ငွေနဲ့ပတ်သက်တဲ့mindset
ကျနော်ကိုယ်တိုင်လဲသာမန်ကျောင်းသားတစ်ဦးပါ။ ငွေနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်အမှားတွေကြောင့် ဖြစ်သင့်သလောက်ဖြစ်မလာခဲ့တဲ့သူတစ်ဦး။ ငွေကလွဲရင်အရာအားလုံးရင်းတတ်တဲ့အသိုင်းအဝိုင်းဆီက မွေးဖွားလာတယ်။
ဘဝမှာ အကြီးမားဆုံးအပြောင်းအလဲဖြစ်သွားခဲ့တာကတော့ ငွေကြေးဆိုတာ ပိုင်ဆိုင်မှုတွေအများကြီးထဲက တစ်ခုဆိုတာပဲ။
အခြေအနေ
ပြောရမယ်ဆိုရင်ဗျာ ကိုယ့်နိုင်ငံရဲ့ လူတန်းစားအလွှာအသီးသီးမှာ သာမန်လက်လုပ်လက်စား အခြေခံလူတန်းစားက အင်မတန်များပြားလွန်းတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဆင်းရဲလာတယ်။ ခေတ်ရဲ့ပျက်စီးမှုဒဏ်ကို ဦးဆုံးခံစားရတဲ့သူတွေ။
ချမ်းသာတဲ့အလွှာကသူတွေဆိုရင်လဲ ကျိကျိတက်ချမ်းသာနေတဲ့သူမျိုးမှလွဲ၍ အများစုသောသူတွေရဲ့အတွေးထဲမှာ လက်ထဲရှိနေတဲ့ငွေကို ဘယ်လို ခြစ်ကုပ်စုဆောင်းရမလဲ၊ ဘယ်နားချွေတာရမလဲ စတဲ့ အတွေးတွေနဲ့ ထောင်ချောက်ထဲရှိနေကြတဲ့သူတွေပဲ။
တိုင်းပြည်ရဲ့အခြေအနေကပျက်စီးသထက်ပျက်စီးနေရတဲ့ထဲ ပိုဆိုးစေတဲ့အခြေအနေက ဒီmoneyနဲ့ပတ်သက်တဲ့အတွေးအခေါ်။ ကျောင်းတုန်းကဖြစ်စေ ကိုယ့်အသိုင်းအဝိုင်းထံကဖြစ်စေ ဘယ်တုန်းကမှမှန်ကန်တဲ့ ငွေကြေးအသုံးပြုမှုပုံစံဆိုတာမသင်ကြားခဲ့ရတော့ အလွဲလွဲအမှားမှားတွေဖြစ်ကုန်ကြတယ်။
ဘယ်နေရာမှာလွဲခဲ့တာလဲ၊ ဘယ်နားတွေပြုပြင်ရမလဲ။
ကျနော့်အတွေ့အကြုံ
ကျနော်ကိုယ်တိုင်လဲ ငွေကိုသုံးဖြုန်းနေနိုင်တဲ့မိသားစုကနေမွေးဖွားလာခဲ့တဲ့သူမဟုတ်။ သုံးဖြုန်းနိုင်ခဲ့ရင်တောင်မှ သုံးဖြုန်းခွင့်မရှိခဲ့သူတစ်ဦး။ ဒီလိုသူမျိုးအတွက် ငွေကြေးဆိုတာ အရာရာနဲ့လဲလှယ်ရမယ့်အရာလို့ထင်ခဲ့တယ်။
စားစရာတစ်ခုစားချင်ရင် မှာမစားဘူး သွားဝယ်စားတယ်။ Delivery ခမပေးချင်လို့။
ဗိုက်ဆာရင်တောင် အိမ်မှာပဲချက်စားတယ် အပြင်မှာစျေးကြီးလို့။
