အတွေးလေးတစ်စ
ဒီနေ့ ကိုလင်းလင်းတို့ရဲ့ The Rhythm concertကြည့်ဖြစ်တယ်။ သီချင်းနာမည်တွေ spoilerတွေ ဘာတစ်ခုမှကျနော်မပြောလိုဘူး။ ကျနော်ပြောလိုတာက ကြည့်ရှုပြီးတဲ့နားထောင်ပြီးတဲ့အခါ ရတဲ့ခံစားချက်။
ကျနော်ဝန်ခံပါတယ်။ ကျနော်ကိုယ်တိုင်လဲ သီချင်းတွေ သံစဥ်တွေနဲ့ပတ်သက်လာရင် ဒီသူဒီသူက ဘောမမို့လို့ဆိုပြီး မရှောင်နိုင်ခဲ့ဘူး။
စာလုပ်ရင်းဖြစ်စေ စာရေးရင်းဖြစ်စေ ကျောင်းမှာဖြစ်စေ အိမ်မှာဖြစ်စေ အမြဲတစေ သီချင်းနားထောင်နေကြသူတစ်ဦးပါ။ ဒီရောက်ကတည်းက ကျနော်မြန်မာသီချင်းတွေပဲ နားထောင်ဖြစ်တော့တာအမှန်ပဲ။
ဘာတွေ့ရလဲဆိုတော့ အခုနောက်ပိုင်းလူကြိုက်များတဲ့ သီချင်းသံစဥ်တွေအတော်များများက သံစဥ်လေးနဲနဲကောင်းတယ် စာသားလေးတွေကောင်းတယ်။ ဖန်တီးနိုင်တဲ့ ပစ္စည်းဖြစ်စေ ငွေကြေးဖြစ်စေ အထိုက်အလျောက်သုံးနိုင်တဲ့အခါ လူကြိုက်များစေတဲ့သီချင်းတွေဖြစ်။ ခက်တာက သီချင်းအနည်းငယ်လောက်ပဲတန်ဖိုးရှိ။
တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီးဖြစ်စေ နောက်ကွယ်ကနေ supportပေးနေတဲ့ပုံစံတွေနဲ့ပတ်သက်ဆက်နွယ်မှုတွေ အများကြီးပဲ။ ဘယ်သူဘယ်ဝါလဲတော့မပြောချင်တော့ဘူး။ ထားတော့ဒီကိစ္စတွေဘာတစ်ခုမှမသိလဲရတယ်။
ကိုလင်းလင်းတို့ show
ကိုလင်းလင်းတို့သီချင်းတွေစစချင်းနားထောင်တဲ့အခါ အရမ်းကြီးမကြိုက်ခဲ့ဘူး။ နားမထောင်တတ်ဘူး။ ဒါပေမယ့် သူတို့ဖန်တီးထားတဲ့ရုပ်ရှင်တွေ ရှိုးပွဲတွေ တစ်စတစ်စကြည့်ဖြစ်ရင်းနဲ့ အတော်လေးကြိုက်မိလာတယ်။ တော်လှန်ရေးနဲ့ပဲဖြစ်စေ အနုပညာနဲ့ဖြစ်စေ ဘာမှမသက်ဆိုင်တဲ့မသိတဲ့သူတွေကြည့်မိရင်တောင် တန်ဖိုးရှိမရှိ သိသာပါတယ်။
ကျနော်တော့ ဒီconcertကိုကြည့်ရတာ အင်မတန်ဂုဏ်ယူဝမ်းသာမိပါတယ်။ အနည်းဆုံးတော့အနုပညာအစစ်ရှိသေးပါလားဆိုတာ လိပ်ပြာသန့်သန့်နဲ့ကြည့်ခွင့်ရခဲ့ပြီလေ။ နောင်တစ်ချိန်ကြ "အဲ့တုန်းကပေါ့ ကိုလင်းတို့ဖန်တီးသမျှကို ကြည့်ဖြစ်ခဲ့တယ်" လို့လဲပြောခွင့်ရခဲ့ပြီလေ။
Ps. သီချင်းတစ်ခုတည်းကောင်းတာမဟုတ်ဘူးနော်။ ရိုက်ကူးထားတဲ့ဓာတ်ပုံတွေ ဗီဒီယိုတွေ အသံတွေ အစစအရာရာကောင်းတယ်။ အပြစ်ပြောဆိုစရာလဲလုံးဝမရှိ။
လူတွေနဲ့ တော်လှန်ရေး
၂၀၂၁ခုနှစ်နောက်ပိုင်းမှာ လူတွေရဲ့ဘဝတွေက လုံးလုံးလျားလျားပြောင်းလဲသွားခဲ့တယ်။ စိတ်ဓာတ်တွေပါ အသိသာဆုံးကွာခြားခဲ့တယ်။ ကျနော်အပေါင်းအသင်းအင်မတန်နည်းပါတယ်။
ကလေးတုန်းကတော့ဗျာ အပေါင်းအသင်းနည်းတယ်ဆိုတာက ဘာကြောင့်မှမဟုတ်ဘူး ကိုယ်တိုင်လဲ ငွေမသုံးနိုင်ဘူး။ အိမ်ကချုပ်ခြယ်တယ်။ အိမ်မပိုင်ဘူး။ ဒါရဲ့အကျိုးဆက်က အပေါင်းအသင်းနည်းတယ်။ Socialမကျဘူး။
