အရက်သေစာမူးယစ်ဆေးဝါးတွေရဲ့ပြည်တွင်းပြည်ပအန္တရာယ်
တစ်စတစ်စကြီးထွားလာတဲ့ မူးယစ်ဆေးတွေရဲ့အန္တရာယ်နဲ့အတူ လူငယ်ထုကြီးကလဲ ပိုမိုဆိုးရွားပျက်စီးလာတယ်။ ပြည်ပက drinking cultureကလဲ ဆိုးသထက်ဆိုးဝါးလာတာနဲ့အမျှ ဆင်ခြင်မတတ်တဲ့အခါ ပျက်စီးတယ်ဆိုတာဖြစ်လာတယ်။ အန္တရာယ်ဆိုတာဖြစ်လာတယ်။
တစ်စတစ်စကြီးထွားလာတဲ့ မူးယစ်ဆေးတွေရဲ့အန္တရာယ်နဲ့အတူ လူငယ်ထုကြီးကလဲ ပိုမိုဆိုးရွားပျက်စီးလာတယ်။ ပြည်ပက drinking cultureကလဲ ဆိုးသထက်ဆိုးဝါးလာတာနဲ့အမျှ ဆင်ခြင်မတတ်တဲ့အခါ ပျက်စီးတယ်ဆိုတာဖြစ်လာတယ်။ အန္တရာယ်ဆိုတာဖြစ်လာတယ်။
ဒီတော့ မူးယစ်ဆေးဝါးဆိုတာကို ဘယ်လိုမျိုးစတင်စွဲလမ်းလာကြတာလဲ၊ ဘယ်လိုသူတွေစွဲလမ်းလာကြလဲ၊ နိုင်ငံအခြေအနေကကော ဘယ်လောက်ထိတွန်းပို့နေသလဲ၊ နိုင်ငံခြားမှာပါ အန္တရာယ်ရှိနိုင်လား၊
ပြည်ပမှာ ထိန်းချုပ်ထားတာ အောင်မြင်ရဲ့လား၊ ဘယ်လောက်ထိဆိုးဆိုးရွားရွားထိခိုက်နိုင်မလဲ၊ မိဘတွေဘက်ကကော ဘယ်လိုမျိုးကူညီပေးနိုင်မလဲ၊ ပြင်ဆင်နိုင်မလဲ၊လမ်းမှန်ကိုဘယ်လိုရှာဖွေနိုင်မလဲ။
ဘာကောင်းတာတွေ ဘယ်လိုမျိုးစာတမ်းတွေကြောင့် ဒီမူးယစ်ဆေးတွေက ကောင်းတာတွေ မပြောပါနဲ့။ မငြင်းဆန်ချင်ပါနဲ့။
လူငယ်တွေဘယ်လိုမျိုး ဒီလိုမျိုးကိစ္စတွေကို စတင်စွဲလမ်းလာကြတာလဲ
စစချင်းဒီမူးယစ်ဆေးရယ်လို့ မသုံးနှုန်းခင်မှာ ဆေးလိပ်၊ အရက်၊ ဒီဆေးပြားတွေ ဆေးမှုန့်တွေ ဒါတွေက မကောင်းဘူးဆိုတာသိချင်မှသိမယ်။ ဒီအချိန်မှာ သူငယ်ချင်းတွေအခေါ်ကောင်းလို့ပဲဖြဖြစ် coolဖြစ်ချင်လို့ပဲဖြစ်ဖြစ် အရသာနဲ့အဝင် ခံစားမှု ဒီကိစ္စတွေကိုစွဲလမ်းလို့ပဲဖြစ်ဖြစ် သောက်ကြလိမ့််မယ်။
တဖြည်းဖြည်းနဲ့ ဒီလိုမျိုး သူတွေနဲ့နေထိုင်လာဖြစ်တဲ့အခါ ဒီလိုမျိုး သောက်တာကို ဘာeffectရယ်မှမရှိဘူး နိုင်ငံခြားကသူတွေ ရုပ်ရှင်မင်းသားမင်းသမီးcelebrityတွေပဲဖြစ်ဖြစ် ဘယ်သူမဆို သောက်တာပဲလို့ ပြောကြတဲ့အခါ ဒီအရာက သောက်ချင်စရာဖြစ်လာတယ်။
