စိတ်ညစ်တာကို ဘယ်လိုကုစားရမလဲ။

စိတ်ဆိုတာ ကိုယ်စေတဲ့အတိုင်းမသွားတဲ့အခါ၊​ အမြဲလိုလိုငေးမှိုင်နေတဲ့အခါ၊ မျှော်လင့်ချက်မဲ့စွာနဲ့တစ်ရက်ပြီးတစ်ရက် ရှင်သန််နေရတဲ့အခါခက်ခဲလာတယ်။ ဘယ်လိုကုစားရမလဲ။

စိတ်ညစ်တာကို ဘယ်လိုကုစားရမလဲ။

စိတ်ဆိုတာ ကိုယ်စေတဲ့အတိုင်းမသွားတဲ့အခါ၊​ အမြဲလိုလိုငေးမှိုင်နေတဲ့အခါ၊ မျှော်လင့်ချက်မဲ့စွာနဲ့တစ်ရက်ပြီးတစ်ရက် ရှင်သန််နေရတဲ့အခါခက်ခဲလာတယ်။ ဘယ်လိုကုစားရမလဲ။

တခြားသူတစ်ဦး ပျော်တာကို ဖန်တီးနိုင်တာက ကိုယ့်ကိုယ်ကိုပျော်အောင်လုပ်တာထက် ပိုပြီးအဓိပ္ပာယ်ပြည့်စုံတယ်လေ

ကျနော့်မှာအိမ်မက်တစ်ခုရှိတယ်။ အဲ့တာ ကျနော့်ကြောင့် လူတွေအားလုံး အဆင်ပြေချောမွေ့တဲ့ဘဝတစ်ခုပိုင်ဆိုင်ရစေဖို့။ တစ်နည်းအားဖြင့်တော့ အချင်းချင်း မနာလိုစိတ်တွေ၊ စိတ်ယုတ်တွေမရှိကြတော့ဘဲနဲ့ တစ်ဦးအပေါ်တစ်ဦး ချစ်ခြင်းမေတ္တာတွေ၊ ဂရုဏာတွေ၊ ကြင်နာမှုတွေနဲ့ရှေ့ဆက်စေဖို့။ စိတ်ညစ်စရာမရှိစေဖို့။ ဘာဖြစ်လို့ကုစားဖို့ သိပ်အရေးကြီးတာလဲ။

  • စိတ်ညစ်တယ်ဆိုတာဘာလဲ။ ဘာကြောင့်လူတွေစိတ်ညစ်တာလဲ။
  • အခြေအနေအလိုက်ကွာဟမှုတွေ
  • အသက်အရွယ်အလိုက် အတွေ့အကြုံအလိုက် ပြောင်းလဲမှုတွေ။
  • Social mediaရဲ့ရိုက်ခတ်မှု
  • လေ့ကျင့်ခန်းလုပ်ပါ။​
  • Learn to say no.
  • ကိုယ့်ကိုယ်ကို မညှင်းဆဲပါနဲ့ (Perfectionism)
  • ကိုယ့်ကိုယ်ကိုယုံကြည်ပါ။
  • ခြေတစ်လှမ်းဆုတ်ပါ။

စိတ်ညစ်တယ်ဆိုတာဘာလဲ။ ဘာကြောင့်လူတွေစိတ်ညစ်တာလဲ။​

စိတ်ညစ်တယ်ဆိုတာက အဆင်မပြေမှုတစ်ခုခုကြုံလာရတဲ့အခါ စိတ်ညစ်တယ်လို့ သုံးနှုန်းကြတယ်။ ထလို့မရဘူးထိုင်လို့မရဘူး။ တစ်ခုခုလုပ်ရမယ်ဆိုတာလဲသိနေတယ် လုပ်ဖို့အားမရှိဘူး။ အသက်ရှူလို့လဲမရဘူး။ လုပ်စရာတွေလဲပြည့်နှက်နေတယ်။ ဆေးဖို့ပန်းကန်တွေပုံလာတယ်၊ လျှော်စရာအဝတ်တွေ များလာတယ်။ ဒါပေမယ့် စိတ်ညစ်နေတယ်။ 

