Brookesကျောင်းသားဟောင်း Foxtons CEOရဲ့ ပညာရေးမျှဝေခန်း။

Brookesကျောင်းသားဟောင်း Foxtons CEOရဲ့ ပညာရေးမျှဝေခန်း။

ဒီနေ့ညနေမှာ အင်္ဂလန်နိုင်ငံ Oxford မြို့ကOxford Brookes Universityကနေ လွန်ခဲ့တဲ့ နှစ် ၂၀ မှာ Engineering နဲ့ကော Businessနဲ့ပါကျောင်းပြီးခဲ့တဲ့ ကျောင်းသားလေးတစ်ဦး၊ အဲ့ကနေ Foxton ဆိုတဲ့ £၁၅၅သန်းတန် company တစ်ခုရဲ့CEOအဖြစ် သူဘယ်လိုကြိုးစားဖြစ်ခဲ့လဲဆိုတာတွေ ပြောပြသွားတယ်။


ဘဝဇာတ်ကြောင်းအကျဥ်း

ငယ်ဘဝတုန်းက Rally carဆိုတဲ့ကားသေးသေးလေးတွေနဲ့ မောင်းပြိုင်ကြတဲ့ပုံစံကို အင်မတန်နှစ်သက်ခဲ့တယ်။ စက်ပစ္စည်းတွေဖြုတ်တပ်ရတာကအစ သူ့ရဲ့အဘိုးအိမ်ကနေ အိမ်လာခွင့်မပေးတဲ့အထိ ဝါသနာထုံခဲ့တယ်။

ဒီလိုနဲ့ Oxford Brookesမှာ Motorsport engineeringဆိုတဲ့ Majorကိုစတင်ဆည်းပူးခဲ့တယ်။ ဒီမှာအပြောင်းအလဲကြီးကြီးမားမားဖြစ်ခဲ့တယ်။

ကျောင်းမှာ အလုပ်သင်နှစ် တစ်နှစ် ယူလို့ရတာကို သေချာရယူဖြစ်ခဲ့တယ်။ စာရေးစဥ်မနက်မှာတင်ဆုံးပါးသွားခဲ့တဲ့ သူ့ရဲ့mentorတစ်ဦးကနေ သူ့ကိုမြင်သာအောင်ပြောပြပေးခဲ့တယ်။

"မင်းက motorsportထက် ဒီအရာတွေကို manageလုပ်တာကို ဝါသနာပါနေတာ" ဆိုတာမျိုးပေါ့။

ဒီလိုနဲ့ သူဆုံးဖြတ်ချက်ချခဲ့တယ်။ သူအင်မတန်နှစ်သက်တဲ့ Motorsportကို ဝါသနာတစ်ခုအဖြစ်(သူ့opinionသပ်သပ်သာ)ပဲသတ်မှတ်တော့မယ်။

ရှာဖတ်ကြည့်လို့ရပါလိမ့်မယ်။ "Guy Gittins, CEO of Foxtons"


Key Moments

  • ပထမဦးဆုံးFoxtonsမှာအလုပ်ဝင်ဝင်ခြင်းလုပ်ခဲ့တုန်းက ခက်ခဲမှုတွေ၊ အလုပ်ထွက်ချင်စိတ်နဲ့ လွတ်မြောက်ချင်စိတ်
  • ရာထူးကြီးလာတာနဲ့အမျှ ရလာတဲ့အခွင့်အလမ်းတွေ Billion dollar Projectတစ်ခုရဲ့ကမ်းလှမ်းမှုကောင်းတွေနဲ့ ဆုံးဖြတ်ရခက်တဲ့ အခြေအနေတွေကို အကောင်းဆုံးအသုံးချခဲ့တာတွေ၊
  • အရှုံး ပေါင် ၂.၅သန်းပေါ်နေတဲ့ မကြာမီဒေဝါလီခံရတော့မယ့် companyတစ်ခုကို သူ့လက်ထက်မှာတင် ၁၅သန်းခန့်အမြတ်တင်ကျန်အောင် ဖန်တီးပေးခဲ့တာတွေ၊
  • နှစ်အနည်းငယ်အတွင်း ရှယ်ယာတန်ဖိုးထိုးဆင်းလာခဲ့တဲ့ ပထမဦးဆုံးcompanyကို CEO အဖြစ်ပြန်လည်ဝင်ရောက်တည်ဆောက်ခဲ့တာတွေ ပြောပြခဲ့တယ်။

သူ့ဘဝကအပြောင်းအလဲတွေ

  • ယခုအချိန်ထိပေါင်းသင်းနေတဲ့ သူငယ်ချင်းတွေနဲ့ အင်မတန်ပျော်စရာကောင်းတဲ့ Structured environment တစ်ခုဖြစ်တဲ့ ကျောင်း၊
  • Systematic အင်မတန်ဖြစ်လွန်းတဲ့ establishedဖြစ်ပြီးသား company၊
  • အင်မတန်စနစ်ကွဲပြားတဲ့ systemမကောင်းတဲ့ company

ဒါတွေအားလုံးရဲ့ကွာဟချက်တွေရှင်းပြခဲ့တယ်။


အပြန်အလှန်မေးခွန်းများ

  • ဒီBusinessကို UKတွင်းကနေ Global scaleကို တည်ဆောက်သွားဖို့အစီအစဥ်ရှိလား။
  • ဒီCareer changeတွေဆိုတာကိုဘယ်လိုသိနိုင်မလဲ။
  • Imposter syndromeဆိုတာရှိခဲ့လား။
  • ကိုယ့်အနီးအနားပတ်ဝန်းကျင်မှာ ကိုယ့်ကိုမလိုလားတဲ့သူရှိရင် ဘယ်လိုဖြေရှင်းနိုင်မလဲ။
  • Dataကြောင့်ဘယ်လောက်ထိအကျိုရှိခဲ့လဲ။
  • AIကအစားထိုးသွားနိုင်မလား။