နံပါတ် ၁။ အေးဆေးနေချင်တဲ့အဖွဲ့။
ခုခေတ်လူငယ်တွေ အေးအေးဆေးဆေးနဲ့ ထိုင်စရာနေရာရှာချင်လာတယ်။ လူတွေနဲ့ဝေးရာ ကမ္ဘာတစ်ခုရယ်လို့ခံစားချင်လာတယ် သွားချင်လာတယ်။ ခက်တာက အဲ့လိုမျိုး သွားလို့ကောင်းတဲ့ နေရာဆိုတာက ရှားတယ်။
အဆိုတော်တွေရဲ့သံစဥ်တွေနားထောင်ချင်ရင်barသွားကြတယ်။ Music Concertဆိုတာ မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ တော်ရုံသူဘယ်သူမှလုပ်လေ့ရှိတဲ့အရာတစ််ခုမဟုတ်။ ဒီလိုနဲ့ Barတွေ အရက်ဆိုင်တွေကို သွားလာကြတယ်။ အရက်တွေမသောက်မနေရတို့ ပုလင်းမဖောက်မနေရတို့ ဆိုတဲ့barတွေမှာ သောက်ဖြစ်ကြတယ်။
နံပါတ် ၂။ မြူးချင်ကခုန်ချင်တဲ့အဖွဲ့။
ဒီလိုနဲ့ ဘာမှမဟုတ်ဘူးဆိုပြီး တစ်ခွက်သောက်ရင်း သံစဥ်တွေက ပိုပြီးမြူးကြွဖွယ်ကောင်းလာတာကို ခံစားရင်း ပိုသောက်ဖြစ်ရင်း ရီဝေဝေအရသာကို ကြိုက်နှစ်သက်ရင်းနဲ့ စွဲလမ်းသွားကြတယ်။
အရက်မသောက်ရင် သံစဥ်တွေက ခံစားလို့မှမကောင်းတာ။ သူများတွေက မူးမူးရူးရူးနဲ့ ပျော်ပါးနေချိန် ကိုယ်က တစ်ယောက်တည်းငုတ်တုတ်။
နံပါတ် ၃။ ရည်းစားရှာချင်တဲ့အဖွဲ့
နောက်တစ််ဖွဲ့ကတော့ရည်းစားရှာချင်တဲ့အဖွဲ့။ ကောင်မလေးတွေ လှလှပပလေးနဲ့ Barသွားကြတယ်။ မိန်းကလေးတွေချည်းပဲသွားရင် ဘယ်လိုမျိုးfreeတို့ ဘယ်လိုမျိုးဆိုdiscountတို့တွေနဲ့ သွားကြတယ်။
ကကြတယ်ခုန်ကြတယ်။ ဒီလိုနဲ့ စိတ်ဝင်စားတဲ့သူတွေရှိိရင် အကောင့်တွေaddကြတယ်။ ဖုန်းနံပါတ်တွေ ဖလှယ်ကြတယ်။ ဒီလိုနဲ့ တစ်ခါတည်းနဲ့ ရည်းစားဖြစ်သွားကြတဲ့သူတွေလဲရှိတယ်။ အိမ်ပြန်မရောက်ကြတဲ့ သူတွေလဲရှိတယ်။
နံပါတ် ၄။ ကကျိကကျိလုပ်ချင်တဲ့အဖွဲ့
ဒီလိုမျိုး ရည်းစားရှာချင်ရုံနဲ့ လာကြတဲ့သူတွေရှိသလို One night standလို့ခေါ်တဲ့ တစ်ညတာအတူနေမယ့်အဖော်မျိုးရှာကြတဲ့သူတွေ၊ Hook upဆိုတဲ့ အတူအိပ်ဖို့ဆိုတဲ့သူတွေ ဒီလိုမျိုးcultureနဲ့ ပိုမိုဆက်စပ်လာကြတယ်။
