ကျောင်းတက်ရုံနဲ့ ဘာလို့ ITပစ္စည်းတွေလိုအပ်တာလဲ။

ကျောင်းတက်ရုံနဲ့ ဘာလို့ ITပစ္စည်းတွေလိုအပ်တာလဲ။

အခုလိုခေတ်အခုလိုအချိန်မှာ စာအုပ်နဲ့ဘောပင်ပဲကိုင်တာ စာရေးကိရိယာဆိုင်ပဲရှိပါတော့မယ်။ ဒီတော့ ကျောင်းတက်ဖို့ ဒီပစ္စည်းတွေဆိုတာ ဘာကြောင့်လိုအပ်တာလဲ။ မရှိရင်ကောမရဘူးလား။ မသုံးမဖြစ်ကိစ္စတွေလား။

ဒီခေါင်းစဥ်လေးကို စဥ်းစားချိန်မှာ ကျနော် အရာတော်တော်များများစဥ်းစားခဲ့တယ်။ ကျောင်းတက်ဖို့ပဲလား၊ ဘယ်မေဂျာမဆို အကျုံးဝင်လား၊ လူတိုင်းကော လက်လှမ်းမီနိုင်လား နားလည်နိုင်သလား။ ဒီလိုနဲ့ ဒီလိုရေးဖြစ်ခဲ့တယ်။

အရင်တုန်းက IT equipment ဆိုတဲ့ Postလေးတစ်ခု ကျနော်တင်ခဲ့ဖူးတယ်။ အဓိကကတော့ ကျနော် 1st yearမှာသုံးခဲ့ရတဲ့ Laptopရဲ့ကောင်းတာမကောင်းတာပေါ့။ အဲ့တုန်းကပြောခဲ့တဲ့အတိုင်းပဲ ကျနော့်Laptopက သုံးလို့မရတော့ဘူး ဟန်းလာတယ်။ ဒီလိုနဲ့ Laptopအပြင် အခြားသော IT equipmentလေးတွေပါဝယ်ဖြစ်ခဲ့တယ်။ d


ကျောင်းတက်ချိန် ဘာဖြစ်လို့ IT equipmentတွေလိုအပ်တာလဲ

အခုခေတ်မှာ ဆက်သွယ်ရလွယ်ကူစေဖို့ မြန်ဆန်ချောမွေ့စေဖို့ လုံခြုံမှုရှိစေဖို့ စည်းစနစ်ကျစေဖို့ IT ပစ္စည်းတွေ အသုံးပြုကြတယ်။ ဖုန်း၊ iPad၊ Smart watch၊ နားကြပ်ကနေစလို့ သက်ဆိုင်ရာ Professionတွေအလိုက် ဝယ်ယူကြရတယ်။

ကျောင်းသားတွေအတွက်တော့ တစ်ဦးနဲ့တစ်ဦးရဲ့ လိုအပ်ချက်က နီးစပ်လောက်တယ်။ ကျောင်းသွားကျောင်းပြန်သယ်ရမယ်။ Assignmentထပ်တာတွေ၊ သူငယ်ချင်းတွေနဲ. Socialiseရတာတွေ၊ ဆရာဆရာမတွေProfessorတွေနဲ့ စကားပြောရတာတွေအကုန်လုံးမှာ လိုအပ်တယ်။


မြန်မာနိုင်ငံအပါအဝင် တချို့သော ကျောင်းတွေမှာ ဘာဖြစ်လို့ Banထားကြတာလဲ။

ကိုယ့်နိုင်ငံကကျောင်းတွေအများစုမှာ ဖုန်းမသုံးရတဲ့ Policyတွေ ကလေးကို ဖုန်းပေးမကိုင်ခိုင်းတာတွေ သိမ်းတာတွေရှိပါတယ်။ အဓိကကတော့ ဖုန်းတွေရဲ့ ဆိုးရွားစွာထိခိုက်နိုင်တဲ့ပုံစံတွေကိုမြင်လို့ပဲ။

