နိုင်ငံခြားထွက်ဖို့ ပညာရေးရွေးချယ်ချိန် ဘယ်နေရာမှာလွဲမှားသွားနိုင်လဲ

နိုင်ငံခြားထွက်ဖို့သင်ရိုးရွေးချယ်မှု၊ ငယ်စဥ်ကပြင်ဆင်မှု၊ အင်္ဂလိပ်စာ ဒီကိစ္စတွေက လူတွေထင်မှတ်ထားကြတဲ့ကိစ္စတွေအတိုင်း ဟုတ်ချင်မှဟုတ်လိမ့်မယ်။ လွယ်ချင်မှလွယ်လိမ့်မယ်။​ ခက်ချင်မှခက်လိမ့်မယ်။

နိုင်ငံခြားထွက်ဖို့ ပညာရေးရွေးချယ်ချိန် ဘယ်နေရာမှာလွဲမှားသွားနိုင်လဲ
Thames မြစ်ရဲ့တစ်ဖက်ခြမ်းမှ

နိုင်ငံခြားသွားမယ့်ခရီးစဥ်အတွက် လူတွေက ကုန်ကျစရိတ်အသက်သာဆုံးနဲ့ အလွယ်ကူဆုံး အလျဥ်မြန်ဆုံး ဒီလိုမျိုးတွေအကောင်းတွေကိုပဲလိုချင်ကြတယ်။​ ခက်တာက​ဒီလိုမျိုး ရတဲ့easy wayဆိုတာ တကယ်မရှိတာပဲ။

နိုင်ငံခြားထွက်ဖို့သင်ရိုးရွေးချယ်မှု၊ ငယ်စဥ်ကပြင်ဆင်မှု၊ အင်္ဂလိပ်စာ ဒီကိစ္စတွေက လူတွေထင်မှတ်ထားကြတဲ့ကိစ္စတွေအတိုင်း ဟုတ်ချင်မှဟုတ်လိမ့်မယ်။ လွယ်ချင်မှလွယ်လိမ့်မယ်။​ ခက်ချင်မှခက်လိမ့်မယ်။

ပညာရေးဆိုတာ ငယ်ငယ်လေးကတည်းက အလေးထားခဲ့ရမယ့်အရာတစ်ခု။

A man taking a picture of a woman holding a baby
Photo by Samsung Memory / Unsplash

ကလေးအရွယ်ကတည်းကအခြေအနေ

ဥပမာ ပြောပြပါမယ်။ ကျနော်တို့ဗျာ ငယ်ငယ်လေးကတည်းကနေပြီးတော့ နိုင်ငံခြားကျောင်းထားခဲ့တယ်။ တချို့တွေ မွေးကတည်းကထားကြတယ် တချို့ကြတော့ အသက်ကြီးမှ​ကောက်ခါငင်ခါပြောင်းထားကြတယ်။ သူတို့ထင်တာကတော့ နိုင်ငံခြားကျောင်းထားတယ်ဆိုတာ လူတိုင်းထားနိုင်တယ် ကြိုးစားရင်ရတယ် မရရင်မကြိုးစားလို့။ ဒီအတွက် ကုန်ကျစရိတ်လဲ သက်သာတဲ့ မြန်မာသင်ရိုးနဲဲ့ကျောင်းတွေကိုထားကြတယ်။ အသက်ကြီးမှ ပြောင်းလိုက်တာနဲ့အဆင်ပြေသွားပြီ ကလေးလဲစာလိုက်နိုင်မှာပါပဲပေါ့။ 

မလုပ်ပါနဲ့။ မတော်တဆဖြစ်စေ တကယ်စဥ်းစားပြီးပဲဖြစ်စေ တကယ်နိုင်ငံခြားမှာပဲကျောင်းဆက်ထားမှာသေချာတယ်ဆိုရင် ပြည်ပသင်ရိုးနဲ့ရင်းနီးကျွမ်းဝင်နေအောင် စတင်စဥ်းစားဆုံးဖြတ်ချိန်ကနေ ထားစေချင်ပါတယ်။ 

