University အတွက် ဘာLaptopသုံးရမလဲ။​(Architecture Edition)

လောလောဆယ် Macbook Air 15" Base Model သုံးနေတယ်။ အခုလောလောဆယ် ကျနော်Laptopအသစ်တစ်လုံးဝယ်ဖို့စဥ်းစားနေရတယ်။ Laptopတွေအကြောင်း YouTubeမှာကော Professorတွေကိုကော IT TechnicianကိုကောFormer studentတွေကိုကော Architectတွေကိုပါ မေးကြည့်တဲ့အခါ

လောလောဆယ် Macbook Air 15" Base Model သုံးနေတယ်။ အခုလောလောဆယ် ကျနော်Laptopအသစ်တစ်လုံးဝယ်ဖို့စဥ်းစားနေရတယ်။ Laptopတွေအကြောင်း YouTubeမှာကော Professorတွေကိုကော IT TechnicianကိုကောFormer studentတွေကိုကော Architectတွေကိုပါ မေးကြည့်တဲ့အခါ

ဘာလို့ PC (သို့) Laptop လိုအပ်တာလဲ။

Majorတွေမှာ Laptop ဆိုတာrequirementတစ်ခုအနေနဲ့ပါဖို့ခဲယဥ်းပါတယ်။ ငှားလို့ရတယ်။ ကျောင်းက PCတွေအသုံးပြုနိုင်တယ်။​

သို့ပေမယ့် အဲ့majorတွေထဲကတချို့သာ ကိုယ်ပိုင်Laptopမရှိလဲ Convenientဖြစ်တာပါ။ အများအားဖြင့် Laptopတစ်လုံးရှိနေမှသာ

  • Notesတွေရေးရတာ ဖိုင်တွေဖွင့်ရတာ စာလုပ်ရတာတွေအကုန်လုံးလွယ်ကူမယ်။
  • စာလုပ်ဖို့လိုလာချိန်တိုင်း ကျောင်းကိုလာနေစရာမလိုတော့ဘူး။ ကျောင်းကရှိတဲ့laptopတွေPCတွေကိုလဲငှားနေစရာမလိုတော့ဘူး။
  • Laptopက ကိုယ်ပိုင်ဖြစ်တဲ့အတွက် Public Computerတွေလိုမျိုး sign in လုပ်နေစရာမလိုဘူး အကုန်လုံးကိုbackup လုပ်လိုက် ဖျက်လိုက် ပြန်ဝင်လိုက် စတာတွေလုပ်နေစရာမလိုတော့ဘူး။
  • သွားသွားလာလာယူသွားရမယ့်ကိစ္စတွေအတွက် Laptopတစ်လုံးရှိတာကသိပ်အဆင်ပြေတယ်။

ရုံးသုံးအိမ်သုံးuserများ

သင်ဟာ

  • ရုပ်ရှင်ကြည့်မယ်။ Daily website browsingလုပ်မယ်။ ရံဖန်ရံခါ Office applicationလေးတွေသုံးမယ်။
  • သင်က ဖုန်းကိုသာအဓိကသုံးတဲ့သူဖြစ်ပြီးတော့ laptopဖြစ်စေ Computerဖြစ်စေ သိပ်မသုံးတတ်ဘူး ဘာလို့ဆို လေးတယ်ဟန်းတယ် applicationတွေထည့်ရတာခက်တယ်။
  • သင်က Microsoft office ထဲကပါတဲ့ Word, Excel, PowerPoint appလေးတွေသုံးမယ်။ Canvaတို့လိုမျိုးရံဖန်ရံခါမှသုံးမယ်။ ခေတ်ပေါ်ဆိုတာထက် အဟောင်းcrack versionလေးတွေနဲ့တောင်အဆင်ပြေတယ်။​
  • ကျောင်းက Moodleတို့အသုံးပြုတဲ့အခါမျိုးမှာ ဝင်ကြည့်ဖို့အဆင်ပြေချင်တယ်Zoomတက်ချင်တယ်။
  • သင်က Video editတွေလဲမလုပ်ဘူး။ Photo editတာဆိုလဲ Snap seedတို့ Cap cutတို့လို ဖုန်းထဲက appတွေနဲ့အဆင်ပြေတယ်။ တော်ရုံတန်ရုံ ဘာမှကိုမလုပ်ဖြစ်ဘူး။

