ကျောင်းတက်ခါနီး ကျောင်းသားများအတွက် အားပေးစကား
ကျနော်ကျောင်းစစတက်တက်ချင်းမှာ ဘာဆိုဘာကိုမှမလုပ်တတ်မပြင်ဆင်တတ်ပါဘူး။ ဒီလိုအခြေအနေကနေ ငွေမှလွဲ၍ အစစအရာရာ မိမိကိုယ်ကို ထိန်းကြောင်းနိုင်တဲ့သူတစ်ဦးဖြစ်အောင် ဘယ်လိုအရာတွေကလမ်းပြပေးခဲ့လဲ။
- ပြင်ဆင်မှု (ဘဏ်ကိစ္စ၊ ဆင်းကဒ်ကိစ္စ၊ agent၊…)
- ကြုံတွေ့ရနိုင်တဲ့အခြေအနေများ
- ကိုယ့်ကိုယ်ကိုယုံကြည်ပါ
- သေမှာပါပဲ
- ကျောင်းသားများအတွက်tips
ပြင်ဆင်မှု
နိုင်ငံခြားသွားဖို့ ပြင်ဆင်မှုဆိုတာ ဘာလဲ။ လူအများစုထင်ကြတဲ့ပြင်ဆင်မှုဆိုတာက ကြုံလာရမယ့်အခြေအနေအလုံးစုံအတွက် previewတွေဖတ်ရှုလေ့လာထားဖို့ videoလေးတွေကြည့်ထားဖို့ စာဆိုရင်လဲ ကြိုတင်ပြီးတော့softwareတွေလေ့လာထားဖို့။
မကောင်းတာမဟုတ်ပါဘူးကောင်းပါတယ်။ ပြောရရင် နိုင်ငံခြားက အကြောင်းတွေဖတ်ရှုတိုင်း၊ softwareတစ်ခုစီသင်ယူတိုင်း softwareတစ်ခုတည်းကိုပဲသင်လိုက်ရတာမဟုတ်ဘဲနဲ့
- ပြည်ပမှာ ဘယ်လိုမျိုးသင်ယူလေ့လာကြလဲ၊
- ကိုယ်ကကော သူတို့သင်ပေးတာကိုနားလည်လား၊ ကိုယ့်အတွက်တစ်ခုခုတတ်မြောက်သွားစေလား။
- အကူအညီလိုရင် ဘယ်လိုအကူအညီတောင်းရလဲ၊ Communityကိုလား App supportကိုလား။
- လူတွေနဲ့ ဘယ်လိုinteractကြလဲ။
Softwareဆိုတာ အဲ့တာတွေအားလုံးထဲက အပိုင်းအစလေးတစ်ခုပါ။
ကိုယ်နိုင်ငံခြားမှာနေထိုင်ဖို့၊ လူနေမှုအဆင့်အတန်းတစ်ခု ဘဝတစ်ခုကို ဖန်တီးဖို့အတွက် ဒီစာကြိုတင်ပြင်ဆင်လေ့လာထားတာတွေ၊ videoကြည့်တာတွေလောက်နဲ့တင်မလုံလောက်ဘူး။
ကျနော်ရေးခဲ့ဖူးတဲ့ထဲမှာ လူတွေ လျှော့တွက်ထားတဲ့ အရေးပါတာတွေပါတယ်။ နိုင်ငံခြားမထွက်ခင်ကျောင်းသားတွေပြင်ဆင်ခဲ့ရမယ့်ကိစ္စတွေ(တိုင်ပင်ဆွေးနွေးမှု၊ မထွက်နိုင်သေးရင်ဘာလုပ်ရမလဲ၊ ငွေဘယ်လိုတွက်ရမလဲ၊ ငွေဘယ်လောက်ရှိမှ နိုင်ငံခြားလွှတ်သင့်လဲ၊...) စတာတွေအများကြီးပါပါတယ်။ ရှာဖတ်ကြည့်နိုင်ပါတယ်။ ပြင်ဆင်မှုကောင်းပါစေ။
နားမလည်ရင် Agentတွေ၊ consultantတွေအပြင် seniorတွေ(ကိုယ်တက်မယ့်နိုင်ငံ (သို့မဟုတ်) ကျောင်း (သို့မဟုတ်) Majorမှာရှိကြတဲ့ သူတွေ) ကိုမေးပါ။ တစ်ဦးတည်းမမေးပါနဲ့ မှားတတ်လို့ပါ။ စုံစိနေအောင်ကိုမေးပါမြန်းပါ။ မြန်မာအချင်းချင်းလဲမေးပါ နိုင်ငံခြားသားတွေကိုလဲမေးနိုင်ပါတယ်။