“ သာမန်လူတန်းစားတွေဘယ်လိုလုပ်မလဲ မင်းပြောနေတာတွေက မဖြစ်နိုင်တာတွေ ဘယ်သူမှနိုင်ငံခြားကျောင်းမှာ အချိန်ကုန်ခံပြီးထားမနေဘူး။ အသက်ကြီးမှပြောင်းထားမှာပေါ့။”

နိုင်ငံခြားထွက်ဖို့စဥ်းစားနေတဲ့သူတစ်ယောက်ဆိုရင်တော့ ကြိုတင်ဆုံးဖြတ်တာအကောင်းဆုံးပဲ။ ကိုယ့်ကလေးက ငယ်သေးတယ်ဆိုရင် နုနယ်နေစဥ် မွမ်းမံရလွယ်ကူနေစဥ် အရွေးမတတ်ဘဲနဲ့ ဆရာမတွေက မျိုးစုံဆဲဆိုဆူဆဲရိုက်နှက်နေတဲ့ ကျောင်းမျိုးမှာထားခဲ့ရင် ဒီကလေးအတွက် တစ်သက်လုံးစိတ်ဒဏ်ရာဖြစ်သွားနိုင်တယ်။

ဒီလောက်မဆိုးရွားရင်တောင် လူကိုလူတစ်ဦးကဲ့သို့မဆက်ဆံတဲ့ကျောင်းမျိုး မျိုးစုံလာဘ်ထိုးနေရတဲ့ကျောင်းမျိုးမှာထားခဲ့ရင်လဲ ဒီကလေးအတွက် ငွေရှိရင်ဘာမဆိုရတယ် ကြောက်ရွံ့မှုကသာ အဖြေ ဒီလိုမျိုးတွေတွက်ဆသွားနိုင်တယ်။ ငွေလေးနည်းနည်းလောက်သက်သာရုံနဲ့ တန်လို့လားဗျာ။ 

ဒီဟာကတော့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေ။ တကယ့်တကယ်ထုတ်ပြလို့သေချာတဲ့အရာကတော့


man in white button up shirt
Photo by Rostyslav Savchyn / Unsplash

တွေ့ကရာ နိုင်ငံခြားသင်ရိုးသင်တဲ့ကျောင်းထားရင်း စာမလိုက်နိုင်တာ

ငယ်ငယ်လေးကတည်းက ပြည်ပသင်ရိုးကျောင်းမှာ တက်ခဲ့တဲ့သူတစ်ဦး အခြေခံကောင်းခဲ့တဲ့သူတစ်ဦးအတွက် နိုင်ငံခြားထွက်ပြီးစာသင်ဖို့ဆိုတာ သိပ်ခက်ခဲတဲ့အရာတစ်ခုတော့မဟုတ်ဘူး။ ဒီလိုမျိုးမခက်ခဲဖို့ဆိုတာကလဲ 

  • ဒီကလေးသင်နေတဲ့ကျောင်းက နိုင်ငံခြားသင်ရိုးသင်တယ်ဆိုပြီး မြန်မာ့နည်းမြန်မာ့ဟန်နဲ့ ကလေးတွေကို သင်နေတာလား၊
  • ဆရာတွေကကော နိုင်ငံခြားသင်ရိုးတစ်ခုကို သင်ကြားနိုင်တဲ့အခြေအနေရှိတဲ့ကျောင်းလား၊ 
  • ကိုယ့်ရဲ့ကလေးကကော စာကိုတကယ်လိုက်လုပ်လား ဒါမှမဟုတ် စာကိုအပေါ်ယံပဲလုပ်ပြီးတော့ တခြားကိစ္စတွေကိုပဲ စိတ်ပါနေလား၊ ဒီလိုမျိုးဖြစ်အောင် ဘယ်အရာတွေက ဆွဲဆောင်ခဲ့တာလဲ။
  • နိုင်ငံခြားသင်ရိုးဖြစ်ရင်ပြီးရောဆိုပြီး ထားခဲ့မိလား။

အများစုက ဘာထင်လဲဆိုတော့ IGCSEဖြစ်တာနဲ့ အဆင်ပြေပြီ၊ သင်ရိုးနာမည်တွေကိုပဲကြည့်ရမယ်၊ ကျောင်းကdoesn’t matterလို့ထင်ကြတယ်။ မဟုတ်ပါဘူးနော်။ IGCSE, GED, OSSDစတဲ့သင်ရိုးနာမည်က အတိုင်းအတာတစ်ခုထိ သက်ရောက်မှုရှိတယ် ဟုတ်တယ်။ လူတွေသတိမထားမိတဲ့အရာက ကျောင်း။

