ပြည်ပမှာကျောင်းတက်တဲ့အခါ တစ်ဦးနဲ့တစ်ဦးအကုန်အကျ ဘာလို့ကွာဟနေလဲ။

 UKအကြောင်း ကျနော်ပြောရင် စရိတ်တွေအရမ်းကြီးတယ်မြင်ကြတယ်။ ဒီကုန်ကျစရိတ်တွေအကြောင်းပြောဆိုရင်ပေါ့ဗျာ။ တချို့ကြတော့ UKမှာကျောင်းတက်ရင် နေစရိတ်ကောစားစရိတ်ကော အလုပ်လုပ်ပြီးရှာဖွေနိုင်ချိန် တချို့ကြတော့ အလုပ်လုပ်ရင်တောင်မှ မရှာနိုင်ဘူး။

ပြည်ပမှာကျောင်းတက်တဲ့အခါ တစ်ဦးနဲ့တစ်ဦးအကုန်အကျ ဘာလို့ကွာဟနေလဲ။

ဘာဖြစ်လို့တချို့သူတွေက လျှော့သုံးနိုင်နေပြီးတချို့တွေက ပိုသုံးနေတာလဲ။ လျှော့သုံးလို့ကောမရဘူးလား။

 UKအကြောင်း ကျနော်ပြောရင် စရိတ်တွေအရမ်းကြီးတယ်မြင်ကြတယ်။ ဒီကုန်ကျစရိတ်တွေအကြောင်းပြောဆိုရင်ပေါ့ဗျာ။ တချို့ကြတော့ UKမှာကျောင်းတက်ရင် နေစရိတ်ကောစားစရိတ်ကော အလုပ်လုပ်ပြီးရှာဖွေနိုင်ချိန် တချို့ကြတော့ အလုပ်လုပ်ရင်တောင်မှ မရှာနိုင်ဘူး။ ဒီလိုပဲအခြားသောနိုင်ငံတွေမှာလဲအကြောင်းအမျိုးမျိုးကြောင့် မရှာဖွေနိုင်ကြဘူး။ အပူကပ်ရတယ်။ 

  • မိမိရှာနေတဲ့ဒေသအလိုက်ကွာဟချက်၊​
  • ထင်မြင်ယူဆချက်နဲ့လက်တွေ့ကွာဟမှု၊
  • ပိုဆိုးသွားနိုင်တဲ့အခြေအနေ၊
  • Part timeနဲ့ဆိုင်တဲ့ နားလည်မှုအလွဲတွေ၊
  • စာချည်းလုပ်နေရမလား အပြင်ကိစ္စတွေကော လုပ်ရမှာလား၊
  • ငွေကြေးထောက်ပံ့ပေးမယ့်သူတွေရဲ့ အခန်းကဏ္ဍ။
  • နိုင်ငံခြားရောက်တဲ့အခါ ငွေကြေးအသုံးပြုတဲ့ပုံစံက ဘာထူးခြားသွားလဲ၊
  • စျေးနှုန်းတွေရဲ့ Conditionတွေ၊
  • ကျနော်ကိုယ်တိုင် မှန်းဆမတတ်တာကြောင့် ဘယ်လောက်ထိခိုက်မှုတွေကြုံတွေ့ခဲ့လဲ။

 ဒီလိုမျိုးစျေးနှုန်းတွေကို ကွာဟအောင်ဖန်တီးနေတဲ့ characteristicsတွေကတော့ မိမိရှိနေတဲ့နိုင်ငံ/ပြည်နယ်/မြို့/ဒေသနဲ့ အပိုင်းအခြား၊ မိမိရဲ့အခြေအနေ၊ မိမိယူထားသော Major သို့မဟုတ် လုပ်နေတဲ့အလုပ်မှာ အများကြီးမူတည်ပါတယ်။


မိမိရှိနေတဲ့ဒေသအလိုက်ကွာဟချက်

UKတစ်နိုင်ငံထဲမှာကိုပဲ မြို့အလိုက် စျေးနှုန်းကွာဟချက်တွေရှိတယ်။ ဒီအတွက် UKမှာ ရှိနေတဲ့ကျောင်းသားတစ်ဦးရဲ့ ကုန်ကျစရိတ်ဆိုတာ ခြုံငုံရေးသားဖို့ခက်ခဲပါတယ်။ ဒီလိုပါ။ 

Londonတို့Oxfordတို့လိုမျိုး နေရာတွေက နေစရိတ်၊ စားစရိတ်၊ transportationစရိတ် အစစအရာရာ စျေးများနေချိိန် အခြားသောမြို့တွေ ဥပမာ-Belfastတို့ Nottinghamတို့ Liverpoolတို့လိုမျိုးမြို့တွေက စျေးသက်သာပါတယ်။​ Of course, UKဖြစ်တဲ့အတွက် စျေးသက်သာတယ်ဆိုရင်တောင် အခြားနိုင်ငံတွေနဲ့ယှဥ်ရင် နည်းမှာမဟုတ်ဘူး။ 

