ကျနော်အိမ်ပြောင်းနေတယ်။
ကျနော်လောလောဆယ်မှာတော့ နွေရာသီအဆောင်ကို check outလုပ်လိုက်ပြီ။ သတိထားရမယ့်အရာများကတော့ များတော့များပါတယ်။ အကျဥ်းအနေနဲ့ကတော့
✨ အဆောင်check outလုပ်တဲ့အခါ သတိထားရမယ့်ကိစ္စများ✨
အဆောင်ကို နဂိုမူလပုံစံအတိုင်း သန့်သန့်ရှင်းရှင်းထားခဲ့ပါ။ အခန်းကိုအကြောင်းအမျိုးမျိုးကြောင့် deep cleanဖို့လိုအပ်တယ်တို့ဆိုပြီး အခြေအနေဖြစ်တဲ့အခါ £150/£200ဆိုပြီး Fine သဘောမျိုး cleaning feeပေးနေရပါမယ်။ အကောင်းတကာ့အကောင်းဆုံးcleaning ပစ္စည်းတွေဝယ် ၂နာရီ ၃ နာရီလောက်ရင်းလိုက်ရင်မပေးရတော့ပါဘူး။
🍃 အဆောင်check outလုပ်တာကို ကြိုတင်ပြီးတော့ပြင်ဆင်ပါလုပ်ပါ။
ကျနော်သာ ရွေးချယ်ခွင့်ရရှိခဲ့ရင်
- အဆောင်အသစ် ရှာဖွေတာကို အခြေအနေပေါ်မူတည်ပြီး ၆လလောက်ကြိုလုပ်မယ်။
- အဆောင်ပြောင်းဖို့စီစဥ်ဝယ်ခြမ်းတာကို ၁ လ လောက်ကြိုတင်ဝယ်ခြမ်းမယ်(ဥပမာ- ထုတ်ပိုးတဲ့ပစ္စည်းတွေကအစ လူခေါ်တာအဆုံး)
- ပစ္စည်းတွေအကုန်စုံပြီဆိုရင် အဆောင်ပြောင်းဖို့ ထုတ်ပိုးမှုတို့ကို ၁/၂ ပတ်လောက်ကြိုတင်လုပ်ဆောင်မယ်။
- Check out dateက သြဂုတ်လ ၂၉ ရက်ဆို ၂၈/၂၇လောက်ကတည်းက check outလုပ်မယ်။ တစ်ခုခုဖြစ်ခဲ့သည်ရှိသော် ပြောင်းလဲလို့ရအောင်။
- ပစ္စည်းတွေအကုန်လုံးစစ်ဆေးပြီးတော့ ရှာဖွေလို့ရအောင် ကြံဆမယ်။
အဆောင်ကိုကြိုတင်ရှာဖွေပါ။ ဖြစ်နိုင်ရင် အဆောင်ကိုbookလို့ရပြီဆိုတဲ့bookingဖွင့်ကတည်းက ရှာဖွေပါ၊
ငွေဘာကြောင့်လိုအပ်တာလဲ
အရေးအကြီးဆုံးအချက်ကတော့ ငွေပါ။ ငွေသုံးဖို့မဖြစ်မနေလိုအပ်လာမယ့်အခိုက်အတန့်တွေအများကြီးပါပဲ။ အရေးပေါ်ထပ်ပြီးပေးရတာမျိုးဖြစ်စေ ငွေနဲ့ရှင်းမှ ပေးမှရမယ့်အဆင်ပြေမယ့်ကိစ္စမျိုးတွေရှိစမြဲပါ။ သတိထားလုပ်ပါ။
ဒီိအိမ်ပြောင်းတယ်ဆိုတဲ့ကိစ္စက ကိုယ်တွေ အထူးတလည်ကျွမ်းကျင်ပြီးတော့ လုပ်နေတဲ့ကိစ္စတစ်ခုမဟုတ်ပါဘူး။ ဒီအတွက် သေချာပေါက်တွက်ထားလို့မရပါဘူး။
ကုန်ကျစရိတ်
ကုန်ကျစရိတ်ကို ကျနော်တို့က အနည်းဆုံးထားတွက်တတ်ကြတယ်။ အဲ့လောက်ထဲမဝင်ရင်စိတ်ညစ်ရတယ်။ တကယ်တော့ ငွေဆိုတာ ကျနော်တို့ဘဝတွေအတွက်ကူညီပေးတဲ့အရာတစ်ခု assetတစ်ခုပါ။ အခြားသော ကျနော်တို့ရဲ့အချိန်တွေ၊ခွန်အားတွေ၊စိတ်တွေ ဒါတွေနဲ့တန်းတူအရေးပါပါတယ်။ သူ့တစ်ဦးတည်းသီးသန့်အရေးပါနေတာမျိုးလို့မသတ်မှတ်စေချင်ပါဘူး။
၂ ခါပြန်ကုန်တတ်လို့ပါ။
ကျနော်ဆိုအခု အရမ်းပင်ပန်းနေတယ်။ ဒါတောင် ငွေအထိုက်အလျောက်လက်ထဲသုံးစရာရှိလို့သာတော်ကာကြတယ်။ ဘယ်အလုပ်မဆို တကယ်လုပ်မှ တကယ်လုပ်ဖူးမှ လုပ်နေကြဖြစ်မှ သိကြတာမျိုးပါ။ အတွေ့အကြုံရှိမှသာ အတတ်နိုင်ဆုံးချွေတာပါ။ အဓိကက ချွေတာတယ်ဆိုတာက ငွေအနည်းဆုံးအသုံးပြုတာမဟုတ်ဘူး။ efficientအဖြစ်ဆုံးအသုံးပြုတာပါ။
❤️အရင်လိုသေချာလေးရေးသားထားတဲ့ formatရှိတဲ့ စာမျိုး ကျနော်ထပ်မံဖန်တီးပါဦးမယ်။ လောလောဆယ်တော့ ကျနော် အိမ်ပြောင်းအိမ်ရွှေ့ကိစ္စတွေနဲ့ အင်မတန်ရှုပ်ထွေးနေလို့ စာသေချာမရေးဖြစ်သေးပါဘူးဗျ။