Library ရဲ့အရေးပါပုံ

Library ရဲ့အရေးပါပုံ

ကျနော်architecture schoolမှာ တက်တဲ့အခါ အရေးမကြီးဘူးထင်ခဲ့ပေမယ့် တကယ့်တကယ်မှာတော့ ကိုယ့်အတွက် အင်မတန်အကျိုးရှိတဲ့ဆုံးဖြတ်ချက်ကတော့ libraryကိုသွားခဲ့ခြင်းပဲ။

library ဆိုတာတခြားမဟုတ်ပါဘူး။ ကျောင်းတိုင်းမှာလဲ libraryရှိသလိုပဲ တခြားသော ကျောင်းတွေ နေရာတွေက libraryတွေမှာလဲ စာဖတ်လို့ရနိုင်တာပဲ။


ဘာလို့အရေးပါတာလဲ။

Studentတစ်ဦးရဲ့အမြင်ကနေပြောပါမယ်။

ကျနော်တို့အတွက် ကောင်းတဲ့knowledge input(အသိပညာအဝင်) ဆိုတာအင်မတန်အရေးကြီးပါတယ်။ လူတိုင်းလူတိုင်းမှာ မတူညီဘူး။ တချို့က စာအုပ်ဖတ်ရတာဝါသနာပါတယ်။ တချို့က ရုပ်ရှင်။ အခုခေတ်ကျတော့ YouTubeတို့ Facebookတို့ပေါ့ဗျာ။

ခက်တာက Information တွေက အရမ်းများတယ်။ Overloadedဖြစ်နေတယ်။ လူတိုင်းက ဘယ်ကိစ္စမဆိုသိနေပေမယ့် တကယ့်တကယ်သိလားဆိုတော့ ဘာမှအရေးကြီးတာမျိုး သူတို့ရဲ့အလုပ်နဲ့ဆိုင်တဲ့ ဘဝအတွက်လဲအကျိုးရှိတဲ့ကိစ္စမျိုး ဒီလိုမျိုးကိုသိတဲ့ပမာဏကနည်းတယ်။

ပိုဆိုးတာက မဟုတ်တဲ့information inputတွေကြောင့် လမ်းတွေမှား အတွေးတွေတဖြည်းဖြည်းနဲ့ လွဲချော်လာကြတယ်။

ဒီတော့ တိကျသေချာတဲ့ information inputတစ်ခုလိုအပ်လာတယ်။ Google က informationတွေက အတိုင်းအတာတစ်ခုထိပဲရှိတယ်။ တိတိကျကျဖြစ်တဲ့ကိစ္စတွေအတွက် ရှာဖွေလို့ခဲယဥ်းတယ်။

ဒီတော့ ဘယ်ကယူရမလဲ။


Library တွေရဲ့အားသာချက်

Libraryကြီးရင်ကြီးသလို ပိုကောင်းနိုင်ပါတယ်။ သို့ပေမယ့် ကျောင်းတွေအတော်များများမှာလဲ ကျောင်းသင်ရိုးနဲ့ဆိုင်တာပဲဖြစ်စေ Majorတစ်ခုခုနဲ့ဆိုင်တဲ့စာတွေလဲ လုံလောက်တာထက်ပိုအောင်ရှိပါတယ်။

ဆိုပါစို့ဗျာ ကျနော်က Londonအကြောင်း ဖတ်ချင်တယ်။ Internetမှာတော့ အကုန်လုံးကပျံ့ကျဲနေတာပဲ။ လိုချင်တာမရှိဘူး။ အထူးသဖြင့် စာနဲ့ပတ်သက်တဲ့ဟာမျိုး referenceတစ်ခုအနေနဲ့ ယူရလောက်တဲ့ထိhigh quality ဖြစ်တဲ့ စာမျိုးထက် ပုံမှန် articleတွေ blogsတွေလောက်သာရှိတယ်။