နိုင်ငံခြားသင်ရိုးသင်ကြားပေးတဲ့ကျောင်းတစ်ကျောင်း ကောင်းလားမကောင်းဘူးလားဆိုတာ နိုင်ငံခြားမှာကျောင်းသွားတက်တဲ့အချိန်အထိပါ သက်ရောက်မှုရှိတယ်။ သာမန် နိုင်ငံခြားသင်ရိုးသင်ပေးတဲ့ ကျူရှင်တွေရှိတယ် ကုန်ကျစရိတ်လဲ တကယ်နည်းတယ်။ ကိုယ်က နီးနီးနားနားဆိုပြီး ထားလိုက်တယ်။ တကယ့်တကယ် စာမေးပွဲဖြေတဲ့အချိန်မှာမှသိသာနိုင်တယ်။ 

မသိသာသေးဘူး။

တကယ်နိုင်ငံခြားထွက်တဲ့အချိန်ကျတော့မှသာ စာမလိုက်နိုင်ဘူး။ စာတွေက သင်ချင်သလိုသင်ထားခဲ့တော့ စာကိုမကျွမ်းကျင်ဘူးဖြစ်နေတယ်။ အလွတ်တွေပဲကျက်ဖို့စဥ်းစားနေတယ်။ နားလည်ဖို့ ခဲယဥ်းနေတယ်။ ကိုယ့်ကို လွတ်လွတ်လပ်လပ်နဲ့ ထိန်းချုပ်မှုမရှိဘဲ စာသင်ပေးတဲ့အခြေအနေမျိုးရောက်သွားတော့ ငယ်စဥ်ကတည်းက ကြီးထွားလာခဲ့တဲ့ စာလေ့လာတဲ့ပုံစံက ကိုယ့်ကိုဒုက္ခပေးပြန်ရော။ 

စာမေးပွဲတွေမဖြေနိုင်ဘူး မနည်းလိုက်နေရတယ်။ ဟောပြီးကျမှ စာမေးပွဲမအောင်ဘူး။ စာမလိုက်နိုင်လို့Majorပြောင်းတယ်။ စာမလိုက်နိုင်လို့ ကျောင်းပြောင်းတယ်။ ပိုဆိုးရင် ကျောင်းမပြီးဘူး။ ဒီလိုအကျိုးသက်ရောက်မှုတွေပေါ့ဗျာ။

ဒီအခြေအနေတွေက ဘယ်ကနေအရင်းခံလာလဲဆိုတော့ နိုင်ငံခြားရောက်မှ ငွေသုံးမယ် အခုတော့ အတတ်နိုင်ဆုံး လျှော့ချမယ်ဆိုတဲ့သူတွေအများဆုံးဖြစ်တယ်။ ပြည်ပသင်ရိုးဆိုရင်ပြီးရောဆိုတဲ့သူတွေအဖြစ်များတာမျိုး။ 


person in black shirt fishing on lake during daytime
Photo by Zinko Hein / Unsplash

မြန်မာကျောင်းမြန်မာသင်ရိုးကိုမှ ယုံကြည်စိတ်ချလို့ထားခဲ့တဲ့သူတွေ

ပြည်ပသင်ရိုးသင်တဲ့ကျောင်းကိုထားနိုင်လျက်နဲ့ ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး မြန်မာသင်ရိုးကိုထားခဲ့ကြတဲ့သူတွေလဲဖြစ်ကြပါသေးတယ်။ သူ့ဟာသူ မလိုင်ဖြစ်စေ Private Schoolဖြစ်စေ ဘယ်မြန်မာသင်ရိုးသင်တဲ့ကျောင်းမဆို မကွာပါဘူး။ ဒီပုံစံတွေချည်းပါပဲ။ 