အဓိကကွာသွားတာကတော့ 

  • နေစရိတ် (စျေးနှုန်းချင်းတူရင်တောင်မှ Oxfordမှာ ကျဥ်းတယ် အခန်းစုတ်တယ် လူမသန့်ဘူး၊ Liverpoolမှာတော့ ကျယ်မယ် သင့်တင့်မယ်။ Oxfordရဲ့အနိမ့်ဆုံး rentက £130/weekဆို Liverpoolက £100လောက်ရှိမယ်။ Oxfordမှာ မြို့ပြင်ဘက်အခန်းရရင် Liverpoolမှာတော့ မြို့ထဲဘက် မြို့လယ်ခေါင်ဘက်ရမယ်။ ) အသိသာဆုံးကွာဟချက်ပေါ့။
  • စားစရိတ် (အလုပ်သွားခါနီး စားစရာဝယ်သွားမယ်ဆို Liverpoolမှာ လှည့်မကြည့်ဘဲဝယ်လို့ရပေမယ့် Oxfordမှာဝယ်လို့ရချင်မှရမယ်။ နေ့တူတကွစားသောက်နေတဲ့ နို့၊ ချိစ်၊ လိမ္မော်သီး၊ ဆန် စတာတွေကအစ ပိုပြီးတော့ကြီးနေမှာမျိုးပေါ့။​ ခနတဖြုတ်မသိသာပေမယ့် ရေရှည်နေမယ့်သူတစ်ဦးအတွက် သိသာမှာပါ)
  • Transportation (Bikeစီးမယ်ဆိုရင် သိပ်မသိသာပေမယ့် Taxiလိုမျိုးငှားမယ်ဆို သိသာပါတယ်။)
  • Utilities (နေ့တူတတကွအသုံးစရိတ်)
  • Major (မိမိတက်မယ့်Majorအလိုက်လဲကွာဟနိုင်သေးတယ်။ tuition feesအပြင်ကုန်ကျနိုင်မယ့်ကိစ္စတွေရှိမရှိပေါ့)

တကယ်အကြာကြီးနေဖူးတဲ့သူမျိုး သို့မဟုတ် သေသေချာချာ ရှာဖွေလေ့လာထားတဲ့သူတစ်ဦး သွားသွားလာလာရှိမှသာ သိမှာမျိုးပါ။ ဒါတောင် Londonမဟုတ်သေးပါဘူး။ Londonဆိုတာကတော့ Out of my rangeပါ။​


ကျောင်းစရိိတ်

ကျောင်းစရိတ်ကတော့သိသိသာသာ ကွာဟချင်မှကွာဟလိမ့်မယ်။ ကွာရင်လဲကွာမှာပါ။ ကျောင်းလခသာမကွာရင်နေမယ် တခြားသော သွားလာတဲ့စရိတ်တွေ၊ စားတဲ့သောက်တဲ့စရိတ်တွေနဲ့ အကုန်လုံးပေါင်းစပ်လိုက်ရင် ပိုကွာသွားတာမျိုးပါ။ 

ဥပမာ - Londonက မြို့ထဲဘက်ကတို့ သာမန်တို့ကျောင်းတစ်ကျောင်းရဲ့စရိတ်က တခြားမြို့တွေက Rankingကောင်းတဲ့ကျောင်း စရိတ်လောက်သွားကျတယ်။ ဒီတော့ တော်ရုံသူက ပိုသက်သာတဲ့ မြို့မျိုးကို ပဲဲဦးစားပေးရွေးကြတယ်။​ 


ထင်မြင်ယူဆချက်နဲ့ လက်တွေ့အကြောင်း

တချို့ကိစ္စတွေက တကယ်လာဖူးတဲ့သူ မကြာသေးမီအချိန်ကမှ ရှိနေတဲ့သူ ကျောင်းတက်တဲ့ပုံစံမျိုးနဲ့ Touristတစ်ဦးပုံစံမျိုးမဟုတ်ဘဲ နိုင်ငံသားတစ်ဦးကဲ့သို့ အပြည့်အဝနေဖူးတဲ့သူမျိုးလောက်မှသာ နားလည်ကြမယ့်ကိစ္စတွေရှိတယ်။ ဒါကို ဦးစားပေးပြီးတော့စဥ်းစားသင့်ပါတယ်။ 

