Part-Time job in the UK
အရေးကြီးတဲ့အချက်က မိမိရည်ရွယ်ချက် UK လာတာဘာအတွက်လဲ။
နိုင်ငံခြားထွက်ပြီးရောဆို UKထက် ပိုမိုလွယ်ကူတဲ့ကုန်ကျစရိတ်နည်းတဲ့နိုင်ငံတွေအများကြီးပါ။ ကျောင်းတက်ဖို့ဆိုရင် ကျောင်းကိုအဓိကဦးစားပေးတက်ပါ။ အလုပ်လုပ်ချိန်မရှိတော့ရင်ထွက်ဖို့လုပ်ပါ။
အလုပ်ရှိမှ နေစရိတ်စားစရိတ်စသဖြင့်ရမယ်ဆိုတဲ့စိတ်ကူးနဲ့လာမယ်ဆိုရင်တော့ အလုပ်မရသေးခင်ကာလနဲ့ အလုပ်ထွက်ထားချိန်/ထုတ်ခံထားရချိန် ဝင်ငွေမရှိတဲ့ကာလအတွင်း ငွေလိုပါတယ်။ ဒါကို ထောက်ပံ့နိုင်တယ်သေချာမှ ဒီလာတာအဆင်ပြေမှာပါ။
Part time jobဘယ်လိုရှာရလဲ။
Indeedတို့linkedinတို့လိို websiteမှာအကောင့်ဖွင့်ပါ။ CVထည့်ရေးထားပါ။ အမြဲupdateနေပါ။ မိမိလုပ်ခဲ့ဖူးသမျှအရာတွေထည့်ရေးပါ။
ကိုယ်တိုင်က အလုပ်တစ်ခုမှ မရှိဖူးတဲ့သူမို့လို့ကော part timeအလုပ်မို့လို့ မိမိရဲ့ကျွမ်းကျင်မှုနဲ့ပတ်သက်ဆက်နွယ်နေတဲ့အလုပ်မဟုတ်လို့ ဘယ်အလုပ်မဆို လက်ခံရင်ရပါတယ်။
မြို့ထဲဘက်မှာ လူကိုယ်တိုင်သွားပြီး CVတွေစာထုတ်သွားပြီးပတ်ရှာပါ။ interviewတွေဖြေကြည့်ပါ။ ရချင်ရမှာပေါ့။ Agentတွေတော့ရှိတယ်။ ကျနော်မစမ်းဖူးပါဘူး။
ဘာတွေ သိထားရမလဲ
သတ်မှတ်ထားရမှာတွေကတော့
- မိမိလိုချင်တဲ့အလုပ် (Part timeလား Full time လား Permanent လား temporaryလား)
- မိမိလိုချင်တဲ့အချိန်ပမာဏ (နာရီ ၂၀ လား နာရီ ၄၀လား)
- မိမိရဲ့ qualificationတွေ (Food handler certificateရှိလား Barista သင်တန်းတက်ဖူးလား)
- တစ်ပတ်တာရဲ့availability (Fridayရယ်Wednesdayတိုင်းရတာလား သို့မဟုတ် တစ်ပတ်လုံးရလား)
- မိမိအလုပ်လုပ်နိုင်တဲ့area သို့မဟုတ် အလုပ်ဆီသို့ transportation။
ဒီလိုလေးတွေသေချာသွားပြီဆိုတာနဲ့ အလုပ်တွေရှာလို့ရပါပြီ။ ရှာရင်း အလုပ်ရဲ့အသေးစိတ်ကိုဖတ်ကြည့်ပါ။ ဖတ်ရင်းအဆင်ပြေတယ်ဆိုရင် ဆက်သွားလို့ရပါပြီ။ အဆင်မပြေတာတွေဖြစ်နိုင်တာက
- 1 year experience in any field(ရှိချင်မှရှိမှာပါ)
- Care experience (Nope)
- Alcoholနဲ့ပတ်သက်တဲ့အလုပ်တွေ (ကျနော်ကတော့ Solid noပါ။ )
- Full time (မဖြစ်နိုင်ပါဘူး ကျောင်းသားတစ်ဦးအတွက်)
အလုပ်ကနေတောင်းဆိုတတ်တာတွေက
- အလုပ်ပေါ်မူတည်တဲ့ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံ (Customer service, Barista Experience, Hospitality, Senior care, medication administration ဘယ်နနှစ်ရှိလဲ...)
