ပြည်ပရောက်တဲ့အခါ Lonelinessကိုဘယ်လို ဖြေရှင်းလဲ။

ခွဲခွာခြင်းနဲ့ ဆုံစည်းခြင်းကို လက်မခံနိုင်ကြတဲ့အခါမျိုး အတိတ်ကို ပြန်သွားချင်တဲ့အခါမျိုးမှာ အထီးကျန်ခြင်းကို ကြုံတွေ့ရတာသဘာဝပါ။ ဒီအခြေအနေကို အကောင်းဆုံး adaptလုပ်နိုင်ရင် ကျော်ဖြတ်နိုင်ရင် အဆင်ပြေမယ်။ မကျော်ဖြတ်နိုင်ရင်တော့အဆင်မပြေဘူး။ 

ပြည်ပရောက်တဲ့အခါ Lonelinessကိုဘယ်လို ဖြေရှင်းလဲ။

ခွဲခွာခြင်းနဲ့ ဆုံစည်းခြင်းကို လက်မခံနိုင်ကြတဲ့အခါမျိုး အတိတ်ကို ပြန်သွားချင်တဲ့အခါမျိုးမှာ အထီးကျန်ခြင်းကို ကြုံတွေ့ရတာသဘာဝပါ။ ဒီအခြေအနေကို အကောင်းဆုံး adaptလုပ်နိုင်ရင် ကျော်ဖြတ်နိုင်ရင် အဆင်ပြေမယ်။ မကျော်ဖြတ်နိုင်ရင်တော့အဆင်မပြေဘူး။ 

ကျော်ဖြတ်တယ်ဆိုတာက သတိမရတော့ဖို့ ပြည်ပရောက်သွားပြီး ကိုယ့်အိမ်ကိုယ့်နိုင်ငံကသူတွေကို မေ့သွားဖို့လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဒွန်တွဲဖြေရှင်းသွားဖို့ပါ။​

  • အထီးကျန်ခြင်းရဲ့အဓိပ္ပာယ်၊
  • ပြည်ပရောက်သွားတဲ့အခါလူတွေဘာလို့အထီးကျန်ကြတာလဲ၊
  • ခက်အခဲတွေကြားထဲမှာ ပိုပြီးဆိုးရွားလာတဲ့စိတ်အခြေအနေ၊
  • ဒီလောက်ထိမဖြစ်အောင်ဘာလုပ်ရမလဲ၊
  • မိမိရဲ့အထီးကျန်မှုကို ပံ့ပိုးနေတဲ့အရာများ
  • နိုင်ငံခြားမှာ ဘယ်လိုsocialiseကြလဲ၊
  • ကျနော်ဘယ်လိုဖြတ်သန်းလဲ။ 

အထီးကျန်ခြင်းရဲ့အဓိပ္ပာယ်။ 

အထီးကျန်တယ်ဆိုတာ တကယ်တော့ Depressionဝင်တာနဲ့ ဆက်စပ်တယ်​။​လူတွေက စိတ်ဓာတ်ကျတယ်ဆိုတာကို အလွယ်တကူပြောနေဖြစ်ကြတယ်။​ စိတ်ညစ်တာနဲ့စိတ်ဓာတ်ကျတာကိုမကွဲပြာတာပေါ့။ 

ကျနော်ဟိုး... အရင် အင်္ဂလိပ်ကျောင်းကနေ မြန်မာကျောင်းပြောင်းတာရဲ့ အပြောင်းအလဲမှာ အဆင်မပြေတာတွေများလို့ စိတ်ညစ်တယ်။ ဘာဆိုဘာမှအာရုံစိုက်လို့မရဘူး။ နေ့နေ့ညညစိတ်ညစ်နေတယ်။​ အနာဂတ်ဆိုတာလဲ ဘာမှန်းမသိ။ အတိိတ်ဆိုတာလဲ ပျော်စရာကောင်းခဲ့တယ်ပေါ့။ 

