What I love and hate about the UK(Specifically Oxford)
ကျနော့်လိုသူတစ်ဦးအတွက် ဒီနိုင်ငံက အကောင်းတကာ့အကောင်းဆုံးတော့မထင်ဘူး။ သို့သော်လည်း အတိုင်းအတာတစ်ခုထိတော့ ကျနော်လိုချင်တဲ့အရာတွေကိုပေးစွမ်းနိုင်တယ်။
ကျနော်အခုလိုမျိုးပြောတယ်ဆိုတာက နိုင်ငံတွေအများကြီးထဲကမှ အကြိုက်ဆုံးနိုင်ငံတစ်ခုကို ရွေးချယ်လိုက်တာလဲမဟုတ်ဘူး (ဒီလိုပြောရလောက်တဲ့ အတိုင်းအတာထိရောက်ဖူးတဲ့ နိုင်ငံဆိုလို့ အမိမြေရယ် UKရယ်ပဲရှိတာ)။
ကျနော်ကိုယ်တိုင်ကကျောင်းသား၊ အခြေအနေအရပ်ရပ်ကြားထဲကနေ ကြိုးစားရုန်းကန်လျက် Undergraduateအတန်းမှာ သင်ကြားနေတဲ့ Burmaဆိုတဲ့နိုင်ငံလေးက ခေတ်လူငယ်တစ်ဦး။
မကြိုက်တဲ့အရာများ
တကယ်သာထောက်ပြကြေးဆို ရေးစရာတော့ကုန်မှာမဟုတ်ဘူးမို့
- အစားအသောက်၊
- လူတွေရဲ့ဆက်ဆံရေးပုံစံ၊
- ခေတ်ရေစီးကြောင်း၊
- Diverseအဖြစ်လွန်သွားတဲ့အခြေအနေ၊
- ငွေကြေးဖောင်းပွမှု(၂ခုလုံး)
အစားအသောက်
စာတွေဖတ်ကြည့် ရှာကြည့် လေ့လာကြည့်ပေမယ့် ခိုင်လုံတဲ့သက်သေအတိအကျနဲ့ ဒီဖြစ်ရပ်ကြောင့် ဒီလိုမျိုး စုတ်ပြတ်လာတာလို့ ရေးထားတာမျိုးမရှိဘူး။ ကျနော်ပြောချင်တာ ဗြိတိန်ရဲ့အစားအသောက်အကြောင်း။
အင်္ဂလန်ရဲ့ အစားအသောက်လို့ဆိုလိုက်ရင် အများဆုံးမြင်ရနိုင်တာက
- Fish and chipsဆိုတဲ့ အာလူးကြော်ရယ် ငါးကိုမုန့်နှစ်နဲ့ကပ်ကြော်ထားတာတို့
- Beansဆိုတဲ့ ပဲမျိုးစုံကို ခရမ်းချဥ်သီးအနှစ်နဲ့ချက်ထားတာတို့၊
- Pastiesတို့ Pieဆိုတဲ့ အသားမျိုးစုံ fillingမျိုးစုံကို ဘဲသားမုန့်ပုံစံလုပ်ထားတာမျိုးတို့
- Saussageဆိုတဲ့ တရုတ်ဝက်အူချောင်းနဲ့မတူတဲ့ ဝက်အူချောင်းပုံစံမျိုးတို့
ခက်တာက ဒီမုန့်တွေ ဒီအစားအသောက်တွေအကုန်လုံးကို လူအများစု လက်လှမ်းမီသလောက်က သာမန် fast foodဆိုင်တွေတို့ စျေးသိပ်မကြီးတဲ့ဆိုင်တွေတို့ဆီက။ ဒီတော့မကောင်းဘူး။
ပိုဆိုးတာက ဒီနိုင်ငံရဲ့ restrictionတွေက အရမ်းမြင့်မားလွန်းတယ်။ သန့်ရှင်းမှု standardကော ဒီလိုသန့်ရှင်းဖို့အတွက် ကုန်ကျစရိတ်နဲ့ ပေးရတဲ့အင်အားအတိုင်းအတာကော လုပ်အားခကော အကုန်လုံးကြောင့် အစားအသောက်တွေကို Pure loveနဲ့ ဖန်တီးပေးနိုင်ဖို့ဆိုတာ ခက်ခဲလာတယ်။
ကျနော်ကြိုက်ပါတယ် သူတို့အစားအသောက်တွေ။ သို့ပေမယ့် တရုတ်ဟင်းလျာတွေ အရှေ့အလယ်ပိုင်းဒေသက ဟင်းလျာတွေကို အမြဲရွေးချယ်နေမိဦးမှာပဲ။