အကြောင်းအမျိုးမျိုးရှိတယ်။ 

  • ကျောင်းသားတစ်ဦးအတွက် စာမေးပွဲအမှတ်နည်းတာ စိတ်ညစ်စရာဖြစ်သလိုပဲ စားစရာချွေတာနေရသူအတွက် စားစရာနည်းလာတာ စိတ်ညစ်စရာပဲ။ 
  • စျေးရောင်းတဲ့သူတစ်ဦးအတွက် မိုးရွာတာက စိတ်ညစ်စရာဖြစ်သလို 
  • လွတ်လပ်ချင်တဲ့ငှက်ကလေးတစ်ကောင်အတွက် လှောင်အိမ်ထဲနေနေရတာဟာစိတ်ညစ်စရာပဲ။ လှောင်အိမ်ထဲက လူငယ်တွေပေါ့။ 

စိတ်ညစ်တယ်ဆိုတဲ့ကိစ္စက ခဏလေးလဲဖြစ်နိုင်တယ်။ မိုးရွာနေတဲ့အခါ စိတ်ညစ်တဲ့စျေးသည်လေးတစ်ဦးအတွက် မိုးတိတ်သွားရင် မိုးရာသီကုန်သွားရင် ရပ်တန့်သွားပြီ။ ဒီလိုပဲ တဖြည်းဖြည်းနဲ့စုစုလာရင်း ဆိုးလာတာမျိုးလဲဖြစ်နိုင်တယ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လွတ်လပ်ခွင့်ရှိချင်တဲ့သူတစ်ဦးအတွက် အိမ်က ချုပ်ချယ်တာမျိုး နိုင်ငံက ချုပ်နှောင်ထားတာမျိုးဆိုရင်လဲ စိတ်ညစ်စရာပဲလေ။ 

ဘာကြောင့်ဆိုတာသိရဲ့လား

ခက်တာက ဘာကြောင့်စိတ်ညစ်တယ်ဆိုတာ မသိဘူးဖြစ်နေတဲ့သူတွေ အများကြီးပဲ။ အလိုလိုနေရင်းထိုင်ရင်း ငေးလို့တွေးလို့ဖြစ်နေတယ်။ အပြင်ကိုငေးကြည့်တိုင်းလဲ စိတ်ညစ်နေတာမျိုး ကိုယ့်ဘဝကိုယ်စိတ်ညစ်နေတာမျိုးပေါ့။ ငါ့ဘဝဘာကြောင့် ဒီလောက်ထိ ဖြစ်ခဲ့တာလဲ။ အဲ့လိုပါ။ 

ကိုယ့်ကိုယ်ကို စိတ်ညစ်နေတယ်ဆိုတာ အသိအမှတ်ပြုဖို့လိုတယ်။ နားလည်လက်ခံဖို့လိုအပ်တယ်။ ဒါမှသာ အဖြေတစ်ခုရှာဖွေနိုင်မယ်ဖြေရှင်းပေးနိုင်မယ်။ စိတ်ညစ်တယ်ဆိုတာက ကိုယ်အပါအဝင်ပတ်ဝန်းကျင်ကဘယ်သူမဆို ဖြစ်နေကြမှာပဲ။

ဘယ်နိုင်ငံ ဘယ်နေရာက ဘယ်သူမဆို ဘယ်လောက်ကြီးပဲ social mediaက ပျော်ရွှင်နေတဲ့ဘဝတွေကို ပြောပြနေနေ လူပဲလေ စိတ်ညစ်စရာမရှိဘဲနေမလား။


အခြေအနေအလိုက်ကွာဟမှုတွေ

“အရုပ်လေးတစ်ရုပ်မရလို့ စိတ်ညစ်နေတယ်။​ သူများတွေစားစရာမရှိတာ ဘယ်လိုလုပ်မလဲ။”

အသက်အရွယ်အလိုက် အခြေအနေအလိုက် အတိုင်းအတာကွာခြားပါတယ်။ 

အဆင်မပြေတဲ့ အခြေအနေက လူငယ်တစ်ဦးအတွက် စိတ်ညစ်တယ်ဆိုတာက ကုန်စျေးနှုန်းတွေတက်လို့၊ အိမ်ကမိုးယိုနေလဲဘာမှမပြင်ဆင်နိုင်လို့၊ အိမ်မှာ လူတွေအများကြီးစုပြီးမနေချင်တော့လို့၊ ဘတ်စ်ကားမစီးချင်တော့လို့။

