Lecture

Lecture

Lectureတက်မယ့်နေ့တစ်နေ့ရဲ့မနက်အစောပိုင်းဆိုရင်တော့ မနက်အစောကြီးထတယ်။ တချို့နေ့တွေထနိုင်တယ်တချို့နေ့တွေမထနိုင်ဘူး။


အိပ်ရေးမဝတဲ့မထနိုင်တဲ့ပင်ပန်းရတဲ့နေ့တစ်နေ့မှာတော့

  • မနက် ၈နာရီခွဲနိုးတယ်။
  • ရေချိုးမနေတော့ဘူး။ သွားတိုက် မျက်နှာသစ် ရေလောင်းပြီး အဝတ်အစားတစ်ခုခုဝတ်တယ်။ ညတုန်းကဖွထားခဲ့တဲ့ အင်္ကျီတွေအဝတ်အစားတွေ ဘာတစ်ခုမှ ပြင်ဆင်မနေတော့ဘူး။ အရှုပ်အရှုပ်အတိုင်းထားထားတယ်။ အမှိုက်တွေလဲ ပွမြဲရင်းပွပဲလေ။
  • ရာသီဥတုက အေးမြဲရင်းအေးနေတယ် မျက်တွင်းဟောက်ပက်နဲ့ ကျောင်းကို လစ်တယ်။ Lecture ကမနက် ၉ နာရီဆို ၉:၁၅ မှရောက်တာကျနော်ပါ။

အိပ်ရေးဝတဲ့နေ့တစ်နေ့မှာတော့

4:00 AM - 6:00 AM အတွင်း ပုံမှန်နိုးတယ်။ အေးအေးဆေးဆေး ဟိုလှိမ့်ဒီလှိမ့်ပြီးမှ ထတယ်။ အိပ်ရာတွေသိမ်း စောင်တွေခါ ညတုန်းက ရှုပ်ထားသမျှ အကုန်လုံးရှင်းတယ် ရှင်းစရာတော့သိပ်မရှိဘူး ညကတည်းက သိမ်းထားပြီးသားမို့လို့။

နိုးတဲ့အချိန်ပေါ်မူတည်ပြီး ၁ နာရီ ၂ နာရီလောက်တော့ ဟိုလုပ်ဒီလုပ်ပေါ့။ သေချာပေါက်လုပ်ဖြစ်တာကတော့

  • ဆေးသောက်တယ်။ နေ့စဥ်supplementတွေ အကုန်လုံးတဖြည်းဖြည်းချင်းသွင်းတယ်။
  • သန့်ရှင်းရေးအထွေအထူးတော့မလုပ်ဘူး။
  • မနက်စာစားသောက်တယ်။ အိမ်သာတက် အကုန်လုံးလုပ်စရာရှိတာလုပ်မယ်။

6:00 AM - 8:00 AM - Gym Session

လုံးဝ essential part of my dayလေးပေါ့။ ညနေဘက်ဆော့တာ မနက်ဖက်ဆော့တာတောင်မတူညီပါဘူး။ ဆော့ထားပြီးရင် အိပ်ချင်လဲပြေတယ်။ တစ်နေကုန်လဲအလုပ်ကောင်းကောင်းမွန်မွန်လုပ်နိုင်တယ်။ ဗိုက်လဲတော်တန်ရုံမဆာတော့ဘဲနဲ့ သန့်ရှင်းဖြတ်လက်တက်ကြွနေရောပါပဲ။

ပြေးရင်ပြေးတယ်။ လေ့ကျင့်ခန်းလုပ်ရင်လုပ် အပေါ်ပိုင်းအောက်ပိုင်း အခြေအနေပေါ်မူတည်ပြီးဆော့။ Disciplineပေါ့ဗျာ။ မနက်စောစောထရတဲ့အဓိကအကြောင်းအရင်းတစ်ခုဆိုလဲ မမှားဘူး။

