UK Student Visaအကြောင်း
အနီးစပ်ဆုံးစင်္ကာပူနိုင်ငံpassportသာရထားခဲ့ရင် visa free နိုင်ငံ ၁၃၁ နိုင်ငံရှိတယ်။ On arrival က 36 နိုင်ငံရပါတယ်။ visaလိုအပ်တဲ့နိုင်ငံတွေက အီရတ်တို့ မြောက်ကိုရီးယားတို့ ယီမန်တို့ ဆူဒန်တို့လိုနိုင်ငံတွေပါ။ ကမ္ဘာပေါ်မှာ Powerfulအဖြစ်ဆုံးpassportတွေထဲကတစ်ခု။ ပိုကောင်းတဲ့passportတွေကတော့ အများအားဖြင့် ဥရောပဘက်ကpassportကိုင်ဆောင်သူတွေ။
မြန်မာနိုင်ငံpassportကတော့ Visa freeရတဲ့နိုင်ငံ ၁၂နိုင်ငံ၊ on arrival ရတာက နိုင်ငံ၄၀၊ ကျိန်းသေပေါက် ယူရမှာက ၁၄၁ နိုင်ငံ။ Visa freeရတဲ့နိုင်ငံတွေ ဘယ်နိုင်ငံမဆို ၁၄ရက်ကနေ ရက် ၃၀ အတွင်းပဲ ရယူနိုင်မယ်။ အရှေ့တောင်အာရှနိုင်ငံတွေထဲကနိုင်ငံတွေပေါ့။
Visa သက်တမ်းတိုးဖို့ သွားရလာရတာ သိပ်ခက်ခဲတယ်။ ဒီတော့ ကျနော်လျှောက်ထားခဲ့တဲ့ UK visa အကြောင်းရေးသားချင်တယ်။
အသက် ၁၆ နှစ် သို့မဟုတ် အထက်ရှိတဲ့သူတွေ၊ ယူကေမှာ ဆက်လက်ပြီးအဆင့်မြင့်ပညာသင်ကြားချင်တဲ့သူတွေလျှောက်ထားနိုင်တဲ့visaတစ်ခု။ အသက်ငယ်တဲ့သူတွေအတွက် child Student Visaဆိုတာလဲရှိတယ်။ Secondary schoolလွှတ်ချင်တဲ့သူတွေပေါ့။
Visaလျှောက်ထားဖို့ဘာအချက်တွေလိုအပ်လဲ။
- Licenseရ student sponsorကနေပြီးတော့ ကျောင်းမှာ နေရာတစ်နေရာ offerထားခဲ့ရင်(သို့မဟုတ်) အသိအမှတ်ပြု Universityတစ်ခုခုက ကိုယ့်ကို Unconditional offerပေးအပ်ခဲ့လျှင်။
- ကျောင်းစရိတ် နေစရိတ် စားစရိတ် စတဲ့စရိတ်အဝဝကို ပေးအပ်နိုင်ဖို့ ငွေအလုံအလောက်ရှိရင်(Bank Statementပြရတာဆိုတာ ဒီဟာအတွက်ပါ)
- B2 သို့မဟုတ်IELTS 6.5 ပျမ်းမျှနဲ့ ညီမျှသော English qualificationရှိခဲ့လျှင်၊
- အသက် ၁၆ သို့မဟုတ် ၁၇ ရှိပါက မိဘထံမှ ခွင့်ပြုချက်(နာမည်နဲ့လက်မှတ်ထိုးထားသောစာရွက်တစ်ရွက်ဆိုအဆင်ပြေပါတယ်။
ကျနော်တို့အတွက်တော့ ဒီိိdocumentတွေစုရတာဖြည့်ရတာက သိပ်တော့မခက်ခဲပါဘူး။ ခက်ခဲတာက ပုံစံမကျမှာရယ် နည်းလမ်းမမှန်မှာရယ် ဒွိဟဖြစ်စရာအချက်အလက်လေးတွေတချို့။