ကြုံတွေ့ရနိုင်တဲ့အခြေအနေများ
တကယ်တော့ ကိုယ်ကျောင်းသွားတက်ဖို့ ပြည်ပသွားဖို့ရည်ရွယ်ချက်ကိုက တိကျသေချာနေဖို့ ခိုင်မာနေဖို့လိုအပ်တယ်။ ခံယူချက်မမေ့စေဖို့လိုအပ်တယ်။ ဘဝကြီးမှာ ကျနော်တို့ ကျရှုံးမယ်၊ လျှော့တွက်မိမယ်၊ ပိုတွက်မိမယ်။ မထိခိုက်ခဲ့သင့်တဲ့သူတွေကို ထိခိုက်မိမယ်၊ အတွေးလွန်မယ်၊ အတွေးတိမ်လိမ့်မယ်။
အမှားတွေကျူးလွန်မယ်။ အမှန်တွေကို မျက်ကွယ်ပြုမယ်။ ကောင်းတာတွေကော ဆိုးတာတွေကော လုပ်မိလိမ့်မယ်။ မှားမှန်းသိလျက်နဲ့လုပ်မိတာတွေ၊ အပြစ်ရှိသလိုခံစားရတာတွေလဲရှိမှာပဲ။ ကိုယ့်အပေါ်ကောင်းတဲ့သူတွေကို ဆိုးသွမ်းမိတာတွေ၊ ကိုယ့်အပေါ် ဆိုးခဲ့တဲ့သူတွေကိုမှ ယုံကြည််ခဲ့မိတာတွေလဲရှိမယ်။
ဒီလိုနဲ့ ဘဝတစ်ခုလုံးဆယ်လို့မရတော့ဘူး အဖတ်တင်မကျန်နိုင်တော့ဘူး လုံးဝအသုံးမဝင်တဲ့သူတစ်ဦးလိုခံစားလာမိလိမ့်မယ်။ ဖြစ်မှာပဲ။ ဒါပေမယ့် ဒီလိုဖြစ်တာကို ကြောက်မနေဖို့လိုတယ်။ ဘဝကြီးကကြုံရမှာပဲ။ သေရမှာပဲ။ ကြောက်ရွံ့မှုနဲ့ ရှင်သန်မလား၊ ပျော်ရွှင်မှုနဲ့ရှင်သန်မလား ဒါက ကိုယ့်အပေါ်မှာမူတည်သွားတယ်။
ကိုယ့်ကိုယ်ကိုယုံကြည်ပါ။
ယုံကြည်မှုဆိုတာ ကိုယ့်ဟာကိုယ်ပဲတည်ဆောက်ရတဲ့အရာတစ်ခု။ လူတွေက ရိုက်ချိုးကြမှာပဲဖျက်ဆီးကြမှာပါပဲ။ လူတွေမှတင်မဟုတ်ဘူး ကြုံတွေ့ရနိုင်တဲ့အခြေအနေတွေအကုန်လုံးက ကိုယ့်ကို အဆင်းဘီးတွန်းနေမှာပဲ။ ဒီကိစ္စကို နားလည်ထားဖို့ သိပ်အရေးကြီးတယ်။ တကယ်တော့ ယုံကြည်မှုဆိုတာ တည်ဆောက်ဖို့ သိပ်ခက်ခဲပါတယ်။
တခြားသူတွေဘယ်သူမှမယုံကြည်ရင်နေ မိမိကိုယ်ကိုတော့ယုံကြည်ဖို့လိုအပ်ပါတယ်။
တခြားသူတစ်ဦးကယုံကြည်မှ ကိစ္စတစ်ခုကိုလုပ်နိုင်မယ်၊ အားပေးနေမှ ရှိနေမှလုပ်နိုင်မယ်ဆိုတာမျိုးက ချစ်သူတွေကြား တစ်တီတူးကြတာပဲကောင်းပါတယ်။ အမှန်တကယ်က ဒီလိုတစ်ဦးရှိမှတစ်ဦးက လုပ်နိုင်မယ်ဆိုတာကလဲ ကိုယ်တိုင်ဖန်တီးတာပါ။ ခုလိုဖြစ်လာသည့်တိုင်အောင် ကိုယ့်ကိုယ်ကိုယုံကြည်တယ် သူ့အပေါ်ကိုချစ်နေနိုင်မယ်ဆိုတဲ့ ယုံကြည်မှုတစ်ခုနဲ့တင်ပါ။
နိုင်ငံခြားသွားတယ်ဆိုတာ ဘယ်လောက်ပဲငွေရှိရှိမရှိရှိ လူတိုင်းအတွက်ကတော့ မတူညီတဲ့အတွေ့အကြုံမျိုးစုံပါ။ ဒါကိုမမေ့ပါစေနဲ့။ လွယ်ကူတာမျိုးလဲမရှိဘူး။ ဒီလိုပဲ ဘဝကြီးမှာ လုပ်ရတဲ့ဘယ်ကိစ္စမဆို ယုံကြည်မှု မရှိဘဲလုပ်လို့မရနိုင်ပါဘူး။
