Life Update: Oxfordတွင်းပဲကို အိမ်ပြောင်းရပြန်တယ်။

Life Update: Oxfordတွင်းပဲကို အိမ်ပြောင်းရပြန်တယ်။

ကျနော် အိမ်ပြောင်းနေရလို့ဗျာ။ အဓိကကတော့ နွေရာသီအတွင်းနေတဲ့အဆောင်က စျေးကြီးလို့ စျေးပေါတာဆီပြန်ပြောင်းတာ။ 

 ပြည်ပမှာ မကြာခဏအိမ်ပြောင်းကြရတဲ့ဒုက္ခဆိုတာလဲ မဖြစ်မနေရင်ဆိုင်ရတာဆိုတော့ ဒါနဲ့ပတ်သက်ပြီးကျနော့်အတွေ့အကြုံတစ်ခုရေးပါဦးမယ်။ 

ဘာကြောင့် Last minuteဆိုတဲ့ အနားကပ်မှပြောင်းလို့ရတာဖြစ်သွားလဲ။​Last minute မှာအိမ်ပြောင်းရတဲ့အခါ ဘယ်လိုmanageလဲ။ 

အခန်းခ

သဘောကတော့ ကျောင်းတက်ရမယ့်နေ့ရဲ့ ၂ပတ် ၃ ပတ်လောက်အလိုကျမှ အခန်းရှာရတဲ့ဒုက္ခပေါ့ဗျာ။ Oxfordမှာ 

⁃ ကျောင်းကလုပ်ပေးထားတဲ့ ကျောင်းအဆောင်တွေရယ် 

⁃ Private student accomodationဆိုတဲ့ ကျောင်းနဲ့မသက်ဆိုင်တဲ့ အဆောင်တွေရယ် 

⁃ အပြင်အိမ်ခန်းတွေရယ် ရှိတဲ့ထဲက မိမိနဲ့ကိုက်ညီတာရှာရပါတယ်။ 

ကျောင်းသားအများစုတတ်နိုင်တဲ့စျေးက အနည့်တကာ့အနည်းဆုံး စျေးတွေဆိုတော့လဲ အပြင်အိမ်ခန်းကို ကြည့်မနေပါနဲ့တော့။ အရမ်းscamများလို့ပါ ချွေတာရင်းချွေတာရင်းပေါ့။ 

စျေးအဆင်ပြေတဲ့ ကျောင်းအဆောင်တွေက အခုလိုအချိန်လောက်ဆို အကုန်လုံးက fully booked။ အဆင်သိပ်မပြေတဲ့ ကြီးနေတဲ့အဆောင်တွေကျတော့ နည်းနည်းလေးတွေစီကျန်သေးတယ်။ ရွေးယူရတာပေါ့။

 ပြောမယ်သာပြောတာ စျေးအနည်းဆုံးကိုပဲ​ ရွေးယူမိနေတာမျိုးက တကယ်တော့ မကောင်းတဲ့အကျင့်။ အခန်းသာစျေးပေါသွားတယ်။ 

⁃ အစစအရာရာစျေးကြီးတာမျိုး

⁃ မြို့နဲ့ပဲဖြစ်စေ ဘယ်နေရာနဲ့မဆို ဝေးနေတာမျိုး

⁃ ဘာလုပ်လုပ် အချိန်ယူရတာမျိုး အဲ့လိုတွေပေါ့။

အခန်းပြောင်းတာ။

အော် အခန်းပြောင်းရင်လဲလေ အလုပ်မတတ််ရင်မတတ်သလို International ကျောင်းသားဆိုပြီး အဲ့လိုမျိုးcompanyတွေ serviceတွေက ရိုက်စားတတ်ကြတာမို့ သတိတော့ထားပါဗျိုး။ ကံမကောင်းရင် ၁၀၀၀ ဆိုတာအသာလေး။ 

© Moe 2024. All Rights Reserved

Read more

Alternative Options: ဥရောပနဲ့ အခြားနိုင်ငံများသို့ ကူးပြောင်းခြင်း

Alternative Options: ဥရောပနဲ့ အခြားနိုင်ငံများသို့ ကူးပြောင်းခြင်း

ဒီStudent Visaကိစ္စအပြောင်းအလဲနဲ့ပတ်သက်ပြီး ကျနော်အကြံပြုချင်တာရှိပါတယ်။ ဒါက Studentတွေရော Education Providerတွေရောကိုပါ အကျုံးဝင်ပါတယ်။ ပထမတစ်ခု။ နိုင်ငံအပြောင်းအလဲ။ ကျနော်တို့လို ကျောင်းသားအမျ

By Moe Htet
UK ရဲ့ "Emergency Brake" ဗီဇာပိတ်ပင်မှု နောက်ကွယ်က အချက်အလက်များ

UK ရဲ့ "Emergency Brake" ဗီဇာပိတ်ပင်မှု နောက်ကွယ်က အချက်အလက်များ

သတင်းတွေမှာ UK က မြန်မာအပါအဝင် နိုင်ငံ ၄ နိုင်ငံ (အာဖဂန်နစ္စတန်၊ ကင်မရွန်း၊ ဆူဒန်၊ မြန်မာ) ကို Student Visa (ကျောင်းသားဗီဇာ) ပိတ်လိုက်ပြီဆိုတဲ့ သတင်းတွေ တက်လာတော့ လူတေ

By Moe Htet