အင်္ဂလိပ်ကျောင်းကမှ အရွေးတော်ရင် ကောင်းတဲ့ကျောင်းမျိုးလေးရှိပါဦးမယ်။ မြန်မာသင်ရိုးသင်တဲ့ကျောင်းတွေမှာတော့ အစိုးရကျောင်းဖြစ်စေ ကိုယ်ပိုင်ကျောင်းဖြစ်စေ Boarding schoolဖြစ်စေ ဝိုင်းဖြစ်စေ ဘာတစ်ခုမှမကွာပါဘူး။

ဒီကျောင်းစျေးကြီးတာပဲကွာဆိုပြီး ကိုယ်ပိုင်ကျောင်းတွေထားကြတယ်။​ နိုင်ငံခြားသင်ရိုးနဲ့ပေါင်းစပ်သင်တယ်လို့ သမုတ်ကြတဲ့ကျောင်းတွေ။ ခက်တာက အဲ့လိုကျောင်းတွေမှ ပိုပြီးတော့ကိုဆိုးရွားသွားတာ။ နိုင်ငံခြားသင်ရိုးကို နားမလည်ဘဲနဲ့ မြန်မာကျောင်းကလိုမျိုးတွေသင်နေတော့ မခက်သင့်တဲ့စာတွေကလဲခက်။ ကလေးတွေက ဘယ်လောက်ကြီးပဲ ပင်ကိုအရည်အချင်းရှိရှိ ပြုန်းသွားကော။ 

သင်ရိုးကိုယ်တိုင်ကိုက မှားယွင်းနေတဲ့အတွက် အထူးပြောစရာလဲမရှိဘူး။ ငွေမကုန်သင့်တဲ့နေရာတကုန်တယ်လို့ပဲ ပြောရမှာပါပဲ။


a man sitting on a balcony overlooking a city
Photo by Kentaro Komada / Unsplash

သင်ရိုးတွေကိုသေချာမလေ့လာဘဲ တန်းတူသတ်မှတ်ပြီးတက်တာ။

“ကျနော်က GED တက်ပြီး scholarလျှောက်ချင်လို့၊ Scholarship က hundred persent ပေးတဲ့ ကျောင်းတွေ ရှိတယ်၊ GED နဲ့ ielts လက်မှတ် နှစ်ခုရှိရင် ပညာသင်စရိတ် အခမဲ့ရတယ်လေ”

“GEDနဲ့ဆို နိုင်ငံခြားကိုသွားလို့ရတယ်။ ကုန်ကျစရိတ်လဲနည်းတယ်အချိန်ကုန်လဲနည်းတယ်။ USတောင် အေးဆေးသွားလို့ရတယ်။”

ဘယ်ကနေဘယ်လို သိလာကြလဲတော့ကျနော်လဲ တကယ်စဥ်းစားမရဘူး။ တကယ်ရရင် သွားတက်လိုက်ကြပါလို့ ပဲပြောချင်မိသွားတယ်။ အဲ့လောက်ကြီးမလွယ်ကူဘူးလေဗျာ။ 

ပထမတစ်ခုအနေနဲ့ရှင်းပြချင်တာက သင်ရိုးတွေရဲ့မတူညီမှုတွေ။ GEDက GEDပဲ၊ O Levelက O Level၊ IB က IB၊ A level က A Level ဘာတစ်ခုမှမတူညီပါဘူး။ အမှတ်မှားတတ်တာတွေပြောချင်တယ်။

O levelဆိုတာအထက်တန်းအောင်မှတ်တစ်ခုမဟုတ်ဘူး။

O levelဆိုတာက အထက်တန်းအောင်လက်မှတ်တစ်ခုလို့ မသတ်မှတ်နိုင်သေးဘူး။ O levelကို နိုင်ငံခြားမှာလက်ခံနိုင်ကောင်းလက်ခံကြတယ်။ သို့ပေမယ့် Foundationကစတက်ရတယ်။ O levelနဲ့တင်လက်ခံတယ် 1st yearက စတက်လို့ရမယ်ဆိုပြီး ဘွဲ့တလွဲကြီးယူမိတာ။