ဘယ်လိုရှာဖွေရမလဲ။

ကျနော်ဘာလုပ်လေ့ရှိလဲဆိုတော့ ကျောင်းကိုသွားတယ် libraryမှာ ကျနော်လိုချင်တဲ့topicနဲ့ သက်ဆိုင်တဲ့ sectionကိုကြည့်ထားတယ်။ ဥပမာ - ၄ လွှာမှာ architectureနဲ့သက်ဆိုင်တာရှိတယ်၊ ၅လွှာမှာ Medical နဲ့ဆိုင်တာ။

architectureနဲ့ဆိုင်တဲ့sectionမှာ ကျနော်ထိုင်ချလိုက်တယ်။ စာအုပ်တစ်အုပ်ပြီးတစ်အုပ်လှန်ဖတ်တယ်။ လိုချင်တာရှိမရှိစစ်ဆေးတယ်။ ရှိရင်မှတ်ထားလိုက်တယ် လိုချင်တဲ့အချက်အလက်တွေယူတယ်။ မလုံလောက်ရင် အိမ်ပြန်ငှားတယ်။


Libraryတွေဘယ်လိုအသုံးချလဲ။

ကျနော်ကတော့ စာလုပ်ရင်အသုံးချတယ်(တခြားကိစ္စတော့ ဖတ်သင့်တယ် ဆိုပေမယ့်မဖတ်ဖြစ်ဘူး)

ကျောင်းကနေပြီးတော့ စာလုပ်ဖို့topicတစ်ခုခုပေးလိုက်တာနဲ့ ကျနော်အဲ့topicနဲ့သက်ဆိုင်တဲ့ စာအုပ်လေးတွေ အရင်ဦးဆုံးသွားရှာဖွေတယ်။ တချို့က e bookရှိတယ်။ ကျနော်ကတော့ physical bookတွေဖတ်ရတာပိုသဘောကျတယ်။

ပြီးရင် အမြန်skimတယ်။ ဘာရှိလဲဆိုတာအကြမ်းဖျင်းသိရုံပဲ။ ဟိုနားနည်းနည်းဒီနားနည်းနည်းဖတ်ရင်း ကိုယ်နဲ့ကိုက်မကိုက်ဆိုတာ သိရလွယ်ကူပါတယ်။

လိုချင်တဲ့ကိုက်တဲ့စာအုပ်လေးနည်းနည်းရပြီဆို စာလုပ်တဲ့နေရာကိုပြန်ယူသွားတယ်။ တချို့စာအုပ်တွေက တစ်နှစ်လုံးreferenceယူနေရတယ်။ တချို့စာအုပ်တွေကျ assignmentတစ်ခုအတွက်လောက်ပဲ။

ဒီလိုနဲ့ စာလုပ်ရတာက လွယ်ကူသထက်လွယ်ကူသွားတယ်။ ပုံမှန်ကျနော်ရှာဖွေချိန် ၁နာရီ ၂ နာရီလောက်ကြာနေရင် စာအုပ်လေး၁၅မိနစ်လောက်ဖတ်လိုက်တာနဲ့ ထပ်တူညီမျှအကျိုးရှိသွားတယ်။ အချိန်ကုန်ရကျိုးနပ်တယ်ပေါ့ဗျာ


ကိုယ်ကိုယ်တိုင်က နိုင်ငံခြားမှာကျောင်းတက်နေတဲ့သူဆိုရင် အများအားဖြင့် နာမည်ကြီးကျောင်းတွေရဲ့ကျောင်းသားတွေက တခြားကျောင်းတွေ နေရာတွေရဲ့ libraryတွေမှာ စာအုပ်ငှားဖို့ ကတ်လုပ်ထားခွင့်ရှိပါတယ်။

ဥပမာ - Oxford Brookes Studentဆို Oxford University ရဲ့ Boledian libraryမှာဖတ်လို့ရပါတယ်။ ကတ်လုပ်တာတော့ရှိတာပေါ့။ ကျနော်တော့ မသွားဖြစ်သေးလို့မလုပ်ဖြစ်သေးဘူး။ လိုအပ်ရင်တော့သွားပြီးလုပ်ပါမယ်။