နောက်တော့လဲ ပိုပြီးကောင်းတဲ့သူတွေ မိတ်ဆွေတွေ ချစ်ရသူတွေနဲ့ ဆုံးစည်းဖြစ်ပြန်တော့လဲ ပျော်စရာအတိဖြစ်ရပြန်တယ်။ ဖြစ်ပြီးတဲ့နောက် UKရောက်လာပြန်တယ်။ ဝေးကွာရပြန်တယ်။​

ဒါပေမယ့်လဲ စကားတွေပြန်ပြောဖြစ်ကြလိုက် စကြလိုက်နောက်ကြလိုက်နဲ့ကျ အဆင်ပြေသွားပြန်ကော။​


ပြည်ပရောက်သွားတဲ့အခါလူတွေဘာလို့အထီးကျန်ကြတာလဲ။

ပတ်ဝန်းကျင်နဲ့ ဝေးကွာမှု

အနီးစပ်ဆုံး မြန်မာနိုင်ငံကနေ ထိုင်းရောက်သွားတယ်ပဲဆိုပါစေဦး။ ကိုယ်တစ်သက်လုံးနေထိုင်လာတဲ့ပတ်ဝန်းကျင်လဲမဟုတ်၊ ကိုယ်နဲ့သိတဲ့သူရယ်လို့လဲ လက်ချိုးရေလို့ရတယ်လေ။ ဘယ်လောက်ပဲ အစားအသောက်တွေကောင်းကောင်း ဘယ်လောက်ပဲဖွံ့ဖြိုးတိုးတက်နေပါစေ တိုင်းတစ်ပါးမြေက ကိုယ်မွေးဖွားရာမြေကိုတော့ ဘယ်မီပါ့မလဲ။ 

လူငယ်တွေအသီးသီး နိုင်ငံခြားထွက်ကုန်ကြတယ်။ မိသားစုလိုက် ပြောင်းတယ်ဆိုတာ တော်ရုံတန်ရုံ ခပ်ရှားရှား။ အများစုက တစ်ဦးတည်း သို့မဟုတ် မောင်နှမတွေ စုပေါင်းပြီး ပြည်ပထွက်လာကြတာ။ သူငယ်ချင်းတွေလဲရှိချင်မှရှိမယ်။ အကုန်လုံးကပြန့်ကျဲကုန်ကြတယ်။ 

ဒီလိုနဲ့ ဝေးကွာလာကြတယ်။ 

Internetရှိပေမယ့်လဲ Time zoneကွာဟချက်တွေ၊ အလုပ်အားတဲ့အချိန် စာလုပ်ဖို့ အားတဲ့အချိန် ဒါတွေ အကုန်လုံးညှိနှိုင်းလာရတဲ့အခါမှာ လူတွေအတွက်အထီးကျန်တယ်ဆိုတာဖြစ်လာတယ်။​


ခက်ခဲကြမ်းတမ်းမှုတွေ

စားဖို့ သောက်ဖို့ နေဖို့ထိုင်ဖို့ အစစအရာရာအကုန်လုံးတစ်ဦးတည်းmanageလုပ်ရတယ်။ ဟင်းချက်တဲ့သူဆိုရင်လဲ​အတူစားပေးဖို့ အဖော်မရှိဘူး။ အတူသွားအတူလာဖို့ အချိန်တွေတူတူဖြုန်းဖို့ အဖော်မရှိဘူး။ 

ငွေနဲ့ပတ်သက်ရင်လဲ သိပ်ကို စျေးကြီးလှတယ်။ ဘယ်ဟာလေးပဲစားချင်ချင် မျိုသိပ်ထားရတယ်။ စားချင်တာစားရဖို့နေနေ စားလို့ရရုံလေးနေနေရတာမျိုးပေါ့။ အခန်းဆိုရင်လဲ ကိုယ့်အိမ်ကိုယ် အခန်းနဲ့ ရေချိုးခန်းနဲ့ နေခဲ့သမျှ သူများနိုင်ငံမှာ သူများနဲ့ ဝေမျှရတယ်။ မနေ့တစ်နေ့ကမှစသိတဲ့သူတွေနဲ့ 24/7 နေနေရတယ်။ 