ဒီလောက်ပဲအသုံးပြုဖို့ အဆင်ပြေဖို့သာ လိုအပ်တယ်။ အသုံးပြုလို့ လိုအပ်မှသာဝယ်မယ် သိပ်လဲငွေကုန်မခံချင်သလို ရေရှည်အတွက်လဲ သိပ်စဥ်းစားမနေချင်ဘူးဆိုတဲ့သူတွေအတွက်Office workတွေအသုံးပြုလို့ရတဲ့laptopတစ်လုံးလောက်နဲ့တင်အဆင်ပြေပါတယ်။

ဒီလိုသူမျိုးတွေအတွက်တော့ ကျနော်recommendပေးချင်တာကတော့ iPadတို့ Microsoft Surfaceတို့လိုမျိုး Keyboardတောင်မလိုအပ်လောက်တဲ့ Tabletမျိုးပေါ့။ စျေးအရဆိုရင် £300လောက်ကစရနိုင်ပေမယ့် ကျနော်recommmendချင်တဲ့ စျေးကတော့ £500/£600လောက်ကစစေချင်ပါတယ်။

စျေးပေါနေတာပဲဆိုပြီးဝယ်လိုက်ရင် အပေါ်ယံသုံးလို့ရနိုင်ပေမယ့် တကယ်limitedဖြစ်သွားပါလိမ့်မယ်။ သိပ်မကြာခင်မှာတင်ပဲ Laptopက အသစ်သောsoftwareတွေထည့်လို့မရတာတွေ၊ တစ်ခုခုအပိုလုပ်လိုက်တိုင်းဟန်းလာတာတွေ၊ Ram ထပ်ထည့်ရလိုက် Storageထည့်ရလိုက် HDDနဲ့ SSDလဲရလိုက် ဖြစ်နေမှာပါ။

နိုင်ငံခြားမှာ ကျောင်း Studentတွေလိုမျိုး ဘယ်ဟာမဆို စကြည့်ရမယ် စမ်းကြည့်ရမယ်ဆိုတဲ့သူတွေအတွက်တော့ ဒီလောက်price pointကို recommendမလုပ်ပါဘူး။ ရှေ့လျှောက်စမ်းသပ်ချင်တာတွေ၊ သုံးချင်တာတွေ၊ ဖန်တီးချင်တာတွေများတဲ့အတွက် နောက်ပိုင်းထွက်တဲ့ Laptopတွေကိုပဲဝယ်စေချင်တယ်။

သာမန်Laptopထက်ပိုကောင်းတဲ့laptopမျိုးလိုအပ်တဲ့userများ

Laptopဆိုတာတကယ်တော့ ကျောင်းအတွက်လိုအပ်တဲ့ ITနဲ့ပတ်သက်တဲ့ပစ္စည်းတွေအများကြီးထဲကတစ်ခု။ ဒီလိုမျိုးကိုrecognizeလာပြီိဆိုရင် သင်ဟာကျနော်ဆက်ပြောမယ့်အကြောင်းတွေကို စတင်နားလည်နေပြီ။