သာမန့်အဆင့်အတန်းက လူငယ်တစ်ဦးအတွက် စိတ်ညစ်တယ်ဆိုတာ အခုချိန် နိုင်ငံခြားမထွက်နိုင််လို့၊ အိမ်ကမထောက်ပံ့ပေးနိုင်လို့၊ စာသင်ချင်ပေမယ့် မသင်ရလို့။​

နိုင်ငံခြားရောက်နေတဲ့သူတစ်ဦးအတွက် စိတ်ညစ်တယ်ဆိုတာက ငွေလဲနှုန်းတွေတက်လာလို့ ကျောင်းတက်ဖို့အတွက်အဆင်ပြေနိုင်ပေမယ့် အလုပ်တွေလဲလုပ်၊ စာတွေလဲမနည်းကြိုးစား၊ ရပ်ဝေးမှာ 24/7 ကြိုးစားနေမှသာ အဆင်ပြေလို့။ 

ပြည်ပမှာ ဘွဲ့ရပြီးအလုပ်ရှိနေတဲ့သူတစ်ဦးအတွက် အလုပ်ကပေးတဲ့pressureတွေများလို့ အိမ်က ကိုယ့်မိသားစုကို စိတ်ပူလို့ စုမိဆောင်းမိအောင်ကြိုးစားပေမယ့် ဘာမှမစုဆောင်းမိလို့။ 

ကျနော်ပြောပြချင်တာက အလွှာအလိုက် အခြေအနေလိုက် စိတ်ညစ်စရာတွေပူပန်စရာတွေက မတူညီနိုင်သလို အခြားသူတစ်ဦးအတွက် စိတ်ညစ်စရာက မိမိအတွက်တော့ ဘာမှမဟုတ်တဲ့ကိစ္စတစ်ခုဖြစ်ကောင်းဖြစ်နေလိမ့်မယ်။ ဒီအတွက် အသိအမှတ်ပြုပေးရမယ် ကွာဟချက်ကိုနားလည်ပေးရမယ်။ ဒါမှသာ ရှေ့ဆက်နိုင်မယ်။ 


အသက်အရွယ်အလိုက် အတွေ့အကြုံအလိုက် ပြောင်းလဲမှုတွေ။

မိဘရဲ့ပြုစုပျိုးထောင်လာတဲ့ပုံစံပေါ်မှာလဲ မူတည်နိုင်တယ်။ ကောင်းကောင်းမွန်မွန်ပြုစုပျိုးထောင်လာခဲ့တဲ့သူတစ်ဦးက စိတ်အေးနိုင်တယ်၊ ငြိမ်ငြိမ်လေးနဲ့ ဘယ်ပြဿနာမဆို ဖြေရှင်းနိုင်တယ်။ ခိုက်ရန်ဖြစ်ပွားတာတွေ၊ အော်ဟစ်သောင်းကျန်းတာတွေဘာတစ်ခုမှမပါဝင်ဘဲနဲ့ အဆင်ပြေပြေနဲ့ ဖြေရှင်းနိုင်တယ်။ 

သိပ်ပြီးအဆင်မပြေခဲ့တဲ့ relationshipကလာတဲ့သူတစ်ယောက်အတွက်တော့ ဘာမဟုတ်တဲ့ကိစ္စလေးတွေကိုပါ sensitiveဖြစ်နိုင်တယ်။ ဒီလိုပဲ ငယ်စဥ်traumaတွေကြောင့် ကိုယ့်ဘက်က သတိထားဆက်ဆံရတာမျိုးကအစ ဖြစ်နိုင်တယ်။ ဒါကိုနားလည်ထားရမယ်။ 

ကလေးငယ်လေးတစ်ဦးအတွက် သူလိုချင်တာမရရင် သူငိုမယ်၊ ဒါဆိုရင် သူစိတ်ညစ်တယ်လို့သတ်မှတ်နိုင်တယ်။ ဒီလိုပဲ လိုချင်တာတွေ တဖြည်းဖြည်းပိုမိုများပြားလာတဲ့အခါမှာ ပိုမိုခက်ခဲလာတဲ့အခါမှာ ပိုမိုစိတ်ညစ်နိုင်တယ်။ ဒီလိုပဲ ခံနိုင်ရည်လဲ ပိုမိုရှိနိုင်တယ်။ 