သူများတွေနဲ့ မိမိကိုယ်ကိုယှဥ်မိတာတွေလဲရှိတယ်။ ကလေးတွေအတတ်ကောင်းတွေတတ်တယ်။ ရည်းစားတွေရကြတယ် ထားကြတယ် ဘားတွေကလပ်တွေသွား coolဖြစ်ချင်ဇောအောက်မှာ ကျဆုံးကြတယ်။ (မကောင်းဘူးကောင်းတယ်မပြောဘူးနော် ဒါက အဆိုးဘက်ကိုရေးထားတာ)။

ဖုန်းတစ်လုံးရတာနဲ့ မျောက်အုန်းသီးရသလိုပါပဲဗျာ။

တကယ်တော့ ဖုန်းတွေကပြဿနာမဟုတ်ဘူးဗျ။ ဖုန်းတွေကြောင့် ဆိုတဲ့ခေါင်းစဥ်အောက်မှာ မိမိဆုံးဖြတ်နိုင်စွမ်းတွေကို မေးခွန်းမထုတ်မိကြဘူး။ အသုံးပြုတဲ့သူ နည်းလမ်းမမှန်တာကြောင့်ထိခိုက်တယ်ဆိုရင် ပိုမှန်တယ်။


ဘာလို့ ITပစ္စည်းတွေလိုအပ်တာလဲ။

မြန်မာနိုင်ငံနဲ့ တခြားသော နိုင်ငံတွေ အထူးသဖြင့်အနောက်နိုင်ငံတွေနဲ့ ကွာဟချက်က ဒီIT ပစ္စည်းတွေအပေါ်အသုံးချနိုင်စွမ်း။

ခေတ်ရဲ့ နောက်ပြန်ဆွဲနေတဲ့အခြေအနေ၊ လူတွေရဲ့အတွေးအခေါ်ပုံစံနဲ့ တလွဲအသုံးပြုမှုတွေကြောင့် တိုးတက်သင့်သလောက်မတိုးတက်တော့ဘူး။ ဒီတော့ ITပစ္စည်းတွေက အရေးမကြီးဘူးဖြစ်တယ်။

ပြည်ပကျောင်းတက်ဖို့ပြင်ဆင်ရုံအချိန်မှာတင်ပဲကို ကျောင်းကိစ္စတွေရှာဖွေရတယ်၊ ဖုန်းတွေခေါ်ရတယ်၊ အီးမေးတွေပို့ကြရတယ် မေးမြန်းကြရတယ်။ Brainstormရတယ် မှတ်ရတယ် ရေးရတယ်။ ဒီအတွက် ဖုန်းတို့ Laptopတို့ဆိုတာလိုအပ်လာတယ်။ ဒီလောက်သုံးဖို့လောက်ကတော့ သာမန်ဖုန်းလေးတစ်လုံးနဲ့ ရုံးသုံးLaptopတစ်လုံးလောက်နဲ့တင်ပြေတယ်။

ဟောတစ်ခါ ပြည်ပမှာ ကျောင်းတက်ရပြီ။ စာလုပ်ရပြီ။ သူငယ်ချင်းတွေနဲ့ Collaborateလုပ်ကြရတယ်။

  • ကျောင်းသွားကျောင်းပြန်နေ့နေ့ညညစာလုပ်ရတဲ့အခါ Assignmentထပ်ဖို့ Presentationလုပ်ဖို့ စာရေးဖို့ ရှာဖို့ Laptopကလိုအပ်လာတယ်။
  • စျေးဝယ်ရတဲ့အခါ ကတ်နဲ့ရှင်းရတာတွေ ဖုန်းနဲ့ရှင်းရတာတွေ အွန်လိုင်းက အော်ဒါမှာရတာတွေက ဖုန်းလိုအပ်လာတယ်။
  • ဘယ်သွားသွား လမ်းညွှန်ဖို့ Google mapအသုံးပြုရတာတွေ
  • စကားပြောဖို့ messengerတို့ whatsappတို့လို Appအသုံးပြုရတာတွေ

