ကျောင်းသားနဲ့အချိန် စီမံခန့်ခွဲမှုအရေးကြီးပုံ
အားလပ်ချိန်ဘယ်လိုမျိုးရှာရမလဲ၊ လုပ်ချင်တဲ့အလုပ်တွေကို ဘယ်လိုလုပ်ရမလဲ၊ အကုန်လုံးကို ဘယ်လိုပေါင်းစပ်လိုက်ရမလဲ။
ကျနော်တို့ နေ့စဥ်လုပ်တဲ့အလုပ်တွေမှာ ကျောင်းသားဆိုရင် ကျောင်းတက်ရမယ် အိမ်စာလုပ်ဘာလုပ်နဲ့ တစ်နေ့တာပြီးဆုံးသွားတယ်။ ဟောအလုပ်လုပ်နေတဲ့သူတွေကျပြန်တော့လဲ 9-5 အလုပ်ဆင်းပြီးရင် စားပြီးသောက်ပြီး ပင်ပန်းနေပြီ။ ဒီတော့ အားလပ်ချိန်ဘယ်လိုမျိုးရှာရမလဲ၊ လုပ်ချင်တဲ့အလုပ်တွေကို ဘယ်လိုလုပ်ရမလဲ၊ အကုန်လုံးကို ဘယ်လိုပေါင်းစပ်လိုက်ရမလဲ။
- ကျောင်းသားနှစ်ဦးရဲ့စာလုပ်ပုံကွာဟချက်၊
- Quality နဲ့Quantity - ဘယ်အရာက တန်ဖိုးရှိလဲ၊
- ဘယ်လိုအချိန်မှာ ဘယ်လိုအင်အားကိုအသုံးချရမလဲ (Active vs Passive)၊
- ကိုယ့်daily cycle မှာ ဘယ်အရာကအရေးအပါဆုံးလဲ ဘယ်အရာက သာမညလဲ၊
- ကျောင်းရဲ့အချိန်ဇယားတွေထဲက အခြားအချိန်တွေကို ဘယ်လိုအသုံးအဝင်ဆုံးလုပ်လို့ရလဲ၊
- အချိန်နဲ့ လူအင်အားနဲ့ ငွေနဲ့ အလဲအလှယ်လုပ်ရတဲ့အခိုက်၊
- ဘယ်လိုကောင်းမွန်အောင်စီမံရမလဲ၊
- Appsတွေ toolsတွေကိုအားမကိုးပါနဲ့။”
ကျောင်းသားနှစ်ဦးရဲ့စာလုပ်ပုံကွာဟချက်
ကျောင်းသား ၁။ နှင်းနှင်း
နှင်းနှင်းက စာအရမ်းလုပ်တယ်။ မနက်ကျောင်းသွားရင်းလဲလုပ်တယ်။ ကျောင်းရောက်တော့လဲလုပ်ပါတယ်။ အိမ်ပြန်ရောက်တော့လဲ စားပြီးသောက်ပြီး အိပ်ချိန်ရောက်တဲ့ထိသူလုပ်နေတုန်း။ မနက်ဖန် စာဖြေဖို့ရှိလို့တဲ့ မနက်လဲအစောကြီးထပြီးစာမလုပ်ချင်ဘူး။ ဒီတော့ သူညဘက်လုပ်တယ်။ ပုံမှန်လုပ်ဖြစ်လာတော့
“ Her brain is not braining”
ဦးနှောက်က အလုပ်မလုပ်တော့ဘူး။ သိနေပြီးသားဖြစ်တဲ့စာတွေပါမေ့လာတယ်။ ဒီလိုနဲ့သူလဲရှေ့ဆက်တယ်။ သူ့အတွက်သူကတော့ စာတွေက အသည််းအသန်လုပ်ရဲ့သားနဲ့ စာမရဘူးပေါ့။ အိပ်ချိန်လဲ မရ စာလဲမရ တခြားအရာတွေအတွက်လဲ အချိန်မရဘူး။
ကျောင်းသား ၂။ ထူးထူး
ထူးထူးကတော့ ငပျင်း။ သူမနက်ဖက်ကျောင်းသွားတယ်။ ကျောင်းမှာတော့ရှိနေတယ် ဒါပေမယ့်အဲ့လောက်ကြီးactiveဖြစ်နေတာတော့မဟုတ်ဘူး။ ဖြစ်သင့်တဲ့အချိန်ဖြစ်တယ်။
ဒါပေမယ့် သူ့အကျင့်ကကျောင်းမှာ အဲ့လောက်ကြီးactiveမဖြစ်တဲ့သူ၊ ဆရာမစာသင်နေရင် သူက ဘယ်ရောက်လို့ဘယ်ပေါက်နေမှန်းမသိ။ နားတော့ထောင်တယ်။ အိပ်လဲပျော်တယ်။ အိပ်ရင်းနဲ့ စာနားထောင်တယ်။
