နိုင်ငံခြားကျောင်း မသွားခင် ကိုယ့်ကိုsupport ပေးမယ့်သူတွေနဲ့ တိုင်ပင်မှု
နိုင်ငံခြားကိုရောက်လာကြတဲ့သူတွေ လူငယ်တွေရဲ့ အကြောင်းလေးတွေကို ကျနော်ကြားသထက်ကြားရလာတဲ့အခါမှာ အခက်အခဲတွေ အခြေအနေတွေမျိုးစုံ ကြားသထက်ကြားလာရတယ်။ သူတို့တွေရဲ့ ရင်ဖွင့်သံတွေ စကားပြောသံတွေ ဒါတွေအကုန်လုံးကြားရပြီးတဲ့နောက်မှာ ကျနော်သိသွားတာက နိုင်ငံခြားကျောင်းတက်တယ်ဆိုတာ coordination သိပ်အရေးကြီးတယ်။
နိုနိုင်ငံခြားကိုရောက်လာကြတဲ့လူငယ်တွေရဲ့ ရင်ဖွင့်သံတွေ စကားပြောသံတွေ ဒါတွေအကုန်လုံးကြားရပြီးတဲ့နောက်မှာ ကျနော်သိသွားတာက နိုင်ငံခြားကျောင်းတက်တယ်ဆိုတာ coordination သိပ်အရေးကြီးတယ်။
- နိုင်ငံခြားကျောင်းတက်မယ််ဆိုတဲ့Plan (တွက်ချက်ထားတဲ့ကုန်ကျစရိတ်၊ အသုံးပြုနိုင်တဲ့ အင်အား၊ ထောက်ပံ့မှုအခြေအနေ)
- ငွေအတိုးအလျှော့ဖြစ်လာနိုင်တဲ့ မိဘများ မထင်မှတ်ထားကြတဲ့အခြေအနေတွေ
- ကျောင်းGradesတွေရဲ့အခြေအနေ
- ဘယ်နနှစ်ထိထောက်ပံ့နိုင်မှာလဲ
- ငွေကြေးထောက်ပံ့ပေးမယ့်သူနဲ့ ကျောင်းသားရဲ့communication
နိုင်ငံခြားကျောင်းတက်မယ််ဆိုတဲ့Plan
အချိန်
ဘယ်နခုနှစ်ကနေ ဘယ်နခုနှစ်အထိ ကျောင်းတက်မယ် Bachelorယူမယ်၊ အခြေအနေပေါ်မူတည်ပြီး Mastersတို့ကနေစ လိုင်စင်တွေယူလို့ရလောက်တဲ့အထိတက်ရင်တက်ရမယ်။ ဒီအတွက် အချိိန်တွက်ဆထားဖို့လိုအပ်တယ်။ အများစုက Bachelorsနဲ့တင် အလုပ်လုပ်လို့ရပြီ ဒီလောက်နဲ့ပဲ အဆင်ပြေတယ် ဒီလိုမျိုးတွေတွက်ဆကြတယ်။ Majorတိုင်း careerတိုင်း အဲ့သဘောတွက်ဆလို့မရပါဘူး။
ဥပမာ - ကိုယ်က လုပ်ချင်တာက Architect၊ လုံးဝလစာဆိုလဲ အကောင်းကြီးရချင်တယ်၊ Projectတွေဆိုရင်လဲ အကြီးကြီးတွေလုပ်ချင်တယ် တာဝန်ယူဆောင်ရွက်ချင်တယ်။ ခက်တာက ကိုယ့်မှာ Part 1 Bachelors ကိုမှ အခုမှပြီးထားတယ်။ အတွေ့အကြုံလဲရှိ၊ Part 1,2,3 လဲပြီးထားတဲ့သူတစ်ယောက်လောက်တော့ လစာမရနိုင်ဘူး၊ အလုပ်မရနိုင်ဘူးလေ။ ဒါကိုဆိုလိုတာပါ။ Medical fieldလဲထိုနည်းလည်းကောင်းလို့ပဲယူဆပါတယ်။