ငယ်စဥ်တုန်းကတော့ ကိုယ့်ဘဝမှာရှိတာက ကျောင်းစာ၊ စာမေးပွဲအမှတ်နည်းတာကအစ နာကျင်နိုင်ပေမယ့် အသက်တဖြည်းဖြည်းကြီးလာတဲ့အခါမှာ စာမေးပွဲအမှတ်နည်းတာလောက်က ကိုယ့်ဘဝမှာရှိတဲ့အရာတွေပေါင်းများစွာထဲကတစ်ခုမို့ ပိုမိုသာသာယာယာနဲ့ ရှေ့ဆက်နိုင်လိမ့်မယ်။

ဒီလိုပဲ စစချင်းမှာတော့ ကိုယ့်haterတွေက စကားလေးတစ်ခွန်းလောက်နဲ့နာကျင်နိုင်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ ၁၀ ခွန်းပြောမှ နာကျင်မှာမျိုးပေါ့။ အရည်ထူလာတာပေါ့ဗျာ။ 


Social mediaရဲ့ရိုက်ခတ်မှု

အခုနောက်ပိုင်းsocial mediaကြောင့် ထိခိုက်မှုတွေကလဲ အများကြီးပဲ။ ပြောရရင် ကျနော်ကိုယ်တိုင်လဲ​ဒီplatformကိုအသုံးပြုနေရပေမယ့် ဒီလိုမျိုး စာတွေရေးဖို့ ဖတ်ဖို့ လူတွေနဲ့ဆက်သွယ်ဖို့ ဒီလောက်ပဲအသုံးပြုတာ။ ဒီထက်ပိုပြီးတော့ အသုံးပြုရင် ကျနော့်အတွက်ထိခိုက်မှုတွေ အများကြီးရှိလာနိုင်တယ်။ 

Social Mediaရဲ့ Persona(သို့မဟုတ်) သူတစ်ပါးကို ‘ပြသ’ ထားသော identity

Social mediaဆိုတာက ဒီအကောင့်အသုံးပြုသူကိုယ်တိုင်က သူ့ဘဝအကြောင်း သူပြချင်တာပြလို့ရတယ် ဖုံးချင်တာဖုံးလို့ရတယ်။ ကိုယ့်ဒဏ်ရာကို ပေါ်ပေါ်ထင်ထင်နဲ့ ပြသမယ့်သူထက် ကိုယ်အဆင်ပြေနေတာကိုသာ ပြသချင်တဲ့သူတွေများပြားလိမ့််မယ်။

ပျော်စရာဟာသတွေ ရီစရာpostတွေ ဝေမျှကြမယ်။ အလှပုံလေးတွေမျှဝေကြမယ်။ ခက်တာက အများစုသော ကိစ္စတွေက fakeတွေဖြစ်နေတာပဲ။ 

Fake Relationships

ချစ်သူရည်းစားတွေ social mediaမှာ အရမ်းချစ်ပြကြတယ်။ ဘယ််လောက်တောင်ချစ်နေတာ ဘယ်လောက်တောင် ဂရုစိုက်ပေးတာ စာနာပေးတာ။ လက်တွေ့ဘဝမှာတော့ တစ်ဦးနဲ့တစ်ဦးက စကားတောင်ကောင်းကောင်းမွန်မွန်ပြောတော့တာမဟုတ်။

ခက်တာက ဘယ်သူမှမသိကြ၊​လူတွေထင်တာ သူတို့ချစ်ကြတယ်၊​ ဒီဘဝမျိုးလိုချင်တယ်၊ မရနိုင်လို့ စိတ်ညစ်ကြတယ် ကိုယ့်ချစ်သူကိုယ် အပြစ်တင်ကြတယ်။ 

“သူများကောင်လေးတွေ သူတို့ကောင်မလေးကို ဘယ်လိုတွေ ဝယ်ပေးတာ၊ ဘယ်လိုတွေ တူတူလုပ်ကြတာ၊ နင်နဲ့ငါနဲ့ ဘာလုပ်ခွင့်ရလဲ။” 