ဒီလိုနဲ့ Barတွေclubတွေ၊ အရက်၊ ဆေးလိပ်၊ vape၊ အဲ့ကနေ မူးယစ်ဆေး အဲ့ကနေလောင်းကစား အကုန်လုံးဆက်စပ်ဖြစ်လာတယ်။
မိဘတွေရဲ့စိတ်
တချို့အိမ်တွေမှာတော့ မိဘတွေကိုယ်တိုင်က သောက်လိုက်စားလိုက်နေတာမျိုးလဲရှိသလို တချို့အိမ်တွေမှာ လုံးလုံးဆန့်ကျင်တာမျိုးလဲရှိတယ်။
တချို့သောမိဘတွေကျတော့ ငါလဲမသောက်ဘူး၊ ဒီတော့ ဒီကိစ္စတွေနဲ့ပတ်သက်တဲ့အသိပညာဆိုတာ ဘာတစ်ခုမှမရှိဘူး လေ့လဲမလေ့လာထားဘူးလေ။ ကိုယ့်သားသမီးကသောက်တာမျိုးဖြစ်စေ ကဲနေတာမျိုးဖြစ်စေ မြင်တွေ့ကြတဲ့အခါ
"ငါ့သားဘာလို့ဒီလိုပျက်စီးသွားတာလဲ"
"အမေရင်ကျိုးပါပြီ"
စသဖြင့် ဒီလိုမျိုးတွေဖြစ်ကြတယ်။ ပထမဦးဆုံးအမှားပေါ့။ ခေတ်ကြီးက အခုလိုမျိုးကိစ္စတွေကို အတင်းတွန်းအားပေးလာတဲ့အခါမှာ မိဘတွေလုပ်တတ်တဲ့အကျင့်က ပိတ်ပင်တားဆီးတာ။
"အရက်မသောက်ရဘူး ဆေးလိပ်မသောက်ရဘူး။ သောက်ရင် ငါနဲ့တွေ့မယ်" အဲ့လိုမျိုးပေါ့။
ဒီလိုမျိုးလုပ်လို့ ဘာမကောင်းဘူးတို့ဘာကောင်းတယ်တို့ဆိုတာထက် ငါပြောတဲ့စကား နာခံရမယ်ဆိုသလိုမျိုး ပြောကြတယ်။
အဓိကကတော့ ဒီလိုမျိုးကိစ္စတွေရဲ့အန္တရာယ်ကို မခံရသေးတော့ မသိနားမလည်တဲ့ ကိုယ့်သားသမီးတွေကို အတင်းအကြပ်ဖိအားပေးမိတာ။
ဒီလိုနဲ့ ကိုယ့်သားသမီးတွေက မိဘကို အာခံချင်ဇောနဲ့ မလုပ်ရဘူးဆိုတဲ့အရာကိုမှ လုပ်ချင်လာတယ်။ ခိုးလုပ်ရတဲ့အရသာကိုနှစ်သက်လာတယ်။ မိဘတွေကလဲ ပုံစံတလွဲကြီးနဲ့ လုပ်နေတော့ ဘာလုပ်လုပ်မထိရောက်ဘူးဖြစ်လာတယ်။
မြန်မာနိုင်ငံအခြေအနေကဘယ်လောက်ထိတွန်းပို့နေသလဲ
နိုင်ငံရဲ့အခြေအနေကတော့ Barတွေ တစ်နေ့ပြီးတစ်နေ့ ပိုမိုများပြားလာတယ်။ အရက်ဆိုတာမျိုးက ဘယ်နိုင်ငံမှာမဆို စျေးအဆမတန်တင်တောင်းလို့ ကောင်းတဲ့အရာမျိုးလေ။ အပြင်မှာ ၃သောင်းနဲ့ရတဲ့အရက် ဘားမှာဆို ၁ သိန်းတို့ ၂ သိန်းတို့ တင်ရောင်းကြတယ်။ဒါကိုလဲ လူတွေက မက်မက်မောမောသောက်ကြတာပဲ။