ကျောင်းစာတွေဆိုလဲ နိုင်ငံခြားဘာသာစကားတစ်ခုနဲ့ သင်ရတယ်။​ အင်္ဂလိပ်စာကို နေ့နေ့ညညအသုံးပြုရတယ်။ Universityဆိုတော့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ကိုယ့်နိုင်ငံမှာလိုမျိုး A ရဖို့ အမှတ်ပြည့်ရဖို့ဆိုတာ သိပ်ခက်ခဲတယ်။ အသစ်အသစ်သော စာသင်ကြားတဲ့ပုံစံတွေနဲ့သင်ရတယ်။ ဒီတော့ ခက်ခဲကြတယ်။​

အလုပ်နဲ့သွားကြတဲ့သူတွေဆိုရင်လဲ ကိုယ်ရတဲ့ အလုပ်ပေါ်မူတည်ပြီး ခက်ခဲကြတယ်။ သာမန်လက်လုပ်လက်စားအလုပ်နဲ့ ထွက်လာကြတဲ့သူတွေအတွက် နေစရိတ်စားစရိတ်ကာမိဖို့အနိုင်နိုင် ရုန်းကန်နေရတယ်။ ပြည်ပသာထွက်လာတယ် ရန်ကုန်မပြန်ရုံတမယ်ပဲ။ စုမိဆောင်းမိတာလဲတော်ရုံမရှိ။ ပညာတစ်ခုတတ်ကျွမ်းထားလို့ လာတဲ့သူတွေဆိုရင်တော့ ကောင်းပါတယ်။ 


ဝေဝါးနေဆဲအနာဂတ်

အနာဂတ်မှာ ကိုယ်ချစ်တဲ့သူတွေနဲ့ပြန်ဆုံနိုင်မလား။ ကိုယ်ချစ်တဲ့နိုင်ငံက ကိုယ်ထားခဲ့တုန်းကလိုအကောင်းအတိုင်းရှိနေမလား။ ကိုယ့်မိဘတွေ ကိုယ့်ငယ်သူငယ်ချင်းတွေ ဒီလူတွေကော ဖြတ်ကျော်နိုင်ပါ့မလား၊​ စိုးရိမ်ရတယ်။ ပြည်ပမှာ အခြေချမယ်တို့ မြန်မာနိုင်ငံမကောင်းဘူးတို့ဆိုတာ လူအများမျှော်လင့်တဲ့အရာ။ 

ကျနော်ကတော့ ကိုယ်မွေးဖွားခဲ့တဲ့နိုင်ငံ ကိုယ်ချစ်တဲ့နိုင်ငံမို့လို့ နိုင်ငံကိုချစ်တယ်။ မြေကိုချစ်တယ်။ တောတောင်ရေမြေကိုချစ်တယ်။ လူတွေဘယ်လောက်ပဲ ဆိုးရွားနေပါစေ နိမ့်ကျနေပါစေ ထိုနိုင်ငံမှာ ကျနော်သိကျွမ်းခဲ့တဲ့ မိတ်ဆွေတွေ ချစ်ရသူတွေကို မြတ်နိုးတယ်။ မိတ်ဆွေအသစ်တွေဘယ်လောက်ပဲရရ ငယ်သူငယ်ချင်းတွေလောက်တော့ ရင်းနီးနိုင်မှာမှမဟုတ်တာ။ 