ခန္တာကိုယ်တစ်ခုလုံးလဲ regulateဖြစ်သွားတယ်။ အိမ်သာတက် ရေသောက် အစားစား အကုန်လုံးအဆင်ပြေသွားတယ်။

8:00AM - 9:00 AM

တစ်နေ့တာအတွက် ဟင်းချက်တယ်။ မုန့်စားတယ်။ တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်တယ်။ ဒီကြားထဲအချိန်လေးမှာ အချစ်ရဆုံးဆိုတဲ့သူတွေနဲ့ အပြည့်အဝအချိန်ပေးဖြစ်တယ် စိတ်ပါလက်ပါစကားပြောတယ်။


ဒီနေ့lectureလေးကတော့ Methodologyအကြောင်းပါ။

ကျောင်းတိုင်းကျောင်းတိုင်းမှာ lectureလုပ်တဲ့ပုံစံမျိုးအနည်းနဲ့အများတော့ ကွဲပြားနိုင်ပါလိမ့်မယ်။ သို့ပေမယ့် ဘယ်လောက်ကြီးပဲကွဲပြားသည်ဖြစ်စေ လူတိုင်းအတွက်တော့ experienceက "ပျင်းဖို့ကောင်းတယ်"။

မောမောပန်းပန်းနဲ့အိမ်ကနေထွက်လာတယ်။

"မနက် ၉ နာရီ lecture" ရှိတယ်တဲ့။

Lectureအခန်းကိုရှာကြည့်လိုက်တော့ Gibbsဆိုတဲ့အဆောက်အဦးမှာ။ အရင်year two ကတည်းက အဲ့မှာပဲ။ အခန်းပုံစံကတော့ သာမန်lectureအခန်းလေးတစ်ခု။ အယောက် ၁၀၀-၂၀၀ လောက်ဆံ့တယ်။ Lecture hallဆိုပြီး တစ်ဦးချင်းစီသေချာထိုင်လို့ရတဲ့ခုံလေးတွေ၊ Lightingတွေ၊ Comfortableဖြစ်တဲ့ထိုင်ခုံတွေရယ်လို့တော့မရှိဘူး။

Laptopတွေ စာသင်တဲ့စာအုပ်တွေ အကုန်လုံးစီရရီထားလို့ရတဲ့ စားပွဲရှိတယ်။ အရှေ့မှာ Projectorနဲ့ ဆရာမတစ်ဦးရှိတယ်။ မိုက်ကိုင်ပြီးတော့ သင်နေတယ်။

ဆရာမကစာလုပ်စရာရှိတာတွေတို့ lecture outlineတို့ အကုန်လုံးပြင်ဆင်ကြတယ်။ တစ်ဖက်မှာ ကျောင်းသားတွေကလဲ တစ်ယောက်ပြီးတစ်ယောက်ဝင်လာကြတယ်။

မိတ်ဆွေတွေ သူငယ်ချင်းတွေ ရင်းနီးတဲ့သူတွေရော မရင်းနီးတဲ့သူတွေရောအကုန်ရှိတယ်။ သူတို့တွေနဲ့ဆိုတာက Year one ကတည်းက ကျောင်းစာကိစ္စဖြစ်စေ အတန်းကိစ္စဖြစ်စေ အဆောင်ကိစ္စဖြစ်စေ အကြောင်းအမျိုးမျိုးနဲ့ မြင်ဖူးပတ်သက်ဆက်ဆံဖူးတဲ့သူတွေဆိုတော့ မစိမ်းတော့ဘူး အကုန်လုံးနဲ့ရင်းရင်းနီးနီးပဲ။

စာမသင်မီပြင်ဆင်မှုအဖြစ်

  • Lecture Notesလေးတွေကြိုဖတ်ထားတယ်။
  • စာသင်နှစ်ရဲ့ ဘယ်အပိုင်း ဘယ်sessionကိုရောက်နေပြီလဲဆိုတာ ကြည့်ထားတယ်။
  • သင်ရိုးလက်ကိုင်စာအုပ်ကို အပြန်ပြန်အလှန်လှန်ကြည့်တယ်။ ဘာမေးခွန်းတွေ ဖြေပေးရမလဲ ဘာကassignmentလဲဆိုတာကြည့်ထားတယ်။
  • ဆရာမကို မေးရမယ့်မေးခွန်းလေးတွေမှတ်ထားတယ်။