ဥပမာ - 

  • UKမှာ ဘယ်ပစ္စည်းမဆို ဘယ်ကိစ္စမဆိုဖြစ်နိုင်ပေမယ့် Mass produceလုပ်တဲ့ productတွေမှအပ ကောင်းတယ်ဆိုတဲ့ productတွေအကုန် စျေးကြီးတာ။ 
  • သွားဆေးခန်းပြဖို့အတွက် အင်မတန်ကိုခက်ခဲတာ Clinicကရှာမရတာနဲ့ patient registerဖို့ခက်ခဲတာနဲ့။ 
  • ကားမောင်းလိုင်စင်တစ်ခုရဖို့အတွက်ကော ကားနေ့စဥ်အသုံးပြုဖို့အတွက် ထင်သလောက်မလွယ်ကူမမြန်ဆန်တာ။
  • Google mapထဲမှာသာ မြို့က လမ်းလျှောက်သွားရုံနဲ့ရမယ့်အကွာအဝေးလို့ထင်ရပေမယ့် တကယ်လက်တွေ့မှာတော့ နေရာက တောကြိုအုံကြားထဲ ရောက်နေတာ။ 
  • London စျေးကြီးတယ်ဆိုကြပေမယ့် Oxfordလဲစျေးကြီးတဲ့မြို့တစ်မြို့ဆိုတာ။

ဒီလိုအခြေအနေမျိုးမှာ ပိုပြီးဆိုးသွားနိုင်တာက 

  • ငွေကြေးအသုံးမတတ်လို့ သုံးနေကြမို့လို့ (အဖြစ်များတဲ့ကိစ္စပါ။ ကျောင်းသားတွေရဲ့အမှားလဲမဟုတ်ဘူး။ မှားယွင်းဖို့အတွက် gapဆိုတာတွက်ထားရမယ့်ပမာဏပါ)
  • ဆုံးဖြတ်ချက်အမှားတွေချမိလို့ 
  • ပြင်ဆင်မှုအားနည်းလို့ (မသွားဖူးတဲ့နိုင်ငံတစ်နိုင်ငံကို နေဖို့ထိုင်ဖို့စားဖို့သောက်ဖို့ အစစအရာရာ နေရတဲ့အချိန်မှာ မိုင်ပေါင်း ၅၀၀၀ ကျော်ကနေ အကုန်လှမ်းလုပ်နေရတဲ့အခါ မှားနိုင်ပါတယ်။​)

Part timeနဲ့ဆိုင်တဲ့ နားလည်မှုအလွဲတွေ

တချို့တွေ Part timeလုပ်လို့ရတဲ့ငွေက နေစရိတ်စားစရိတ်ပါကာမိကြတယ်။ ကျနော်တို့မြို့ဆိုရင် ဒီလောက်အခြေအနေအထိလျှော့ချဖို့ဆိုတာ သိပ်ခက်ခဲတယ်။  တချို့တွေအတွက်တော့ Part timeလုပ်နိုင်ဖို့ပါခက်ခဲတယ်။ အထူးသဖြင့် စာများတဲ့အချိန်မျိုး စာများတဲ့majorမျိုးမှာဆို ပိုပြီးခက်ခဲတယ်။ 

စာကို ပြီးစလွယ်မလုပ်ချင်ဘူး သေချာလေးအာရုံစိုက်လုပ်ချင်တယ်။​ ကြားထဲမှာလဲ အခြားသော Networkingနဲ့သက်ဆိုင်တာဖြစ်စေ Internshipဖြစ်စေ စာနဲ့ပတ်သက်ပြီးမဖြစ်မနေလုပ်ရတဲ့ကိစ္စတွေပါလာတဲ့အခါ စာတစ်ခုတည်းလုပ်လို့မရတဲ့အခါမျိုးမှာ ရွေးချယ်စရာက

  • အလုပ်ကိုတော့ပုံမှန်အတိုင်းလုပ်မယ် စာကိုလျှော့လုပ်မလား၊ အိပ်ချိန်လျှော့လုပ်မလား၊ လူပင်ပန်းနုံးနယ်နေတဲ့ထိ ရင်းမလား။
  • အလုပ်ကို လျှော့လုပ်မယ် သို့မဟုတ် လုံးဝမလုပ်တော့ဘဲနဲ့ စာကိုကော အခြားသော သက်ဆိုင်တဲ့ကိစ္စတွေကိုကောပါလုပ်မလား။

Hard choicesပါ။ အကုန်လုံးတွဲလုပ်ဖို့ဆိုတာ သေချာကြိုးစားလုပ်မှ အဆင်ပြေနိုင်မယ်။ အကယ်၍ ရွေးချယ်ရမယ့်အချိန်ရောက်ခဲ့ရင်တော့ ရွေးသင့်တာရွေးစေချင်တယ်။ Semesterတစ်ခုပြန်တက်ရရင် Moduleတစ်ခုမအောင်သွားလို့ နောက်yearကိုတက်ခွင့်မရခဲ့ရင် အစကနေပြန်တက်ရရင် Part timeလုပ်တာနဲ့ လုံးဝမတန်ပါဘူးဗျ။ တကယ်လဲ ကျတဲ့သူတွေ ရှိပါတယ်။ 