Laptop ဝယ်ယူရင်သိထားရမယ့်အချက်များ

Laptopတွေက နံပါတ်တွေတူတူပဲကို စျေးအရမ်းကွာနေတယ် ဘာကြောင့်လဲ

  • Processor - Laptopရဲ့Main Chipလို့သတ်မှတ်နိုင်တယ်။ သူမကောင်းရင် Appတွေrunလို့မရဘူး။ Speedနှေးတယ်။ ထစ်တယ်။ အခက်မသင့်ရင် Screenကြီးမဲသွားတာမျိုးတို့လောင်တာတို့ဖြစ်နိုင်တယ်။ Generationအရလဲကွာသေးတာမို့လို့ နောက်ပိုင်းgenerationတွေဆိုရင်တော့အဆင်ပြေနိုင်မယ်။
  • Ram - Random Access Memoryလို့ခေါ်တယ်။ Appတွေကို ဖွင့်မယ်။ ဟိုဟာနှိပ်ဒီဟာနှိပ်မယ် ဒါဆိုရင်appကိုအသုံးပြုတာဖြစ်သွားပြီး RAMကိုအသုံးပြုတယ်။ Computerတစ်လုံးရဲ့speedနဲ့performanceကိုတိုက်ရိုက်သက်ရောက်တယ်။ Gbများရုံနဲ့တင်မရနိုင်ဘူး Speedလဲမြန်ရမယ်။
  • Storage - SSDနဲ့HDDဆိုပြီးရှိတယ်။ SSDက အများကြီးပိုမြန်တယ်။ HDDက ကြာကြာပိုခံနိုင်တယ်အကြမ်းဖျင်းပေါ့။ အများအားဖြင့်computerတွေထဲ နောက်ပိုင်း SSDကိုအသုံးပြုကြတယ်။ HDDကတော့ Hard driveတစ်ခုအနေနဲ့ပဲ Tbနဲ့ချီသော ဖိုင်တွေသိမ်းစည်းဖို့အတွက်အသုံးပြုကြတာများတယ်။
  • Display - ရိုးရိုးHDကနေ 4kထိရှိတယ်။ 4kကိုမှ 200လောက်ကနေ အမြင့်အမြင့်ဆုံးထိရှိနိုင်တယ်။ ကွာဟချက်ကတော့ Color accurateဖြစ်မဖြစ် ကာလာတိုင်းမြင်ရမမြင်ရ၊ Screen ရဲ့ frame rate၊ OLEDလား LCD လား၊ ဆိုဒ် စသဖြင့်ပေါ့။
  • OS - Window, Linux, ChromeOS, MacOSစတာတွေရှိတယ်။ ကောင်းတာဆိုးတာတွေအများကြီးပဲ။ သာမန်သူတွေအတွက်နာမည်ကြီးတာက Windows, apple userတွေအတွက် MacOS.

ဒီဟာတွေနဲ့ယှဥ်ကြည့်ကြည့်ရင် အတိုင်းအတာတစ်ခုထိတော့ရှင်းသွားလောက်မှာပါ။ နံပါတ်တူတူပဲကို စျေးတွေက သာမန် £1000လောက်ကနေ £4000ထိရှိတာဆိုတာဒါတွေကြောင့်။

Universityအတွက် ကျနော်ဘာအသုံးပြုခဲ့လဲ။ ဘယ်လိုရှာဖွေခဲ့လဲ။


Architecture မှမဟုတ်ပါဘူး။ သိထားသလောက် ဘယ်courseမဆို Oxford brookesမှာ laptop မဖြစ်မနေဝယ်ဖို့မပါပါဘူး။ ကျောင်းမတက်ခင်မှာ ကျောင်းကArchitectureအတွက်တော့ IT equipment listဆိုပြီးပေးပါတယ်။

ကျနော်ကနဂိုကတည်းက Apple Userဖြစ်တော့ ကျနော့်အတွက်အကောင်းဆုံးoptionက Macbook။ Macbookတွေရဲ့စျေးကတော့ £1000လောက်ကနေ £5000လောက်ထိရှိတယ်။ Mac Miniတွေ ဘာတွေမဟုတ်သေးဘူး။

Windowကြိုက်တဲ့သူဆိုရင်တော့ Gaming laptopတွေက သိပ်ကောင်းတဲ့optionပါဗျိုး။ တခြားသော Refresh rate တို့ 240 hzတို့ လိုမျိုးFancyဖြစ်တဲ့ specတွေမှအပ အခြားသော RamတွေDisplayတွေStorageတွေက တော်တော်လေးidealဖြစ်ပါတယ်။​

အိမ်ကတော့ ဒီကိစ္စတွေသိပ်မသိတော့ ကျနော့်အတွက် Macbook air base modelလေးပဲဝယ်ပေးလိုက်တယ်။ £1000ကျော်လောက်ကျပါတယ်။

ကျနော်သုံးတဲ့ application များ

ကျောင်းမှာapplicationတွေအသုံးပြုရတဲ့အခါ ကျောင်းကမဖြစ်မနေသုံးခိုင်းတဲ့applicationတွေလဲရှိသလို ကိုယ်သုံးချင်ရင်သုံးလို့ရနိုင်တဲ့appတွေလဲရှိသလို မသုံးစေချင်တဲ့appတွေလဲရှိတယ်။

Laptopဝယ်တဲ့အခါ အမှန်တကယ်စဥ်းစားကြည့်ရင် ကိုယ့်မှာရှိတဲ့Os(Window or MacOS)ပေါ်မူတည်ပြီး အဆင်ပြေတဲ့applicationမျိုးအသုံးပြုလို့ရတယ်။ သို့ပေမယ့် ကျောင်းကနေပြီးတော့ သုံးခိုင်းတာတွေဆိုပြီးရှိသေးတဲ့အခါ ကျနော့်ကျောင်းအတွက်တော့ MacOsက ကျောင်းသားတွေအသုံးပြုရတဲ့applicationတွေတိုင်းကိုအသုံးပြုလို့မရတဲ့ Osဖြစ်ခဲ့တယ်။