နောက်တော့ စာတကယ်လုပ်ဖို့အချိန်ကျတော့ သူ့စိတ်သူရအောင်စုစည်းတယ်။ လုပ်တယ်။ ဖြစ်ချင်တော့ သူ့ဝါသနာက ဘယ်အရာမဆို တကယ်လုပ်ရင်စိတ်နှစ်လုပ်တတ်တယ်။ ဒီတော့ အလုပ်ဆိုလဲ သူသွားတယ် လုပ်တယ်။
ဒီလိုနဲ့ Social mediaမှာလဲ ရီစရာဟာသလေးတွေသူဖန်တီးတယ်။ သူ့အတွက်တော့ စာက ခက်တော့ခက်တယ်။ ဒါပေမယ့် သူအခြားသောအရာတွေလဲလုပ်နေရတော့ စာက သိပ်မခက်ဘူးပေါ့။
ဘယ်သူမှားလဲ
ဒီနှစ်ယောက်လုံးကို မှန်တယ်မှားတယ်လို့ မပြောချင်ဘူး။ တစ်ယောက်က အချိန်ပြည့်စာလုပ်နေတဲ့သူ၊ တစ်ယောက်က စာရယ် အလုပ်ရယ် ဝါသနာရယ်ကို မျှပြီးတော့အချိန်ပြည့်လုပ်နေတဲ့သူ။ ပင်ပန်းတာပဲ။
ဒါပေမယ့် ရေရှည်မှာတော့ စာချည်းပဲလုပ်နေတဲ့သူက ပျင်းလာမယ် သူမလုပ်ချင်တော့ဘူး သူမရေးချင်တော့ဘူး။ စာလုပ်နေတဲ့အချိန်ဆိုရင်လဲ ပျင်းရိလာပြီးတော့ အမြဲငေးငိုင်ငိုင်ဖြစ်နေမယ် activeမဖြစ်တော့ဘူး။ သူ့မှာ အလုပ်လဲမရှိဆိုတော့ အပိုဝင်ငွေလဲမရဘူး။ ဒီလိုပဲဝါသနာနဲ့ပတ်သက်တာလဲဘာမှလုပ်ခွင့်မရှိတော့ စိတ်က အမြဲညစ်နေတယ်။
အကုန်လုံးကို ပတ်လုပ်နေတဲ့တစ်ယောက်ကတော့ စာလဲမထိခိုက်ဘူး ကိုယ်လဲမပျင်းဘူး တခြားသော အရာတွေလဲလုပ်ဖြစ်တယ်။ ဒီလိုမျိုးဆိုရင်တော့သူကျေနပ်တယ်။ စာထိခိုက်ရင်တော့ သူသိပ်တော့လဲမပျော်ဘူး။ ဒါပေမယ့်ကိစ္စမရှိဘူး သူကျေနပ်တယ်။
Quality နဲ့Quantity - ဘယ်အရာက တန်ဖိုးရှိလဲ။
မနက်စောစောစီးစီး စိတ်ကြည်နေတဲ့အချိန် စာလေးတစ်ပုဒ်ဆိုတာ နားလည်ဖို့သိပ်လွယ်နေတယ်။ တစ်ပုဒ်လာလာ ၁၀ ပုဒ်လာလာ အဆင်ပြေတယ်။ ဒီလိုပဲ ညဥ့်နက်အိပ်ချင်ပြီးပင်ပန်းနေချိန်ကျတော့မှ စာတစ်ပုဒ်က သိပ်ခက်ခဲနေတယ်။
ရှေ့လဲဆက်လို့မရဘူး။ နားလဲမလည်ဘူး။ ဘာဆိုဘာမှမဟုတ်တဲ့ စာလေးတစ်ပုဒ်ကို နာရီပေါင်းများစွာကြာနေတယ်။ စာကလဲမရသေးဘူး။ ဖြစ်ဖူးကြတယ်မလား။
စာဆိုတာကလဲ တကယ်တော့ ဘဝကြီးမှာလုပ်တဲ့ဘယ်အရာမဆိုလိုပဲ။ အချိန်တွေအကြာကြီးပေးပြီးတော့ ဘယ်လောက်ကြီးပဲကြိုးစားကြိုးစား ထိရောက်ချင်မှထိရောက်တာ။
နည်းမှန်လမ်းမှန်ဖြစ်သွားရင်တော့ အချိန်ကို လိုအပ်သလောက်ပဲပေး၊ ပြီးရင် မြန်မြန်ဆန်ဆန်နဲ့ စာလုပ်၊ ပြီးရင် ကစားဖို့လဲအချိန်ရတယ်။ အိပ်ဖို့လဲအချိန်ရတယ်။ မပင်ပန်းဘဲနဲ့စာရသွားတယ်ပေါ့။ ဘယ်အလုပ်မဆို လုပ်နေပြီဆိုရင်တော့ အကောင်းဆုံးလုပ်လိုက်၊ အနားယူဖို့လိုနေသလား လိုသလောက်ယူ ပြီးရင်တော့လုပ်။
