိုးတို့ ဆက်လက်ပြီး ပညာသင်ကြားတာမျိုးတို့မှာပိုမိုလိုအပ်ပါတယ်။


မြို့/နိုင်ငံအရွေးမှားတာ

ကိုယ်က စျေးပေါတယ်ဆိုပြီး မြို့ကိုအဆင်ပြေတဲ့မြို့ကောက်ရွေးချလိုက်တယ်။ ဟောတစ်ခါ နိုင်ငံဆိုရင်လဲ အဆင်ပြေတဲ့နိုင်ငံကောက်ရွေးချယ်လိုက်တယ်။ ရေရှည်ကြ အဲ့စျေးပေါ်တဲ့နိုင်ငံတွေဆိုတာအဆင်မပြေမှန်းကိုယ်တိုင်လဲနောက်မှသိတာမျိုးပေါ့။ အဲ့လိုအခြေအနေမျိုးကိုတော့ဘယ်သူမှမရောက်ချင်ကြဘူးယူဆပါတယ်။

စျေးပေါတိုင်းဆိုးတာမဟုတ်သလို စျေးများတိုင်းလဲကောင်းတာမဟုတ်ပါဘူး။ ဒါပေမယ့် အထိုက်အလျောက်တော့အရေးပါပါတယ်။ ကွာသွားတာတွေက

  • လူနေမှုအဆင့်အတန်း
  • အလုပ်အကိုင်အခွင့်အလမ်း
  • တက်ရတဲ့ကျောင်းနဲ့မေဂျာ
  • အခြေအနေအထွေထွေ

ဒါကြောင့်မို့လို့ စျေးပေါတိုင်း ဝင်ခွင့်လွယ်ကူနေတိုင်း ကုန်ကျစရိတ်သက်သာနေတိုင်း အချိန်မြန်ဆန်တိုင်း အရွေးမမှားဖို့အတွက်ပါ။ မှားရင်တော့ ကုန်မှာက အချိန်ရယ် ငွေကြေးရယ်ပါ။ ငွေကြေးကအထိုက်အလျောက်အစားထိုးနိုင်ပေမယ့်အချိန်ကတော့အစားမထိုးနိုင်တဲ့Resourceတစ်ခုဆိုတာလဲ သတိချပ်စေချင်ပါတယ်။ ငွေသက်သာတိုင်းမလုပ်ကြဖို့ပါ။

ဒီလောက်ပါပဲဗျာ တခြားသတိထားစရာတွေကိုတော့နောက်အခေါက်တွေမှာ ထပ်မံပြောပြပေးသွားပါမယ်။ စဥ်းစားမိသလောက်ကတော့ ဒီလောက်ပါပဲဗျိုး။


Read more

Moe Notes Studio Journal #1: A Trap, A Guide, and An Unfaded Sound

(Burmese Version) Moe Notes Studio Journal #1: ထောင်ချောက်တစ်ခု၊ လမ်းညွှန်တစ်ခု၊ နှင့် မမှိန်ဖျော့သေးသော အသံတစ်သံ Issue #1 | Monday, 18 August 2025 မင်္ဂလာပါမိတ်ဆွေ။ Moe Notes ကနေ ပထမဆုံးအကြိမ်ပို့လိုက်တဲ

By Moe Htet
"Moe Notes Studio Journal" နှင့် သီးသန့်စကားဝိုင်း

"Moe Notes Studio Journal" နှင့် သီးသန့်စကားဝိုင်း

This article is also available in [English] အဆုံးမရှိ scroll လုပ်နေရတဲ့၊ ကျယ်လောင်တဲ့ algorithm တွေနဲ့ ခဏတာပဲမြင်ရတဲ့ social media post တွေကြားက ကမ္ဘာကြီးမှာ၊ တကယ့်စစ်မှန်တဲ့စကားဝိုင်းတစ်ခုဆိုတာ ဘာ

By Moe Htet