1st yearမှာ Architectureအတွက် ကျနော်အများဆုံးအသုံပြုခဲ့သော Appများ

  • CAD software (AutoCad ဆိုတာWeek 3ကတည်းက စတင်သင်ကြားရတဲ့ Architecture schoolရဲ့essential)
  • Presentation software( Google Slides, Powerpointတို့လို Optionတွေရှိသလို Canvaတို့လို သုံးဖို့လွယ်တာတွေရှိတယ်။ ကောင်းတာကတော့ Adobe InDesign။ Professional Worldမှာလဲ ဒါပဲသုံးကြတယ်။)
  • Digital Touch up and editing(Photoshop, Procreate, ...)
  • Note-taking application(Goodnotes,...)
  • Social Media(Instagram, Whatsapp, ...)
  • Schoolwork application(Moodle, Gmail, Google Calendar, Google Drive, iCloud, Apple Notes,...)
  • Video Editing Application(Final Cut Pro, Davinci Resolve, Adobe Premiere,...)
  • PDF Viewer(Adobe Acrobat or PDF Expert)
  • Document creator(Google Docs or Microsoft Word)

တခြားmajorတွေလဲ အသုံးပြုရလောက်တဲ့appတွေအများကြီးပါပါတယ်။​

ဒီAppတွေထဲမှာ အလကားရတဲ့applicationတွေလဲရှိတယ်။ ကျောင်းသားမို့လို့ discountပေးတာမျိုးလဲရှိတယ်။ ဘာမှသိပ်မထူးခြားတာမျိုးလဲရှိတယ်။ Freeရတိုင်းမကောင်းပါဘူး။ Priceတစ်ခုပေးရတယ်ဆိုကတည်းကိုက ကောင်းတာရှိနေလို့ပါ။

မကြာမီsecond year တက်ရတော့မယ်။ ကျနော်တို့ သုံးဖို့လိုအပ်တဲ့appတွေလဲများသထက်များလာတော့မယ်။ 3D applicationတွေ CAD solutionတွေ Photoshopတို့လိုမျိုး applicationတွေ အများမှအများကြီးပါပဲ။



Crack Appတွေကောသုံးလို့မရဘူးလား။

Appတွေကို ကိုယ့်နိုင်ငံကနေသွင်းလာဖို့ ကျနော်recommendမပေးပါဘူး။ CrackတွေPirated appတွေ ခိုးကူးappတွေလဲ အသုံးပြုဖို့လုံးဝrecommendမပေးပါဘူး။

  • Appတွေက crashဖြစ်ဖို့ bugပါဖို့ virusဖြစ်ဖို့အရမ်းလွယ်ကူတယ်။​
  • appတွေက optimisedမဟုတ်လို့ စက်ဟမ်းဖို့ထစ်ဖို့လွယ်ကူပါတယ်။​
  • ပြဿနာတစ်ခု ကြုံတဲ့အခါ applicationနဲ့ပတ်သက်တဲ့supportလိုမျိုး မေးချင်တာမျိုးမေးဖို့ခဲယဥ်းပါတယ်။
  • Crackရတဲ့applicationတွေက ရှားပါတယ် နောက်ဆုံးပေါ်editionဖြစ်ဖို့လဲခဲယဥ်းပါတယ်။ အခုနောက်ပိုင်းapplicationတွေက အသစ်အသစ်သောfeatureတွေနဲ့ ပိုမိုလွယ်ကူလာအောင်ဖန်တီးနေတာမို့ crackဆိုရင် အသုံးပြုဖို့ခဲယဥ်းပါလိမ့်မယ်။
  • Plug inတွေ Libraryတွေ ဘာတစ်ခုမှအသုံးပြုလို့ရမှာမဟုတ်ပါဘူး။

ဒီတော့ဝယ်ချင်ရင်ပြည်ပရောက်တော့မှဝယ်ပါ။​ နောက်ပိုင်းyearတွေကျရင် appတွေကပိုမိုသုံးရဖို့ရှိတာမို့လို့ ပိုကုန်ဖို့ပဲရှိပါတယ်။

ကျောင်းမှာ laptopတွေရှိတယ်ဟုတ်?