ဖိနပ်တစ်ရံကို ၅၀၀-၈၀၀ ကီလိုမီတာအထိပဲ စီးသင့်တယ်ဆိုတာမသိ။ ဖိနပ်တစ်ရံ ပြဲစုတ်သွားမှသာ အသစ်ဝယ်တယ်။
အင်္ကျီအဝတ်အစားတွေဆိုလဲ brandဝယ်ဖို့နေနေ ဘေထုတ်သာသာရှိတဲ့ အင်္ကျီတွေ ဝယ်ဝတ်ဖြစ်ခဲ့တယ်။ ငွေကြေးချွေတာတယ်ပေါ့ ကျနော်ထင်ခဲ့တာ။
ဒါပေမယ့် ဘယ်လောက်ကြီးပဲ ချွေတာခဲ့ချွေတာခဲ့ ဘာအကျိုးမှထူးတာမဟုတ်။ ဒီနားလေးဒီနားလေးမှာ ငွေအသုံးပြုတာတွေ လျော့နည်းသွားလို့ အခြားနေရာတစ်ခုမှာပိုသုံးလိုက်ရသလားဆိုတော့ မသုံးလိုက်ရဘူး။ တခြားတစ်နေရာမှာပိုကုန်သွားတာချည်းပဲ။
လူအများစုရဲ့အတွေး
နိုင်ငံခြားထွက်ထွက် ရန်ကုန်မှာနေနေ လူအများစုရဲ့အတွေးက ငွေကြေးကိုတတ်နိုင်သလောက် လျှော့သုံးမယ်။
- အကောင်းဆုံးproduct လိုချင်တယ်။
- အနည်းဆုံးစျေးလိုချင်တယ်။
- သူများထက်သာချင်တယ်။
ဒီလိုနဲ့ ပေါချောင်ကောင်းကြိုက်တဲ့သူတွေ ဖြစ်သွားကြတယ်။
မြန်မာနိုင်ငံထဲတင်သွင်းတဲ့ပစ္စည်းတွေ၊ ရောင်းချတဲ့ကုန်စျေးနှုန်းတွေ နေ့တူတကွရောင်းချနေတဲ့ ဘယ်ကုန်ပစ္စည်းမဆို မကောင်းဘူးလို့ ပြောလို့ရတယ်။ ရေမြေရေခံကောင်းရဲ့သားနဲ့ ထွက်ကုန်တွေကောင်းရဲ့သားနဲ့ ဘာပစ္စည်းအကောင်းမှမရှိတာ။
အကောင်းစားဝယ်နိုင်တဲ့ငွေကြေးရှိရင်တောင် သူများနိုင်ငံကနေ ကိုယ့်နိုင်ငံက ကိုယ့်လိပ်စာကို ပို့ပေးတဲ့သူဆိုတာမရှိသလောက်ရှားတယ်။ Unlessကိုယ်က မြန်မာနိုင်ငံက လက်တစ်ဆုပ်စာ လူတန်းစားလိုမျိုးငွေတွေဒလဟောသုံးနိုင်ရင်တော့တစ်မျိုး။
ဒါမို့ သူများနိုင်ငံကပစ္စည်းတိုင်းက ကောင်းနေတယ်လို့မဆိုလိုဘူးနော်။ အနည်းဆုံးတော့ ကောင်းတဲ့ပစ္စည်းတွေအတွက် ဝယ်သူလူတန်းစားတစ်ရပ်က ရှိသေးတယ်။ ရွေးစရာရှိသေးတယ်။
Brand နာမည်နဲ့ marketingရဲ့သားကောင်များ
အခုခေတ်မှာ ဘယ်သူ့မဆို ဝယ်ချင်လာအောင်လုပ်ရတာအင်မတန်လွယ်ကူတယ်။