ဒီလိုနဲ့စာစသင်ကြတယ်။


စာသင်နေစဥ်

စာကတော့ဗျာ အဆင်ပြေသလိုလေးပါပဲ။ သက်ဆိုင်ရာနယ်ပယ်က တတ်ကျွမ်းတဲ့ပညာရှင်တွေကနေပြီးတော့ လာသင်ပေးတယ်။ ဟိတ်ဟန်ရယ်လဲရှိမနေဘူး။ အင်မတန်ခင်ဖို့ကောင်းတဲ့သူတွေပါ။

စစချင်း lecture သင်တဲ့အခါ unfamiliarဖြစ်ခဲ့ပေမယ့်အဆင်ပြေပါတယ်။ ဒီလိုအတန်းတွေမှာက ဘယ်သူမှကိုယ့်ကို အတင်းတက်ရမယ်တို့ ဘာလို့မလာတာလဲတို့ဆိုပြီးတော့ ဆူငေါက်နေမှာမဟုတ်ဘူး။ အတန်းချိန် ဖုန်းပြောနေလို့ မလာလို့ စောပြန်လို့လဲ သတိမူနေမှာမဟုတ်ပါဘူး။

ကိုယ့်ကိုယ်ကိုပဲ ကြိုးစားနေရတဲ့အခိုက် လွတ်လပ်စွာကြိုးစားရတဲ့အခိုက် အဆင်ပြေချင်မှပြေပါလိမ့်မယ်။ မနက်ဘယ်အချိန်ထမလဲကနေစလို့ ကျောင်းစာတွေကို ဘယ်လိုချဥ်းကပ်ရမလဲ ဘယ်လိုဆို စာရပြီလဲ/စာမရဘူးလဲ၊ အမှတ်ဘယ်လောက်ရဖို့ ဘယ်လောက်ကြိုးစားရမလဲ။

ဒါတွေအကုန်လုံးက သေချာကြိုးစားချင်တဲ့သူတစ်ဦးအတွက် အင်မတန်အရေးကြီးတဲ့အရာတွေ။


အပျင်းထူနေစဥ်

သို့သော် Lecture တက်လို့က အမြဲတမ်းကောင်းနေသလားဆိုတော့ မကောင်းဘူးဗျ။ တစ်ခါတစ်လေလဲ ဆရာတွေက ရှင်းသာရှင်းပြနေတယ် ကိုယ်တွေနားလည်လား နားမလည်ဘူးလားလဲသူမသိဘူး။ သူမတော်လို့လဲ ဟုတ်ချင်မှဟုတ်မယ် ကိုယ်စိတ်မဝင်စားလို့လဲ ဟုတ်နိုင်တယ် သူကိုယ်တိုင်စိတ်မဝင်စားလို့လဲဟုတ်နိုင်တယ်။

ဘာပဲပြောပြောဒီလိုကျောင်းတက်ရက်တွေက တစ်ပတ်မှ ၃/၄ရက်ဆိုတော့လဲ တက်လို့ရတာပေါ့ဗျာ။

ပြောမယ်သာပြောတာဗျ ဆရာဘာသင်သင် တချို့နေ့တွေဆိုလဲ သိပ်ပျော်ဖို့မကောင်းဘူး။ အဲ့လိုနေ့တွေကျတော့ Amazonမှာ ဝယ်စရာလေးတွေပတ်ကြည့်လိုက်၊ သူငယ်ချင်းတွေနဲ့ တိုးတိုးပြောလိုက် အိပ်ငိုက်လိုက်ဗျိုး.