ဒီတော့ ကျနော်အကြံပေးချင်တာကတော့ ကိုယ့်ရဲ့ရွေးချယ်မှုတွေကို ဘာမဟုတ်တာလေးကအစ mindfulဖြစ်အောင် ထိန်းချုပ်နိုင်အောင် ကြိုးစားပါ။
- Procrastinateမလုပ်နဲ့
- ဖုန်းထဲက ဆုံးစမဲ့တဲ့ tik tokတွေ youtube shortsတွေကို မကြည့်နဲ့။ လိုအပ်တယ်ဆိုမှကြည့်။ block ထားလို့ရရင်လုပ်ထား
- ဘယ်celebrityက ဘယ်သူနဲ့ဘာဖြစ်သွားပြီတို့ ဘယ်သူတွေရန်ဖြစ်နေတယ်တို့ စတဲ့ ကိုယ်နဲ့လဲမသက်ဆိုင်တဲ့ လိုင်းပေါ်က ဖြစ်သမျှပွဲတွေ လျှောက်မကြည့်နဲ့။
- အခက်အခဲဆုံးအလုပ်ကို စိတ်အကြည်လင်ဆုံးအချိန်မှာလုပ်ပါ အရင်ဆုံးလုပ်ပါ။ ပြီးကျမှ သေးသေးလေးတွေကိုနောက်ကနေလိုက်ပါ။
ဘယ်လိုအချိန်မှာ ဘယ်လိုအင်အားကိုအသုံးချရမလဲ (Active vs Passive)
အခြေအနေ ၁။ Passively effort ထည့်ရတဲ့အချိန်
တချို့အချိန်လေးတွေမှာ ဦးနှောက်မသုံးဘဲ လုပ်နေလို့ရတာတွေရှိတယ်။ဥပမာ - တံမြက်စည်းလှဲတာတို့ ကြမ်းတိုက်တာတို့ပေါ့။ မဟုတ်ရင်လဲ လုပ်နေကြအလုပ်တစ်ခုကို နေ့တူတကွလုပ်နေတဲ့အခါမျိုး။ ဒါမျိုးကြတော့passivelyလုပ်လို့ရတယ်။
ဆိုပါစို့ -
အအေးဆိုင်မှာအအေးရောင်းနေတယ် ကော်ဖီဆိုင်မှာ ကော်ဖီဖျော်နေတယ်ပဲထား။ သပ်သပ်ကြီးစဥ်းစားနေစရာမလိုတော့ဘူးလေ။ customerက မေးရင်ဖြေဆိုပေး၊ orderကောက် ပြီးရင် အအေးဖျော်ပြီးရင် ပေးပြီးပြီ။
ဒါဆို လုပ်နေကြမို့ ကျွမ်းကျင်သွားတာလဲပါသလို အရမ်းကြီးeffortထည့်ပြီးတော့လုပ်နေစရာမလိုတော့ဘူးလေ။ ဂရုမစိုက်တာ အလုပ်ကိုမလေးစားဘဲနဲ့ ခိုကပ်နေတာမျိုးကိုမဆိုလိုဘူးနော်။ ပင်တော့ပင်ပန်းမှာပဲ ဦးနှောက်အရမ်းမသုံးရတာမျိုးကိုဆိုလိုတာ။
အခြေအနေ ၂။ Actively effort ထည့်ရတဲ့အချိန်
တချို့အချိန်တွေကျတော့ လုံးဝဦးနှောက်သုံးမှရတဲ့အခြေအနေ။ ဥပမာ - ကျနော်အခုလိုမျိုးစာရေးနေတာမျိုးတို့ စာမေးပွဲဖြေဖို့ စာနားလည်ဖို့ကြိုးစားနေချိန်တို့ အလုပ်အတွက် ရောင်းအားကောင်းစေဖို့ ideaစဥ်းစားနေတာမျိုးတို့ ဒါတွေအကုန်လုံးက ဦးနှောက်အသုံးပြုရတယ်။ Activelyပေါ့။
ဆိုပါစို့ -
Projectတစ်ခုလုပ််ခိုင်းထားတယ်။ ကိုယ်အခုမှစလုပ်မယ့်ကိစ္စမျိုး။ ကျောင်းက ဆရာတွေကလဲ guidelineတော့ပေးပေမယ့် ကိုယ်လုံးဝနားမလည်ဘူး။ လုံးဝအချိန်ရောလူရော စိတ်ရောအပြည့်ထည့်မှ အောင်မြင်နိုင်မယ်။