ဒီလိုပဲ ကျနော်ကိုယ်တိုင်ကလဲ အောက်ခြေလွတ်ပြီး မြန်မာစကားမပြောတတ်တာကို ဂုဏ်ယူနေမယ့်သူလဲမဟုတ်။ ကိုယ်လာတဲ့နိုင်ငံကို မေ့ပျောက်သွားမယ့်သူလဲမဟုတ်။ ဟုတ်တယ် ဒီနိုင်ငံသားလို့ ဂုဏ်ယူစရာတော့မရှိဘူး။ ဒါပေမယ့် ဂုဏ်ယူစရာရှိိအောင်ကြိုးစားရမယ့်တာဝန်တော့ ကျနော်တို့ဆီမှာရှိတယ်။


အခက်အခဲတွေကြားထဲမှာ ပိုပြီးဆိုးရွားလာတဲ့စိတ်အခြေအနေ

တဖြည်းဖြည်းနဲ့ အခက်အခဲတွေကြား​ရုန်းကန်နေရင်း နေ့စဥ်လုပ်တဲ့အလုပ်တွေက အစ သိပ်ခက်ခဲလှတယ်။

UK ရောက်ရောက်ခြင်း အမိမြေပြန်ချင်တဲ့စိတ်ဖြစ်တာအမှန်ပဲ။​ ဒါတောင်နော် ကျနော်ကိုယ်တိုင်လဲ မြန်မာနိုင်ငံရဲ့ ခက်ခဲတဲ့ အခြေအနေတွေ၊ ဆိုးရွားလှတဲ့သူတွေကြား ရှင်သန်ခဲ့ရတဲ့သူတစ်ဦး။ ဒါပေမယ့်ပြန်ချင်တယ်။ ပြန်လာဖို့ ငွေရှိရင်တောင် မဖြစ်နိုင်တဲ့အခြေအနေ။ 

အရာအားလုံး ကြုံတွေ့နေတဲ့ကြား စိတ်တွေက အမြဲတမ်း ရှုပ်ထွေးလာတယ်။ လူတွေနဲ့ဝေးကွာလာတယ်။ သူငယ်ချင်းတွေ မိတ်ဆွေတွေ ချစ်သူရည်းစား ဒီလိုသူတွေ လိုင်းပေါ်ကဖြစ်စေ အပြင်မှာဖြစ်စေ ရှိနေရင်အဆင်ပြေပါသေးတယ်။ 

မရှိခဲ့ရင်တော့ ဒီသူတစ်ဦးအတွက် ထွက်ပေါက်လိုအပ်လာတယ်။ ထွက်ပေါက်မှားရင်တော့

  • အရက်၊ ဆေးလိပ်၊ မူးယစ်ဆေး၊ Vape စတာတွေ သုံးစွဲတာတွေ လွန်လွန်ကြူးကြူး ဖြစ်လာလိမ့်မယ်။ 
  • ရည်းစားတွေ one night standတွေ Casual hook upဆိုတဲ့ အပျော်ကျူးတာတွေနဲ့ ဖြစ်လာလိမ့်မယ်။ 
  • စိတ်ကျရောဂါလိုမျိုးခံစားရပြီး နေ့စဥ်လုပ်တဲ့အလုပ်တွေကအစ အင်မတန်ခက်ခဲလာမယ်။ 

တဖြည်းဖြည်းနဲ့ ခြေလှမ်းတွေမှားလာတော့ ကျောင်းစာ၊ အလုပ်၊ မိမိပတ်ဝန်းကျင် ဒါတွေအကုန်လုံးထိခိုက်လာတယ်။


ဒီလောက်ထိမဖြစ်အောင်ဘာလုပ်ရမလဲ။

ပြဿနာကို ရှာဖွေပါ။ ပြီးရင်ထိုပြဿနာရဲ့အဖြေကို ရှာဖွေပါ။​

လူတွေက ကိုယ်ဖြစ်နေတဲ့ ပြဿနာရဲ့အဖြေကိုပဲသိချင်တယ်။ ပြဿနာကိုတော့ သေသေချာချာနားမလည်ဘူး။

ကိုယ်ဖြစ်နေတဲ့ အခြေအနေက 

  • ဘာကြောင့်ဖြစ်တာလဲ၊
  • ဘယ်သူတွေပါဝင်လဲ၊
  • ဘယ်လိုအချိန်မှာဖြစ်တတ်လဲ၊
  • ဘယ်လိုဖြစ်တတ်လဲ.