မောင်နှမတွေ အိမ်နီးနားခြင်းတွေ ဆွေမျိုးတွေရယ်လို့လဲ သိပ်ပြီးပေါင်းသင်းဆက်ဆံနေတာမျိုးမရှိဘူး။ Conversationတစ်ခုတောင်ဖြစ်ဖြစ်မြောက်မြောက်ရှိအောင် မပြောတတ်ဘူး။
အာဏာသိမ်းပြီးနောက်ပိုင်း ဘဝကြီးကသင်ပေးလိုက်တဲ့အတွေ့အကြုံတွေထဲ လူတွေအကြောင်းလဲ အများကြီးပါဝင်သွားတယ်။
အခုဆို သိတဲ့သူက အရင်ထက်အဆပေါင်းများစွာပိုများတယ်။ ဘယ်သူနဲ့မဆို စကားပြောဖို့အကြောင်းဖန်လာပြီဆိုရင် အားထုတ်နေစရာမလို စဥ်းစားနေစရာမလိုဘူး။ ဖြစ်မြောက်အောင်ဆိုနိုင်တယ်။ မကျွမ်းကျင်ရင်တောင် အရင်လိုတော့မဖြစ်တော့ဘူး။
ကွာခြားသွားတာ အခုအပေါင်းအသင်းနည်းတယ်ဆိုတာက ကိုယ့်ဘက်ကနေရှောင်လိုက်တာ။ စိတ်ရဲ့အကျည်းတန်ပုံကို သိနေတော့ တဖြည်းဖြည်းနဲ့ ဝေးရာကိုထွက်သွားလိုက်တာ။ ဟန်မဆောင်တတ်တဲ့ကိုယ့်အတွက် ဂွစာပေါ့။
ကိုယ့်အသိုင်းအဝိုင်းထဲက တော်လှန်ရေး
ကျနော့်ကိုယ်ကျနော်circleလုပ်တဲ့သူတွေကို သေသေချာချာစစ်စစ်ပေါက်ပေါက်ရွေးချယ်လိုက်တဲ့အခါ နောက်ဆုံးကျန်ခဲ့တဲ့သူတွေက ရင့်ကျက်တဲ့ဆုံးဖြတ်ချက်ချနိုင်တဲ့သူတွေ၊ ဆုံးရှုံးခဲ့ရတဲ့သူတွေ တော်လှန်ခဲ့တဲ့သူတွေ။
လူသိမခံချင်တဲ့Dark sideတွေလဲရှိမှာပဲ။ အကျင့်လုံးလုံးလဲ ကောင်းမနေပါဘူး။ ငွေကြေးလဲ သုံးနိုင်ရင်သုံးနိုင်မယ် လုံးဝမရှိတဲ့သူလဲဖြစ်နိုင်တယ်။
ဒါပေမယ့် ကိုယ့်စည်းဘောင်အတွင်းက ရသလောက်ကြိုးစားရုန်းကန်တော်လှန်နိုင်ခဲ့တဲ့သူတွေ။ ကျောင်းသားဆိုကျောင်းဆက်မတက်ဘူး၊ ဝန်ထမ်းဆို အစိုးရဝန်ထမ်းမလုပ်တော့ဘူး၊ စစ်တပ်ထောက်ခံသူတွေနဲ့အလုပ်တွဲမလုပ်ဘူး ဝေးဝေးရှောင်တယ်။ Boycottရသလောက်Boycottတယ်။ Social Punishmentလုပ်တယ်။
စစ်တပ်အားပေးထုတ်ကုန်တွေကိုသုံးတယ်။ စစ်ကောင်စီအသိုင်းအဝိုင်းနဲ့ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီးဖြစ်စေ ပတ်သက်တယ်။ ထိုအသိုင်းအဝိုင်းကသူတွေနဲ့ ပေါင်းသင်းပြီးရလာတဲ့ငွေကြေးတွေနဲ့ သုံးနိုင်ဖြုန်းနိုင်တယ်။ ကျနော်အားမကျပါဘူး။ အားကျချင်စရာမှမကောင်းတာ။
တော်လှန်ရေးကသင်ပေးလိုက်တဲ့ သင်ခန်းစာတွေပေါ့ဗျာ။
ရေရှည်အစီအစဥ်
အခုရေးလက်စစာလေးတွေဆက်ရေးနေမယ်။
"စကားမစပ်" ဆိုတဲ့ Youtubeက စကားဝိုင်းလေးက အတော်နားထောင်လို့ကောင်းတယ်ဗျ။ အနည်းဆုံးတော့ကိုယ့်ဘေးနားမှာ စိတ်တူကိုယ်တူ လူတစ်အုပ်စု စကားပြောနေသလိုပါပဲ။
ကျနော့်ဘဝတစ်လျှောက်လုံးမှာလဲ လူတွေနဲ့ပေါင်းသင်းတဲ့အခါ တခြားဘာမှမကြည့်ချင်တော့ဘူး။ တော်လှန်ရေးမှာပါခဲ့လား၊ ဘယ်လိုပါဝင်ခဲ့သလဲ နေရာယူရုံပဲလား ကျားကုတ်ကျားခဲ့ပါဝင်ဖြစ်ခဲ့လား။ တခြားကိစ္စတွေအကြောင်းအရင်းတွေရှိတယ်ဟုတ်တယ်။ တော်လှန်ရေးမှာပါရုံနဲ့တော့စိတ်ဓာတ်ကောင်းသွားမှာမဟုတ်။ သိသာပါတယ်။
ကဲ ကိုလင်းလင်းတို့Concertရေ။ အောင်မြင်ပါတယ်ဗျိုး။