ကျနော်တော့ကျေနပ်ပါတယ်။ တဖြည်းဖြည်းနဲ့ ညတိုင်းလိုလို ကျနော်စာအုပ်တွေဖတ်ဖြစ်လာတယ်။ နောက်လဲ အားတဲ့အချိန်တိုင်း အနားယူချင်တဲ့အချိန်တိုင်း YouTube Shortsတွေမှာ လျှောက်ကြည့်နေတာမျိုးကိုတတ်နိုင်သလောက်လျှော့ပြီး စာအုပ်ဖတ်တဲ့အကျင့်လေးလုပ်ပါမယ်။ မခက်ပါဘူး။


စာအုပ်တစ်အုပ်ရဲ့တန်ဖိုး။

မြန်မာနိုင်ငံအနေနဲ့ ကျနော်မပြောချင်ဘူး။ နိုင်ငံခြားစာအုပ်အများစုက ebookဆိုရင် ၅ဒေါ်လာ ၁၀ ဒေါ်လာလောက်ကနေစလို့ ကောင်းရင်ကောင်းသလို တန်ဖိုးရှိရင်ရှိသလို စျေးကြီးတယ်။

ကျနော့်အတွက်တော့ အိမ်အမြဲတစေပြောင်းနေလို့ အရမ်းအရမ်းကို စုဆောင်းထားချင်တဲ့စာအုပ်မျိုးမှအပ လက်ဆောင်ရတာမျိုးမှအပ စာအုပ်တော်တော်များများကို ebookပဲဝယ်ပါတယ်။

စာအုပ်တွေဝယ်သင့်လား။ ဝယ်သင့်ပါတယ်။ စာအုပ်တစ်အုပ်ဝယ်ရင်စျေးနှုန်းမကြည့်ပါနဲ့။ ပြန်လည်ရရှိနိုင်တဲ့အကျိုးကျေးဇူးက ပေးရတဲ့ငွေနဲ့ယှဥ်ရင် အင်မတန်မှ များပါတယ်။

မိတ်ဆွေတို့ စာအုပ်စတင်ဖတ်ရှုလေ့လာဖြစ်ချင်တယ်ဆိုရင် ကျနော်အကြံပေးချင်တာကတော့ ဘယ်စာအုပ်မဆိုဖတ်ပါ။ ကောင်းတာမကောင်းတာအသာထား ဖတ်သာဖတ်ပါ။ ဖတ်ကျင့်ရှိသွားပြီဆို ကောင်းတာမကောင်းတာ ကိုယ်ကြိုက်တာမကြိုက်တာဘာညာအလိုလိုသိသွားပါလိမ့်မယ်။

လက်ဆောင်ပေးချင်ရင်လဲ စာအုပ်လေးတွေပေးကြပေါ့ဗျာ။ အမှတ်တရသိမ်းထားလို့ရတာပေါ့။


Read more

Moe Notes Studio Journal #1: A Trap, A Guide, and An Unfaded Sound

(Burmese Version) Moe Notes Studio Journal #1: ထောင်ချောက်တစ်ခု၊ လမ်းညွှန်တစ်ခု၊ နှင့် မမှိန်ဖျော့သေးသော အသံတစ်သံ Issue #1 | Monday, 18 August 2025 မင်္ဂလာပါမိတ်ဆွေ။ Moe Notes ကနေ ပထမဆုံးအကြိမ်ပို့လိုက်တဲ

By Moe Htet
"Moe Notes Studio Journal" နှင့် သီးသန့်စကားဝိုင်း

"Moe Notes Studio Journal" နှင့် သီးသန့်စကားဝိုင်း

This article is also available in [English] အဆုံးမရှိ scroll လုပ်နေရတဲ့၊ ကျယ်လောင်တဲ့ algorithm တွေနဲ့ ခဏတာပဲမြင်ရတဲ့ social media post တွေကြားက ကမ္ဘာကြီးမှာ၊ တကယ့်စစ်မှန်တဲ့စကားဝိုင်းတစ်ခုဆိုတာ ဘာ

By Moe Htet