ဒီလိုနဲ့စိတ်ညစ်ရပြန်တယ်။​

Social mediaရဲ့ အတုအယောင်များ

ဒီလိုပဲ social မှာ တင်ထားကြတဲ့အရာတွေအကုန်လုံးက အစစ်အမှန်မဟုတ်ဘူးဆိုတာ သဘောပေါက်ကြရမယ်။ ပုံတွေဆိုတာeditလို့ရတယ်၊ ကြိုက်တဲ့နေရာက ကြိုက်သလို ပြုပြင်လို့ရတယ် ဖန်တီးလို့ရတယ် အခုလိုAIခေတ်ဆိုတော့ပိုဆိုးပေါ့။ ရုပ်ဆိုးတဲ့သူက ချောအောင်လုပ်လို့ရတယ်။ ခန္တာကိုယ်ဝတဲ့သူက ပိန်အောင်လုပ်လို့ရတယ်။

ပုံရိုက်ဖို့သီးသန့် အလင်းရောင်တွေ angleတွေ ချိန်တယ်။ ဗိုက်တွေချပ်၊ ရင်နဲ့တင်တွေကော့ အဲ့လိုပေါ့။ Cameraတွေကလဲ အရပ်ရှည်အောင်လုပ်ပေးတဲ့ ရိုက်နည်းတို့ကအစ ရှိနေတာကိုး။ ဒါတွေသဘောပေါက်ရမယ်။ 

ဒါတွေသိထားလို့ ဘာမှမကြိုးစားရတော့ဘူးလားဆိုတော့ မဟုတ်ပါဘူးတင်လို့ရပါတယ်။ အစစ်အမှန်နဲ့ အတုအယောင်နဲ့ခွဲခြားတတ်ဖို့ ပြောချင်တာပါ။​ စိတ်ညစ်

ဒီစိတ်ညစ်တာကိုဘယ်လိုကုစားရမလဲ။​ (Workout, Talk to people, Find the cause)


လေ့ကျင့်ခန်းလုပ်ပါ။​

အားကစားလုပ်ရင် နေလို့ကောင်းတာအကုန်လုံးအသိပါပဲ။ နေလို့လဲကောင်းတယ် ကိုယ့်ခန္တာကိုယ်အတွက်လဲကောင်းတယ်။ စိတ်ညစ်စေတာတွေလဲ အပြီးတိုင်မပျောက်နိုင်ပေမယ့် အတိုင်းအတာတစ်ခုထိလျှော့ချနိုင်တယ်။

လူတွေရဲ့ခန္တာကိုယ်ကိုက တိုက်ခန်းတစ်နေရာထဲမှာ 24/7 နေနေဖို့ ဖန်တီးထားတာမှမဟုတ်တာ။ သွားလာနေဖို့ သဘာဝတရားကြီးနဲ့ thriveဖို့ ဖန်တီးထားတာမျိုးလေ။​

ဒီတော့ စက်ဘီးစီးရတာကြိုက်ရင်စီး၊ လမ်းလျှောက်လို့ကြိုက်ရင်လုပ် အရေးကြီးတာက လှုပ်ရှားနေဖို့ပဲ။ ဗလတက်လာစရာမလိုဘူး ပိန်သွားစရာမလိုဘူး ရုတ်တရက် ဘာမှသိသာနေမှာမဟုတ်ဘူး ပြီးကျမှသူ့ဟာသူသိသာလာလိမ့်မယ် တစ်လလဲကြာနိုင်တယ် တစ်နှစ်လဲကြာနိုင်တယ်။ စိတ်ကျန်းမာရေးကတော့ တစ်ရက်ဆိုတစ်ရက် တိုးတက်လာလိမ့်မယ်။ 

လေ့ကျင့်ခန်းလုပ်ရတာကြိုက်ဖို့လဲ ကြိုးစား။ နေ့စဥ်နေ့တိုင်းလုပ်နေရင်း မသွားရရင်မနေနိုင်တဲ့ပုံစံမျိုးအထိ ဖြစ်သွားအောင်ကြိုးစား၊ စွဲနေအောင်ကြိုးစား။ ဒီလိုနဲ့ အာဟာရပြည့်ဝအောင်စားသောက်နိုင်လာမယ်၊ အိပ်ချိန်လဲမှန််လာမယ်၊ နေလို့လဲကောင်းလာမယ် ဒီလိုနဲ့ စိတ်ကျန်းမာရေးအဆင်ပြေလာမယ်။ 


Learn to say no.