IB Diploma

နိုင်ငံကောင်းကောင်းကကျောင်းကောင်းကောင်းကို တက်ချင်ကြတဲ့သူတွေအတွက် IB diplomaကို ကြိုးစားလုပ်ကြပါတယ်။​ ပြီးကျမှ APလိုမျိုး courseလေးတွေထပ်တက် ဒီလိုဆို အင်မတန်ကောင်းမွန်တဲ့ကျောင်းမျိုးလဲရနိုင်တယ်၊ Europeဘက်ကကျောင်းတွေဆိုတာလဲ ကိုယ့်optionထဲပါလာပြီ။ ကုန်ကျစရိတ်ကတော့ကြီးပါတယ်။ ရုတ်တရက်ကြီး ပြောင်းလုပ်ဖို့ခက်ခဲတဲ့diplomaတစ်ခုပါ။

GED

အရွေးအမှားဆုံး အလွဲဆုံးထဲကတစ်ခုပါ။

GEDဆိုတာက A levelနဲ့ညီတဲ့ diplomaမဟုတ်ဘူး O level နဲ့အဆင့်ချင်းဆင်တဲ့diplomaလို့ပြောစမှတ်ပြုကြတယ်။ တကယ်တူတာမဟုတ်ဘူး။ ဒီအတွက် တော်ရုံနိုင်ငံတွေ လက်မခံကြဘူး။ USတို့ထိုင်းတို့ရယ် နီးစပ်ရာနိုင်ငံတွေလောက်ပဲလက်ခံတယ်လို့ သတ်မှတ်လို့ရတယ်။


What is GED?

GEDရယ်လို့ဖြစ်ပေါ်လာတဲ့အကြောင်းအရင်းကလဲ အထက်တန်းမပြီးမြောက်ဘဲနဲ့ အမေရိကန်စစ်တပ်ထဲဝင်ခဲ့တဲ့သူတွေအတွက် စစ်ဆေးနည်းတစ်ခု။ အထက်တန်းမပြီးတဲ့သူတွေ high school diplomaရဖို့ requirementမပြည့်မီတဲ့သူတွေအတွက် ဆင်တဲ့ “အထက်တန်းအောင် diploma” တစ်ခုပဲ။ 

GEDဆိုတာအလွယ်လမ်းလား

ပုံမှန်အတိုင်းနိုင်ငံခြားသင်ရိုးတက်လာတဲ့သူတစ်ဦးအတွက် GEDကိုပြောင်းစရာမလိုပါဘူး။ မြန်မာကျောင်းကလာတဲ့သူတွေ အခြေခံကောင်းချင်ရင် IGCSEလို သင်ရိုးသာတက်ပါ။ GEDဆိုတာက Easy way outမဟုတ်ပါဘူး။ မြန်မာကျောင်းတက်မယ့်အစားတော့ တက်သင့်ပါတယ်။

GEDကအဲ့လောက်လွယ်သလား

တချို့တွေရှိတယ် High schoolမတက်ချင်လို့ IGCSEမတက်ချင်လို့ A levelမတက်ချင်လို့ GEDကိုရွေးဖြေကြတယ်။ အဲ့လောက်ကြီးမလွယ်ပါဘူး။ GEDမှာလဲသူ့ဟာသူခက်ခဲတဲ့ကိစ္စတွေလဲရှိပါသေးတယ်။​ သင်ရိုးနဲ့ဖြစ်စေ စာမေးပွဲနဲ့ပဲဖြစ်စေ  သင်ရတဲ့စာတွေဖြစ်စေ အကုန်လုံးမလွယ်ကူပါဘူး အထူးသဖြင့် မြန်မာနိုင်ငံမြန်မာသင်ရိုးနဲ့ ရင်းနီးလာတဲ့သူတစ်ဦးအတွက်ပါ။

USအပြင်တခြားနိုင်ငံတွေကောလက်ခံလား

သေချာပေါက် USသွားမယ် သေချာပေါက် Community collegeသွားမယ်ဆိုတဲ့သူတွေတောင် တခြားသောOptionတွေကို ကြည့်နေဦးမှာပါ။ လုံးဝသေချာမှ ဒီဟာတွေလျှောက်ရင်လဲရမယ် လျှောက်လို့ I-20ကျမလာဘူး တခြား Optionတွေမရှိလဲရတယ်ဆိုမှသာ GEDဖြေသင့်ပါတယ်။​