ဒီဖုန်းတွေ Laptopတွေကအဓိကဖြစ်လာတယ်။

ဒါတွေမရှိရင် နေထိုင်လို့မရဘူးလို့ဆိုရလောက်တဲ့အထိကို အရေးပါလာတယ်။


ဒီတော့ ဘယ်ပစ္စည်းတွေ ကျောင်းသားတွေအဓိကအသုံးပြုဖြစ်ကြလဲ။

အရေးအကြီးဆုံးပစ္စည်းတွေ

  • Phone (သာမန်ဖုန်းပြောလို့ရရုံဖုန်းတွေကစ နေ့တူတကွအသုံးပြုလို့ရတဲ့reliableဖြစ်တာတွေအထိ)
  • Laptop(ရုံးသုံးအိမ်သုံး Laptopမျိုးမှအစ Designတွေဆွဲလို့ရတဲ့ ဟာတွေအထိ)

တချို့အတွက်အရေးကြီးနိုင်သောပစ္စည်းတွေ

  • iPad
  • Headphones and/or earphones
  • Watch
  • Monitor
  • Camera
  • Tools တွေ Accessoriesတွေ။

လိုမလို ဘယ်လိုချင့်ချိန်ရမလဲ။

လူတိုင်းကတော့ အကောင်းတကာ့အကောင်းဆုံး စျေးအကြီးဆုံးပစ္စည်းတွေလိုချင်ကြတာကြီးပဲ။ ဒါပေမယ့် ပိုက်ဆံကုန်လို့ မဝယ်ကြဘူး။ ဒီတော့ မိမိလိုအပ်ချက်နဲ့ မိမိကုန်ကျနိုင်မယ့်ပိုက်ဆံကြားအကောင်းဆုံး ချင့်ချိန်တတ်ရတယ်။

  • မိမိတက်မယ့်ကျောင်းနဲ့မေဂျာ၊
  • မိမိရဲ့အလုပ်
  • လက်ရှိအသုံးပြုနေတဲ့ပုံစံနဲ့ ရေရှည်အသုံးပြုမယ့် ဖြစ်လာနိုင်တဲ့အခြေအနေတ

သိနိုင်ဖို့အတွက် အနီးစပ်ဆုံးကတော့ မိမိလက်ရှိအခြေအနေကိုပြန်လည်ဆန်းစစ်ပါ။ ဟုတ်တယ် ကိုယ့်မှာမရှိလို့အသုံးမပြုရတာ ရှိရင်တော့ လူတိုင်းသုံးတတ်တာပေါ့ မှန်ပါတယ်။ ဒီအခြေအနေထက်ပိုပြီးသိဖို့လိုအပ်ပါတယ်။


အမှားလုပ်တတ်တဲ့ကိစ္စ - စျေးအပေါ်ဆုံးကိုရွေးချယ်မိခြင်း

ဆိုပါစို့ ကိုယ်က လက်ရှိမှာ ကျောင်းကိစ္စပဲလုပ်နေရတယ်၊ ပုံလေးတွေထည့်လိုက်၊ Presentationတွေလုပ်လိုက်၊ ရုပ်ရှင်ကြည့်လိုက်ပေါ့။ ဒါဆိုရင် သာမန်ဖုန်းလေးတစ်လုံးနဲ့ ရုံးသုံးအိမ်သုံးLaptopလေးတစ်ခုပဲလိုအပ်တယ် စျေးကတော့ ဒေါ်လာ ၅၀၀/၁၀၀၀ ပေါ့။

ဒီလောက်နဲ့ ဝယ်ပြီးတော့မှ ကိုယ်က ပိုလိုအပ်လာတယ်။ ဥပမာ - Presentationဆိုရင်လဲ အများကြီးလုပ်လာရတယ် Appအကြီးကြီးတွေ လေးတာတွေသုံးလာရတယ်။ ပုံဆိုရင်လဲ အများကြီးရိုက်လာရတယ်။ ဖြစ်ချင်တော့ စျေးပေါတာဝယ်ထားမိလို့ စက်ကအမြဲဟန်းနေတယ်။ အလေးကြီးပဲ။ ဘတ်ထရီလဲမခဘူး။