ဘယ်အချိန် Applyလို့ရနိုင်မလဲ
UKပြင်က
မြန်မာနိုင်ငံသို့မဟုတ် အခြားတစ်နိုင်ငံကနေသာapplyခဲ့မယ်ဆိုရင် ကျောင်းရဲ့ courseမစခင် ၆လကနေ စတင်applyနိုင်ပါပြီ။ ဥပမာ ကျောင်းက courseက စက်တင်ဘာ ၂၀၂၄ဆိုရင် မတ်လလောက်ကနေပေါ့။
Decisionကိုတော့ ၃ပတ်အတွင်းရတယ်လို့ ထိုwebsiteကတော့ ဆိုပါတယ်။ နိုင်ငံပေါ်မှာမူတည်နိုင်ပြီး မြန်မာနိုင်ငံအတွက်ကိုတော့ ကျနော့်တုန်းက အမကိုမေးကြည့်တာ ၅ ပတ် ၆ ပတ်ထိ ကြာမြင့်နိုင်ပါတယ်။
UKအထဲမှ
ကျောင်းပြီးခါနီး visaဆက်လက် သက်တမ်းတိုးဖို့ရှိတယ်ဆိုရင် Student visaကို extendလုပ်လို့ရပါတယ်။ မဟုတ်ရင်တော့ Graduate visaကိုလျှောက်နိုင်ပါတယ်။ visaမကုန်ဆုံးခင် ၂၈ ရက်အတွင်း courseအသစ်က စတင်ရမယ်လို့လဲဆိုထားပါတယ်။ ဒီအချက်အလက်နဲ့ပတ်သက်ပြီးတော့ သေချာမပြောပြတတ်သေးပါဘူး။
ဘယ်လောက်ထိနေနိုင်မလဲ
မိမိလောလောဆယ်တက်ဖို့ကြံရွယ်ထားတဲ့ courseပေါ်မူတည်ပါတယ်။
- ပုံမှန်ကျောင်းသားတွေအတွက်တော့ Courseက ၃နှစ်ဖြစ်တတ်ပြီး ၃နှစ်စာရနိုင်ပါတယ်။
- Foundation သာပါဝင်ခဲ့မယ်ဆိုရင်တော့ Foundation Year + University 3 yearsမို့လို့ ၄နှစ်စာရရှိနိုင်ပါတယ်။
- မိမိက top up programmeမျိုးနဲ့သာ လာခဲ့တဲ့သူမျိုးဆို courseပေါ်မူတည်ပြီး ရရှိနိုင်ပါတယ်(တစ်နှစ်ဖြစ်စေ ၂နှစ်ဖြစ်စေ)
ဆက်လက်ပြီးနေထိုင်လိုပါက
- အလုပ်Offerရရှိပြီးနောက် အလုပ်visaဖြင့်ဖြစ်စေ၊
- Eligibleဖြစ်မဖြစ်ပေါ်မူတည်ပြီး သက်တမ်းတိုးပြီးဖြစ်စေ
- Graduate Visa အဖြစ် ကျောင်းပြီးတာနဲ့ ၂ နှစ်ဆက်လက်နေထိုင်ခွင့်ဖြစ်စေ။
ရရှိနိုင်ပါတယ်။ သတိထားရမှာကတော့ မိမိpassportသက်တမ်းမကုန်ဆုံးခင် လအနည်းငယ်အတွင်း လျှောက်ရမှာဖြစ်ပါတယ်။ UK ရောက်ပြီးတော့မှ နှစ်အနည်းငယ်ကြာတဲ့အခါ Passportသက်တမ်းကုန်ဆုံးသွားခဲ့ရင်တော့ သံရုံးကိုဆက်သွယ်ပြီးတော့ သက်တမ်းတိုးနိုင်ပါတယ်။ စစ်ကောင်စီသံရုံးမို့လို့ သတိချပ်ဖို့လိုပါတယ်။