အခုရေးတဲ့ကိစ္စတွေထဲ part timeရနိုင်ချေ၊ time limit၊ အလုပ်ကနေပေးတဲ့အချိန်အနေအထား၊ အလုပ်ကနေတောင်းဆိုတဲ့ ကျွမ်းကျင်မှု ဒါတွေရှိပါသေးတယ်နော်။ ကျောင်းတက်တဲ့တောက်လျှောက် လုပ်ခွင့်ရှိသလောက်အပြည့်လုပ်နိုင်ဖို့ဆိုတာခက်ခဲတဲ့ကိစ္စတစ်ခု။ 


စာချည်းပဲလုပ်နေရမှာလား

စာချည်းပဲလုပ်နေဖို့လဲမဆိုလိုပါဘူး။ စာချည်းပဲလဲလုပ်နေမှ အောင်မြင်မယ်ဆိုတဲ့အတွေးလဲ ဖြောက်စေချင်ပြီ။ အခုရောက်နေတာကလဲ ဆယ်တန်းမဟုတ်ဘူးလေ နိုင်ငံခြားမှာ။ စာအပြင်အခြားသော မိမိအလုပ်အတွက် အထောက်အကူဖြစ်မယ့်ကိစ္စတွေလဲ တွဲလုပ်ရမယ့်အချိန်။ 

ဒီအချိန်မှာအလုပ်ကိုပဲ ဆက်တိုက်ဖိလုပ်နေလို့ ဒီကိစ္စတွေလစ်ဟင်းသွားတဲ့သူတွေလဲရှိတယ်။ ဒီလိုပဲ စာချည်းပဲဖိလုပ်နေလို့ ခေါင်းတွေထူပူပြီးတော့ ဘာတစ်ခုမှမထူးခြားတဲ့သူတွေလဲရှိတယ်။ အကုန်လုံးကိုဖိဖိစီးစီးနဲ့ လုပ်နိုင်တဲ့သူတွေလဲရှိတာပဲ။ တစ်ဦးချင်းစီရဲ့အခြေအနေနဲ့ သက်ဆိုင်တာမို့လို့ မလုပ်နိုင်တဲ့သူကိုလဲ မလုပ်ရကောင်းလားလို့ အပြစ်တင်မနေစေချင်ဘူး။ 

ဝါသနာနဲ့သက်ဆိုင်တဲ့ကိစ္စတွေပဲဖြစ်စေ Leisure activitiesတွေပဲဖြစ်စေ ရန်ကုန်မှာလောက်မတင်းကြပ်ပါဘူး။ လွတ်လပ်ပါတယ်။ ကိုယ့်ဟာကိုယ် ဘာပဲလုပ်လုပ် အထိုက်အလျောက်အကျိုးရှိပါတယ်။ ဥပမာ - ကိုယ်က Youtubeစိတ်ဝင်စားလို့ Youtubeရိုက်ရင်းနဲ့ ကျွမ်းလာလို့ Customersတွေက ခေါ်မယ်ဆိုရင်လဲ ဒါက part timeဖြစ်သွားပါပြီ။

 ဒီလိုပဲ ကိုယ်က ဟင်းချက်တာလေးတွေတင်ရင်းနဲ့ ကိုယ်လုပ်တာလေးတွေစားချင်လို့ဆိုတဲ့သူဆိုရင်လဲ ဟော clientရပြီ။ ကျနော်ဆိုလဲ ကျောင်းချိန်တွင်းဆို အားတဲ့အချိန် Oxford ဗုဒ္ဓဝိဟာရဆီသွားတယ် တရားထိုင်တယ်။ ဘာတစ်ခုမှအကျိုးမရှိရင်တောင် ကိုယ့်အတွက် စိတ်အနားယူရာရောက်တယ်လေ။ အေးလဲအေးချမ်းတယ် ဘုန်းဘုန်းတွေနဲ့လဲ စကားတွေထိုင်ပြောနေလို့ရတယ်။ 


ငွေကြေးထောက်ပံ့ပေးမယ့်သူတွေရဲ့ အခန်းကဏ္ဍ။

ငွေကြေးထောက်ပံ့မယ့်သူတွေ မိဘတွေကတော့ တော်ရုံတန်ရုံတောင် ပေးဖို့ခက်ခဲကြတယ်ဗျ။ ငွေကြေးကြောင့်ပဲဖြစ်စေ မတတ်နိုင်လို့ပဲဖြစ်စေ အမျိုးမျိုးပေါ့ဗျာ။ မိဘတွေဘက်ကနေ ဘယ်လောက်အတိုင်းအတာအထိပေးရမလဲဆိုတာတွက်ဖို့အတွက် Part timeတို့ အလုပ်တို့ အပိုဝင်ငွေတို့မျှော်လင့်ကြတယ်ပေါ့ဗျာ ဒီငွေစျေးနဲ့ကတော့မျှော်လင့်သင့်ပါတယ်။ 