ငြင်းဆန်ဖို့လိုအပ်ရင်ငြင်းဆန်ပါ။ 

🍀စကားမပြောချင်ဘူးမလား ငြင်းဆန်ပါ။​ ကိုယ်လုပ်ချင်တဲ့ကိစ္စတစ်ခုကို လုပ်ခွင့်မပေးဘူးမလား။ ငြင်းဆန်ပါ ရုန်းထွက်ပါ။ လူတွေက “အားနာတယ်” ဆိုတဲ့စကားလေးနဲ့ပဲ အကုန်လုံးကို ကျောခိုင်းပစ်တယ်။ အထူးသဖြင့် မိမိခံစားချက်။

✣ ဆိုပါစို့ ကိုယ့်ကို မွေးနေ့တစ်ခု ပွဲတစ်ခုကို ဖိတ်တယ်၊​ ကိုယ်လဲမပျော်လို့မသွားချင်ဘူး။ ဒါကို အားနာလို့ သွားလိုက်ပါဦးမယ်ဆိုပြီးသွားတယ်။ လူမှုရေးအရဆိုပြီးပေါ့။ 

✣  တကယ့်တကယ်က ကိုယ်လဲသွားချင်မှသွားသင့်တယ်။ arrogantဖြစ်တယ်လို့ ထင်ကြမယ်လဲမထင်ဘူး။ ဘာလို့ဆို ကိုယ်တောင် မသွားချင်လောက်တဲ့ထိrelationshipသူတို့နဲ့ရှိနေတာ သူတို့လဲ ဖိတ်ချင်လို့ဖိတ်တာလဲဖြစ်ချင်မှဖြစ်မှာလေ။​ “အားနာလို့” ဖိတ်လိုက်ပါမယ်ဆိုပြီး ကိုယ့်ကိုဖိတ်တာဆိုရင်ကော။ 

✣  ငြင်းဆန်တယ်ဆိုကတည်းကိုက ကိုယ့်စိတ်ထဲမှာတင် ခိုင်လုံတဲ့အကြောင်းပြချက်တစ်ခုခုရှိနေလို့ပေါ့။ အားနာလို့ဆိုတာကိုလဲ ကိုယ့်ရဲ့မပြောရဲမဆိုရဲဖြစ်တာအတွက် အကြောင်းပြချက်ကောင်းတစ်ခုမဖြစ်ပါစေနဲ့။ Speak up for yourselfပါ။ 

✣  ကိုယ်တွေက သူများကိုသာအလေးထားကြတယ် ကိုယ့်အတွက်ကိုယ်တော့မေ့နေကြတယ်။ တခြားသူတစ်ဦးကိုအလေးထားသလို မိိမိကိုယ််ကိုလဲ အလေးထားဖို့ဆိုလိုချင်တာပါ။ (တစ်ကိုယ်ကောင်းဆန်သူများမှအပ)


ကိုယ့်ကိုယ်ကို မညှင်းဆဲပါနဲ့ (Perfectionism)

🧚🏼‍♂️ Perfectionismဆိုတာ အရာရာကိုအကောင်းဆုံးဖြစ်လိုစိတ်၊ မလုံလောက်တဲ့ ဘာနဲ့မှမကျေနပ်တဲ့စိတ်၊ တစ်နည်းအားဖြင့် ကိုယ့်ကိုယ်ကိုညှင်းဆဲတဲ့စိတ်။ စာမေးပွဲမှာ ၆၀ ရရင် ၇၀ရချင်တယ်။ ၉၀ ရရင် ၁၀၀မှ ကျေနပ်တယ်။ ကောင်းတဲ့အခါမျိုးရှိတယ် မကောင်းတဲ့အခါလဲရှိတယ်။ 