ငွေကြေးဖောင်းပွမှု
ဒီခေါင်းစဥ်မှာ မြန်မာနိုင်ငံရဲ့ငွေကြေးအခြေအနေတစ်ခုတည်းကိုဆိုလိုတာမဟုတ်ဘူးဗျ။ ဒီနိုင်ငံမှာလဲ အင်မတန်ဖောင်းပွလာတဲ့ကုန်စျေးနှုန်းတွေ၊ စရိတ်တွေကိုလဲဆိုလိုတာပါ။
အထွေထွေငွေကြေးဖောင်းပွမှုအနေနဲ့ကတော့ မြန်မာနိုင်ငံလောက်တော့မသိသာဘူးဗျ။ ဥပမာ တစ်နှစ်ကို ၂-၃ ရာခိုင်နှုန်း ငွေကြေးတန်ဖိုးဖောင်းပွမှုတို့ အဲ့လောက်ပဲ။ (BBC)
သိသာလွန်းတာက အထွေထွေစရိတ်တွေ။ အထူးသဖြင့် အိမ်ငှားခတွေ ကျောင်းသားတွေအလာများတဲ့အနေအထိုင်များတဲ့ မြို့တွေ၊ အလုပ်အကိုင်အခွင့်အလမ်းအင်မတန်ပေါများလွန်းတဲ့မြို့တွေဆီက များသထက်များလာတဲ့ စရိတ်တွေ။
Londonဆိုတဲ့ ဥရောပဘက်က နာမည်အကြီးဆုံးမြို့တော်လိုနေရာမျိုးက ကုန်ကျစရိတ်ကိုမဆိုလိုသေးဘူး။ အနီးစပ်ဆုံးOxfordလို မြို့မျိုးမှာ နိုင်ငံပေါင်းစုံက ကျောင်းသားအများစုပေးအပ်လိုတဲ့ပမာဏနဲ့ရရှိနိုင်တဲ့အခန်းမျိုးက ၈ပေ ပေ ၂၀ အခန်းမျိုး။ Double cabတစ်စီးထက် ၂ပေ ၃ပေလောက်ပဲ ပိုကျယ်တဲ့အနေအထား။
အစားအသောက်စရိတ်၊ ရေဖိုးမီးဖိုး၊ ပြင်ဆင်စရိတ် ဒါတွေကနေစလို့ အိမ်ဝယ်မယ်၊ အိမ်ငှားမယ်၊ အတိုးနဲ့တစ်ခုခုဝယ်မယ် စသဖြင့် အကုန်လုံးက အင်မတန်များပြားလာတယ်။ နေထိုင်တဲ့သူတိုင်းကို သက်ရောက်လာတယ်။ ပိုဆိုးတာက ကျနော်တို့လို နိုင်ငံမျိုးကသူတွေ။
လူတွေရဲ့ဆက်ဆံရေးပုံစံ။
လူတွေရိုင်းတယ်တို့ အေးတိအေးစက်နိုင်တယ်တို့စသဖြင့် ဆိုလိုတာမဟုတ်ဘူး။ စကားပြောပုံဆိုပုံ လေယူလေသိမ်း အသံအနေအထား ဒါကိုဆိုလိုတာ။ ကျနော်တစ်ဦးတည်းသတိထားမိတာမျိုးလဲ ဖြစ်ပါလိမ့်မယ်။
အင်္ဂလန်မှမဟုတ်ပါဘူး။ ဘယ်နိုင်ငံ ဘယ်လူမှုအသိုင်းအဝိုင်းမဆို ကောင်းတဲ့သူက ကောင်းတာပဲ။ အကျင့်မကောင်းတဲ့သူက မကောင်းတာပဲလေ။ ဒီအတွက် ရိုးရိုးသားသား ယဥ်ယဥ်ကျေးကျေးနဲ့ မှန်မှန်ကန်ကန်ပြောသမျှ နားဝင်ချိုပါတယ်ဗျာ။
တစ်ခုပဲ ဒီenglish ဆိုတဲ့ဘာသာစကားကြောင့်လို့ပဲမြင်တယ်။ နေသားမကျတာလဲပါမှာပါ။ ကျဖို့လဲမမြင်။
Diverseအဖြစ်လွန်သွားတဲ့အခြေအနေ
ဒီမှာကျောင်းတက်သူအများစုကြုံရတဲ့ဒုက္ခကတော့ ဒီရောက်လို့ အင်္ဂလိပ်စာလေးများ လေ့လာချင်မိပါတယ် တွေ့လိုက်တိုင်း အိန္ဒိယအသဲဝဲဝဲတွေ အာရှအသံဝဲဝဲတွေနဲ့ စျေးဝယ်လဲဒီသူတွေ၊ ကျောင်းတက်လဲဒီသူတွေ၊ ..