ဒီကိစ္စတွေနဲ့ပတ်သက်ပြီးထိန်းချုပ်မှုမရှိတဲ့အခါ လူငယ်တွေလမ်းမှားရောက်လာတယ်။ အပျော်ရှာချင်ရင် barတွေကိုပဲ သွားလာကြတယ်။ အတူတူတွေ့ချင်တယ် သူငယ်ချင်းတွေပျော်ပါးချင်တယ် Barပဲသွားလာကြတယ်။
ဆေးပြားပဲဖြစ်ဖြစ် ဆေးမှုန့်ပဲဖြစ်ဖြစ် ဒီလိုမျိုး ကိစ္စတွေကို barsတွေမှာပေါ်ပေါ်ထင်ထင်ကိုရောင်းချနေကြတယ်။ တချို့ဆို လာနေကြသူမျိုးဆို အစမ်းသုံးကြည့်ပါဦးတို့ ဘာတို့အဲ့လိုမျိုးပေါ့။ ဒီလိုနဲ့ ဘော်ဒါတွေအချင်းချင်း သုံးကြည့်ကြရင်း စွဲလမ်းသွားကြတယ်။ နောက်တော့ကိုယ်တိုင်ကပါ ဒီလိုမျိုးမူးယစ်ဆေးတွေ ပေးကမ်းရောင်းချနေတဲ့သူတွေဖြစ်လာတယ်။
တခြားနိုင်ငံတွေမှာလဲ ထိုနည်းလည်းကောင်းပဲ။
မူးယစ်ဆေးဝါးတွေက နိုင်ငံခြားမှာပါရနိုင်တာလား(ထိုင်း၊ ကနေဒါ)
အရက်၊ Beer၊ ဘာညာအကုန်လုံးက cultureတစ်ခုအဖြစ်ပါ နစ်ဝင်နေတာပါ နိုင်ငံခြားမှာ။ Beverageတစ်ခုအနေနဲ့ enjoyကြတယ်ဘယ်သူမဆို။ သို့ပေမယ့် Beverageတစ်ခုထက် အသုံးပြုမှုလွန်လာတဲ့အခါမှာ လွန်ကုန်ကြတာ။
ထိုင်းနဲ့အချို့သော နိုင်ငံတွေမှာ ဝိလို့ပြောစမှတ်ပြုကြတဲ့ မူးယစ်ဆေးဝါးကတော့ ပေါပေါသီသီနဲ့ ဝယ်ယူနိုင်ပါတယ်။ Low quality ကနေ သိပ်ကောင်းတဲ့ side effectရယ်လို့ ခံစားရတာဆိုးတာမျိုးမရှိဘူးလို့ ယူဆတဲ့ high quality မူးယစ်ဆေးဝါးတွေအထိ အစားစားရှိပါတယ်။
Vape ဆိုရင် မြန်မာနိုင်ငံမှာ ပေါပေါသီသီနဲ့ရသမျှ ဒီမှာ နီကိုတင်းရာခိုင်နှုန်း (ကျနော်နားလည်သလောက် ဆေးလိပ်ပြင်းအား) နည်းတယ်။ မြန်မာနိုင်ငံမှာ သောက်တဲ့ Meviusတို့လိုမျိုးဆေးလိပ်မျိုးရှားတယ်။ ပေါ့တယ်ပေါ့ဗျာ။
ဝိလိုဟာမျိုးဆိုရင်လဲ qualityကောင်းချင်မှကောင်းတယ်။ ကောင်းရင်လဲ စျေးတွေကအဆမတန်ကြီးတယ်။ ဒီလောက်ထိတော့ ထိန်းချုပ်ထားတယ်။ အောင်မြင်မှ ထိန်းချုပ်တယ်လို့ ကျနော်သုံးနှုန်းချင်တယ်။ ခက်တာက နည်းနည်းလေးမှ မအောင်မြင်တာ။