✣  အထိန်းအကြောင်းတတ်ရင်တော့ မဆုတ်မနစ်ကြိုးစားတတ်တဲ့စိတ်နဲ့ အရာရာကို ဇွဲနဲ့ ရှေ့ဆက်နေနိုင်မယ်။ အရှုံးမပေးဘူးပေါ့။ အရာရာကို အကောင်းဆုံးလုပ်မယ်ပေါ့။ 

✣  လွန်သွားတဲ့အခါမျိုးမှာဆိုရင်တော့ လွတ်သွားတတ်တယ်။​ လက်ရှိ ဖြစ်နေတဲ့အရာဘာတစ်ခုမှကိုမကျေနပ်နိုင်တော့ဘဲ မပျော်နိုင်တော့ဘူး။ ဒီလိုမျိုးကို အရာအားလုံးမှာလိုချင်နေတယ်။​ ခက်တာက ဘယ်အရာမှမှ perfectဖြစ်တာမှမဟုတ်တာ။ 

အိုးလုပ်တယ်ဆိုပါစို့။

✣  အိုးတိုင်းမှာ အနာအဆာဆိုတာပါတာပဲ လိုချင်တဲ့ပုံစံအတိုင်းအတိအကျဖြစ်ချင်မှဖြစ်မယ််။ အိုးတိုင်းကို perfectဖြစ်နေစေချင်ရင် ပြီးတော့မှာမှမဟုတ်တာ။ ဒီတစ်အိုးတည်းကိုပဲ ကောင်းမွန်အောင်ပြုပြင်နေရင်း တခြားသောအရာတွေအကုန်လုံးမှာ လွတ်လွတ်သွားတတ်တယ်။ တစ်ခုသာ perfectဖြစ်သွားတယ် ကျန်တဲ့ ၁၀ခုလုံး ဘာမှမပြီးလိုက်ဘူး။

✣ ဒီလိုပြောလို့ comfort zoneထဲနေနေရမယ်လို့ မဆိုလိုပါဘူးနော်။ ကိုယ့်ကိုယ်ကို အမြဲpushလုပ်နေရမယ်ဟုတ်တယ်။ လုပ်သင့်သလောက်လုပ် မလုပ်သင့်ဘူးထင်ရင် မလုပ်နဲ့။ အမြဲတမ်းကြီး pushနေဖို့မလိုသလို အမြဲတမ်း အနားယူနေစရာမလိုပါဘူး။ 


ကိုယ့်ကိုယ်ကိုယုံကြည်ပါ။

✣  ကိုယ်ဘာအလုပ်လုပ်သည်ဖြစ်စေ ကိုယ့်ဆီမှာ flawဆိုတာရှိမှာပဲ အတိုင်းအတာတစ်ခုဆိုတာရှိမှာပဲ။ ဒီအတိုင်းအတာကိုနားလည်ထားရမယ်။ ပြီးရင်ဖောက်ထွက်ဖို့ကြိုးစားရမယ်။ 

✣  ငှက်လေးတစ်ကောင်က သူ့လှောင်အိမ်ထဲမှာတော့ အမြင့်ဆုံးက ခေါင်မိုးဖြစ်လိမ့်မယ်။ ဒီလိုပဲ တိရိစ္ဆာန်ဥယျာဥ်ထဲက ကျားတစ်ကောင်ရဲ့ အပြေးနိုင်ဆုံးအကွာအဝေးက အဲ့ဥယျာဥ်ထဲပဲ ဖြစ်လိမ့်မယ်။ 

✣  ကိုယ်စိတ်ညစ်တယ်ဆိုတာကလဲ ကိုယ့်ကြောင့်အများကြီးသက်ဆိုင်နိုင်ပါတယ်။ 

✣  တချို့သူတွေ သူများအပြောအဆို အရမ်းစိုးရိမ်တယ်။ သူများပြောတာကိုသေမတတ်ကြောက်ကြတယ်။ အထင်သေးမှာကိုပေါ့။ Don’t be insecure။ ကိုယ့်ကိုဘယ်သူကမှဂရုစိုက်နေတာလဲမဟုတ်ဘူး။ ဟုတ်တယ်ကဲ့ရဲ့တတ်တဲ့သူတွေရှိတယ်။ သို့ပေမယ့် သူတို့လဲဘယ်လောက်ကဲ့ရဲ့နိုင်မှာလဲ။ 