ခက်တာက​ အခုလို လွယ်လွယ်ကူကူနဲ့ ညှိနှိုင်းဖို့ ခဲယဥ်းတယ်ဗျ။ မိဘနဲ့သားသမီးတိုင်းရဲ့relationshipက ဒီလောက်ထိမလွယ်ကူနိုင်ဘူးလေ။ တချို့တွေရဲ့ ဆက်ဆံရေးက သိပ်မကောင်းကြဘူး။

“ငွေတွေချည်းပဲလှိမ့်တောင်းနေတယ် ငါလိုင်းပေါ်မှာတွေ့တာ အဲ့လောက်မကုန်ဘူး”

“နင် ဘီယာဆိုင်အရက်ဆိုင်ထိုင်နေလား ဒီငွေက မြန်မာငွေနဲ့ဆို ဘယ်လောက်ကုန်တာ မပေးဘူး”

ဒီလိုနဲ့ အနည်းဆုံးအသုံးစရိတ် ပျမ်းမျှအသုံးစရိတ်ကိုပဲတွက်ထားမိကြတဲ့သူတွေကြား ပြဿနာလေးတွေတက်ကြပါသေးတယ်ဗျာ။ ဖြစ်တတ်တာပြောပါတယ်။ သူတို့ကိုလဲအပြစ်မပြောလိုဘူးဗျ။ တချို့ကြတော့လဲ ဆေးကွဲလိုက် အရက်ပုလင်းတွေနဲ့ပဲပျော်ပါးနေလိုက် စာလဲသေချာလိုက်မလုပ်လိုက်နဲ့ ရှိနေတဲ့သူတွေလဲရှိကြတာကိုး။ 

အကောင်းဆုံးကတော့လွှတ်လိုက်ပြီဆိုတာနဲ့ ယုံယုံကြည်ကြည်နဲ့ဖြစ်အောင်နေ။ မိဘဖြစ်စေ သားသမီးဖြစ်စေ အကောင်းမွန်ဆုံးဆက်ဆံရေးတွေနဲ့ ရှေ့ဆက်ကြ။ ဘယ်သူအခက်အခဲဖြစ်ဖြစ် အမြဲတမ်းcommunicateလုပ်။ ဒီလိုနဲ့ နှစ်ဦးအတူပူးပေါင်းလုပ်သွားကြရတာပေါ့ဗျာ။ 

အများထင်ကြတာကတော့ မကြိုးစားလို့ မသည်းခံနိုင်လို့ ငွေကိုချင့်ချိန်မသုံးလို့ ညံ့လို့ပေါ့ဗျာ။ 

“သူများတွေဆို အလုပ်လဲအချိန်ပြည့်လုပ် ကျောင်းလဲအချိန်ပြည့်တက်နေတာပဲ ဘာလို့ မင်းက ငွေတောင်းနေတာလဲ”


နိုင်ငံခြားရောက်တဲ့အခါ ငွေကြေးအသုံးပြုတဲ့ပုံစံက ဘာထူးခြားသွားလဲ

ပြည်တွင်းမှာအသုံးပြုတဲ့ပုံစံနဲ့တော့တူဖို့ခဲယဥ်းတယ်ဗျ။ တချို့က ငယ်ငယ်လေးကတည်းက ကိုယ့်ငွေနဲ့ကိုယ်သုံးလာတဲ့သူ၊ တချို့က မုန့်ဖိုးတစ်ရက် ဘယ်လောက်ဆိုပြီး ရလာတဲ့သူ။ အသုံးပြုချင်းကွာခြားကြတယ်ဗျ။ 

မြန်မာနိုင်ငံဖြစ်စေ ပြည်ပဖြစ်စေ အသုံးပြုတဲ့ငွေနဲ့စရိတ်ဆိုတာက သိပ်ကို တွက်ရခက်တဲ့ကိစ္စတွေ။ တချို့လတွေ အများကြီးပိုကုန်တာရှိတယ်။ တချို့လတွေ လျော့ကုန်တာရှိတယ်။ ပုံမှန်လို့သတ်မှတ်တဲ့လတွေလဲရှိတယ်။ 

တချို့လတွေမှာတော့ အစားအသောက်များများစားဖြစ်တယ် တချို့လတွေမှာတော့ အိမ်သုံးပစ္စည်းလေးတွေပိုဝယ်ဖြစ်တယ်။ တချို့လတွေကတော့ တော်ရုံအပြင်သိပ်မထွက်ဘဲ အိမ်ထဲပဲ နေနေတာများလို့ ငွေသိပ်မကုန်ဘူး။ တချို့လတွေကြတော့ အိမ်ပြောင်းရလို့ ငွေပိုကုန်တယ် ဒီလိုမျိုးပေါ့ဗျာ။ အခြေအနေက ရန်ကုန်မှာလိုမျိုး အမေ့အိမ်မှာ ဘာလိုချင်ချင် အကုန်အဆင်သင့်ရှိနေကြတာမှမဟုတ်တာ။ 