ဒီတော့ Work experienceတွေယူရတယ်။ ကျောင်းတွေတက် သင်တန်းတွေတက်ရတယ်။ ဒီအချိန်ပမာဏဆိုတာက ကိုယ်သွားချင်တဲ့pathwayအတိုင်း ၅နှစ်မက ၁၀နှစ်မကလဲဖြစ်နိုင်တယ်။ ကြားထဲမှာလဲ အခြေအနေတွေပေါင်းများစွာကို မှန်းဆရဦးမယ်။ ဒီအတွက် မှန်းတဲ့အတိုင်းတောင်ဖြစ်ဖို့ခဲယဥ်းလို့ သတိထားရွေးချယ်စေချင်တယ်။
ဘယ်လောက်ထိ ကုန်ကျနိုင်လဲဆိုတဲ့ မှန်းဆမှု
ငွေကတော့ သယ်လောက်ကနေ ဘယ်လောက်ထိ ကုန်ဖို့တော့မှန်းဆထားတယ်။ ဘယ်လောက်ထိတော့ကုန်နိုင်တယ်။ အများဆုံးဘယ်လောက်ထိကုန်နိုင်တယ်။ ဘယ်နခုနှစ်အထိ ကုန်နိုင်မယ်။ တွက်ထားရမယ်။
လူအများစုက အနည်းတကာ့အနည်းဆုံးတွက်ထားကြတယ်။ Averageကို Maximum amountလို့တွက်ထားကြတယ်။ စိတ်ကြိုက်ချွေတာမယ်ပေါ့။ မရရအောင်ချွေတာမယ်။ ဒီအတွက် တကယ့်တကယ်ရောက်ရှိတဲ့အခါ အကြောင်းအမျိုးမျိုးကြောင့် ခက်ခဲသွားကြတာအတွက် ဖြည့်စည်းပေးဖို့ ငွေပမာဏက အလွန်များပြားနေတယ်။ ဒါမျိုးပေါ့။
အထူးသဖြင့် ငွေကြေးထောက်ပံ့သူတွေနဲ့ လက်ခံသူတွေကြား ဖြစ်တတ်တဲ့အခြေအနေတစ်ခုပါ။ ကျောင်းသားတွေက ငွေတွေ လိုအပ်သထက်လိုအပ်လာ၊ ဟော အိမ်ကလဲ မယုံကြည် မှန်းထားတဲ့အတိုင်း ဒီOnlineပေါ်က factsတွေနဲ့ ဘာလို့ မကိုက်ညီတာလဲလို့ မယုံသင်္ကာနဲ့ မေးမြန်းနေတုန်း စစ်ဆေးနေတုန်း ဒီလိုမျိုးပေါ့။ မလိုအပ်ဘဲနဲ့ပြဿနာတွေဖြစ်ကြတယ်ပေါ့ဗျာ။
မိမိအသုံးပြုနိုင်မယ့် ငွေကြေးအင်အား
ဘယ်လောက်ကနေဘယ်လောက်ကိုတော့ အများဆုံးအသုံးပြုနိုင်မယ်။ ဒေါ်လာစျေးအပြောင်းအလဲ၊ Averageအသုံးပြုနိုင်တဲ့ပမာဏ၊ အများဆုံး အသုံးပြုနိုင်မယ့် ပမာဏ ဒါတွေတွက်ဆဖို့လိုအပ်တယ်။