နေ့တူတကွအသုံးပြုလာရတဲ့အခါ ဒီLaptopကမဖြစ်မနေလဲမှရတော့မယ်။ ဒီတော့ ထပ်ဝယ်တယ်၊ ငွေ ၂ ခါကုန်တယ်။


စျေးအနေအထားတွေဘယ်လောက်ရှိလဲ

Laptopတစ်ခုတည်းအတွက်ပဲပြောပါမယ်။

Brand တွေက ဖုန်းတွေလိုပါပဲ။ Reliableဖြစ်တဲ့ ယုံကြည်ရတဲ့Brandဆိုတာရှိတယ်။ သိပ်ပြီးမယုံကြည်ရတဲ့ သိပ်မခံတဲ့Brandဆိုတာရှိတယ်။

ဖုန်းတွေဆိုရင် Appleတို့Samsungတို့က အထိုက်အလျောက်ယုံကြည်ရတယ်။ Xiaomiတို့ Vivoတို့က Flagshipမဟုတ်ဘူး မယုံကြည်ရဘူးပေါ့အဲ့လိုပါ။

Laptopတွေကျတော့ Appleကသုံးနိုင်ရင်အကောင်းဆုံး။ ပြီးကျမှ Dellတို့ Microsoftတို့ Samsungတို့ကနေစလို့ ASUSတို့ Lenovoတို့ပေါ့။

စျေးအနေနဲ့ပြောရရင်တော့

  • သာမန်ရုံးသုံးအိမ်သုံးLaptopတွေအတွက် ဒေါ်လာ ၃၀၀/၄၀၀ လောက်ကနေစမယ်။ အနည်းဆုံး storage၊ အသေးဆုံးဆိုဒ်ပေါ့။ သူဆို ရုပ်ရှင်ကြည့်ရုံ လောက်တော့ရမယ်။ ကျောင်းအတွက်တော့ Recommendမလုပ်ဘူး။
  • Reliableဖြစ်တဲ့ Brandတွေရဲ့ အနည်းတကာ့အနည်းဆုံးစျေးတွေဆို ဒေါ်လာ ၁၀၀၀ လောက်ကစတယ်။ Macbook Air, Microsoft Surface, Dell XPSတို့။ သာမန်ကျောင်းသားတစ်ဦးအတွက် လုံလောက်နိုင်ပါတယ်။
  • Design Majorတွေ Computer Scienceတို့ စတဲ့ computer လိုအပ်ချက်မြင့်မားတာတွေအတွက်တော့ အနည်းဆုံးဘယ်လောက်လို့မပြောချင်ဘူး။ ပိုများနေရင်ဆဲခံရမှာ။ အများဆုံး ဒေါ်လာ ၄၀၀၀/၅၀၀၀ ပေါ့ဗျာ။

ကျနော့်လိုကျောင်းသားတွေအတွက် advice

ကျနော်က ဘာပစ္စည်းရရ သူ့ရဲ့ Maximum potentialကိုအသုံးချတတ်တယ်။ အခုချိန်လုံလောက်နေမယ့်ပစ္စည်းတစ်ခုက နောက်၁လ သို့မဟုတ် ၁ နှစ်နေရင် သုံးစားမရဖြစ်တတ်တယ်။ ဥပမာ - အခုနေ ကျောင်းကိစ္စပဲလုပ်နေမယ်ဆို နောက်တစ်နှစ်နေရင် Music Productionတွေလုပ်နေတာမျိုး Contentတွေရိုက်နေတာမျိုးပေါ့။