တချို့လတွေ သောက်သောက်လဲကုန်ခဲ့လို့ ပိုသုံးရတာရှိမယ် ဒါဆိုလဲ မငြိုငြင်နဲ့။ ဒီလိုပဲ တချို့လတွေ လျှော့သုံးခဲ့တာရှိမယ်။ ဒါဆိုလဲ စုထား။ လိုမှပြန်သုံး။ ဒီလိုမျိုးပေါ့ဗျာ။ 


ဘာလို့တစ်ဦးနဲ့တစ်ဦးကွာခြားတာလဲ။

လူတွေက Average cost of living in the UKတို့ Average Cost of living in the USတို့ရှာဖွေကြတယ်။ ဖြစ်သင့်တဲ့ရှာဖွေမှုကတော့ 

  • မိမိတက်ချင်တဲ့ ကျောင်းတွေ စာရင်းအလိုက် တစ်မြို့ချင်းစီရဲ့ အခြေအနေ
  • မိမိတက်မယ့်majorရဲ့ကုန်ကျစရိတ်နဲ့ ချွေတာနိုင်မယ့်အခြေအနေ
  • မိမိရဲ့ပုံစံနဲ့အခြေအနေ

လူတွေရဲ့ထင်မြင်ယူဆချက်ဆိုတာကဗျာ တစ်ဦးချင်းတစ်ယောက်ချင်းမှန်ချင်မှမှန်လိမ့်မယ်ဗျ။ တစ်မြို့ထဲနေနေတဲ့သူတွေတောင် တူချင်မှတူနိုင်မယ်။ ဒါကို နားလည်တဲ့သူက နားလည်တယ် ဒီလိုနားလည်ဖို့အတွက် input sourceတော့မှန်ကန်ရမှာပေါ့ဗျာ။ 


ဘယ်ကနေ ဘယ်လိုရှာဖွေတတ်ကြလဲ

နိုင်ငံခြားထွက်တဲ့အခါ ကျနော်တို့ ငွေတွက်ရတယ်။ ချိန်ဆရတယ်။ ကိုယ်မသိနိုင်မမြင်နိုင်တဲ့အရာတစ်ခု မသေချာမရေရာတဲ့ကိစ္စတစ်ခုကို သိသလောက်ဆုံးဖြတ်ဖို့ကြိုးစားကြတဲ့အခါ မှားကြတယ်။ ဒီလိုပါ။

ဘယ်ကိစ္စမဆို မှန်းဆကြတဲ့အခါ ကျနော်တို့မှာ ထည့်သွင်းစဥ်းစားလို့ရတဲ့ ရှာဖွေလို့ရတဲ့ နေရာတွေရှိမယ်။ inputပေါ့။ ဒီလိုမျိုးinputတွေက

  • ကျနော်တို့လိုမျိုး တကယ်ကြုံတွေ့နေရတဲ့သူတွေ ကိုယ်တိုင်ရေးသားတဲ့ ရိုက်ကူးထားတဲ့ Vlogတွေ Blog postတွေ၊
  • Redditတို့Quoraတို့ Facebook groupတို့လိုမျိုး သူစိမ်းအချင်းချင်းမေးမြန်းပြောဆိုကြတဲ့ Postတွေ
  • နိုင်ငံခြားအထွက်များမှ ဝင်ငွေရတဲ့ လူကြိုက်များအောင်ရေးသားရတဲ့ Agent တွေနဲ့ကျောင်းတွေ
  • Word of mouthလို့ခေါ်တဲ့ ကျောင်းသားမိဘအချင်းချင်း၊ ကျောင်းသားအချင်းချင်း၊ Agentအချင်းချင်းစတဲ့ပြောစကားတွေ
  • ကျောင်းတွေ၊ အဖွဲ့အစည်းတွေရဲ့websiteတွေ။ 

ယုံကြည်ရတဲ့သူတွေလဲရှိတယ်။ မယုံကြည်ရတဲ့သူတွေလဲရှိတာပဲ။ ဒါကိုခွဲခြားသိရမယ်ဗျ။ အကျိုးလိုချင်လို့ရေးသားတဲ့သူနဲ့ အကျိုးမလိုချင်ဘဲနဲ့ ပြောတဲ့သူတွေ ကွာတယ်ဗျ။ 

ဒီအချိန်မှာ ကွာဟသွားကြတယ်။ တချို့ကြတော့ အကုန်လုံးကိုခြုံငုံပြီးရေးတယ်။ တချို့ကြတော့ ကိုယ့်အခြေအနေကို ကိုယ့်အခြေအနေလိုရေးတယ်။ မှန်ကန်တယ်။ တချို့ကြတော့ လုံးလုံးမှားယွင်းနေတာမျိုးထက် လက်နှစ်လုံးခြား မှန်ကန်နေတာမျိုးတွေပေါ့ဗျာ။ 