- Pay (အနည်းဆုံးလုပ်ခလစာပေးတဲ့သူတွေ ခေါင်းပုံဖြတ်တဲ့ ဆိုင်တွေလဲရှိပါသေးတယ်။ Hourly ပေးမှာလား Weekly ပေးမှာလားပေါ့။ )
- Shift and schedule (၈ နာရီဆင်းနိုင်လား၊ ၁၂နာရီဆင်းနိုင်လား၊ weekendရလား၊ Flexibleဖြစ်လား၊ Overtimeဆင်းနိုင်လား၊ တစ်ပတ်ကိုအနည်းဆုံး xx နာရီ ဆင်းရမယ်)
- Job type (Full timeရလား )
- Contract (Temporary လား Permanent contractလား)
- Notice Period (ကိုယ်resignမလုပ်ခင် ကြိုပြောမယ့်အချိန်ပမာဏ တစ်ပတ်တန်သည်ပေါ့)
- Language (Chinese, Italian, English စတဲ့languageတွေဘယ်လောက်တတ်လဲ)
- အလုပ်ပေါ်မူတည်ပြီး လိုအပ်လာခဲ့သည်ရှိသော် relocateနိုင်လား(တစ်နည်းအားဖြင့် စက်ဘီးနဲ့ နာရီဝက် တစ်နာရီ နင်းရရင်တောင် အချိန်မီလာနိုင်လား)
- Driving licenseရှိလား။ ကားရှိလား။ ဒါဆိုရင် အလုပ်နယ်ပယ်ပိုကျယ်သွားတယ် အလုပ်လုပ်လို့ရတယ် ငွေက သာမန်အလုပ်သမားတစ်ဦးထက် သေချာပေါက်ပိုရနိုင်တယ်။
Part timeကနေငွေဘယ်လောက်ရလဲ။
အသက်အရွယ်ပေါ်မူတည်တယ်။ ပြီးတော့ ဒီrateတွေက April 1 တိုင်း တစ်နှစ်တစ်ခါပြောင်းလဲနိုင်ပါတယ်။
- Under 18 ဆို £6.40
- 18-20ဆို £8.60
- 21 and aboveဆို £11.44
Extra benefitsတွေလဲရတတ်ပါတယ်။
- ဘယ်Productမဆို 20% offကနေ အလကားရတာမျိုး
- အအေးဆိုင်ဆို အအေး တစ်ခွက်အလကား။
- Free Meal
- In-house healthcare ရရှိိနိုင်တာ
- အခြားသော benefitများ
ဒီလိုပေါ့ဗျာ။ ဒီထက်ပိုတိုးဖို့တော့ရှိလောက်ပါတယ်။ တစ်ပေါင်ပေါ့ဗျာ။
အများဆုံးမျှော်မှန်းနိုင်ရင်
တရားဝင်ခွင့်ပြုထားတာကတော့
- ကျောင်းတက်ချိန် termအတွင်း နာရီ ၂၀၊
- ကျောင်းပြင်ပ နာရီ ၄၀။
ကျောင်းပြင်ပ holiday အချိန်ဆိုတာက January တစ်လလုံး သို့မဟုတ် May/Juneကနေ Augustလောက်ထိပေါ့။ အကြမ်းဖျင်းပေါ့ အတိအကျဆိုရင် ကျောင်းရဲ့ calendarကိုကြည့်နိုင်ပါတယ်။
Term time ၈လမှာ
- 1 hour= £11.44
- 1 week= 20 h = £228.8
- 1 month= ၄ ပတ်လို့အကြမ်းဖျင်းတွက်ရင် = £915.2 approximately £900
၈ လဆိုတော့ approximately £7200
Term off time (Holiday)
Term off timeမှာ full time လုပ်ခွင့်ရရှိိခဲ့လျှင်
- 1 week = 40h= £457.6
- 1 month = £1830.4
၄ လဆိုတော့ approximately £7200.