ငွေကြေးဆိုတာတခြားသောassetတွေအကုန်လုံးကို ကူညီပေးနိုင်သလို အသုံးချသွားနိုင်တဲ့အရာတစ်ခု။ ဘာမဟုတ်တဲ့ကိစ္စလေးတစ်ခုကအစ ငွေကြေးနဲ့ဖြေရှင်းရင် သိပ်လွယ်ကူတယ်၊ မဖြေရှင်းနိုင်ရင်တော့အင်မတန်ကိုခက်ခဲလွန်းလှတယ်။
ဘယ်လောက်ထိအသုံးချနိုင်မလဲ၊ ဘယ်လောက်ပမာဏထိ လွယ်လွယ်ကူကူနဲ့အသုံးပြုနိုင်မလဲ။ ဘယ်လောက်ပမာဏကို ကျောင်းစရိတ်၊ဘယ်လောက်ကိုတော့ နေစရိတ် ဘယ်လောက်ကိုတော့စားစရိတ် ဒီလိုမျိုးလောက်ထိ အသုံးပြုနိုင်မလဲ၊ တကယ်နေတဲ့အခါ လိုအပ်လာမယ့် အရေးပေါ်အသုံးပြုငွေတွေ၊ ကျန်းမာရေးစရိတ်တွေ၊ အခြေအနေတွေကို ဘယ်လောက်ထိ ဖြေရှင်းနိုင်မလဲ။ ဘယ်ပမာဏက တက်ဖို့ရှိလဲ၊ ဘယ်ပမာဏက ပြောင်းလဲနိုင်မလဲ။
စာမေးပွဲကျနိုင်တာမျိုးကောဖြစ်နိုင်လား၊ ကျောင်းတက်ခွင့်ပိတ်ခံရတာမျိုးတို့ courseတစ်ခုပြန်တက်ရတာမျိုးတို့ကော ဖြစ်နိုင်သေးလား။ ဒီလိုပဲ ဒေါ်လာစျေးအပြောင်းအလဲအပေါ်ထိခိုက်လာနိုင်သလား။ ပြောင်းလဲခဲ့မယ်ဆိုရင်ကော။
မိဘရဲ့ထောက်ပံ့မှု ဘယ်လောက်ထိလိုအပ်လဲ
မိဘတွေဆီကနေပြီးတော့ ဘယ်သူမှတော့မထောက်ပံ့ခိုင်းစေချင်ကြပေမယ့် ထောက်ပံ့ခိုင်းရတာပါပဲ။ အချိန်ကြာလာနဲ့အမျှ အပြည့်အဝပေးအပ်ဖို့လိုအပ်ချင်မှ လိုအပ်တော့မှာဆိုပေမယ့် ဒီအချိန်ပမာဏကကော ဘယ်လောက်ကြာမြင့်ဦးမှာလဲ။
ဆိုလိုတာက
- Part timeဘယ်တော့ရမှာလဲ၊
- Part timeကနေ ဘယ်လောက်ငွေရနိုင်မလဲ၊
- Full timeကောဘယ်တော့ရနိုင်မလဲ၊
- ငွေထပ်မံထောက်ပံ့ဖို့ကော လိုအပ်ဦးမလား။
မိဘတွေဆီက မရနိုင်ရင် ကိုယ်က ငတ်ပြတ်သွားမယ့် အစစအရာရာအဆုံးသတ်သွားမယ့်အခြေအနေလား၊ ဒီကနေ နေရုံစားရုံလောက်ဖြစ်ဖို့ ဘယ်လောက်ကြာမြင့်နိုင်မလဲ။
နောက်ထပ် လူတွေမေ့နေသေးတာက ကိုယ်က ငွေကြေးကိစ္စလေးတစ်ခုပဲ တာဝန်မယူရတာ တခြားကိစ္စတွေအကုန်လုံး တာဝန်ယူနိုင်ပြီလား၊ ဒါမှမဟုတ် ကိုယ်က ဘယ်ကိစ္စမှတာဝန်မယူဖူးတဲ့သူတစ်ဦးလား။ ကွာပါတယ်ဗျ။ နေ့ချင်းညချင်းတော်သွားတာမျိုးရယ်လို့မရှိဘူး။