ရှေးပုံစံအတိုင်းဆို အကောင်းဆုံးသောပစ္စည်းကို ထုတ်လုပ်မယ်။ အတော်ဆုံးသောအလုပ်သမားတွေနဲ့ ပစ္စည်းကောင်းတွေချည်းထုတ်လုပ်မယ်။ ဒီလိုနဲ့ကုန်ကျစရိတ်တွေကတက်၊ လူတွေက မဝယ်၊ ဒီလိုနဲ့ ဒီလိုမျိုးအကောင်းဆုံးဆိုတဲ့ပစ္စည်းတွေက luxuryပစ္စည်းဖြစ်သွားရော။ တစ်နည်းအားဖြင့် လူချမ်းသာတွေကိုtargetထားတာဖြစ်သွားရော။
ကျနော်ပြောချင်တာ ဒီလိုသူတွေမဟုတ်ပါဘူး။
အခုခေတ်ကျတော့ ပစ္စည်းကို သင့်တော်ရုံပဲထုတ်လုပ်တယ်။ ကောင်းလဲ နည်းနည်းလေးပဲ။
ပြီးရင် နာမည်ကြီးတွေ၊ လူတွေကိုလွှမ်းမိုးနိုင်တဲ့ influencerတွေနဲ့သရုပ်ဆောင်တယ်၊ အမျိုးမျိုးသော marketingတွေ၊ contentတွေ၊ promotional messagesတွေနဲ့ လူတွေရဲ့စိတ်ထဲမှာ "ငါဒါကို လိုအပ်တယ်" ဆိုတဲ့အသိမျိုးကို မရရအောင်ရိုက်သွင်းတယ်။
ပြီးရင် စျေးနှုန်းကို ဟော ရှိသင့်တဲ့စျေးထက် အဆပေါင်းများစွာ တက်လာတဲ့ပမာဏလောက်ကို ယူတယ်။ လုပ်ငန်းနဲ့ပတ်သက်တဲ့ကုန်ကျစရိတ်တွေ ကျနော်မသိသလို မကျွမ်းကျင်ပါဘူး။ ဒါပေမယ့် ကျနော်သိတာက သားကောင်ဖြစ်နေကြတဲ့သူတွေအကြောင်းပါ။
ကောင်းတဲ့ပစ္စည်းတစ်ခုကို ကြိုက်တာကောင်းပါတယ်။ ဒါပေမယ့် တမင်သပ်သပ်ကြီးစျေးကြီးထားတဲ့ သာမန်ပစ္စည်းတစ်မျိုးကို စျေးတွေအဆမတန်တင်တောင်းထားတဲ့ ပစ္စည်းမျိုးကိုတော့ စျေးကြီးပေးမဝယ်ပါနဲ့။
အထူးသဖြင့် ငွေကိုဖောဖောသီသီမသုံးနိုင်တဲ့ အခြေအနေမျိုးမှာ ပိုလို့တောင်မဝယ်သင့်ပါဘူး။ ခက်တာက လူတွေက ဒါမျိုးကျတော့ စျေးကြီးတွေပေးဝယ်တတ်ကြတယ်။
ငွေကို ဘယ်လိုအသုံးပြုရမလဲ။
ကျနော်အလုံးစုံအကြံမပေးတတ်ပါဘူး။ သို့ပေမယ့် ကျနော်သိတဲ့တစ်ခုတည်းသောအချက်ကတော့ သုံးဖို့လိုရင်သုံးပါ။
ဆိုပါစို့ မိတ်ဆွေတို့ထဲမှာ ပစ္စည်းတစ်ခုခုကိုလိုချင်နေတာမျိုးရှိမယ်။ စျေးကြီးလို့ မဝယ်ဖြစ်တာရှိမယ်။ စိတ်မပူပါနဲ့။
အခြေအနေ ၂ ရပ်ရဲ့ ဆုံးရှုံးမှုနဲ့ရရှိမှု။
ဝယ်လိုက်တဲ့အခါ
- ဆုံးရှုံးသွားမှာတွေက ငွေကြေးရှိတယ်။ ဒီမှာသုံးလိုက်ရတော့ တခြားနေရာတွေမှာမသုံးဖြစ်တော့ဘူး အဲ့အရာတွေပါဆုံးရှုံးသွားမယ်။