စုစုပေါင်း total က တစ်နှစ်ကို maximum £14000/£15000ပါ။
Tax ပေးရသလား
မိမိရဲ့ Tax obligagtionsတွေ၊ မိမိလာနေထိုင်တဲ့visaပုံစံနဲ့ ဝင်ငွေပမာဏပေါ်မှာမူတည်ပါတယ်။ ကိုယ့်ဘက်ကနေ ပြန်ပေးရမှာမျိုးမဟုတ်ဘဲ employerဘက်ကနေပြီးတော့ ဖြတ်သွားတာမျိုးပါ။
- အပတ်စဥ်ဝင်ငွေက £242ထက်ပိုခဲ့ရင်
- မိမိရဲ့ လစဥ်ဝင်ငွေက £1,048ထက်ကျော်ခဲ့ရင်
- မိမိရဲ့ တစ်နှစ်တာဝင်ငွေက £12,570 ထက်ကျော်ခဲ့ရင်
Income taxပေးရမယ်။ National insurance contributionတွေပေးရမယ်။
Taxနဲ့ပတ်သက်ပြီး estimateချင်ရင်တော့ ဒီserviceလေးနဲ့စမ်းကြည့်လို့ရပါတယ်။
Estimate your Income Tax for the current year
ကျနော်ကိုယ်တိုင် taxပေးရလောက်တဲ့ထိကို မလုပ်ဖူးတော့ မပြောတတ်ပေမယ့် အကြမ်းဖျင်းကြည့်ရတာကတော့
- မိမိရတဲ့ငွေက £15000
- တစ်နှစ်တာဝင်ငွေရရှိခွင့်ထက် ကျော်တဲ့ပမာဏ = 15000-12,570 = £2430
- Income taxက ပိုရတဲ့ပမာဏရဲ့ 20%ဆိုတော့ = £486 ပေးရမယ်။
ဒီတော့ လက်ကျန်ငွေက £14500။ မှားပေးမိတာတွေ မပေးရသေးတာတွေလဲရှိတတ်တာမို့ employerနဲ့ပြဖြစ်ဖြစ် HMRCဆီပဲဖြစ်ဖြစ်မေးကြည့်နိုင်ပါတယ်။ စစ်ဆေးနိုင်ပါတယ်။
Part timeဘယ်လိုသူတွေလုပ်ခွင့်ရှိလဲ။
အခုပြောနေတာက ကျောင်းသားvisaနဲ့လာတဲ့သူတွေပါ။ တခြားvisaနဲ့သူတွေအတွက်တော့ မတူပါဘူး။ ဒါကို UK governmentရဲ့ visa နဲ့ဆိုင်တဲ့websiteမှာကြည့်နိုင်ပါတယ်။
ကျောင်းသားတိုင်းလုပ်ခွင့်ရှိပါတယ်။ ဒါပေမယ့်လုပ်ခွင့်ရှိသလောက် လုပ်နိုင်မှာမို့လို့လား။
ဘာလိုအပ်လဲ။
- Passport
- Visa Document(Passport စာအုပ် သို့မဟုတ် E-visa account သို့မဟုတ် visa documentတစ်ခုခုပါ)
- National insurance number*
- Proof of address*
- Bank Detail*
- Email address
- Share Code
- Biometric Residence Permit(BRP)
National Insurance Number(NI)
National insurance numberက apply ရတာပါ။
- Passport
- Biometric Residence Permit (BRP)လိုအပ်ပါတယ်။
Approveပြီဆိုတာနဲ့ တစ်လခန့်ကြာနိုင်ပါတယ်။ Physical documentနဲ့ mailကနေ ပို့လောက်မှာမို့ အခန်းနံပါတ်၊ အိမ်နံပါတ်၊ Post codeကအစ ရိုက်ထည့်ရမှာပါတိတိကျကျ။