ကျောင်းတွေရဲ့ libraryပဲဖြစ်စေ စာလုပ်တဲ့areaမှာပဲဖြစ်စေ ရှိတတ်ပါတယ်။ PCတွေထဲမှာ Programတွေ installပြီးသားလဲဖြစ်ချင်ဖြစ်မှာပါ။ ထိုနည်းလည်းကောင်း laptopတွေငှားရမ်းလို့ရတာမျိုးလဲရှိပါတယ်။

သို့ပေမယ့် ဒီစက်တွေကိုအသုံးပြုတဲ့limitဆိုတာရှိတယ်။ စစချင်းခုနှစ်မှာတော့အဆင်ပြေကောင်းပြေနိုင်ပေမယ့် နောက်ပိုင်း 2nd year, final yearနဲ့ ဆက်ပြီးတက်လှမ်းသွားမယ့််အခြေအနေမျိုးမှာတော့ ရှိချင်မှရှိတော့ပါမယ်။

စက်ကြီးတွေဘယ်လောက်ပဲကောင်းတယ်လို့ထင်ခဲ့ထင်ခဲ့ တကယ့်တကယ်softwareတွေသုံးတဲ့အခါမျိုးမှာ ထင်သလောက်ကောင်းချင်မှကောင်းမှာပါ။ ဒါကလဲ ကျနော့်architectureတစ််ခုတည်းလဲဟုတ်လောက်မှာပါ။

ကျောင်းက PCတွေကတော့ Lenovo ThinkStation Intel i7-9700 CPU @ 3.00GHz, 32 Gb Ram 2666MHz, 500 GB SSD, Intel UHD Graphics 630 GPU, နဲ့ NVIDIA GeForce RTX 2080 GPU။ မလုံလောက်ပါဘူး။

သူများတွေ ဘာသုံးလဲ။

စစချင်းfirst yearမှာတော့ အများစုက Macbookအသုံးပြုကြတယ်။ ဆရာတွေလဲ သွားလာရတဲ့အခါ သယ်ဖို့အဆင်ပြေလို့ macbookကိုပဲအသုံးပြုဖြစ်ကြတယ်။ Macbookကိုမှ ramလဲ သူ့အထိုက်အလျောက်များတဲ့ 64 Gbs, Storage 1 Tb, Processor ဆို M3 Maxတို့ဘာတို့လိုမျိုးပေါ့။ စျေးကြတော့လဲ ဒီလောက်တက်သွားပြီဆို သေချာပေါက်£4000 ကျော်ဆိုတော့ လူတွေသိပ်မရွေးကြဘူး။


Gaming laptopတွေဆိုလဲသုံးကြပါတယ်။ MSIတို့ Alienwareတို့ ROGတို့ပေါ့။ Gamerတွေအတွက်တော့ ဒီlaptop purchaseက သိပ်အဆင်ပြေမှာပါ။ ကျနော်ကတော့ laptopကိုမှsleekဖြစ်တာလေးတွေကိုကြိုက်လို့​ Macbookအပါအဝင် Dell XPSတို့ Samsung Galaxy Bookတို့ကြည့်နေလျက်ပါ။ ခက်တာက ကျနော်လိုချင်တဲ့specကို Gamingဖြစ်တဲ့laptopတွေမှအပ အများစုက supportမလုပ်ကြတော့ ရှာရခက်တယ်ဗျ။

ထိုနည်းလည်းကောင်း Ultrawide Monitorဖြစ်စေ 27" Monitor 2ခုဖြစ်စေ တွဲသုံးလေ့ရှိပါတယ်။ Apple Userဆို £1500တန် Studio displayတို့ £5000တန် Pro Display XDRတို့ပေါ့။ တခြားဆိုရင်တော့ ကောင်းတာတွေလဲရှိပါတယ်။ စျေးကတော့ကိုယ့်လိုအပ်ချက်ပေါ်မှာတော့အဓိကမူတည်သွားတာပေါ့။

တခြားသော iPadလိုမျိုးtabletတွေလဲအသုံးပြုကြပါသေးတယ် အဓိကကတော့digital sketchingလုပ်ဖို့ရယ် lectureတွေမှာ စာလိုက်မှတ်ဖို့ရယ် သွားသွားလာလာယူလို့ရတဲ့laptopလိုမျိုးသဖွယ်ပေါ့ဗျာ။