ဒါတွေ သိထားရမယ်။ 

Case 1: ပြဿနာရဲ့အကြောင်းအရင်း - Gaslightတတ်တဲ့ကောင်မလေး

စည်သူဆိုတဲ့ကောင်လေးရှိတယ်။

စည်သူက ကျောင်းစာတွေလဲမပြီးဘူး အိမ်မှာလဲ အရမ်းခက်ခဲနေတယ် စားသောက်ဖို့လဲ ပြင်ဆင်ချင်စိတ်မရှိဘူး။ ဒီတော့ သူစိတ်ညစ်တယ်။ သူ့ပြဿနာဘာလဲဆိုတာသူမသိဘူး။ သူ့အိမ်နဲ့လဲအဆင်မပြေဘူး။ အာရုံတွေနောက်နေတယ်။ ဒီတော့ သူစဥ်းစားတယ်။​ တခြားသူတွေတောင်အေးအေးဆေးဆေး နေနေနိုင်တာ ငါက ဘာဖြစ်လို့ အဆင်မပြေဖြစ်နေတာလဲ။​

ဒီလိုနဲ့ သူနည်းအမျိုးမျိုးကြံဆကြည့်တယ်။ အမှန်တကယ်ပြဿနာဖြစ်နေတာက ဘယ်သူနဲ့မှမဟုတ်ဘူး သူ့အနီးအနားမှာရှိနေတဲ့သူတွေနဲ့။ သူ့အိမ်နဲ့ ပြဿနာဖြစ်တယ်အဆင်မပြေဘူး။ ဒီလိုပဲ သူ့ကောင်မလေးနဲ့လဲ အဆင်မပြေဘူး။ 

သူ့ကောင်မလေးက အရမ်းပူးကပ်နေတယ်။ Toxicဖြစ်တယ်။ သဘောကတော့ သူမဟုတ်လဲအခြားသူတွေအများကြီးရှိတဲ့ Supportiveမဖြစ်တဲ့ ကောင်မလေးမျိုးပေါ့။ ဒီလိုမျိုးကြောင့် သူစိတ်ညစ်တယ်ဆိုတာမသိဘူး။ နောက်တော့ ဖြတ်လိုက်တယ်။​ အကုန်အဆင်ပြေသွားတယ်။

သူပြုပြင်လို့ မရတဲ့ငွေကြေးအခက်အခဲမှအပ သူ့စိတ်ကနေဖြစ်တည်လာတဲ့ ပြဿနာအကုန် အဆင်ပြေသွားတယ်။

Case 2: ကိုယ်မဖြေရှင်းနိုင်တဲ့ပြဿနာ

သော်ကတော့ ကျောင်းစာတွေလဲလုပ်နိုင်တယ် အကုန်လုံးတော့လုပ်နိုင်တယ်။ ခက်တာက သူက သူတစ်ဦးတည်းသိတယ် သူလုပ်နိုင်တယ်လို့ယူဆတယ်။ ကြာလာတော့ သူမလုပ်နိုင်တာတွေ စိတ်ကူးတိုင်းမဖြစ်တာတွေ များလာတဲ့အခါမှာ သူစိတ်ညစ်လာတယ်။ အထူးသဖြင့် ငွေကြေး။