မဆွေးနွေးမတိုင်ပင်ဘဲနဲ့ မိဘလုပ်ရင်ပြီးရောလက်မခံသင့်ကြောင်း
ငွေကြေးနဲ့မသက်ဆိုင်တဲ့ အရေးတကြီးတိုင်ပင်စရာတွေလဲရှိပြန်တယ်။ နိုင်ငံခြားရောက်သွားတဲ့ ကျနော်အပါအဝင် တချို့တစ်ဝက်က ဘာမှန်းမသိဘဲနဲ့ရောက်လာကြတာ။
ဘာဆက်ဖြစ်မယ်ဆိုတာလဲ မကျွမ်းကျင်ဘူး၊ ဘာဆက်ဖြစ်မယ်မှန်းလဲ အတိအကျမပြောတတ်ဘူး၊ လေ့လာမှုအားနည်းလို့ဆိုတာထက် ဘယ်ကနေ ဘယ်လိုမျိုးစရကောင်းမှန်းမသိကြတာ။ အလှမ်းဝေးနေကြတာ ဒီိနိုင်ငံတကာပညာရေးဆိုတဲ့ကိစ္စနဲ့။ မြန်မာUniversityတွေပဲတက်မယ်လို့ ယူဆပြီးကြီးပြင်းလာကြတော့လဲ ဒီအခြေအနေက ဖြစ်ပြီပေါ့ဗျာ။
ကြာလာတော့ ကိုယ့်ဘဝကြီးက အဓိပ္ပာယ်လဲမရှိ၊ လုပ်ချင်တဲ့အလုပ်၊ တက်ချင်တဲ့Majorလဲတက်ခွင့်ရရင်တောင် ရေရှည်မှာ ဒီပုံစံတိုင်းဆက်သွားမယ်ဆိုရင် အဆင်မပြေမှန်းသိနေတော့ စိတ်ညစ်ကြတာပေါ့ဗျာ။ မယုံမရှိနဲ့ rich kid တွေမို့လို့လဲမဟုတ်ဘူး။ ဆင်းရဲတာဖြစ်စေ ချမ်းသာတာဖြစ်စေ ကိုယ်လှမ်းနေတဲ့ခြေလှမ်းကိုယ် အတိအကျသိထားရမှာမျိုးပါ။
အဆိုးဆုံးအခြေအနေကတော့ဗျာ သိသလိုလိုနဲ့ ပြည်ပရောက်သွားတယ်၊ တကယ့်တကယ် နဖူးတွေ့ဒူးတွေ့ တွေ့ရပြီး ကျောင်းတက်ရပြီ အလုပ်လုပ်ရပြီ ကိုယ့်တစ်ဦးတည်းနေရပြီ အဲ့မှာ ကြုံလာရတဲ့အခက်အခဲတွေနဲ့ မသိနားမလည်မှုတွေကြောင့် ငွေလဲကုန်၊ အချိန်တွေကုန်၊ မိသားစုချင်းလဲအဆင်မပြေ ရန်ကုန်ပြန်လာ အဲ့လိုတွေဖြစ်တာ။
ငွေအတိုးအလျှော့ဖြစ်လာနိုင်တဲ့ မိဘများ မထင်မှတ်ထားကြတဲ့အခြေအနေတွေ
ငွေကြေးအတိုးအလျှော့ဖြစ်ဖို့ မိမိထိန်းချုပ်မရနိုင်တဲ့ကိစ္စမျိုး (ဒေါ်လာစျေး) မှအပ ထိန်းချုပ်လို့ရနိုင်တဲ့ကိစ္စတွေ မထင်မှတ်ထားကြတာတွေရှိတယ်။
- အိမ်အပြောင်းအရွှေ့
- အိမ်ရွေးချယ်မှု နဲ့ အနိမ့်ဆုံးလိုအပ်တဲ့အခန်းခ လိုအပ်ချက်။
- ကျန်းမာရေးကိစ္စ (သွား၊ မျက်စိ၊ ကူးစက်ရောဂါ၊ emergency,…)