ကျနော့်ရဲ့ပြဿနာ - ဘာကြောင့်Macbookရှိလျက်နဲ့ Laptopအသစ်တစ်လုံးလိုတာလဲ။



ပြဿနာကဒီလို။ Autocadမှာ ပုံကို XYဆွဲနေရင်း axis 3ခုနဲ့ဆွဲရသလိုဖြစ်သွားပြီး laptop ကလုံးဝအလုပ်မလုပ်တော့ဘူး။ ဖြစ်ချင်တော့ မနက်ဖန်စာထပ်ရမှာကို အလုပ်နဲနဲများနေတာကော ကိုယ်တိုင်ရဲ့အကျင့်က ကပ်မှစာတွေက အရမ်းfluidဖြစ်ပြီး စာက ညကျမှအရမ်းကြိုးစားလို့ကောင်းနေတာကောကြောင့် ပေါ့။​

(ကျနော့်အတိုင်းအတုမခိုးကြပါနဲ့ မကောင်းပါဘူး ကျနော်လဲအဲ့အကျင့်ဖြောက်ဖို့လုပ်နေပါတယ်)

Autocadမှာ ကိုယ်တိုင်ဒီဇိုင်းဆွဲထားတဲ့ အဆောက်အအုံတစ်ခုရဲ့ Plan, section, elevation စတာတွေကို ဆွဲနေရင်းနဲ့ဖြစ်တာပါ။ ဘေးမှာလဲ Youtube, Spotify ကိုသီချင်းနားထောင်ဖို့ဖွင့်ထားတယ်။ တခြားSafari က tab ၅ခုလောက်ရယ်နဲ့ Portfolio presentation slideတွေပါဖန်တီးရမှာဆိုတော့ Canva ဖွင့်ထားတယ်။

ဒီမှာစcrashပါတယ်။ ဘယ်ကျောင်းသားမဆို ကျောင်းတက်ချိန်အတွင်းlaptopပြဿနာတက်မှာသိပ်စိုးပါတယ်။ အထူးသဖြင့် ကိုယ်လုပ်ထားသမျှအရာတွေပါသွားမှာကိုပါ။ ကျနော်လဲ laptopပြဿနာကို ကျောင်းတက်နေချိန်မတက်ချင်ဘူး။ အထူးသဖြင့်laptopတစ်လုံး Osတစ်ခုကို ဘယ်လောက်ကြီးပဲသုံးနေကြဖြစ်ပါစေ ကျင့်သားကျအောင်အသုံးပြုရမယ် ဝယ်ယူရမှာမို့လို့ လိုအပ်ပါတယ်။

ဘာလို့PCမသုံးတာလဲ။

It depends on youပါ။ ကိုယ်က Macbook proကိုမှအကောင်းကြီးဝယ်ချလိုက်လဲရတယ်။ ထိုနည်းလည်းကောင်း Gaming PCတစ်လုံးဝယ်၊ Mac Miniတစ်လုံးဝယ် ပြီးကျမှMonitorလေးတွေချိတ်ပြီး iPadတစ်လုံးဝယ်​ဒါလဲရတာပဲ။

ကျောင်းသားဖြစ်နေတော့ ထသွားထလာလုပ်နေရတာမို့ PCမသုံးတာပါ။

အခုဘာဝယ်ရမလဲ

Windowsထဲဆိုရင်Dell XPS၊ Galaxy Book Ultra, Microsoft surface, ASUS ZenBook၊ ဒါတွေကတော့sleekဖြစ်တဲ့ laptopတွေ။ Gaming Laptopတွေထဲမှာတော့ MSIတို့ Alienwareတို့ အစုံပါပဲ။ ကိုယ်ကြိုက်တာမကြိုက်တာပေါ်မှာလဲမူတည်သလို

  • Color accurateဖြစ်တယ်
  • ကိုယ်အသုံးပြုရမယ့်appတွေကိုsupportတယ်
  • GPUကောင်းတယ်
  • Processorကောင်းတယ်
  • Storageကမြန်လဲမြန်သလိုကောင်းလဲကောင်းတယ်။

Macbookကြိုက်နှစ်သက်တဲ့သူတွေအတွက်

Entry Level Macbookကတော့ £1000လောက်ရှိမှာပါ။ အဲ့ကနေမှ ကိုယ်က ရေရှည်သုံးချင်တယ်ဆို Macbook Pro 14" ကိုမှ Pro Chipနဲ့ဝယ်ပါ(ဥပမာ-M3 Pro)။ အဲ့ကနေမှ ကိုယ်က Architecture အတွက်comfortableဖြစ်ချင်တယ်ဆိုရင်တော့ Macbook Pro 16" ကိုမှ အကောင်းဆုံးSpecတွေရွေးသာဝယ်လိုက်ပါ။​

ဥပမာ - 16", SSD 1Tb, 64 Gbs RAM, M3 Max,...