သူကတော့ အားပါပါနဲ့ရှင်းပြတယ်။ ကျောင်းသားမို့လို့ စကားမပြောတတ်လို့ မမေးတတ်လို့ဆိုတာမျိုး လုံးဝမရှိဘဲ အင်မတန်professional ဆန်တဲ့ Idoliseလို့ရတဲ့figureတစ်ခုပါပဲ။


ကျနော့်Key takeaway

ကျောင်းgradesတွေက ကိုယ့်အလုပ်မှာ တိုက်ရိုက်အကူအညီဖြစ်လားဆိုတော့မဖြစ်ပါဘူး။ ဒါပေမယ့်

  • ဒီလိုလုပ်ခဲ့တဲ့ အကျိုးရလဒ် အသိဉာဏ်တွေ ပညာတွေ၊
  • အလုပ်ရှင်တွေကို ပြသနိုင်မယ့် ကိုယ့်ရဲ့အရည်အချင်း၊
  • ၃/၄နှစ်ကို အကျိုရှိခဲ့ကြောင်းအခြေအနေ။

ဒီအတွက် ဒီလိုgradesတွေကိုကောင်းအောင်သေချာကြိုးစားပါ။ ဒါကောင်းလို့ဒါရမယ်တော့ မရှိဘူး။ ဒါပေမယ့်ကိုယ့်အတွက်အကျိုးရှိတယ်။ ဒါဆိုလုပ်ပါ။ သူကတော့ First Class Honours(Universityရဲ့အကောင်းဆုံးအမှတ်တန်း) နဲ့အောင်မြင်ခဲ့တယ်။ Lower Second Class Honours (2:2)နဲ့တော့ ဘာမှမျှော်လင့်လို့မရဘူး အဲ့လိုပေါ့။


ပွဲမှာ အဓိကမှတ်သားစရာလေးတွေကတော့

  • အခုချိန်ကတည်းက Interpersonal skillဆိုတဲ့ အချင်းချင်းဆက်ဆံရေးကို သင်ယူထားဖို့၊
  • ကျောင်းမှာရှိရှိသမျှopportunitiesတွေ အသုံးချဖို့(အားကစား၊ လျှောက်လည်တာ၊ ပေါင်းသင်းတာ၊ အလုပ်၊...)
  • ကျောင်းပြီးတဲ့အခါ ဆိုတာကို စဥ်းစားPlanထားဖို့၊
  • ကျောင်းအမှတ်ကို အလေးအနက်ထားဖို့
  • ကြိုးစားမှုနဲ့ ကိုယ့်အစွမ်းကုန်ပေးဆပ်နိုင်ဖို့၊
  • Data(အချက်အလက်)တွေကို အကောင်းဆုံအသုံးချနိုင်ဖို့။

Conclusion

Architecture ကျောင်းသားတွေအတွက်ပဲဆိုရင်တော့ နာမည်ကြီးarchitectတွေ ဥပမာ - CJ Limတို့လိုမျိုးသူတွေကနေစလို့ အင်္ဂလန်ကထိပ်သီးကျောင်းတွေရဲ့ Professorတွေ၊ Establishedဖြစ်ပြီးသားသူတွေကနေ လာရောက်ဟောပြောပေးကြတယ်။

ဒီarchitectureနဲ့ပတ်သက်တဲ့ documentaryတွေလဲ ပြပေးတယ်။(အိပ်ချင်ပေမယ့် တကယ်စိတ်ဝင်စားဖို့ကောင်းပါတယ်။)

ဒီလိုနဲ့ပွဲလေးပြီးဆုံးသွားခဲ့ပါတယ်။ အင်မတန်အကျိုးရှိပါတယ်။ ကျောင်းစာတွေနဲ့အတူ ဒီလိုကိစ္စတွေဆိုတာက ကျောင်းသားတိုင်းမိဘတိုင်း အမြဲတစေစဥ်းစားထားရမယ့်အရာတွေပါ။

နောက်လဲတက်ဖြစ်အောင်တက်ပါဦးမယ်ဗျိုး။ ကျေးဇူးပါဖတ်ပေးခဲ့ကြလို့။


Read more

"Moe Notes Studio Journal" နှင့် သီးသန့်စကားဝိုင်း

"Moe Notes Studio Journal" နှင့် သီးသန့်စကားဝိုင်း

This article is also available in [English] အဆုံးမရှိ scroll လုပ်နေရတဲ့၊ ကျယ်လောင်တဲ့ algorithm တွေနဲ့ ခဏတာပဲမြင်ရတဲ့ social media post တွေကြားက ကမ္ဘာကြီးမှာ၊ တကယ့်စစ်မှန်တဲ့စကားဝိုင်းတစ်ခုဆိုတာ ဘာ

By Moe Htet
မပြီးဆုံးသေးသော တော်လှန်ရေး-လန်ဒန်မှ ဓာတ်ပုံဆရာတစ်ဦး၏ မှတ်စုများ

မပြီးဆုံးသေးသော တော်လှန်ရေး-လန်ဒန်မှ ဓာတ်ပုံဆရာတစ်ဦး၏ မှတ်စုများ

၈/၈/၂၀၂၅။ လန်ဒန်မြို့လယ်က Parliament Square မှာ အနီရောင်ဒေါင်းအလံတွေလွင့်ပျံတဲ့နေ့။ ဗီဒီယို/ဓာတ်ပုံဆရာတစ်ဦးအနေနဲ့ ကျနော့်အလုပ်က မှတ်တမ်းတင်ရုံပါ၊ သို့သော်ကျနော် မျက်နှာတွ

By Moe Htet