- မဖြစ်မနေအသုံးပြုရတဲ့ကိစ္စတွေ (လျော်ကြေးငွေတွေ၊ ကျောင်းနဲ့ပတ်သက်တဲ့အသုံးပြုရတဲ့ကိစ္စတွေ၊ …)
မကုန်ရင်လဲမကုန်ဘူး။ ကုန်ရင်လဲ ဒေါ်လာ ရာချီကနေစလို့ ထောင်ချီသောင်းချီနိုင်ပါတယ်။ ကိုယ်တိုင်ကိုယ်ကျကြုံတွေ့ရမှ သိကြတဲ့အခြေအနေလေးတွေပေါ့ဗျာ။ ဒါမျိုးကျတော့ ကျောင်းတက်ဖူးတဲ့သူတွေပဲမေးမေး postတွေ Blogတွေပဲဖတ်ဖတ် သိချင်မှသိတာမျိုး။
ကျနော်ဆိုလဲ ဒီလောက်ထိမကုန်လောက်ဘူးလို့ယူဆထားတဲ့ အိမ်ငှားခတွေ၊ ကျန်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေ ကျောင်းနဲ့ပတ်သက်တာတွေ ဥပမာ Laptopတို့ Licenseတို့ကိစ္စတွေမှာ ထောင်ချီပိုကုန်မယ့်အရေးကိုမြင်နေတယ် ဒီလိုပေါ့။ ဘယ်လောက်ကြီးပဲ ချွေတာနိုင် လျှော့ပေါ့နိုင် အတိုင်းအတာဆိုတာလဲရှိသေးတာကိုး။
ကျောင်းGradesတွေရဲ့အခြေအနေ
ပိုပြီးတော့မတွက်ဆထားမိတဲ့ တိုင်ပင်ထားသင့်တဲ့ကိစ္စ။ Majorနဲ့ Gradeဆိုတာမှန်းဖို့ လွယ်တဲ့ကိစ္စတော့မဟုတ်ဘူး။ သို့ပေမယ့် ကျောင်းသားတွေကိုယ်တိုင် သူတို့ကိုယ်သူတို့ အခြေအနေသိတာမို့လို့ ဒီGradeလောက်ရဖို့ ဘယ်လောက်ထိကြိုးစားရမယ်ဆိုတာမျိုး လိုအပ်ပါတယ်။
နားလည်လွယ်အောင်ဆိုရရင် Gradeကောင်းကောင်းရဖို့ အရမ်းကြိုးစားရမယ်၊ ဒီအတွက် အလုပ်အတွက်အချိန်ပေးနိုင်ချင်မှနိုင်လိမ့်မယ်၊ Part time လုပ်ချိန်နည်းနိုင်တယ် လုံးလုံး လုပ်ဖို့ အဆင်မပြေရင်လဲမပြေနိုင်ဘူး။
ဒီလိုပဲ ကျောင်းGradeတွေကောင်းဖို့လိုအပ်သလို Networkingကိစ္စ၊ Personal Brandingကိစ္စတွေ အကုန်ကြိုးစားဖို့ အချိန်သပ်သပ်ပေးရမှာမို့ ကုန်ကျစရိတ်နည်းဖို့ကိစ္စကို အဓိက ခေါင်းထဲထည့်ထားလို့မရနိုင်တော့တဲ့အခြေအနေလေးတွေလဲရှိတယ်။
ရှေ့လျှောက် အလုပ်လျှောက်တာ အဆင်ပြေဖို့အတွက် လိုအပ်မယ့်Gradeတွေနဲ့ ဘယ်လောက်ထိရနိုင်မလဲ ရနိုင်ဖို့ ဘယ်လောက်ထိ ကြိုးစားရမလဲ။ Gradeကောင်းမှ အတော်ဆုံးဖြစ်မယ် ရယ်လို့တော့မဟုတ်ဘူး။ Academicက တောင်းဆိုတဲ့အချက်နဲ့ Workက တောင်းဆိုတဲ့ အချက်က တူချင်မှတူမယ်။ ဘယ်လိုပဲပြောပြော အတွေ့အကြုံတစ်ခုပဲလေ။