အတန်းတက်ခြင်း

တကယ်တော့ဗျာ ကျနော်တို့လဲ ကျောင်းသားတွေပဲ။ ကျောင်းရက်ရှိရင် ကျောင်းမလာချင်ဘူး ကျောင်းပျက်ချင်တယ် ကျောင်းလစ်ချင်တယ် မတက်ချင်ဘူး။ ဒါပေမယ့် ကွာခြားသွားတာက အခုလိုအချိန် တက္ကသိုလ်တက်တဲ့အချိန်ကျတော့ ကျောင်းတက်ရတာက သိပ်ပြီး ထူးခြားနေတာမျိုးမဟုတ်ဘူး။

ဒါပေမယ့် ကျောင်းပျက်မိရင် ဆရာစာသင်တာတွေ ဘာတစ်ခုမှနားမလည်တော့ဘူး။ ဆရာဘက်ကနေ ရှင်းပြဖို့လိုကိုလိုအပ်တဲ့ ကျောင်းချိန် ၁၀ မိနစ် ၁၅ မိနစ်လောက်နောက်ကျသွားရင်တောင် ဘာသင်လို့သင်နေမှန်းကိုမသိတဲ့ အခြေအနေလောက်ထိ အရေးပါတယ်။ ဒီအတွက် တော်တန်ရုံမဖြစ်မနေမှအပ ကျောင်းလစ်တဲ့ ကျောင်းနောက်ကျတာမျိုး မဖြစ်တော့ဘူးလို့ပဲ ယုံကြည်တယ်။

နားလည်လွယ်အောင်ပြောရရင်တော့ ကျောင်းသားတွေကို "အတန်းမတက်ရင် မိဘခေါ်မယ်"ဆိုတဲ့ပုံစံမဟုတ်တော့ဘဲနဲ့ "အတန်းမတက်ရင် စာမရဘူး။ စာနားမလည်ရင် အမှတ်မကောင်းဘူး စာမေးပွဲကျမယ်။ ဒီအတွက် အတန်းတက်ရမယ်" ဆိုတဲ့အသိမျိုး ကျောင်းသားတွေလဲရသွားကောပေါ့။

ကျောင်းကိုအတန်းတက်ဖို့တင်မဟုတ်ဘဲ သာမန်စာလုပ်ဖို့လောက်နဲ့တင်ကို လာနေကြသေးတာပဲဥစ္စာ။ ကျောင်းက ပျော်ဖို့ကောင်းပါတယ်။


Read more

Alternative Options: ဥရောပနဲ့ အခြားနိုင်ငံများသို့ ကူးပြောင်းခြင်း

Alternative Options: ဥရောပနဲ့ အခြားနိုင်ငံများသို့ ကူးပြောင်းခြင်း

ဒီStudent Visaကိစ္စအပြောင်းအလဲနဲ့ပတ်သက်ပြီး ကျနော်အကြံပြုချင်တာရှိပါတယ်။ ဒါက Studentတွေရော Education Providerတွေရောကိုပါ အကျုံးဝင်ပါတယ်။ ပထမတစ်ခု။ နိုင်ငံအပြောင်းအလဲ။ ကျနော်တို့လို ကျောင်းသားအမျ

By Moe Htet
UK ရဲ့ "Emergency Brake" ဗီဇာပိတ်ပင်မှု နောက်ကွယ်က အချက်အလက်များ

UK ရဲ့ "Emergency Brake" ဗီဇာပိတ်ပင်မှု နောက်ကွယ်က အချက်အလက်များ

သတင်းတွေမှာ UK က မြန်မာအပါအဝင် နိုင်ငံ ၄ နိုင်ငံ (အာဖဂန်နစ္စတန်၊ ကင်မရွန်း၊ ဆူဒန်၊ မြန်မာ) ကို Student Visa (ကျောင်းသားဗီဇာ) ပိတ်လိုက်ပြီဆိုတဲ့ သတင်းတွေ တက်လာတော့ လူတေ

By Moe Htet