မဟုတ်ရင် သေချာပေါက် မဖြစ်မြောက်ဘူး။ အပြည့်အဝအာရုံစိုက်ရမှာမို့လို့ ဘာdistractionမှလဲရှိနေလို့မရဘူး။ သီချင်းဖြစ်စေ ရုပ်ရှင်ဖြစ်စေ ဖွင့်ထားလို့မရဘူး။
ဒါဆို လုပ်နေကြမဟုတ်တာလဲပါတယ်။ ဒါအပြင် Effortလဲ တော်တော်ကိုထည့်မှ အဆင်ပြေမယ့်ကိစ္စ။ အဆင်မပြေရင် စာမေးပွဲမဖြေနိုင်ရင် စာမေးပွဲကျမယ်။ အတန်းပြန်တက်ရမယ်။ နောက်ဆက်တွဲတွေကြီးတယ်။ သပ်သပ်ကြီး မလိုအပ်ဘဲနဲ့ အချိန်ဆွဲနေတာမျိုးကြောင့်ဖြစ်တာမဟုတ်ဘဲနဲ့ အချိန်ပေးဖို့ကိုလိုအပ်နေတာမျိုး။
ရလဒ်
အရေးကြီးတဲ့အချိန်မှာ အရေးကြီးတာလုပ်ဆိုတာဒါကိုဆိုလိုတာပါ။ ဥပမာ အအေးရောင်းနေတာကို အရမ်းတွေ actively effortတွေထည့်လုပ်။ ပြီးကျမှ စာမေးပွဲဖြေဖို့ပြင်ဆင်ဖို့ကို အင်အားကမရှိ ဘာမှမလုပ်နိုင် အဲ့လိုဖြစ်လို့မရဘူးလေ။ သဘောပြောပြတာပါ။
ကိုယ့်daily cycle မှာ ဘယ်အရာကအရေးအပါဆုံးလဲ ဘယ်အရာက သာမညလဲ။
နေ့စဥ်အလုပ်တွေမှာလဲ ထိုနည်းလည်းကောင်းပဲရွေးချယ်နိုင်တယ်။
- မနက်ဖက်အိပ်ရာနိုးတယ်။ အေးအေးဆေးဆေးပဲ။ သိပ်အာရုံစိုက်နေစရာမလိုတာတွေ။
- သွားတိုက်မယ်
- ရေချိုးမယ်
- အိမ်သာတက်မယ်။
- Workoutလုပ်မှာ
- စိတ်အင်အားသုံးဖို့လိုတယ်။
- တစ်နေ့တာလုပ်စရာတွေplanတာ
- စာမေးပွဲအတွက်စာလုပ်တာ
- အလုပ်လျှောက်ဖို့အတွက် ပြင်ဆင်တာ စတဲ့ ဦးနှောက်အလီလီစားပြီး လုပ်ရတဲ့ကိစ္စတွေပေါ့။
- ဒါတွေကတော့လုံးဝအရေးကြီးတဲ့top priorityတွေ။ ဒါတွေအပြင်
- ချစ်သူရည်းစားနဲ့ဖုန်းပြောတာ စာပို့တာမျိုး၊
- ချစ်ရတဲ့သူငယ်ချင်းတွေ မိတ်ဆွေတွေနဲ့ hang outတာမျိုး၊
- Meditateလုပ်တာမျိုး
- ဘုရားဝတ်ပြုတာပဲဖြစ်ဖြစ် ကိုယ်အရေးကြီးတယ်လို့ ခံယူထားတဲ့ကိစ္စတွေလုပ်တာမျိုးပေါ့။
- အမှိုက်
ဒါတွေအကုန်ပြီးတော့မှ အမှိုက်တွေအတွက် နေရာကျန်ရင်ကျန်သလို လိုအပ်သလောက်ပဲ ခေါင်းထဲထည့်။ နောက်ဆုံးကျမှ ရှင်းရတယ်။
ဥပမာ
- စကားပြောရတာအဆင်မပြေတဲ့သူတွေနဲ့ ပြောတာ
- ဖုန်းထဲက ပုံအဟောင်းတွေ မလိုတာတွေအကုန်ဖျက်တာ
- အာရုံနောက်လှသတဲ့ဆိုတဲ့သူတွေ စိတ်ပျက်ဖို့ကောင်းတဲ့ အိမ်နီးနားချင်းတွေနဲ့ စကားပြောတာ။