မကောင်းတာတော့မဟုတ်ပါဘူး။ လူဖြူရယ်မှလဲ အထင်ကြီးတာမျိုးလဲမဟုတ်ဘူးဗျ။ တစ်ခါတစ်လေဆို ဒါUKလား ဒါIndiaလားလို့တောင်မသဲကွဲတော့တဲ့ထိပဲ။
ကိုယ်က ဒီနိုင်ငံကိုလာပြီး ဒီcultureကိုလေ့လာချင်တယ်။ အပြောအဆို အနေအထိုင် စသဖြင့် အမျိုးမျိုးသိချင်စူးစမ်းချင်နေတဲ့အခါမျိုး living standardရယ်လို့ ခံစားချင်တဲ့အခါမျိုးမှာ ဘာမှလေ့လာလို့မရတဲ့အပြင် experienceကြီးတစ်ခုလုံးပျက်စီးသွားသလိုပါဖြစ်တယ်။
ဒီလိုပြဿနာမျိုးက ကျောင်းနည်းတဲ့ပတ်ဝန်းကျင်မျိုး ဒေသမျိုးမှာတော့ဖြစ်ဖို့ခဲယဥ်းတယ်ဗျ။ ကျနော်ယူထားတဲ့architectureကိုယ်တိုင်ကိုက ဒါတွေကိုအဓိကဦးစားပေးရတာကိုး။
ခေတ်ရေစီးကြောင်း
ခေတ်ကြီးက တဖြည်းဖြည်းနဲ့ အကျဘက်ကိုရောက်လာသလိုပါပဲ။
ကျနော်ကိုယ်တိုင်လူငယ်ဆိုပေမယ့် တဖြည်းဖြည်းနဲ့ ပြောင်းလဲလာတဲ့cultureကိုတော့ သိပ်မကြိုက်ဘူးဗျ။ လူတိုင်းလိုလို E-cigarettesတွေညှပ်၊ အရက်ပုလင်းလေးတွေကိုယ်စီနဲ့ တစ်မြို့လုံး အဖော်အချွတ်နိုက်ကလပ်ကိုရောက်နေသလား အောက်မေ့ရတဲ့ထိ မြင်နေရပြန်တော့လဲ ပြောမိပြန်တယ်။
social mediaပေါ်ကရတဲ့ မသန့်စင်တဲ့ knowledgeနဲ့ အရာရာကိုဆုံးဖြတ်ချင်လာတဲ့အခါ ခေတ်ကြီးက ဆုတ်လာတယ်။ အထူးသဖြင့် လူတွေရဲ့standardတွေ သူတို့ထားတဲ့ စံနှုန်းတွေ စည်းတွေ။ ဒီလိုဆိုပြန်တော့လဲ ဟိုးအရင်တုန်းကလိုမျိုး စာအုပ်တွေနဲ့ အသက်ဆက်ရတဲ့ဘဝလေးတွေကို ခုံမင်မိပြန်ရော။
နောက်နေ့မှ ကြိုက်တာလေးတွေကိုရေးသားတော့မယ်။ ဖတ်ပေးခဲ့ကြလို့ ကျေးဇူးတင်ပါတယ်ဗျာ။