ဘယ်အချိန်UKကိုလာလို့ရပြီလဲ
- Courseက ၆ လ အများဆုံးဖြစ်ခဲ့ရင်တော့ ၁ပတ် မတိုင်မီလာလို့ရပါပြီ။
- Courseက ၆လထက် ကြာခဲ့ရင်တော့ ၁ လ မတိုင်မီလာလို့ရပါပြီ။
သတိချပ်ရမှာက Courseဘယ်အချိန်ပဲစစ Visa မှာရေးသားထားတဲ့start dateမတိုင်ခင် လာခွင့်မရှိပါဘူး။
ဖြစ်နိုင်ရင်တော့အစောဆုံးလာစေချင်ပါတယ်။ ကျနော့်တုန်းက visaက Courseမတိုင်မီ တစ်လကြိုတင်ရခဲ့ပေမယ့် ကျောင်းမစခင် ၂ ရက်အလိုမှ ရောက်သွားခဲ့တဲ့အတွက် အစစအရာရာကို ကျောင်းစာနဲ့တွဲလုပ်ခဲ့ရပါတယ်။ လေ့လာစရာတွေကော မသိနားမလည်တာတွေအများကြီးနဲ့မို့ စစချင်း semester one မှာတော်တော်လေးခက်ခဲခဲ့ပါတယ်။
Fees
- £490 ကျပါတယ် UKပြင်ပကနေ ကျောင်းသားvisaတစ်ခုapplyမယ်ဆိုရင်
- £490 ကျပါတယ် ကျောင်းသားvisaကို extendတာပဲဖြစ်စေ ပြောင်းလဲတာပဲဖြစ်စေပါ။
ဒီငွေကြေးကိုတော့ မြန်မာငွေrateနဲ့ဘယ်လောက်ရှိပြီလဲ၊ VFSကဘယ်လောက်တောင်းလဲမသိပေမယ့် ကျပ်(Kyat)ကနေ ပေါင်(£)exchange rateက အဆမတန်ထိုးတက်နေပါတယ်။ March 2024ကနေစတင်ပြီး တရိပ်ရိပ်တက်လာခဲ့ရာ July နဲ့ Augustမှာတော့ £1 = MMK 6500ပတ်ချာလည်ရှိနေပါတယ်။ အနှေးနဲ့အမြန်ကွာခြားသွားမှာဖြစ်ပြီး ဒီထပ်တက်ဖို့ပဲရှိပါတယ်။
IHS Healthcare surcharge
USတို့လိုမျိုး လစဥ်ပေးရတာမျိုးမဟုတ်တဲ့အတွက် မသွားခင်ကတည်းက ပေးအပ်ထားရပါတယ်။ Visaသက်တမ်းဘယ်လောက်ရှိလဲပေါ်မူတည်ပါတယ်။
ကျောင်းသားဆိုရင်တော့ တစ်နှစ်ကို £776ကျပါတယ်။ ၃နှစ်ဆို ၃နှစ်စာတစ်ခါတည်း ပေးထားရပါတယ်။ မပေးခဲ့ရင်visa applicationကဆက်ရှိနေမှာမဟုတ်ပါဘူး။
ဘယ်လောက်ပေးရမလဲ အတိအကျသိချင်ရင်တော့ ဒီlinkလေးကိုနှိပ်နိုင်ပါတယ်။
အတွေ့အကြုံကတော့ ဒီအတွက်ပေးဖို့လုပ်ရင်း Decline ၅ခါဖြစ်သွားတာကြောင့် visa applicationက ရှေ့ဆက်မသွားတော့ပါဘူး။ သံရုံးကိုဆက်သွယ်တဲ့အခါ စစ်ဆေးဖို့ အချိန် ၂ ပတ် ၃ ပတ်တောင်းဆိုပါတယ်။