ဥပမာ - ရန်ကုန်မှာ ဆက်ရှိနေလဲ အဆင်ပြေတယ် ရန်ကုန်ကြီးက ဘာမှမဖြစ်သေးတာတို့ ရန်ကုန်တက္ကသိုလ်လဲ အဆင်ပြေပါတယ် နိုင်ငံခြားဘွဲ့တွေ onlineပေါ်ကနေလဲ တက်လို့ရတယ်တို့။ ဘာလုပ်လုပ် ကြိုးစားတိုင်းဖြစ်နိုင်တယ်လို့ သူထင်တယ်။ ဒါပေမယ့် အဆင်မပြေတာတွေဖြစ်လာတယ်။ 

နိုင်ငံခြားထွက်မယ်ဆိုပြီး ကြိုးစားတယ်။ ဒီတော့ နိုင်ငံခြားထွက်တာအရမ်းခက်ခဲနေသလိုဖြစ်နေတယ်။ စိတ်ညစ်တယ်။ လူတိုင်းနဲ့အဆင်မပြေဘူး။ ဒီလိုမျိုးပေါ့။

တကယ်တော့ ဒီလိုပြဿနာမျိုးဆိုတာ ကိုယ့်ဟာကိုယ် ဖြေရှင်းတတ်ရပါတယ်။ ပြဿနာတိုင်းမှာ တိကျတဲ့အဖြေမရှိသလို အခုလိုမျိုး နိုင်ငံခြားထွက်ရမလား ရန်ကုန်မှာဆက်နေရမလားဆိုတာကလဲ သူ့အတွက် အကြီးမားဆုံးပုဒ်စာတစ်ခု။ ငွေကြေးမရှိတော့ ပိုဆိုးတာပေါ့။ 


မိမိရဲ့အထီးကျန်မှုကို ပံ့ပိုးနေတဲ့အရာများ

ကိုယ်အထီးကျန်တာကို ပံ့ပိုးနေတဲ့အရာဆိုတာရှိတယ်။ ဒါကိုသိမှ ပြဿနာကိုဖြေရှင်းနိုင်မယ်။ ကိုယ့်ဆီမှာရှိနေတဲ့တစ််ခုခုကြောင့် ဥပမာ - ကိုယ့်စိတ်လဲဖြစ်နိုင်တယ်။ 

ဥပမာ - ကိုယ်က အရာရာကို ကြောက်ရွံ့နေတတ်တဲ့သူမျိုးလား။ ဒါဆိုရင် ဒီကြောက်ရွံ့တဲ့ကိစ္စကို 

  • ဘယ်လိုဖြေရှင်းမလဲ။
  • ကြောက်ရွံ့မှုက မြစ်ဖြားတည်လာတာ ဘယ်ကလဲ။
  • ဒီsourceကို ဖျက်ဆီးပစ်လို့ရလား။​ 
  • ဖျက်ဆီးမရဘူး ငယ်ဘဝကတည်းကဆို ဒီအကျင့် ဒီ Paradigm ကို ပြုပြင်ရမယ်။​ 

ဒီလိုမျိုးရှာဖွေရတယ်။ 

ကိုယ်က အပေါင်းအသင်းနဲ့နေတတ်တဲ့ socialiseတတ်တဲဲ့သူမျိုး အပေါင်းအသင်းများတာကြိုက်တဲဲ့သူဆိုကိစ္စမရှိလောက်ပေမယ့် ကျနော်တို့လိုမျိုး တစ်ဦးတည်းနေတတ်တဲ့သူမျိုး ဆိုရင်အခက်အခဲဖြစ်တယ်။ 

ကိုယ်မြေမှာ ကိုယ်ချစ်တဲ့သူ ကိုယ့်ချစ်သူတွေ မိသားစုတွေနဲ့နေခဲ့တဲ့သူတစ်ဦးက နိုင်ငံခြားရောက်သွားတဲ့အခါ တစ်ဦးတည်းဖြစ်သွားတတ်ကြတယ်။​ တကယ်တော့ ပြန်စုံနိုင်မယ့်နေ့ရက်လေးတွေကို ရေတွက်ရင်းနဲ့ ဖြတ်သန်းနေရတာပဲလေ။ 