ဒီအတွက် ကိုယ့်ကိုယ်ကို ယုံကြည်ပါ။ မယုံကြည်နိုင်ရင် လုပ်ခဲ့ဖူးသမျှကိစ္စတွေအကုန်လုံးကို ပြန်စဥ်းစားကြည့်ပါ။ ကိုယ့်ကို အခုအချိန်အထိ အသက်ရှင်နေစေတဲ့အရာကို အမှတ်ရနေပါ။ ဆက်လက်အသက်ရှင်ပါ။ အသက်ရှင်တဲ့ရည်ရွယ်ချက်ကစလို့ နိုင်ငံခြားထွက်ကြတာပဲမဟုတ်လား။
သေမှာပါပဲ
ကျနော်တို့ဘဝတွေဆိုတာက ဘယ်လောက်ပဲဖြစ်ဖြစ် အချိန်တန်ရင်သေမှာပါပဲ။ လောကကြီးမှာ ခက်ခဲတယ်ဆိုတဲ့အခြေအနေမျိုးတွေ လွယ်ကူလွန်းတာတွေ ဘယ်လောက်ကြီးပဲ ကြုံရကြုံရ အချိန်တန်သေမှာပဲ။ ကိုယ့်ဟာကိုယ် ဒီအလုပ်ရရမရရ၊ ဒီကျောင်းတက်လို့ရရမရရ၊ ဒီနိုင်ငံကိုထွက်ခွင့်ရရမရရ သေမှာပါပဲ။ လက်လျှော့ခိုင်းတာမဟုတ်ပါဘူး နားလည်စေချင်တာပါ။
လက်ထဲရှိတဲ့အရာနဲ့ ပျော်ရွှင်ပါ။ မကျေနပ်ပါနဲ့ အမြဲတစေ ပိုကောင်းတာတွေဆီတက်လှမ်းမြဲတက်လှမ်းနေပါ။
ရှည်ရှည်ဝေးဝေးမပြောချင်တော့ဘူးဗျ။
ကျောင်းသားများအတွက်tips
ပြင်ဆင်သင့်တာတွေအကုန်လုံးပြင်ဆင်သွားပါ။ မပြင်ဆင်ခဲ့မိလို့ ဘာမှမလုပ်မိခဲ့လို့ အခက်အခဲကြုံရရင်လဲတွေးပူမနေပါနဲ့။ ပေါင်းသင့်တဲ့သူနဲ့ ပေါင်းပါ။ မပေါင်းသင့်တဲ့သူဆို ဝေးဝေးကရှောင်ပါ။ ဘယ်အရာမဆို ပြန်လည်စစ်ဆေးပါ။ မေးခွန်းအခါခါထုတ်ပါ။
လောသင့်တာလောပါ အချိန်ယူသင့်တာယူပါ။ လျှော့မတွက်ပါနဲ့ ပိုမတွက်ပါနဲ့ အစိုးအရိမ်မလွန်ပါနဲ့။
ကိုယ်သွားမယ့်ခြေလှမ်းရဲ့ အတိုင်းအတာနဲ့ ဘယ်လောက်ထိpotential ရှိလဲ အလားအလာရှိလဲဆိုတာစစ်ဆေးပါ။ အလားအလာမရှိတဲ့ riskနည်းတဲ့ ကိစ္စတစ်ခုကို လွယ်လွယ်ကူကူလုပ်မလား အလားအလာများတဲ့ ထိခိုက်နိုင်ချေများတဲ့ကိစ္စတစ်ခုကို ခက်ခဲစွာလုပ်မလား။
ဘာဖြစ်ဖြစ်ဆိုပြီး အခြားသူတစ်ဦးကို ပုံအပ်တာမျိုးမလုပ်မိပါစေနဲ့။ နှလုံးသားပုံအပ်တယ်ဆိုတာစကားအဖြစ်ပဲကောင်းပါတယ်။ ပြည်ပသွားဖို့ကိစ္စတွေအကုန်လုံးကို အိမ်ကသူတွေ (သို့မဟုတ်) agentတွေကို ပုံအပ်ပြီးမှ အဆင်မပြေဖြစ်တဲ့အခါ ကိုယ်ထိခိုက်မှာပါ။
ဘာကြောင့်ကိုယ်နိုင်ငံခြားသွားမှာလဲဆိုတာကို ချိန်ဆပါ။ ကျောင်းတက်ရုံလား စစ်ဘေးကြုံရမှာစိုးလို့လာ။ နိုင်ငံခြားသွားရတာခက်ခဲပါတယ်။ လွယ်လဲလွယ်ကူပါတယ်။ သွားသင့်လားမသွားသင့်ဘူးလားဆိုတာကိုဆုံးဖြတ်ပါ။
အဓိကကတော့ ကောင်းကောင်းလေးဖြတ်သန်းပါ။ အိမ်မက်တွေဖန်တီးပါဗျ။