နိုင်ငံခြားမှာထိိန်းချုပ်ထားတာ အောင်မြင်ရဲ့လား
နိုင်ငံတွေမှာ အသက်မပြည့်သေးရင် ဝယ်ယူလို့မရနိုင်ဘူး၊ အဆောင်တွေ အိပ်ခန်းတွေ ဟိုတယ်တွေမှာအသုံးပြုလို့မရနိုင်ဘူး စျေးတွေ အဆမတန်မြှင့်ထားတယ်။ ဘယ်လောက်ကြီးပဲ ထိန်းချုပ်ဖို့ကြိုးစားကြိုးစား ဒီလိုအခြေအနေကို ကျော်လွှားဖို့သိပ်လွယ်ကူပါတယ်။
နိုင်ငံခြားမှာကတော့ ဥပမာ - အရက်တို့ ဆေးလိပ်တို့ နဲ့ဆက်စပ်အရာတွေကို တရားဝင်ခွင့်ပြုထားပေမယ့် အခွန်ခတွေ အရမ်းမြှင့်တင်ထားတယ်။ အသက်ကန့်သတ်ချက်နဲ့ ၂၁ နှစ် အောက်ဖြစ်စေ ၁၈ နှစ်အောက်ဖြစ်စေ ဝယ်ခွင့်မရှိဘူး။ ရှိရင်တောင် အရက်တွေကမကောင်းတာမျိုးတို့ရှိတယ်။
ဖြစ်ချင်တော့ ဘယ်လောက်ကြီးပဲထိန်းချုပ်ထိန်းချုပ်
- ဆေးလိပ်က ပြင်းအားနည်းရင် ပိုဝယ်မှာပေါ့၊
- စျေးကြီးရင် စျေးပိုပေးပြီး ဝယ်မှာပေါ့၊
- အသက်မပြည့်သေးရင် အသက်ပြည့်တဲ့သူကိုဝယ်ခိုင်းပြီးတူတူသောက်မှာပေါ့။
တရားဝင်သည်ရှိမဝင်သည်ရှိ ထိရောက်မှုရှိတဲ့ထိကာကွယ်ပေးနိုင်တာမှမဟုတ်တာဆိုတာ မျက်မြင်ကိုယ်တွေ့ပဲလေ။
ဆေးထိုးအပ်နဲ့ အသုံးပြုရတဲ့ ဆေးဝါးတွေဆိုရင်လဲ ညဥ့်နက်ဆို မြင်ရပြီ။ ဖြစ်ချင်တော့ ကျနော်ကိုယ်တိုင်က ညဥ့်နက်ကျမှ စက်ဘီးစီးလိုက် ကျောင်းကပြန်လာလိုက် အသွားအပြန်လုပ်လိုက်နဲ့ဆိုတော့ ကျနော့်အတွက် ဒီအနံ့တွေ ဒီပုံစံတွေက မစိမ်းဘူးဖြစ်နေကော။
မိမိအပေါ်ထိခိုက်နိုင်တဲ့အခြေအနေ
ကိုယ်ဘယ်လောက်ထိန်းချုပ်နိုင်လဲပေါ်မူတည်ပြီးတော့ ဘယ်လောက်ထိခိုက်နိုင်မလဲဆိုတာ မူတည်တယ်။ ကိုယ်က ရန်ကုန်မှာကတည်းက ကိုယ့်ဟာကိုယ်မနေဘဲနဲ့ ထိန်းချုပ်မှုမရှိဘဲနဲ့ လုပ်ချင်တိုင်းလုပ်နေတဲ့သူဆို နိုင်ငံခြားရောက်သွားရင်လဲ ထိုနည်းလည်းကောင်းပဲ။ ဘာမှကွာသွားမှာမဟုတ်ဘူး။
ငါမမူးသေးဘူး ငါဖြတ်နိုင်တယ်ကွ ဆိုတဲ့အခြေအနေ