Proof of Address
Proof of Addressကို ကျောင်းကနေ request လုပ်လို့ရပါတယ်။ မိမိနေထိုင်တဲ့ အဆောင်ရဲ့ အိမ်စာချုပ် သို့မဟုတ် ဘဏ်ကနေလဲပြနိုင်ပါတယ်။ ကျနော်က ကျောင်းအဆောင်မှာနေတာမို့လို့ accomm@brookes.ac.uk ကနေတောင်းလိုက်ပါတယ်။
Bank Detail
Bank Detailဆိုတာက UK ဘဏ်တစ်ခုခုမှာမိမိဖွင့်ထားတဲ့ မိမိအကောင့်ပါ။ Share detailဆိုတာကိုနှိပ်ပြီး မိမိနာမည်၊ sort code၊ အကောင့်နံပါတ် စတာတွေပါ။
Share Code
Right to Work ကနေကြည့်လို့ရပါတယ်။ ပြဖို့လိုချင်မှလိုမယ်။
အလုပ်အတွက် tipsများ
- အလုပ်ရှင်မကောင်းတာရှိမယ်၊ co workerအချင်းချင်းမကောင်းတာရှိမယ်။ အဓိကကကိုယ်ကောင်းနေဖို့ပါ။
- အချိန်တိတိကျကျလုပ်ပါ။
- လစာထုတ်ဖို့နာရီတွက်တဲ့အခါကျရင် တစ်ခါတစ်လေ အကြောင်းတစ်ခုခုကြောင့် မိမိလုပ်ခဲ့တဲ့နာရီထက် လျော့ပြီးရနေလောက်ပါတယ်။အဲ့ကျရင် အားမနာတမ်းပြန်ပြောပါ။ မိမိအလုပ်လုပ်ချိန်ကို အမြဲမှတ်ထားပါ။
- Tipsရချင်မှရမှာပါ။ မမျှော်မှန်းထားပါနဲ့။
- တစ်ပတ်ကို နာရီ ၂၀ အပြည့်မမှန်းထားပါနဲ့ အဲ့ထက်လျော့တတ်ပါတယ်။ သူတို့အဲ့လောက်ပဲပေးလို့ပါ။
Work Visaဆက်လက်လျှောက်လို့နိုင်မလား။
မိမိအလုပ်က visaလျှောက်ဖို့လုံလောက်တဲ့ visa sponsorပေးမယ့်အလုပ်မဖြစ်နိုင်လောက်ပါဘူး။ ဒီအလုပ်က ငွေရယ် အတွေ့အကြုံရယ်ရဖို့သာဖြစ်ပြီး visaလျှောက်ဖို့ အတွက်မရနိုင်ပါဘူး
“Skilled Worker Visa”ဆိုတဲ့ နာမည်အောက်မှာ visaလျှောက်ဖို့အတွက် အလုပ်ထပ်လိုပါသေးတယ်။ ကိုယ့်အလုပ်employer က sponsorဟုတ်မဟုတ်ဖြစ်နိုင်မနိုင် ဒီမှာကြည့်နိုင်ပါတယ်။
များသောအားဖြင့် အလုပ်visaလျှောက်ဖို့အတွက်
- Home office ကနေပြီးတော့approvedထားတဲ့ Employer
- Certificate of sponsorship။
- Jobကကောeligibleဖြစ်မဖြစ်
- Minimum salary (£38,700 per year သို့မဟုတ်UKကကျောင်းသားဆို £30000ခန့်ဖြစ်နိုင်)