ပြောရရင် ကျနော့်ရဲ့လုပ်နိုင်စွမ်းအတွက် ကန့်သတ်နေတဲ့အရာက ကျနော်ကိုယ်တိုင်ပြောင်းလဲလို့မရတဲ့အရာမျိုး (ဥပမာ - မြန်မာနိုင်ငံမှာမို့လို့၊ နိုင်ငံခြားသွားဖို့ အိမ်က မထောက်ပံ့နိုင်လို့၊ ..)ပဲဖြစ်ရမယ်။ ဘာမဟုတ်တဲ့ Laptopလေးကဖြစ်နေလို့မရဘူး။ ဒီလိုပါ။

ကိုယ်က ကြိုးစားနိုင်စွမ်းရှိတယ်။ ဒီLaptopလေးအသုံးပြုလိုက်ရုံနဲ့တင် Unlockဖြစ်သွားနိုင်တဲ့ Opportunitiesတွေအများကြီးပဲ။ ဘာမဟုတ်တဲ့ စာရေးတာလေးကအစ Contentဖန်တီးချင်တာတွေ၊ လေ့လာချင်တဲ့ skillsတွေ။ အကုန်လုံးပေါ့။

ဒီလိုသူတွေ ရေရှည်ပိုစဥ်းစားပါ။ ငွေသုံးနိုင်ရင်အသုံးပြုပါ နောင်တမရနိုင်ပါဘူး။


Laptopအကြောင်းဘယ်ကရှာဖွေရမလဲ။

YouTube၊ Blogတွေ ဗီဒီယိုတွေ Redditတို့ Quoraတို့ကနေ ကြည့်နိုင်တယ်။ Laptop manufacturerတစ်ခုချင်းစီရဲ့ Websiteမှာ Specတွေရှိတယ်။ လေ့လာလို့ရတယ်။

မှာချင်ရင်လဲ နိုင်ငံခြားမှာဆိုရင် မူရင်းထုတ်လုပ်သူရဲ့ Official websiteကနေပဲမှာပါ။ မှာလို့မရရင် Authorized resellerတွေ ဆိုင်တွေကနေဝယ်ပါ။ Shopeeတို့ Amazonတို့ကနေမမှာပါနဲ့။

နောက်တစ်ခုက Return policyကိုလေ့လာပါ။ Laptopတစ်ခုခုဖြစ်ရင် လဲရတာမျိုး ပြင်ရတာလွယ်တာမျိုးကို ဦးစားပေးရွေးချယ်ပါ။

ကျနော်အသုံးပြုတာတွေကိုတော့ အထူးတလည်မဖော်ပြတော့ဘူး။ အကြံလိုချင်ရင်တော့ ပေးနိုင်ပါတယ်။


အော် Laptopဝယ်ပြီးရုံနဲ့တင်မပြီးဘူးနော်။ Laptop accessoriesတွေ၊ Softwareဖိုးတွေ ကျန်ပါသေးတယ်ဗျိုး။

Read more

Moe Notes Studio Journal #1: A Trap, A Guide, and An Unfaded Sound

(Burmese Version) Moe Notes Studio Journal #1: ထောင်ချောက်တစ်ခု၊ လမ်းညွှန်တစ်ခု၊ နှင့် မမှိန်ဖျော့သေးသော အသံတစ်သံ Issue #1 | Monday, 18 August 2025 မင်္ဂလာပါမိတ်ဆွေ။ Moe Notes ကနေ ပထမဆုံးအကြိမ်ပို့လိုက်တဲ

By Moe Htet
"Moe Notes Studio Journal" နှင့် သီးသန့်စကားဝိုင်း

"Moe Notes Studio Journal" နှင့် သီးသန့်စကားဝိုင်း

This article is also available in [English] အဆုံးမရှိ scroll လုပ်နေရတဲ့၊ ကျယ်လောင်တဲ့ algorithm တွေနဲ့ ခဏတာပဲမြင်ရတဲ့ social media post တွေကြားက ကမ္ဘာကြီးမှာ၊ တကယ့်စစ်မှန်တဲ့စကားဝိုင်းတစ်ခုဆိုတာ ဘာ

By Moe Htet