✣ တကယ်တော့ arrogant(ဒေါ်သထွက်လွယ်)အဖြစ်ဆုံးသူတွေက insecurity(စိတ်မလုံခြုံမှု) အများဆုံး ကိုယ့်ကိုယ်ကိုမသိဆုံးဖြစ်တဲ့သူတွေဖြစ်တတ်တယ်။ family issue(မိသားစုတွင်းပြဿနာ)ရှိလို့ သိမ်ငယ်စိတ်ရှိလို့ ဖုံးထားချင်လို့ ဒီလိုမျိုးpersonaနဲ့ ဖုံးအုပ်လိုက်ကြတာမျိုး။

✣ တကယ်တော့လဲ အဲ့လိုမျိုးarrogantဖြစ်တဲ့သူတွေက သနားဖို့လဲကောင်းတယ်။ သူတို့မှာ လူအများနှစ်သက်တာလဲခံချင်တယ် ခက်တာက မနှစ်သက်ကြအောင်ပဲ သူ့အကျင့်ကဖြစ်နေတာမျိုးလေ။ 


ခြေတစ်လှမ်းဆုတ်ပါ။ 

♥️ ဘယ်ကိစ္စပဲလုပ်နေနေ ခြေတစ်လှမ်းဆုတ်ပါ ဒီလိုနဲ့ အခြေအနေကိုလေ့လာပါသုံးသပ်ပါ ပြီးရင်အဖြေရှာပါ။ အဓိကက စိတ်ညစ်တယ်ဆိုတာက အကြောင်းအရင်းရှိပါတယ်။ ကိုယ်တိုင်ဖြေရှင်းလို့ရတာဖြေရှင်းပါ။ တစ်လှမ်းစီလှမ်းပါ။ မဖြေရှင်းနိုင်တာဆို အကောင်းဆုံးmanageပါ။ 

✣ ကျနော်ကိုယ်တိုင်လဲ စိတ်ညစ်စရာအကြောင်းအရာတွေအများကြီးပါ။ ဒါပေမယ့် အကောင်းဆုံးmanageလုပ်တတ်ဖို့ လိုအပ်သလို ချိန်ဆတတ်ဖို့ ကြိုးစားနေဆဲပါ။

✣ တကယ်တော့ အခုလိုမျိုး စာတွေရေးနေဖြစ်တယ် ရေးနေချင်တယ်ဆိုတာက  “ငါလူတွေကို ကူညီပေးဖြစ်တာပဲ ကူညီနေတာပဲ။ ဘာပဲဖြစ်ဖြစ် တစ်လုံးသိရသိရ နှစ်လုံးသိရသိရ အဆင်ပြေတယ်လေ”။

တခြားသူတစ်ဦး ပျော်တာကို ဖန်တီးနိုင်တာက ကိုယ့်ကိုယ်ကိုပျော်အောင်လုပ်တာထက် ပိုပြီးအဓိပ္ပာယ်ပြည့်စုံတယ်လေ


Read more

December 2024 Life Update

ကျနော့်ရဲ့life update လေးပြောပြထားပါတယ်။ အကျဥ်းချုပ်ကတော့ Oxford Brookesရဲ့ Architecture ဒုတိယနှစ် ကျောင်းတက်ခဲ့ဖြစ်တဲ့အခြေအနေတွေ အခြားသော updateလေးတွေပါ။ videoလေးကတော့ တစ်ခုခုကိုအာရုံစိုက်နေရတဲ

By Moe Htet
မိဘနဲ့သားသမီးကြားပြဿနာဘယ်လိုဖြေရှင်းရမလဲ

မိဘနဲ့သားသမီးကြားပြဿနာဘယ်လိုဖြေရှင်းရမလဲ

နေ့လည်တုန်းက ကျနော့်မိတ်ဆွေတစ်ဦးရဲ့မိဘနဲ့စကားပြောဖြစ်လိုက်တယ်။ ထွေထွေထူးထူးမဟုတ်ပါဘူး UKမှာ ကျောင်းတက်ရင် ဘယ်လိုမျိုးလဲ၊ ကျောင်းရွေးသင့်မရွေးသင့်၊ ငွေဘယ်လောက်လေ

By Moe Htet