အရက်သောက်တယ် မူးယစ်ဆေးသုံးတယ်ဆိုတာ လူတွေက အကြောင်းတစ်ခုခုကြောင့် စသောက်ကြတာပဲ။ အိမ်နဲ့အဆင်မပြေတာပဲဖြစ်ဖြစ် ချစ်သူနဲ့အဆင်မပြေတာပဲဖြစ်ဖြစ် ကျောင်းကိစ္စပဲဖြစ်ဖြစ် နိုင်ငံကိစ္စပဲဖြစ်ဖြစ်အကုန်ပေါ့။ ခေတ်ကြီးကို အဆင်ပြေနေတဲ့ခေတ်မှမဟုတ်တာ။ ဒီလောက်ခါးတဲ့အရည်ကို ဘယ်သူကသောက်ချင်မှာလဲ။
ထိခိုက်မှုတွေတစ်စတစ်စဖြစ်လာတယ်။
မူးယစ်ဆေးသုံးစွဲရတာကြိုက်တဲ့သူတစ်ဦးက ကြာလာတဲ့အခါမှာ ဘဝကိုထိခိုက်မှုတွေရှိလာတယ်။ ခန္တာပိုင်းဆိုင်ရာပြဿနာတွေပဲဖြစ်စေ စိတ်ပိုင်းဆိုင်ရာပြဿနာတွေပဲဖြစ်စေ အကုန်လုံးမှာ ထိခိုက်မှုတွေက ရှိတာပဲ။ တဖြည်းဖြည်းနဲ့ လက်တွေ တုန်လာမယ်၊ နေ့စဥ်လုပ်ရတဲ့အလုပ်တွေက ကိုယ့်အတွက် သိပ်ကိုခက်ခဲလာမယ်။
ရေရှည်ထိခိုက်လာပြီ။
ကြာလာတော့ ထမင်းတွေဘာတွေလဲမစားချင်တော့ဘူး။ ဒီလိုမျိုးသောက်နေရတာနဲ့ကို ပြီးပြည့်စုံလာမယ်။ ဘာမှမရှိရင်နေ သူရှိရင်ပြီးရောဆိုတဲ့စိတ်နဲ့ အခြားနေရာတွေမှာ အကုန်အကျမရှိတော့ဘူး။ ဒီလိုနဲ့ ဘယ်ကိစ္စမဆို ချို့ယွင်းလာမယ်။
ကျောင်းတက်ရင် ကျောင်းကိစ္စမပြေဘူးပင်ပန်းတယ်။ စာတွေလိုက်မလုပ်ဖြစ်ဘူး။ အိမ်စာတွေမမီဘူး assignmentတွေမရဘူး နားမလည်ဘူး။ ဒီလိုနဲ့ စာမေးပွဲတွေကျမယ်။ ပတ်ဝန်းကျင်နဲ့လဲ ကိုယ်နဲ့ သိပ်မဆိုင်သလို ဖြစ်လာမယ်။ စိတ်တွေမငြိမ်တော့ဘူး။
အဆိုးဝါးဆုံးအခြေအနေ
ဒီလိုမျိုးနဲ့ ပိုပြီးအသုံးပြုချင်လာမယ်။ စွဲတဲ့အဆင့်ကနေ ပိုဆိုးလာမယ်။ ပြည်ပမှာဆို ရန်ကုန်ပြန်ရတဲ့ထိပါဖြစ်လာနိုင်တယ်။ ဆေးဆိုတာမျိုးက ရပ်နိုင်မှ အဆင်ပြေတဲ့ကိစ္စမျိုးလေ။
အထိန်းအကွပ်မရှိတဲ့အခါ ဆိုးဝါးနိုင်တဲ့အခြေအနေ
"ငါကတော့ အပျော်ပဲသူငယ်ချင်းတွေနဲ့မှသောက်တာ အထိန်းအကွပ်ရှိတယ်။ "
"ငါ့အရက်ခွက်ငါသောက်တာ ဘယ်ယောက်ျားနဲ့မှတွေ့ချင်လို့မဟုတ်ဘူး"
ကျနော့်သူငယ်ချင်းပြောတာရှိတယ်။ ဟာသလေးတစ်ဖြတ်ပေါ့။
"မင်းဟာမင်းအရက်သောက်ရင်အရက်စွဲမယ်၊ မူးယစ်ဆေးသုံးရင် မူးယစ်ဆေးစွဲမယ်။ မိန်းမရှုပ်ရင်တော့ ဒီထက်အစများစွာပိုဆိုးမယ်။"