အလုပ်ရဖို့အရမ်းမျှော်လင့်မထားပါနဲ့။ internshipတွေ volunteerတွေလုပ်လို့ရသလောက်လုပ်ပါ။ အလုပ်ထွက်ရမှာကိုအရမ်းမစိုးရိမ်ပါနဲ့။ မမျှမတဆက်ဆံသလိုခံစားရရင် အဆင်မပြေရင် ညှိကြည့်ရင်း တစ်ဖက်မှာအလုပ်ရှာထားပါ။ ပြီးရင် လိုအပ်လာခဲ့ရင် ထွက်ပါ။
အတွေ့အကြုံ
Experienceကတော့ဗျာ သိပ်တော့လဲမကောင်းဘူးဗျ။ အလုပ်ရှင်ပေါ်ပဲမူတည်တယ်။ စစချင်းအလုပ်ဆိုတော့ဗျာ သိပ်လဲအလေးမထားမိပါဘူး။
အလုပ်ရှင်နဲ့relationship
အလုပ်ရှင်နဲ့တိုက်ရိုက်ဆက်ဆံရတာမဟုတ်ဘဲ ကြားထဲက managerလိုမျိုးနဲ့ဆက်ဆံရတယ်။ ပိုဆိုးတာက သူကိုယ်တိုင်က အင်္ဂလိပ်လို သာမန်လောက်ပဲတတ်တော့ ပြောရတာခက်တယ်ဗျ။ ကျနော်တို့ကလဲ employee ဆိုတော့ employeeလိုဆက်ဆံတာပေါ့ဗျာ။
Co-workers Relationship
လုပ်ဖော်ကိုင်ဖက်အချင်းချင်းလဲ ပြေတာရှိတယ်မပြေတာရှိတယ်။ တချို့တွေ မြှောက်ပင့်ပြောဆိုပြီး ဟိုလူ့ကုန်းတိုက်ဒီလူ့စောင်းပြောတွေလဲရှိသေးတယ်ဗျ။
တချို့ကျတော့ အရိပ်သုံးပါးနားမလည်ဘဲနဲ့ အရိပ်အခြေမကြည့်ဘဲနဲ့ ပြောချင်တာပြောတာမျိုးတွေလဲရှိတယ်။ ဘာပဲပြောပြော အချင်းချင်း teamworkဖြစ်မြောက်စေဖို့အတွက် relationshipကောင်းကောင်းရှိတာကလဲ အရည်အချင်းတစ်ခုပဲလေ။
ပိုဆိုးတာက လုပ်ဖော်ကိုင်ဖက်အချင်းချင်းကုန်းတိုက်တာလဲရှိတယ်။ အလုပ်ရှင်နဲ့ကိုယ်နဲ့ကြားလဲကုန်းတိုက်တာရှိတယ်။ Managementမကောင်းတာပေါ့ဗျာ အလုပ်သမားတွေက အလုပ်ပိုလုပ်ခွင့်ရဖို့ ပြိုင်ဆိုင်ကြရင်းနဲ့ နည်းမှန်လမ်းမှန်တွေအသုံးမပြုကြတာမျိုးပေါ့ဗျာ။
Customerနဲ့ပတ်သက်တဲ့relationship
Customerတွေနဲ့ကတော့သိပ်အဆင်ပြေပါတယ်။ စကားလေးတွေပြောလိုက်ဆိုလိုက်နဲ့ပေါ့ဗျာ။ သူတို့နဲ့ကျတော့အဆင်သိပ်ပြေတာပဲဗျ။ အဓိကကအလုပ်ပေါ်စိတ်နှစ်လုပ်နိုင်ရင် တသားတည်းလုပ်နိုင်ရင် customerဘက်ကလဲပျော်တယ် ကိုယ်လဲပျော်တယ်။
အလုပ်ကိုfocusမလုပ်တဲ့ staffတွေနဲ့ဆိုရင် customerနဲ့ဆက်ဆံနေရတဲ့အလုပ်ဆိုတော့ customerလဲ အဆင်မပြေဘူး ။ ကျနော်တို့staffတွေကိုယ်တိုင်အတွက်လဲ အဆင်မပြေဘူးဗျ။
Overall
ကိုယ်နဲ့အဆင်ပြေတယ် လူတိုင်းနဲ့အဆင်မပြေတာလဲရှိတယ်။ ကိုယ်နဲ့အဆင်မပြေဘူး လူတိုင်းနဲ့အဆင်ပြေတာရှိတယ်။ အဲ့ကျတော့လဲဘာမှပြောလို့မှမရတာ။ ကြည့်ရှောင်ပေါ့ဗျာ။ သည်းတော့မခံပါနဲ့