မတူညီတဲ့varying factorsတွေ

ကျောင်းသားအချင်းချင်းမေးမြန်းရင်ကော အချက်အလက်မှန်မှန်ကန်ကန်ရနိုင်မလား။

တစ်ဦးအတွက်မှန်ကန်တာဟာ တစ်ဦးအတွက်ပဲဖြစ်ပါလိမ့်မယ်ဗျ။ ဥပမာ ကျနော့်ကို တစ်ဦးဦးက နေထိုင်စားသောက်စရိတ်ဘယ်လောက်ကုန်မလဲဆို အကြမ်းဖျင်းပဲတွက်ပြဦးမှာပဲဗျ။ သေချာချာကိုယ့်အသုံးစရိတ်ကို မေးမြန်းမယ် အပြည့်အစုံပြောပြပေး ဒီလိုမျိုးမှသာ နေ့တူတကွစားသောက်နေထိုင်စရိတ်တွေအပြင် အခြားသောကိစ္စတွေပါဝင်သေးတယ်ဆိုတာ သိရလိမ့်မယ်ဗျ။​

တစ်လနဲ့တစ်လတောင် ကွာဟချက်ရှိတဲ့အတွက် အတိအကျတွက်ထားဖို့ခဲယဥ်းပါတယ်။ ဒီအတွက် ပိုနိုင်မယ့် လျော့နိုင်မယ့်windowလေးတစ်ခုချန်ထားရပါတယ်။


ဘာဖြစ်လို့မရှာဖွေနိုင်တာလဲ။

အတိအကျရှာဖွေဖို့ဆိုတာ အမှန်အတိုင်းပြောရရင် ဘယ်သူမှလုပ်နိုင်တဲ့ကိစ္စတစ်ခုမဟုတ်ပါဘူး။ လုံးဝအခြေအနေတူ Identical twinတွေတောင် မတူပါဘူး။ အတတ်နိုင်ဆုံး ဆင်တဲ့ အခြေအနေမျိုးကိုသိချင်ရင်တော့ ကိုယ်သွားမယ့်လမ်းနဲ့ ချွတ်စွပ်တူတဲ့သူမျိုး ကိုယ်နဲ့အကျင့်စရိုက်ကအစ တူတဲဲ့သူမျိုးကို မေးကြည့်တာပိုကောင်းလိမ့်မယ်။ 

အကျင့်စရိုက်ကသိပ်အရေးကြီးတယ်။ ကျနော်အစားအသောက်ကြီးတယ်။ မြန်မာစာတော်ရုံမစားဘူး။ (စားလို့လဲမရတော့ဘူး ဘာယူလာလာ နည်းနည်းစားပြီးတန်းအန်တယ်)​။ အချိန်ကြာလာတော့ အသားနဲ့လုပ်တာတွေပါ တော်ရုံမစားတော့ဘူး။ Vegetableတွေပဲစားဖြစ်တယ်။ စက်ဘီးစီးတတ်တယ် country sideဘက်မှာနေရတာသဘောကျတယ်။ အေးတဲ့ရာသီဥတုကိုလုံးဝမကြိုက်ဘူး။ အိမ်ဝေမျှစရာသူလဲမရှိဘူး။ 


ကျနော်ကိုယ်တိုင်ကော မှန်းဆမတတ်တာကြောင့် ဘယ်လောက်ထိခိုက်မှုတွေကြုံတွေ့ခဲ့လဲ။

ကျနော်ရှာဖွေခဲ့တဲ့ပုံစံကတော့ 

  • ပြည်တွင်းပြည်ပက Local ကဖြစ်ဖြစ် ပြည်ပကကျောင်းသားတွေပဲဖြစ်ဖြစ် ရိုက်ကြတဲ့vlogတွေပဲဖြစ်စေ ရေးကြတဲ့blogတွေပဲဖြစ်စေ၊
  • ကျောင်းတွေဆီကနေပြီးတော့ တွက်ပြထားတဲ့ စရိတ်တွေပဲဖြစ်စေ၊
  • ကျောင်းတွေရဲ့official websiteက"Expenses of an international student"လို့ရေးထားတာတွေ၊
  • Redditတို့ Quoraတို့ ဒီလိုမျိုးဟာတွေကတော့ မိမိနဲ့ဆက်စပ်မှာမျိုး ရှာဖွေရတော့ခဲယဥ်းလိမ့်မယ်။ ဘယ်လိုပဲပြောပြော မြန်မာတွေမှမဟုတ်ကြတာ။

ဆင်တူခဲ့လားဆိုတော့ လုံးလုံးမတူညီခဲ့ဘူး။ Average ကို Maximumလို့တွက်ထားခဲ့တဲ့အတွက်အခက်အခဲတွေကတော့