ဒီလိုမျိုးလေးတွေခွဲထားမှတော်ကာကြတယ်။ အမှိုက်တွေကိုထိပ်ဆုံးကနေ ရှင်းမယ်၊ စကားပြောရတာအဆင်မပြေတဲ့သူတွေနဲ့ မနက်မိုးလင်းအစောကြီးထပြောနေမယ်။ ဒါဆိုရင် တစ်နေကုန်စာစိတ်အနှောက်အယှက်ဖြစ်ရတယ်။ တခြားအရေးကြီးကိစ္စတွေကို နောက်မှလုပ်ဖြစ်တဲ့အခါ စိတ်ပင်ပန်းနေလို့ မလုပ်နိုင်တော့ဘူး။ ဒီလိုနဲ့ နေ့ရွှေ့ညရွှေ့ဖြစ်လာတယ် ထိခိုက်လာတယ်ပေါ့ဗျာ။
ကျောင်းရဲ့အချိန်ဇယားတွေဘယ်လိုရှိလဲ အခြားအချိန်တွေကို ဘယ်လိုအသုံးအဝင်ဆုံးလုပ်လို့ရလဲ။
ကျောင်းကို လူတွေတက်ကြတဲ့ကာလက တစ်ပတ်မှာ ၃/၄/၅ ရက်။ Saturday sundayကအားတယ်ပေါ့ဗျာ။ အားတယ်ရယ်လို့တော့မဟုတ်ဘူး။ Saturday sundayမှ အိမ်စာတွေနဲ့ပိုအလုပ်ရှုပ်တဲ့ကာလ။ အဲ့ကာလမှာမှ စာကို သေသေချာချာလေးလုပ်ရတော့ အားချိန်ကမရှိ။ ဒီတော့ဘယ်လိုmanageလုပ်လဲ။
Manageလုပ်စရာကိစ္စတွေက
- Volunteer
- Part time
- Youtube တို့ Facebookတို့စတဲ့ side hustleပဲခေါ်ခေါ် ဝါသနာပဲခေါ်ခေါ်တစ််ခုခု။
- စာ
ကိုယ့်အပေါ်မှာတော့ အများကြီးမူတည်တယ်။ အလုပ်ကို ဘယ်လောက်ထိလုပ်နိုင်လဲ၊ ဒီလိုလုပ်နိုင်ဖို့ ဘာကအားဖြည့်နေလဲ။ အိပ်ချိန်ကောင်းရဲ့လား၊ အစားအသောက်ကျန်းမာရေးနဲ့ညီညွတ်ရဲ့လား နေပုံထိုင်ပုံ ကျန်းမာရဲ့လား။
အကုန်အားဖြည့်ထားပြီးသားသူတစ်ဦးအတွက်ဆိုရင်တော့ သိပ်မခက်ခဲပါဘူး။ ဥပမာဆိုရင် ကျောင်းတက်နေတဲ့အခိုက် သိပ်productiveမဖြစ်တဲ့အချိန်မျိုးဆိုရင် ဝါသနာပါတဲ့ကိစ္စလေးတွေခနလုပ်လိုက်တာမျိုးတို့လဲရတာပဲ။
ကျောင်းစာမဟုတ်တဲ့ပြင်ပ activitiesများ
Option 1: ကိုယ်က စာသင်ချင်လား။
ဒီလိုပဲ ကြားထဲမှာကိုယ်က တစ်ပတ်တစ်ခါဖြစ်စေ ပညာဒါနလိုမျိုး ကလေးလေးတွေကိုသင်ပေးချင်တယ် အင်္ဂလိပ်စာလေးမျှဝေချင်တယ်ဆိုရင်လဲ ရတာပဲလေ။ အချိန်လေးတစ်ခုသတ်မှတ်လိုက် ဥပမာ တစ်ပတ်ကို ၂ နာရီ။ ဒါဆိုရင်
- စာသင်တဲ့အချိန် ၂ နာရီ
- စာသင်ဖို့အတွက် လူခေါ်တဲ့ကိစ္စလေးတွေ Adminကိစ္စလေးတွေပဲဖြစ်ဖြစ် စာသင်ဖို့ materialsလေးတွေစုတာပဲဖြစ်ဖြစ် ပြင်ဆင်တာပဲဖြစ်ဖြစ် ဒါတွေအတွက် အချိန်လေးတစ်ခု၊ တစ်ချိန်တည်းသတ်မှတ်ထားစရာမလိုဘူး အားတဲ့အချိန် ၁၅မိနစ် မိနစ် ၂၀ ညှပ်ညှပ်လုပ်ရုံပဲ။
Option 2: Part timeလုပ်ချင်လား။
ဒီလိုပဲ ကိုယ်က Part timeအလုပ်လုပ်ချင်တယ်ဆိုရင် ကျောင်းအချိန်ဇယားပေါ်ရယ် တခြားကိစ္စတွေရယ်ပေါ်မူတည်ပြီး မထိခိုက်လောက်ဘူးလို့ယူဆတဲ့ အခြေအနေမျိုးလောက်ထိပဲလုပ်။