တခြားသောနိုင်ငံတွေGEDရတယ်ဆိုကြတယ်။ ကျောင်းလျှောက်လို့ရချင်ရမယ် သို့ပေမယ့် လျှောက်ပြီးရင် foundationပြန်တက်ရတာမျိုးလဲရှိတယ်။ ဒီလိုပဲ လုံးဝကိုလက်မခံတာမျိုးလဲရှိတယ်။ ကိုယ့်High schoolအောင်လက်မှတ်ကိုပြန်ကြည့်ပြီးတော့မှ​လက်မခံတာမျိုးလဲရှိတယ် အမျိုးမျိုးပေါ့။ အတိအကျကြီး GEDလက်မခံဘူးလို့တော့မငြင်းပါဘူး။ ဒါပေမယ့် ကျောင်းကိစ္စတွေကြည့်ရင်းနဲ့ လုံးဝလက်မခံမှန်းသိတာမျိုးပါ။

အခြားနိုင်ငံခြားသင်ရိုးတွေ

နိုင်ငံခြားကျောင်းတွေတက်တာကို လွယ်လွယ်ကူကူနဲ့ စျေးသက်သက်သာသာနဲ့ အဆင်ပြေပြေနဲ့ကို ကျော်ဖြတ်နိုင်မယ်လို့ထင်ခဲ့ကြတယ်။ တခြားသူတွေက ဘာလို့ ဒီိdiplomaကိုမသိကြသေးတာလဲ ငါတစ်ဦးတည်းကံကောင်းနေတာ ဘယ်သူမှမသိကြသေးတဲ့diploma စသဖြင့်ထင်ကြတယ်။ မသိကြသေးတာမဟုတ်ပါဘူး အဆင်မပြေလို့ နာမည်က တိမ်နေတာပါ။ False hopeတွေဆိုတာလဲလူတွေသိကြလို့ပေါ့။


cars in busy city street
Photo by Zuyet Awarmatik / Unsplash

အင်္ဂလိပ်စာရဲ့အရေးကြီးပုံ

အင်္ဂလိပ်စာမတတ်လို့ အရှေ့တောင်အာရှကနိုင်ငံတွေတို့ ကိုရီးယားတို့ ဗီယမ်နမ်တို့ပဲရွေးမှရမယ်။ Europeဘက်တို့ USတို့ UKတို့ရွေးလို့မရဘူး။ ဒီလိုမျိုးထင်ကြပါတယ်။ 

သူငယ်ချင်းတစ်ယောက်ရှိတယ်။ ခင်ရမင်ရတဲ့သူတွေထဲက အချစ်ရဆုံးပေါ့။ သူဆို Canadaတို့ UKတို့လိုမျိုးနိုင်ငံတွေကို တတ်လဲတတ်နိုင်တယ် ရေရှည်လဲ အဆင်ပြေနိုင်တယ် အဲ့တာကို အင်္ဂလိပ်စာမတတ်လို့ဆိုပြီး ကိုရီးယားရောက်သွားပါလေရော။ တခြားကိစ္စတွေတော့အများကြီးပါဝင်နိုင်ပေမယ့် Most of the time, its English။

Koreaရောက်တော့မှ Koreaစာတွေအသစ်ပြန်သင်ရတယ်။ ရန်ကုန်မှာလဲသင်ခဲ့ရတာမျိုးရှိသလို Koreaစာကို မနည်းလေ့လာသင်ယူနေရတယ်။ နိုင်ငံပြောင်းမယ်လို့တော့ပြောတာပဲ။ မြန်မြန်တော့ပြောင်းစေချင်တယ်ဗျာ သူနဲ့koreaနဲ့ ရေရှည်အဆင်ပြေဖို့ခဲယဥ်းလိမ့်မယ်။ 