Apple ProductပဲသုံးသုံးWindow ပဲသုံးသုံး Work aroundလို့ရတယ်ဆိုပေမယ့် ကျောင်းကမဖြစ်မနေသုံးခိုင်းတဲ့appတွေအသုံးပြုလို့မရလို့တော့ အဆင်မပြေတာမို့လို့ ကျောင်းကသူတွေပဲဖြစ်စေ professorတွေကိုပဲဖြစ်စေ မေးကြည့်ပါ။ seniorတွေ technicianတွေကိုလဲမေးကြည့်ပါ။

Personal Opinion

It all depends on a lot of thingsပါ။ ကျနော်ကတော့ Contentတွေလဲ Createနေသလို ရေရှည်လဲcreateသွားဖို့ရှိတယ်။ ကျနော်က appတွေအများကြီးနဲ့ချိတ်ဆက်ပြီး အလုပ်လုပ်တတ်သလို စမ်းသပ်တာတွေလဲအင်မတန်များပြားလွန်းတယ်။

ကိုယ်တိုင်ကိုက Tech enthusiastမို့လို့ Architectureနဲ့ပတ်သက်တာတွေဆိုရင်လဲ ပိုပြီးစမ်းသပ်လို့ကောင်းတော့ ဒီကိစ္စတွေအကုန်လုံးကို coverဖြစ်နိုင်ဖို့က ပုံမှန်သူတွေအဆင်ပြေတယ်လို့ပြောတာတွေထက် ၂ ဆလောက်အမြဲလိုအပ်တယ်။


အခြားလိုအပ်နိုင်သောaccessoriesများ

  • Mouse for CAD
  • USB-C to HDMI connector for second display
  • Cables for charging and connecting
  • External SSD for daily use
  • External HDD for storing files
  • Preferably a monitor.

Laptopအသစ်လိုအပ်နေပြီ ဆိုတာဘယ်လိုသိနိုင်မလဲ

  • Laptopမရှိဘူး
  • ကိုယ့်ဖုန်းကlaptopထက်ပိုမြန်နေတယ်။
  • Laptopက ဟန်းနေတယ်။ အကုန်လုံးက အချိန်တစ်ခုကြာနေပြီ။ စက်ကလဲ တဖြည်းဖြည်းနဲ့ဟောင်းလာပြီ။ ထစ်တာမျိုးလဲရှိတယ်။ Ramလဲဖြည့်လို့မရဘူး သို့မဟုတ် ဖြည့်စရာslotတွေလဲကုန်နေပြီ။ ဟိုဖြည့်ဒီဖြည့်ရင်းနဲ့ ကုန်ကျမယ့်ကုန်ကျစရိတ်ကလဲ အသစ်တစ်လုံးဝယ်လိုက်ရင် ပိုတန်မယ်လို့ခံစားမိလာတယ်။ ကျောင်းတက်ဖို့လိုလာတယ်​ ဒါဆိုရင်တော့လိုအပ်နေပါပြီ။

ဘယ်တော့ဝယ်ရမလဲ


ကိုယ်တိုင်က Laptopတွေသုံးနေကြ ရှိပြီးသား ကျောင်းတက်ဖို့ မဖြစ်မနေမလိုဘူးဆိုရင်တော့ ဘယ်ချိန်ဝယ်ဝယ် ဝယ်လို့ရပါတယ်။Macbook ကနေ windows(သို့) windowsကနေ Macလိုမျိုးပြောင်းမယ့်သူမျိုးဆိုရင်တော့ အချိန်နဲနဲလေးပေးရမှာပေါ့နော် အထိုင်ကျဖို့ပါ။

ကိုယ်တိုင်က ခုမှစသုံးမှာ (သို့) သုံးနေကြမဟုတ်ဘူး (သို့) ကျောင်းအတွက်ပဲ သုံးမှာ ဆိုရင်တော့ စောဝယ်သင့်ပါတယ်။ ဒီမှာဆိုရင်လဲ ရန်ကုန်မှာပဲဝယ်ရင် တံဆိပ်ကောင်းတာမရဘူး လိုချင်တာမရဘူး ရွေးခြယ်စရာမရှိဘူး ဒီရောက်မှဝယ်ရင်လဲ အချိန်မရဘူးတွေဝေနေပါလိမ့်မယ်။