- တစ်ပတ်ကို နာရီ ၂၀ လုပ်ခွင့်ရပေမယ့် ရတယ် တစ်ပတ်ကို ၁၀ နာရီပဲလုပ်မယ် အချိန်မရှိိလို့။
- အလုပ်သွားဖို့ ပြင်ဆင်တာ၊။ အလုပ်သွား အလုပ်ပြန် အချိန်ပမာဏ နာရီဝက် တစ်နာရီ အသွားအပြန်။
- အလုပ်က ပင်ပန်းလားမပင်ပန်းဘူးလား။ ဒီအတွက် ဘေးထွက်ဆိုးကျိုးဆိုတာလဲ အထိုက်အလျောက်ရှိိတယ်။ ဥပမာ အလုပ်လုပ်ထားလို့ စာမလုပ်နိုင်တော့တာမျိုးပေါ့။
- တစ်ရက်ကို ၂နာရီလောက်လုပ်လိုက် တစ်ရက်ကို ၃နာရီလောက်လုပ်လိုက်နဲ့ဆိုရင်တော့ ဒီ ၁၀ နာရီ ပြည့်ဖို့ကို ၄ရက်လောက်ကြာမယ်။ ဒီတော့ အချိန်သက်သက်ပိုကုန်တယ်။ အလုပ်ချိန် ၁၀ နာရီလို့သာပြောတယ်။ နာရီ ၂၀ စာလောက်အပြင် အားပါကုန်တယ်။
အချိန်နဲ့ လူအင်အားနဲ့ ငွေနဲ့ အလဲအလှယ်လုပ်ရတဲ့အခိုက်။
အကုန်လုံးကိုကိုယ်တိုင်manageရတဲ့အခါမျိုးမှာ အချိန်ရယ် လူအင်အားရယ် ငွေရယ်ရဲ့ ချိန်ခွင်ကိုနားလည်လာတယ်။ တစ်ဖက်ကို နည်းချင်ရင် တစ်ဖက်ကိုများပေးရတယ်။ ဒါတွေကိုတဖြည်းဖြည်းနဲ့နားလည်လာတဲ့အခါ အရင်တုန်းကလို ပိုက်ဆံကုန်တာနည်းရင်ပြီးရော တခြားဟာအကုန်ပြော ဆိုတာမျိုးလုပ်လို့မရတော့ပါဘူး။
ဒါက daily choicesတွေကနေစလို့ ကျောင်းရွေးတာမျိုး နေစရာရွေးတာမျိုးအထိအကျိုးသက်ရောက်ပါတယ်။ တချို့ဆုံးဖြတ်ချက်တွေက မလိုအပ်ဘဲနဲ့လုပ်မိတာတွေရှိတယ် တချို့ကတော့ လုပ်သင့်လို့လုပ်လိုက်တာတွေ။
အခြေအနေ ၁ - စားစရာကိစ္စ။
အိမ်မှာချက်စားရင်
၁။ စျေးဝယ်ဖို့ကော ဟင်းခတ်အမွှေးအကြိုင်တွေဝယ်ဖို့ကော အချိန်လဲကုန်တယ်။
၂။ သွားဝယ်ဖို့လဲလူအင်အားလဲကုန်တယ်
၃။ ပိုက်ဆံသိပ်မကုန်ဘူး။
အပြင်မှာဝယ်စားရင်
၁။ မှာစားတာဖြစ်စေ သွားဝယ်တာပဲဖြစ်စေ အချိန်တော့သိပ်မကုန်ဘူး၊
၂။ လူအင်အားလဲသိပ်မကုန်ဘူး
၃။ ပိုက်ဆံတော့၂ ဆ ၃ ဆလောက်ပိုကုန်တယ်။
ဘယ်ဟာရွေးချယ်မလဲ။ များသောအားဖြင့် အိမ်မှာချက်စားဖို့ပဲရွေးချယ်ကြလိမ့်မယ်။ ငွေတော့ဘယ်သူကရင်းချင်ပါ့မလဲ။ သို့ပေမယ့် စာလုပ်ဖို့ရှိနေတယ်။ အချိန်လဲသိပ်မရဘူး။ ဒီတော့ ဝယ်စားဖြစ်လိုက်တယ်။ ဒီလိုမျိုးပေါ့။ ပိုက်ဆံရင်းသင့်ရင် ရင်းရတာမျိုးပေါ့ဗျာ။
ဘာမဟုတ်တဲ့စားစရာလေးဝယ်စားတာကနေစလို့ တခြားအခြေအနေတွေ အထိအခိုက်မခံတဲ့အခြေအနေမျိုးတွေကအစ ရှိတယ်။
အခြေအနေ ၂။ Part timeနဲ့ စာကိစ္စ
ဆိုပါတော့ ကျနော်တို့က Part timeလဲလုပ်ရင်းကျောင်းစာတွေလဲလုပ်ရင်းအချိန်မလောက်တော့ဘူး။ တစ်ခုခုကို စတေးမှရတော့မယ်။