အင်္ဂလိပ်စာမတတ်တဲ့သူတွေအတွက် 

  • ကိုယ်က ဘယ်လောက်ထိမတတ်တာလဲ။ တတ်ရဲ့သားနဲ့confidentမရှိတာလား၊ ဒါမှမဟုတ် တကယ်ကိုမတတ်တာလား။
  • ကိုယ့်အတွက် သင်တန်းတွေတက်ဖို့ဆိုတာ ခက်ခဲနေလို့လား။ ဒါမှမဟုတ် ကိုယ့်ဟာကိုယ်ကိုအချိန်မပေးဖြစ်တာလား။ 
  • Reasonတစ်ခုသပ်သပ်ပဲလား။ ဂျပန်တို့ကိုရီးယားတို့ကို သွားချင်လွန်းလို့ အကြောင်းပြချက်တစ်ခုသပ်သပ်ပဲလား။ 
  • အင်္ဂလိပ်စာကိုကြောက်နေတာလား။ ဒါဆိုရင် Japaneseတို့ Thaiတို့ Koreanတို့လိုမျိုး လုံးဝမလေ့လာဖူးတဲ့ ဘာသာစကားအသစ်တစ်ခုကို အစကနေပြန်သင်မယ်ဆိုရင်ကော အဆင်ပြေနိုင်ပါ့မလား။ 

ဒီလိုမျိုးအင်္ဂလိပ်လိုအသုံးမပြုတဲ့နိုင်ငံတွေ အာရှနိုင်ငံတွေကိုသွားကြတဲ့သူအများစုက ကုန်ကျစရိတ်မများချင်လို့ရယ် မြန်မြန်ဆန်ဆန်နဲ့ ပြင်ဆင်မှုသိပ်မရှိဘဲထွက်ချင်လို့ရယ်ပါ။ မြန်မာဆယ်တန်းတို့ကိုလဲလက်ခံကြတာကိုး။ 

ဒီဘာသာစကားတွေက ကိုယ်နဲ့ပိုလို့တောင်မရင်းနီးတာကို နေ့တူတကွအသုံးပြုနေရတယ် နောက်လဲ ရေရှည်အသုံးပြုရမယ်။ ဘာသာစကားအသစ်သင်မှကို ပိုဆိုးတာပါနော်။ 

English Second Language Course

ဒီလိုမျိုးရွေးချယ်မယ့်အစား တချို့နိုင်ငံတချို့ကျောင်းတွေ တချို့Majorတွေမှာ English Second Language Courseတက်လို့ရပါတယ်။ VIsaလျှောက်ရင်တော့ လက်ခံချင်မှလက်ခံနိုင်ပေမယ့် လက်ခံလောက်ပါတယ်။ ဒါဆို ကျောင်းတက်ဖို့ကို ၇လလောက်စောသွားပြီးတော့ ကျောင်းတက်၊ မဟုတ်ရင် ကိုယ်တက်မယ့်အတန်းနဲ့တွဲတက် အဲ့လိုမျိုးတွေတော့ လုပ်လို့ရပါတယ်။ ဒါမလို့ သေချာတော့စုံစမ်းကြည့်ပါ ပြီးကျမှဆုံးဖြတ်ပါ။ 

Conclusion

နိုင်ငံခြားထွက်ဖို့ ဒီလောက်ထိမခက်ခဲပါဘူး။ ဒီလိုပဲ မလွယ်ပါဘူး။ ဂရုတစိုက်နဲ့ အလေးအနက်ထားပြီး လုပ်တတ်တဲ့သူတစ်ဦးအတွက် ဒီခရီးစဥ်က ဘာမှမခက်ခဲတဲ့အစီအစဥ်ပါ။ ကြိုတင်ပြင်ဆင်မှုနဲ့ မိမိကိုယ်ပိုင်အရည်အချင်းကို ပေါင်းစပ်လိုက်တဲ့အခါ ကြုံတွေ့ရတဲ့ပြဿနာတွေအများစုလျော့နည်းသွားမှာပါ။ လွဲမှားခဲ့ရင်လဲ စိတ်မပူပါနဲ့ အဖြေရှာတွေ့သွားမှာပါ။ 


cars on road near high rise buildings during night time
Photo by Justin Min / Unsplash

Is my life a lie?