အရက်တို့ဘီယာတို့ထက်ပိုပြီးဆိုးကျိုးရှိတာက မိန်းမတွေ။ ယောက်ျားဆိုရင်တော့ ယောက်ျားပေါ့ဗျာ ကိုယ်ကြိုက်နှစ်သက်တဲ့သူပေါ့။ သူတို့ကိုစွဲရင် အပေါ်ကဟာတွေထက် ဖြတ်ရခက်တယ်။
ကလေးတုန်းက ရည်းစားများသလိုမျိုးကနေ ကြီးလာတော့ မိန်းမရှုပ်လာတယ်။ ဒီလိုနဲ့ အပျော်တွဲတာတွေ one night standတွေဖြစ်လာပြီး ဟော လိင်နဲ့သက်ဆိုင်တဲ့ ရောဂါမျိုးဖြစ်ကော။
ကိုယ့်အသိစိတ်ကို လွတ်အောင်လုပ်နိုင်တဲ့အရာမျိုးပေါ့ဗျာ။
မိဘတွေဘက်ကအခြေအနေ
မိဘတွေ ကလေးတွေဆိုးနေလို့ နိုင်ငံခြားပို့လိုက်ရင် အဆင်ပြေသွားလားဆိုတော့ ပြေမသွားဘူး။ ဒီလိုပဲ နိုင်ငံခြားကိုမပို့ဘူး စိတ်မချလို့တို့ အမျိုးမရှိရင် လူခံမရှိရင် စိတ်မချဘူးတို့ အဲ့လိုမျိုးလုပ်နေရင်လဲ အဆင်ပြေမှာမဟုတ်ဘူး။ အညွန့်မချိုးပါနဲ့။ ချိုးပြီးရင် နောင်တရဖို့ သေချာပါတယ်။
- ကိုယ့်သားသမီးက တကယ်ကောလုပ်မယ့်သူမျိုးလား၊
- မလုပ်ဘူးလို့ ကိုယ့်ဘက်ကနေ သေချာလို့ရလောက်တဲ့အထိ သွန်သင်ဆုံးမပေးထားသလား။
- သူတို့ဟာသူတို့ထိန်းချုပ်ဖို့ နည်းလမ်းမပေး မကူညီပေးဘဲနဲ့ "ငါဘာမလုပ်ပေးဘူးနော်" ဆိုပြီး အကြောက်တရားနဲ့ထိန်းချုပ်ထားတာလား။
ကိုယ်နဲ့ပဲဆိုင်တာပါ။ ကိုယ့်သားသမီးက ထိန်းချုပ်နိုင်စွမ်းမရှိရင် သင်ပေးပါ။ လမ်းညွှန်ပေးပါ။ လမ်းညွှန်ရင်းနဲ့ ငွေဖြစ်စေ အင်အားဖြစ်စေ အချိန်ဖြစ်စေကုန်ဆုံးမှာပဲ။ မွေးလာပြီဆိုကတည်းကိုက ဒီဟာတွေအကုန်လုံးရင်းပြီးမွေးလာတာမို့လို့ အသက်ကြီးတော့မှ လွတ်ပြီဆိုပြီးတွက်ထားလို့မရဘူး။
အခြားသော မိဘတွေကိုမေးမြန်းပါ။ "Parenting"ဆိုတာကိုသင်ယူပါလေ့လာပါ။ ရိုက်နှက်တာမျိုးမလုပ်ပါနဲ့ ငိုနေတာမျိုး အော်ဟစ်ဆဲဆိုနေတာမျိုးမလုပ်မိပါစေနဲ့။ ပိုလုပ်ချင်ပါတယ်။ ခိုးလုပ်ရတာကို ပိုလုပ်ချင်ပါတယ်။