အလုပ်စတေးခဲ့ရင်
- ဝင်ငွေမရနိုင်တော့ဘူး။
- အချိန်တော့ပိုထွက်သွားမယ် စာလုပ်ချိန်နဲ့
- ကျောင်းစာလဲ သေချာလိုက်လုပ်နိုင်သွားမယ် ဟုတ်တယ် အပိုဝင်ငွေမရှိတော့ ကျောင်းနဲ့ပတ်သက်တာပဲဖြစ်ဖြစ် ချွေတာရတော့မယ်ဆိုသော်ငြားလဲ။
ကျောင်းစာကိုစတေးခဲ့လျှင်
- ဝင်ငွေတော့ရနိုင်တယ်။
- ကျောင်းစာထိခိုက်နိုင်တယ်။ကံဆိုးရင် စာမေးပွဲကျနိုင်တယ် စာမလိုက်နိုင်ဘဲနဲ့ တစ်နှစ်ပြန်တက်ရနိုင်တယ်။ ကျောင်းလခထပ်ပေးရမယ်။ ဒီတော့ဘာမှမထူးတော့ဘူး။
ဆိုပါစို့ ကျနော်တို့ကျောင်းတက်ဖို့စဥ်းစားမယ်။ တစ်ဖက်ကနေလဲ နိုင်ငံခြားကထွက်ချင်နေတယ် တစ်ဖက်ကနေလဲ ကုန်ကျစရိတ်အသက်သာဆုံးသွားချင်တယ်။ ဒီတော့ အဆင်ပြေအောင်ဆိုပြီးတော့ သိပ်လဲမပေးရ သိပ်လဲ နာမည်မကြီးတဲ့ ကျောင်းမျိုးတက်လိုက်တယ်။
ငွေလဲနည်းတယ် အချိန်လဲနည်းတယ် လူအင်အားလဲနည်းတယ် အကုန်အဆင်ပြေသလိုပါပဲလေ။ နောက်ကျမှ အလုပ်ရှာတဲ့အခါမျိုးကျတော့မှ အလုပ်လဲမရ ဘွဲ့ကလဲ မကောင်း။ ဒီတော့ အကုန်လုံးပင်ပန်းပြန်တယ်။ ဘာတစ်ခုမှမတန်တာပြောပါတယ်။
ဘယ်လိုကောင်းမွန်အောင်စီမံရမလဲ။
ကြိုးစားကြရတာပေါ့ဗျာ။ သူ့ဟာနဲ့သူအဆင်တော့ပြေလာမှာပါလို့ မျှော်လင့်ကြရတာပါပဲ။ ကြိုးစားရတာပေါ့ဗျာ။ ကျနော်တို့ဘဝတွေကိုယ်တိုင်ကိုက ခန့်မှန်းလို့ရနေတဲ့ကိစ္စမှမဟုတ်တာ။ နည်းလမ်းတွေကတော့အများကြီးပဲ လုပ်လို့ရတဲ့နည်းလမ်းတွေပါပဲ။ ဒါပေမယ့်တစ်ဦးတစ်ယောက်ချင်းရဲ့lifestyleနဲ့အဆင်ပြေချင်မှပြေမယ်။ ဒီတော့
- ဘယ်ကိစ္စမဆို အချိန်ကိုသုံးသင့်သလောက်သုံးပါ။ ရပ်သင့်တယ်ထင်ရင်ရပ်ပါ။ ပြန်လုပ်သင့်တယ်ထင်ရင်လုပ်ပါ။ Pressureမပေးပါနဲ့။
- ကိုယ့်bodyကိုယ် Computerတစ်လုံးလိုသဘောထားပါ။ Computerကြီးပူနေရင်ဘာပဲထပ်လုပ်လုပ် အဆင်မပြေပါဘူး။ အနားပေးရပါမယ်။ ဒီလိုပဲ computerက ဘာappမှစမဖွင့်ရသေးဘူး။ ပေါ့ပါးဖြတ်လတ်နေတယ်ဆိုရင် ဘာလုပ်လုပ်အဆင်ပြေပါတယ်။
- သူများကိုဆက်ဆံသလိုမျိုး မိမိကိုယ်ကိုဆက်ဆံပါ။ မိမိကိုယ်ကိုမညှင်းဆဲပါနဲ့။
- ကိုယ့်ခန္တာကိုယ်ဆိုတာကိုယ်နဲ့ မွေးလာကတည်းကနေ သေသည်အထိ ရှိနေမှာပါ။ ဒီအတွက် အခြားသောအရာတွေထက်ပိုမိုဂရုစိုက်ရမှာပါ
- စမ်းသပ်ကြည့်ပါ။ အမှားအယွင်းဆိုတာရှိစမြဲပါ။ ကျရှုံးမှုတွေထဲက သင်ခန်းစာယူပါ။ အကောင်းဆုံးရလဒ်တစ်ခုဖန်တီးပါ။