ကျနော်ငယ်ငယ်လေးတုန်းက မြန်မာကျောင်းပြောင်းခဲ့တာကြီးကို ပြန်စဥ်းစားမိတယ်။​ အချိန်တွေအကြာကြီးကြာခဲ့ပြီးနောက်ပေါ့။ ထင်ခဲ့တာက IGCSEတို့လိုမျိုး သင်ရိုးဆိုတာ နိုင်ငံခြားမှာတက်ဖို့ခက်ခဲတယ်။ သွားချင်ရင်USတို့UKတို့လိုမျိုးနိုင်ငံတွေပဲရမယ်။ မြန်မာဆယ်တန်းသင်ရိုးဆိုရင်တော့ နိုင်ငံတွေရွေးချယ်စရာပိုများတယ်ပေါ့။

တကယ်သာ ကျနော်ဆက်တက်ဖြစ်ခဲ့ရင် ကျနော်ရန်ကုန်က Universityမှာဆက်တက်ဖြစ်နေဦးမယ်၊ ပြီးရင် စင်္ကာပူလိုနိုင်ငံမျိုးမှာတင်ပဲ အလုပ်တစ်ခုရဖို့ရုန်းကန်လုပ်နေရဦးမယ်။ ကျနော်မလိုချင်သောဘဝတစ်ခု။ လက်တော့လက်ခံခဲ့ရတာပဲလေ အသက်ကဖြင့် ၁၃နှစ်ကိုး။ 

အခုနေ ကျနော်ပြန်စဥ်းစားကြည့်တော့ ဘာလိုများလုပ်ခဲ့မိတာလဲပေါ့။ ကောင်းတော့ကောင်းခဲ့ပါတယ် မြန်မာကျောင်းပြောင်းခဲ့တာလည်းလေ။ ကျနော့်ရဲ့အခင်ရဆုံးအချစ်ရဆုံးသောသူတွေနဲ့ တွေ့ကြုံခဲ့ရတယ်။ မြန်မာပညာရေးအခြေအနေကို နားလည်သွားတယ်ပေါ့လေ။ 

ဒီလိုနဲ့ ၁၀တန်းစနစ်ဟောင်းနောက်ဆုံးနှစ်မှာ စာမေးပွဲမဖြေခဲ့ဘဲ OSSDတက်တယ် ပြီးတော့ ဟောအခုUKရောက်လာပြန်ကော။ ဘာထပ်ကြုံရဦးမလဲမသိပေမယ့် မျှော်လင့်နေဆဲပါပဲလို့ဆိုပါရစေ။ 

Moe Notes

Read more

"Earthquake Disaster Relief Campaign" အနှစ်ချုပ်

"Earthquake Disaster Relief Campaign" အနှစ်ချုပ်

ငလျင်ဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ခြင်း ဆိုတဲ့Campaignလေးကို Author Moeမှ ဧပြီလ ၁ ရက်နေ့မှ ၁၁ ရက်နေ့အထိ ပြုလုပ်ခဲ့ပါတယ်။ ဤကမ်ပိန်းမှ စုစုပေါင်း မြန်မာကျ

By Moe Htet
ငလျင်ဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ခြင်း။

ငလျင်ဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ခြင်း။

ယခုအချိန်အခါတွင် ငလျင်ဘေးဒဏ်ကြောင့် အတိဒုက္ခရောက်ကာ အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်နေကြရသော ကျွန်ုပ်တို့၏ ပြည်သူများအတွက် စာနာစိတ်ဖြင့် တတ်နိုင်သည့

By Moe Htet
ငလျင်အလွန် - မှန်ကန်တဲ့အကူအညီများမရရှိခြင်း

ငလျင်အလွန် - မှန်ကန်တဲ့အကူအညီများမရရှိခြင်း

အခု ငလျင်ဒဏ်ကြောင့် ပြည်သူတွေ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရချိန်မှာ စေတနာရှင်တွေ၊ အလှူရှင်တွေ ပေါများတာ ဝမ်းသာစရာပါ။ ကိုယ့်ပြည်သူအချင်းချင်း ဒုက္ခရေ

By Moe Htet
ငလျင်နဲ့ architecture သင်ခန်းစာ

ငလျင်နဲ့ architecture သင်ခန်းစာ

မနေ့ကဖြစ်ခဲ့တဲ့ ဖြစ်နေဆဲ ငလျင်ဘေးအန္တရာယ်ကို ရင်ဆိုင်ခဲ့ရတဲ့ မြန်မာပြည်အတွက် အင်မတန်ဝမ်းနည်းမိပါတယ်။ အဝေးကနေမို့လို့ ကူညီနိုင်တာ ငွေကြေးကလွဲ တစ်စုံတစ်

By Moe Htet