  • စစရောက်ရောက်ချင်း မဖြစ်မနေကုန်ကျခဲ့ရတဲ့ ပြင်ဆင်စရိတ်တွေ ဝယ်ခြမ်းတဲ့စရိတ်တွေ စတဲ့ ကုန်ကျစရိတ်တွေများခဲ့တယ်။ 
  • နေတဲ့နေရာက လုံးဝမြို့နဲ့လှမ်းနေတဲ့နေရာ ကျောင်းနဲ့လဲလှမ်းနေတဲ့နေရာဖြစ်ခဲ့တယ် သေချာမရှာဖွေခဲ့တော့  နွေရာသီကျိန်းသေပေါက်ပြောင်းရမှာဖြစ်ခဲ့တယ်။ အဆောင်ကလဲ ပေးရတဲ့စျေးနဲ့မတန်ဘူးလို့သတ်မှတ်လို့ရတယ်။​
  • သွားလာဖြစ်ခဲ့တဲ့ နေ့ချင်းပြန်tripတွေ၊ Accessoriesတွေထပ်ဖြည့်ရတာတွေ၊ ကျောင်းအတွက်ကုန်ကျခဲ့တာတွေ မဖြစ်မနေကုန်ကျခဲ့ရတဲ့ကိစ္စတွေကြား part timeလုပ်တာက အဖက်မတင်ကျန်သလိုဖြစ်ခဲ့တယ်။ 
  • Architecture majorစျေးကြီးတယ်ဆိုတာ သိခဲ့ပေမယ့် ပစ္စည်းပေါင်းများစွာ လိုင်စင်ပေါင်းများစွာ deviceပေါင်းများစွာ ရှိခဲ့ပြီးတာတွေကော ထပ်မံလာဖို့ရှိတာတွေကောနဲ့ တကယ်စျေးကြီးတာဆိုတာသိခဲ့တယ်။ 

အများကြီးကျန်ပါသေးတယ်။ 


ကျနော်ရေးသားတဲ့စာတွေကကော ဘယ်လိုရေးသားထားတာလဲ။ 

Moneyနဲ့ပတ်သက်တဲ့ပြဿနာက ကျနော့်အတွက်ကြီးကြီးမားမားပါ။ ဒါကြောင့်မလို့ ဒီmoneyအကြောင်းပဲရေးနေမိတာ။

အကုန်လုံးကိုခြုံငုံထားတဲ့ postတွေလဲရှိတယ် ထိုနည််းလည်းကောင်း ကျနော့်ရဲ့မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ငယ်သူငယ်ချင်းတွေ ဒီလိုမျိုးသူတွေဆီကနေ ပုံမှန်စကားပြောတာမျိုးပဲဖြစ်စေ သပ်သပ်မေးမြန်းတာမျိုးပဲဖြစ်စေ အလပဿလပ စကားပြောရင်းပဲဖြစ်စေ ကျနော်တို့ ဒီိမိတ်ဆွေအဝန်းအဝိုင်းထဲမှာ ဒီလိုမျိုးစကားတွေဆိုတာက နေ့တူတကွပြောဆိုနေကြတဲ့ကိစ္စတွေပဲလေ။

ဒါကို အမြဲခေါင်းထဲစဥ်းစားစေချင်တယ်။ ကျနော်ရေးသားထားတာတွေက အကုန်လုံးရဲ့ ဖြစ်နိုင်မယ့် လိုက်လုပ်လို့လဲအဆင်ပြေနိုင်မယ့် အခြေအနေတွေ ပျမ်းမျှလို့လဲယူဆနိုင်တယ်။ အချွေတာဆုံး အခြေအနေကို စျေးအသက်သာဆုံးဆိုပြီး လူတိုင်းလုပ်နိုင်ချင်မှလုပ်နိုင်မယ့်ကိစ္စမျိုးကို ကျနော်မပြောနိုင်ဘူးဗျ။


Read more

December 2024 Life Update

ကျနော့်ရဲ့life update လေးပြောပြထားပါတယ်။ အကျဥ်းချုပ်ကတော့ Oxford Brookesရဲ့ Architecture ဒုတိယနှစ် ကျောင်းတက်ခဲ့ဖြစ်တဲ့အခြေအနေတွေ အခြားသော updateလေးတွေပါ။ videoလေးကတော့ တစ်ခုခုကိုအာရုံစိုက်နေရတဲ

By Moe Htet
မိဘနဲ့သားသမီးကြားပြဿနာဘယ်လိုဖြေရှင်းရမလဲ

မိဘနဲ့သားသမီးကြားပြဿနာဘယ်လိုဖြေရှင်းရမလဲ

နေ့လည်တုန်းက ကျနော့်မိတ်ဆွေတစ်ဦးရဲ့မိဘနဲ့စကားပြောဖြစ်လိုက်တယ်။ ထွေထွေထူးထူးမဟုတ်ပါဘူး UKမှာ ကျောင်းတက်ရင် ဘယ်လိုမျိုးလဲ၊ ကျောင်းရွေးသင့်မရွေးသင့်၊ ငွေဘယ်လောက်လေ

By Moe Htet