ဒါကတော့ ကိုယ့်ဟာကိုယ်ဆုံးဖြတ်ရမှာပေါ့နော်။ ကျနော်တော့ အရမ်းစဥ်းစားမရတော့ဘူး စဥ်းစားဖို့မတန်တော့ဘူးဆိုပြီး ဖြစ်သွားလို့ ကဲ macbook ခုနောက်ဆုံးပေါ်ကိုမှ စျေးအနည်းဆုံး screenကြီးတာယူမယ်ဆိုပြီး ယူခဲ့တာပါ။ မိတ်ဆွေတို့လဲ အဆင်ပြေသလိုဆုံးဖြတ်ပေါ့နော်။ reviewလေးတွေလဲသိချင်ပါသေးတယ်။

ဘယ်မှာဝယ်ရမလဲ 



မြန်မာနိုင်ငံမှာအသစ်ဝယ်ရတာအရမ်းခက်ခဲပါတယ်။ အဆင်ပြေရင်တော့ ထိုင်း (သို့) တခြားနိုင်ငံတစ်နိုင်ငံမှာဝယ်ခဲ့ပေါ့။ ဒီရောက်မှဝယ်ရင်လဲရပါတယ် သို့ပေမယ့် ပုံမှန် မူရင်းစျေးထက် ရာခိုင်နှုန်းအနည်းငယ်ပေးရပါတယ်။ အခွန်ခလို့တော့ထင်ပါတယ်။ သို့ပေမယ့် အခွန်နဲ့တန်တဲ့ warrantyပဲဖြစ်ဖြစ် serviceပဲဖြစ်ဖြစ်ရပါတယ်။

Official storeကဝယ်ပါ။ Official websiteကဝယ်ပါ။ ဒီမှာဝယ်ရင်တော့ လိုချင်တဲ့ specification(Storage, Ram, Sizeရွေးတာတွေ)၊ အရောင်၊ ပစ္စည်းqualityတွေ ရွေးခြယ်လို့ရပါတယ်။

UKမှာဆို Appleကနေမှာရင် အခုမှာပြီဆို မနက်ဖန်သဘက်ခါဆိုရောက်ပါပြီOxfordအတွက်ပါ။ London လိုမျိုး apple official storeရှိတဲ့ဒေသကနေမှာရင်တော့ ဒီနေ့မှာဒီနေ့ရောက်လောက်ပါတယ်။

ကျနော့်ဆုံးဖြတ်ချက်

ကျနော်အခြေအနေတော့ကြည့်နေဆဲပါ။​ တံဆိပ်တွေအများကြီးထဲကမှ ကိုယ်လိုချင်တဲ့လှပမှုနဲ့performanceက Macbook Pro တွေလောက်၊ ရချင်တဲ့ ပုံစံက Macbook၊ ဝယ်ရမယ့်OSက windows။ အဲ့မှာတင်သေဆုံး။

Read more

December 2024 Life Update

ကျနော့်ရဲ့life update လေးပြောပြထားပါတယ်။ အကျဥ်းချုပ်ကတော့ Oxford Brookesရဲ့ Architecture ဒုတိယနှစ် ကျောင်းတက်ခဲ့ဖြစ်တဲ့အခြေအနေတွေ အခြားသော updateလေးတွေပါ။ videoလေးကတော့ တစ်ခုခုကိုအာရုံစိုက်နေရတဲ

By Moe Htet
မိဘနဲ့သားသမီးကြားပြဿနာဘယ်လိုဖြေရှင်းရမလဲ

မိဘနဲ့သားသမီးကြားပြဿနာဘယ်လိုဖြေရှင်းရမလဲ

နေ့လည်တုန်းက ကျနော့်မိတ်ဆွေတစ်ဦးရဲ့မိဘနဲ့စကားပြောဖြစ်လိုက်တယ်။ ထွေထွေထူးထူးမဟုတ်ပါဘူး UKမှာ ကျောင်းတက်ရင် ဘယ်လိုမျိုးလဲ၊ ကျောင်းရွေးသင့်မရွေးသင့်၊ ငွေဘယ်လောက်လေ

By Moe Htet