ဒါပေမယ့် အလုပ်ရတာလွယ်ဖို့တို့ Hire ခံရနိုင်တဲ့chanceများဖို့တို့ အတွက်တော့ ဒီကိစ္စတွေက အထိုက်အလျောက်အရေးကြီးတယ်။ UKဆို First class honours တို့ Upper Second class honoursတို့ပေါ့။
အလုပ်တွေအသည်းအသန်လုပ်၊ အိပ်ချိန်လဲမရ၊ ကျောင်းကိုလဲ အောင်မှတ်လေးတွေနဲ့ပဲ ကပ်အောင်လာပြီးတော့မှ Degreeလေးရရုံပဲ ရတာမျိုးဆိုရင်တော့ ခက်ခဲကောင်းခက်ခဲသွားနိုင်တာပဲလေ။ ကျောင်းတော့ပြီးသွားတယ်။ Hireခံရဖို့တော့ ကြိုးစားနိုင်မှရမယ်။ ဒီလိုပေါ့။
အတိအကျကြီးတော့မဆိုလိုချင်ပေမယ့် ဖြစ်တတ်တဲ့သဘောလေးတွေပါ။
ဘယ်နနှစ်ထိထောက်ပံ့နိုင်မှာလဲ
ကျောင်းဘယ်နေ့ပြီးမှာလဲ၊ ကျောင်းပြီးရင်ကောထောက်ပံ့ဖို့လိုအပ်သေးလား။
ကျောင်းပြီးတာနဲ့ အလုပ်တွေတန်းရ၊ တစ်သက်လုံးမထောက်ပံ့ရတဲ့အခြေအနေမျိုးဖြစ်ရင် သိပ်ကောင်းပါတယ်။ ခက်တာက ဖြစ်ဖို့အတွက် သေချာပေါက်သတ်မှတ်ထားလို့မရပါဘူး။
အထူးသဖြင့် အခုမှ ကျောင်းပြီးကျတဲ့သူတွေ ကြိုတင်ပြင်ဆင်ထားတာမျိုးရယ်လို့ သေချာမရှိဘဲနဲ့ နေဖြစ်ခဲ့တဲ့သူတွေအဖို့ ဒီကိစ္စက အတော််လေးခက်ခဲပါတယ်။
ဆိုပါစို့ကျောင်းပြီးသွားပြီ။ အလုပ်offerက အသင့်စောင့်ဆိုင်းနေတာမျိုးဆိုရင်တော့ကောင်းပါတယ်။ မဟုတ်ဘဲနဲ့ အလုပ်ရှာနေတုန်းအခြေအနေမျိုး၊ Incomeကလဲ part timeပဲရှိတဲ့သူမျိုးဆိုရင်တော့ ဆက်လက်ထောက်ပံ့ရမယ် full time လစာအဆင်မပြေခင်အထိပေါ့။ သဘောပြောပြတာပါ။
ကျောင်းပြီးသွားပြီဆိုရင်တောင် အလုပ်ဆက်လုပ်ဖို့၊ ဒီမှာ အခြေချဖို့အတွက် လုံလောက်တဲ့qualification သေချာပေါက်ရပြီလို့ သတ်မှတ်လို့မရပါဘူး။ ဥပမာ - Bachelorsဆို ဒီအတွက် Mastersဆက်တက်ဦးမှာလား၊ PhDဆက်တက်မှာလား အလုပ်experienceဘယ်လောက်ကော လိုအပ်သေးလဲ ဒါတွေပေါ့ဗျာ။ အခြေအနေမျိုးစုံရှိတတ်လို့ ကိုယ်သွားမယ်လို့ ယူဆတဲ့fieldကို သေချာresearchပြီးမှ ရှေ့ဆက်စေချင်တာပါ။