ကိုယ့်သားသမီးနဲ့ကိုယ်communicateလုပ်ပါ။ စကားပြောပါယုံကြည်ပေးပါ။ ကုန်ကုန် ကိုယ့်သားသမီးကလုံးဝစွဲနေတဲ့သူမျိုး အသေရရအရှင်ရရသူမျိုး ဆိုရင်တောင် ယုံကြည်ပေးပါ။ သူတို့ကိုလမ်းပြပေးပါ။ ဘာဖြစ်ဖြစ် ငါနောက်လှည့်ကြည့်လို့မရတော့ဘူးဆိုပြီး လွှတ်ပေးလိုက်တဲ့အချိန် တစ်ခုခုဖြစ်သွားတဲ့အချိန်ကျမှ တကယ်လှည့်ကြည့်လို့မရတော့တာပါ။
ဂရုစိုက်ကူညီပေးကြပါ။
နိုင်ငံခြားရောက်ရောက် မြန်မာနိုင်ငံရောက်ရောက် ဘယ်နိုင်ငံမှာပဲမဆို ကိုယ့်ကိုယ်ကို ဂရုစိုက်ရမယ်။ မိဘတွေဘက်ကလဲ ကောင်းမွန်တဲ့အကြံဉာဏ်တွေ ဗဟုသုတတွေနဲ့ ကိုယ့်သားသမီးကို ကူညီပေးပါ။ တွန်းအားပေးနေတဲ့နိုင်ငံမှာ ဒီလိုမျိုးအရာမျိုးနဲ့ ကင်းအောင်နေနိုင်တာ သိပ်ကိုထိန်းချုပ်မှုအားကောင်းသော သူတွေမို့လို့ ချီးမြှောက်ပေးပါ။
ထွက်ပေါက်တွေအများကြီးမို့လို့ ဖန်တီးလို့ရသလောက်ဖန်တီးပေးပါ။
- ကိုယ့်သားသမီးက ဟင်းချက်ရတာကြိုက်လား။ ဟင်းချက်ဖို့ အမယ်လေးတွေ ဒယ်အိုးလေးတွေ ဓါးလေးတွေ fancyဖြစ်တာလေးတွေဝယ်ပေးပါ။
- ကိုယ့်သားသမီးကvideoလေးတွေဖန်တီးချင်လား။ ဖုန်းကောင်းကောင်းဝယ်ပေးလိုက်ပါ။ ကင်မရာကောင်းကောင်းပေးလိုက်ပါ။
- ကိုယ့်သားသမီးက ငွေဖြုန်းသလိုဖြစ်နေလား။ ကြည်ဖြူပေးလိုက်ပါ။
ပိုက်ဆံပိုကုန်သွားလဲဘယ်လောက်မှမကျပါဘူး။ အထူးသဖြင့် ကိုယ့်သားသမီးပျက်စီးလာမယ့်အရေး အသက်ဆုံးရှုံး ဘဝဆုံးရှုံးမယ့်အရေးနဲ့ ပတ်သက်ရင်ပေါ့။
တကယ်တော့ ဒီလိုအရာတွေလုပ်တယ်ဆိုတာက ပျော်ရွှင်စရာထွက်ပေါက်ရယ်လို့ ဒါပဲရှိတယ်လို့ ယူဆကြလို့ပါ။
သုံးစွဲနေသူတွေ သုံးဖို့စဥ်းစားနေတဲ့သူတွေအတွက်
အရက်ဖြစ်စေ ဆေးလိပ်ဖြစ်စေ အစပါ။ ထိန်းချုပ်နိုင်တဲ့သူဆိုတာ တော်ရုံသူမရှိပါဘူး။ ဝိစကီသောက်လို့လဲ စကားပြောကောင်းချင်ကောင်းလိမ့်မယ်။ တခြားသောနည်းလမ်းများစွာနဲ့ အဆင်ပြေနိုင်တာတွေ အများကြီးပါ။ စိတ်အာသာပြေရုံမလုပ်ပါနဲ့။
အခုလိုအစိုးရရှိနေချိန် တွန်းပို့နေဦးမှာပါပဲ။ လူငယ်တွေ အညွန့်တုံးလေလေ အာဏာရှင်စနစ် ပိုပြီးအဓွန့်ရှည်တည်တံ့လေလေပါ။