သူငယ်ချင်းတွေအများကြီးရှိလဲ ကိုယ့်ကိုအလေးအနက်ထားတယ် တန်ဖိုးထားတယ် ကိုယ့်စိတ်နဲ့ ကိုယ်ဆိုတဲ့သူကို ပေါင်းချင်လို့ပေါင်းတယ်ဆိုတဲ့သူဆိုတာ လက်ချိုးရေလို့ရတယ်။ ကိုယ့်ကိုကောင်းစေချင်လို့ သူတို့အကျိုးထိခိုက်ပြီး လုပ်ပေးတဲ့သူဆိုတာ ပိုလို့ကိုရှားတယ်။ တကယ်တော့ ကိုယ်က Introvertဖြစ်လဲ ကိစ္စမရှိဘူး။  introvertဖြစ်လို့ အထီးကျန်တာမဟုတ်ဘူး။ 

သူငယ်ချင်းတွေအများကြီးရှိနေလဲ စစချင်းမှာတော့ ကိုယ့်ကိုတကယ်ခင်မင်ရင်းနီးလို့ အတူရှိနေကြတဲ့သူတွေလို့ ထင်ရကောင်းထင်ရနိုင်ပေမယ့် ရေရှည်မှာတော့ တစ်ဦးပြီးတစ်ဦးထွက်သွားကြတာချည်းပဲ။ အထူးသဖြင့် ကိုယ့်ဘက်ကနေ ဘာတစ်ခုမှမပေးနိုင်တဲ့အခါ ကိုယ့်အနားရှိနေမယ့်သူဆိုတာ ရှားတယ်ဗျ။ Extroverted typeကနေ Introverted typeမျိုးပြောင်းလဲသွားကြတဲဲ့ သဘောပါ။​


နိုင်ငံခြားမှာ ဘယ်လိုsocialiseကြလဲ။​ ကျနော်ဘယ်လိုဖြတ်သန်းလဲ။ 

ကျနော့်လိုသူမျိုးကတော့ အပေါင်းအသင်းရှားလဲမရှားသလို အပေါင်းအသင်းလဲမများပါဘူး။ 

ကျနော် UKစရောက်ကတည်းကနေ အခုချိန်အထိ အကောင်းဆုံးဆုံးဖြတ်ချက်တွေကတော့ 

  • ကိုယ်ရင်းနီးတဲ့သူတွေကို ပိုပြီးအချိန်ပေးတာ၊ ကိုယ်မရင်းနီးတဲ့ ကိုယ်နဲ့မခင်မင်တဲ့ ကိုယ့်အပေါ်မကောင်းတဲ့သူတွေကို အဆက်အသွယ်ဖြတ်တာ။ 
  • အခုလိုမျိုး daily diary သဘောမျိုးစာလေးတွေရေးဖြစ်တာ (နောင်တစ်ချိန် စာအုပ်တွေဘာတွေထွက်တဲ့အခါ အားပေးဦး)
  • ပြည်ပရောက်မြန်မာတွေအချင်းချင်း ကူညီပေးကြတဲ့ Fundraising ပွဲတွေ ဆန္ဒပြပွဲတွေကို သွားရောက်အားပေးတာ။
  • ကိုယ်ဝါသနာပါတဲ့ကိစ္စလေးတွေကို အားတဲ့အချိန်တိုင်း လုပ်ဖြစ်တာ (စာရေးတာ၊ စကားပြောတာ၊​ ဟင်းချက်တာ၊ စက်ဘီးစီးတာ၊ …)