- ရရှိသွားတဲ့အရာတွေကတော့ ဒီပစ္စည်းနဲ့ဆက်စပ်ပြီး အသုံးပြုကြရမယ့်အရာတွေအကုန်လုံး သုံးရတာအဆင်ပြေသွားတယ်။ ဒီလိုစဥ်းစားရတဲ့အခြေအနေထိရောက်နေပြီဆိုကတည်းကိုက လိုအပ်လို့ပေါ့။
မဝယ်လိုက်တဲ့အခါ
- ဆုံးရှုံးသွားမှာက ဒီပစ္စည်းနဲ့ပတ်သက်တဲ့ အသုံးပြုမှုတွေအကုန်လုံး။ ကိုယ်လိုအပ်တဲ့အရာတစ်ခုဆို အဆင်မပြေဘူးလေ။
- ရသွားတဲ့အရာတွေကတော့ ငွေတော့ ကျန်နေသေးတယ်။ ဒါပေမယ့် တခြားမလိုအပ်တဲ့နေရာတွေမှာ ပါသွားမနိုင်ဘူးလား။ တကယ်ကော ဒီငွေက စုမိမှာတဲ့လား။
ဒါကိုတွက်စေချင်တယ်။ ပြန်လည်ရရှိလာနိုင်တဲ့အကျိုးကျေးဇူးကို ရေတိုကောရေရှည်ပါတွက်ဆစေချင်တယ်။
ဥပမာ - အခုနေ
- Brandဆိုပြီး မကောင်းတဲ့အကျီတွေကို £50လောက်ပေးဝယ်လို့ရသလို
- ကိုဇဏ်ခီတို့ ZKCK Cotton ၁၀၀ ရာခိုင်နှုန်းအကျီတစ်ထည်ကို ပေါင် ၂၀နဲ့ဝယ်လို့ရသလို
- Shopping mallတွေက သာမန်အကျီအစုတ်တွေကို £5 လောက်နဲ့လဲဝယ်လို့ရတယ်။
ကျနော့်အတွက်တော့ ဒုတိယoption ကအကောင်းဆုံးဖြစ်ပါလိမ့်မယ်။
Conclusion
ငွေဆိုတာက ကျနော်တို့ရဲ့အချိန်၊ ခွန်အား၊ စိတ်အာရုံ စတဲ့qualityတွေထက် မသာတဲ့ပိုင်ဆိုင်မှုတစ်ခုပါ။ ဒီလိုဆိုလို့ ငါ့အချိန်တွေအရမ်းတန်ဖိုးရှိတယ်ဆိုပြီး နေ့တိုင်းစားသောက်ဆိုင်ကောင်းကောင်းမှာ စားနေဖို့ မဆိုလိုပါဘူး။ လိုအပ်သလို ချင့်ချိန်ဖို့ပါ။
ငွေကြေးချွေတာချင်လို့ဆိုပြီး တစ်နေ့တစ်နေ့ ထမင်းနဲ့ ငါးပိရည်နဲ့ပဲ စားနေလို့မရပါဘူး။ ခေါက်ဆွဲပြုတ်နဲ့နေ့နေ့ညညဖြတ်သန်းရင်း အာဟာရမပြည့်ဝဘဲ နေဖို့မဟုတ်ပါဘူးနော်။ သုံးသင့်သလောက်တော့သုံးပါ။
ဒီလိုနဲ့ ကောင်းမွန်တဲ့ဘဝတွေဆီဦးတည်သွားဖို့ပါ။
ဒီpostထဲက ကျနော်ရည်ရွယ်တာက လူတန်းစားမျိုးစုံပါ။ အစားအသောက်တစ်ခုတည်းကိုမဆိုလိုဘူး။ အဝတ်အစားတွေကိုမဆိုလိုဘူး အရာအားလုံးက ငွေကြေးနဲ့ပတ်သက်ဆက်နွယ်နေတဲ့အတွက် အရာအားလုံးကိုဆိုလိုတာ ဖြစ်ပါတယ်။