ငွေကြေးထောက်ပံ့ပေးမယ့်သူနဲ့ ကျောင်းသားရဲ့communication
သားသမီးနဲ့မိဘတွေအကုန်လုံးက အဆင်မပြေကြဘူး။ သို့ပေမယ့် တစ်ဦးပေါ်တစ်ဦး အပြစ်တွေဖွဲ့ပြီး ဆက်ဆံရေးတွေရှုပ်ထွေးတာမျိုးက ကျောင်းသားတစ်ဦးအတွက် ခံရအခက်ဆုံးဝေဒနာတစ်ခုပါ။ ရှုပ်ရှုပ်ထွေးထွေးမဖြစ်ပါစေနဲ့။ မိဘဖြစ်စေ၊ ဆွေမျိုးနီးစပ်တွေ၊ ရင်းနီးတဲ့သူတွေပဲဖြစ်စေ ဘယ်သူမဆို ထောက်ပံ့တာမျိုးဆိုရင်လဲ တိတိကျကျလေးဖြစ်သွားအောင် သေချာရေးဆွဲထား။ ပါဝင်သင့်မှပါဝင် လုပ်သင့်မှလုပ်ဒီလိုပေါ့။
Scholarshipတွေ companyတွေကနေပြီးတော့ထားပေးတာမျိုးတွေ လဲရှိကြတယ်။ ဘယ်လိုပဲပြောပြော ကိုယ့်ဟာကိုယ်ဆုံးဖြတ်ပါရွေးချယ်ပါ။ မလောပါနဲ့။
အကယ်၍
- ကျောင်း ၃ နှစ်ထားပေးမယ် အကြွေးအနေနဲ့၊
- ပြီးရင် ငါလုပ်ခိုင်းတဲ့အလုပ်မှာပဲ လုပ်ရမယ်
- လစာတွေအကုန်ပြန်အပ်ရမယ်
- ဘယ်နနှစ်contractပုံစံမျိုးနဲ့ လုပ်ရမယ်/ စာချုပ်သက်တမ်းကလဲ နှစ်နဲ့ချီရှိတယ်/ အလုပ်ထွက်ခွင့်မရှိဘူး။
တစ်ခုခုနဲ့ပြန်ပြီးတော့ ချုပ်တာမျိုးတို့လဲဖြစ်နိုင်တယ်။ သတိချပ်စေချင်တယ်။ ဒီထက်ပိုမိုဆိုးရွားတဲ့ကိစ္စတွေလဲ ရှိနိုင်သေးတာမို့ သတိတော့ထားစေချင်တယ်။ ဘယ်လိုပုံစံမဆိုပါ။
ကျနော်ဆို တကယ်အခုအချိန်ထိ တောင်းဆိုနေရတာကို အရမ်းguiltyဖြစ်တယ်။ စိတ်လဲမကောင်းဘူး။ မဖြစ်မနေကုန်ကျနေရတဲ့ကိစ္စတွေ၊ ကုန်ကျမှအဆင်ပြေမယ့်ကိစ္စတွေ ညှိနှိုင်းဖို့ခက်ခဲတဲ့အခြေအနေတွေနဲ့ အိမ်ရဲ့ထောက်ပံ့ပေးနိုင်တဲ့အခြေအနေတွေကြား ဘာဆက်လုပ်ရမယ်မှန်းလဲ မသိဘူး။ ကျောင်းဆက်တက်ဖို့တောင် ခက်ခဲနေတဲ့အခြေအနေအောက်မှာ ရှေ့ဆက်ရလဲအခက် နောက်ဆုတ်ရလဲအခက်။ ဟူး…..။ တစ်ချိန်ချိန်တော့ ဒါတွေအားလုံးအဆင်ပြေသွားမှာပါဟာ။