ဘယ်လောက်ပဲ အားနေပါစေ အလုပ်ရှုပ်နေပါစေ အထီးကျန်ချင်တဲ့အချိန်တိုင်းအထီးကျန်တာမို့လို့​ ကျနော်ကတော့ ကိုယ်တကယ်ရင်းနီးပါတယ်ဆိုတဲဲ့သူတွေနဲ့စကားပြောတယ် ကျနော်ချစ်တဲ့သူတွေနဲ့စကားပြောတယ်။​ ကျနော်ချစ်ပါတယ်သူတို့ကို။ သူတို့လဲ ကျနော့်ကိုချစ်ကြတယ်။ အရေးကြီးတာအဲ့တာပဲလေ။​

အားတိုင်းလဲ ဘုန်းကြီးကျောင်းသွားဖြစ်တယ်။ စိတ်အရမ်းညစ်လာတဲ့အခါမျိုးဆို တရားထိုင်တယ် ဘုန်းကြီးကျောင်းမှာ သွားကူပေးဖြစ်တယ် ဒီလိုမျိုးပါ။​

မိတ်ဆွေတို့လဲ ဝါသနာပါရာလေးတွေလုပ် ဖုန်းလေးတစ်လုံးနဲ့ videoလေးတွေရိုက် စလုပ်ကြည့်။ နောက်ပိုင်းကျမှ ကင်မရာတွေ ဘာတွေထပ်ဖြည့်ပေါ့။ ဝါသနာပါရင်ပါသလိုပေါ့ဗျာ။​ ကိုယ့်ဟာကိုယ် levelတစ်ခုထိရောက်အောင် အရင်ကြိုးစားပါ။​ သူ့ဟာသူ အဆင်ပြေလာပါလိမ့်မယ်။ 


Conclusion

အရေးကြီးတာကတော့ စိတ်ညစ်တယ်ဆိုတာက နေ့စဥ်ရက်ဆက်ဖြစ်နေရင် မေ့မထားနဲ့ ဒီအရာကိုဖြေရှင်းပါ။ တချို့အရာတွေက အတွေးလေးတစ်ချက်ပြောင်းလဲလိုက်တာနဲ့ အဆင်ပြေသွားတယ်။ တချို့အရာတွေကျတော့ အချိန်ယူပြီး ဖြေရှင်းရတာမျိုးပါ။

သူငယ်ချင်းတွေကို ကိုယ်ဖြစ်နေတာတွေပြောပြပါ။ သိချင်တာရှိရင် သို့မဟုတ် ဆိုးရွားလာရင်တော့ တယ်လီကျန်းမာတို့ Onlineပေါ်က Mental healthအတွက် ကြိုးစားလုပ်ကိုင်နေကြတဲ့ ဆေးခန်းမျိုးပြကြည့်နိုင်ပါတယ်။ 


Read more

December 2024 Life Update

ကျနော့်ရဲ့life update လေးပြောပြထားပါတယ်။ အကျဥ်းချုပ်ကတော့ Oxford Brookesရဲ့ Architecture ဒုတိယနှစ် ကျောင်းတက်ခဲ့ဖြစ်တဲ့အခြေအနေတွေ အခြားသော updateလေးတွေပါ။ videoလေးကတော့ တစ်ခုခုကိုအာရုံစိုက်နေရတဲ

By Moe Htet
မိဘနဲ့သားသမီးကြားပြဿနာဘယ်လိုဖြေရှင်းရမလဲ

မိဘနဲ့သားသမီးကြားပြဿနာဘယ်လိုဖြေရှင်းရမလဲ

နေ့လည်တုန်းက ကျနော့်မိတ်ဆွေတစ်ဦးရဲ့မိဘနဲ့စကားပြောဖြစ်လိုက်တယ်။ ထွေထွေထူးထူးမဟုတ်ပါဘူး UKမှာ ကျောင်းတက်ရင် ဘယ်လိုမျိုးလဲ၊ ကျောင်းရွေးသင့်မရွေးသင့်၊ ငွေဘယ်လောက်လေ

By Moe Htet