Appsတွေ toolsတွေကိုအားမကိုးပါနဲ့
ထုံးစံအတိုင်း ကျနော်မပြောချင်ဘဲနဲ့ ပြောရဦးမယ်။ appsတွေထဲမှာ ကိုယ့်အခြေအနေအလိုက် အကောင်းဆုံးဖြစ်စေမယ့်appတွေရှိတယ်။ ဥပမာ -
- ဖုန်းမကြာခဏမသုံးမိအောင် Forest ဆိုတဲ့ appလေးဆွဲထားလို့ရတယ်။
- Dimensional ဆိုတဲ့appကနေ ကိုယ့်အကြောင်းကိုယ်လေ့လာလို့ရတယ်။
- Screen time applicationကနေပြီးတော့ ကိုယ်ဘယ်လောက်ဖုန်းသုံးဖြစ်နေလဲ၊ ဘယ်appတွေသုံးဖြစ်လို့ အချိန်ကုန်နေတာလဲကအစ ကြည့်နိုင်တယ်။
- Google calendarကနေ လုပ်စရာရှိတာတွေလုပ်ဖို့ တစ်နေ့တာစတင်ဖို့အသုံးပြုနိုင်တယ်။
- Second brainလို့ခေါ်တဲ့ conceptကို သုံးတတ်ဖို့ Notion, Evernote, Apple Notes စတာတွေအကုန်သုံးလို့ရတယ်။
ကျနော်recommendမလုပ်တာက လူတွေက ဒီappတွေပေါ်ပဲမူတည်တယ်လို့ထင်သွားပြီးတော့ အကောင်းဆုံးapplicationလို့ရှာကြတယ်။ အဆင်မပြေရင် ဝမ်းနည်းကြတယ်။ ဒီsoftwareတွေဟာတကယ်တော့ ကိုယ်တွေကို ကူညီပေးဖို့သပ်သပ်ပါ။ appတွေသုံးတိုင်းအဆင်ပြေမှာမဟုတ်ပါဘူး။ အဓိကက ဘယ်အလုပ်မဆို ရေရှည်လုပ်နိုင်ဖို့ပါ။ ဘာတစ်ခုမှမလိုအပ်ပါဘူး။
ကျနော့်အခြေအနေ
စစချင်းစာချည်းပဲသီးသန့်လုပ်တယ်။ ဒီလိုနဲ့ လုပ်ချင်တာလေးတွေလဲရှိလာတယ်။ ဖန်တီးချင်တာလေးတွေရှိလာတယ်။ ငွေတစ်ခုမှမရှိဘူးအပိုသုံးစရာလဲမရှိဘဲနဲ့ကို ကိုယ်လုပ်ချင်တာလေးတွေကို စတင်စမ်းသပ်ကြည့်လာတယ်။
စာလေးတွေရေးတယ်။ ဟင်းလေးတွေချက်တယ်။ စက်ဘီးစီးတယ်။ Gymဆော့တယ်။ ဒါတွေအကုန်လုံးက ဟိုနားလေးနဲနဲ ဒီနားလေးနဲနဲနဲ့ အကျင့်တစ်ခုဖြစ်လာသည်ထိပေါ့။ ပြုပြင်စရာတွေလဲအများကြီးပဲ။ လုပ်နိုင်မယ်လို့တော့ယုံကြည်ပါတယ်။
ဒီလိုပဲမိတ်ဆွေတို့လဲ အချိန်ကို လိုအပ်သလိုအသုံးချပါ။ အချိန်ဆိုတာ ကိုယ့်ပိုင်ဆိုင်မှုတစ်ခုပါ။ ဘာမဟုတ်တဲ့သူတွေ ဘာမဟုတ်တဲ့ကိစ္စတွေနဲ့ စိတ်ရှုပ်ခံပြီး အသုံးပြုမလား၊ အကျိုးရှိတဲ့ကိစ္စတွေ၊ တန်ဖိုးရှိတဲ့သူတွေနဲ့ ဖြတ်သန်းမလား။
ကိုယ်ပျော်တာလဲလုပ်ရမယ် ပညာရေးမှာလဲ အဆင်ပြေရမယ်။ ဒီလိုပဲ ဝင်ငွေလဲရရမယ်။ ဒါဆိုရင်တော့အကောင်းဆုံးပဲမဟုတ်လား။ ကိုယ်စမ်းသပ်ချင်တဲ့နည်းလမ်းတွေစမ်းသပ်ပါ။ အဆင်ပြေရင်အသုံးချပါ။
အဓိကကတော့ အိပ်ရေးဝအောင်အိပ်ပါ၊ အစားသေချာစားပါ၊ လေ့ကျင့်ခန်းကောင်းကောင်းလုပ်ပါ။ Be productive!!!