မစောင့်ချင်တော့တဲ့အတွက်ကော Visa application ၂ ခုဖြစ်သွားမှာစိုးရိမ်တဲ့အတွက် visa လျှောက်ခ (£490)အဆုံးခံပြီး ဒုတိယအကြိမ် ထပ်လျှောက်ခဲ့ပါတယ်။ ဖြစ်ချင်တော့ visaက documentတွေပြန်တောင်းရတာမျိုးမရှိခဲ့တဲ့အတွက် မြန်မြန်ဆန်ဆန်ရခဲ့ပါတယ်။
Partner and childrenခေါ်ခွင့်ရှိလား
ကိုယ့်အခြေအနေပေါ်မူတည်ပါတယ်။ စာဖတ်တာကလဲရှုပ်နေလို့ ကျနော်သိလိုက်တာက Mastersတက်မယ်ဆိိုရလောက်မှာပါ။ Lawအပြောင်းအလဲတွေလဲရှိနေတာမို့သတိချပ်ပါ။
ဘာလုပ်ခွင့်ရှိလဲ ဘာလုပ်ခွင့်မရှိဘူးလဲ။
လုပ်ခွင့်ရှိတာကတော့
- စာသင်ကြားနိုင်ပါတယ်။
- ဘာတက်နေလဲ၊ Semesterအတွင်းလား Term-off timeလားပေါ်မူတည်ပြီး အလုပ်လုပ်ခွင့်ရှိပါတယ်။ အပြောင်းအလဲရှိနိုင်ပါတယ်။
လုပ်ခွင့်မရှိတာကတော့
- Public fundတွေရယူခွင့်မရှိပါဘူး။
- တချို့Professionalအလုပ်တွေမှာလုပ်ခွင့်မရှိပါဘူး။
- Self-Employed ခွင့်မရှိပါဘူး။
- Academyသို့မဟုတ် ဒေသဆိုင်ရာ ထောက်ပံ့ထားတဲ့ ကျောင်းမှာတက်ခွင့်မရှိပါဘူး။
ထပ်ဖြည့်ချင်ပါတယ်။ အလုပ်လုပ်နေတဲ့သူ ဝင်ငွေကို အခြေခံလစာ (ဥပမာ- တစ်နှစ်ကို £20000ကျော် £30000) ဝင်နေတဲ့သူမျိုး မှလွဲ၍ installmentမရရှိနိုင်ပါဘူး။ ဥပမာဖုန်းတွေ laptopတွေ ဘာမှဝယ်လို့မရနိုင်ပါဘူး။ ဝယ်လို့ရမယ်ဆိုရင်တောင် credit scoreမြင့်အောင်လုပ်တာတို့ဘာတို့ကအစ ရှိပါသေးတယ်။
CAS Letter(Confirmation of Acceptance for Studies)
Depositပေးပြီးတာနဲ့ ပေးရမယ့်resultတွေ တောင်းထားတဲ့documentတွေပေးပြီးတာနဲ့ Unconditional Offerရပါမယ်။ ပြီးတာနဲ့ CAS ဖြည့်ခွင့်ရပါမယ်။ CAS letterကို ပြည့်စုံအောင်ဖြည့်ပြီးတာနဲ့ Visa လျှောက်လို့ရပါပြီ။ CAS ရရှိပြီဆိုတာနဲ့ Visa ကို ၆ လအတွင်းapplyရပါမယ်။
ငွေဘယ်လောက်လိုအပ်လဲ
မိမိကိုယ်ကိုထောက်ပံ့သည်ဖြစ်စေ Sponsorပဲဖြစ်စေ ထောက်ပံ့ဖို့အတွက် လိုအပ်တဲ့ ငွေကြေးလိုအပ်ပါတယ်။ 1 Academic year (Up to 9 months)လို့ဆိုထားပေမယ့် တစ်နှစ်စာထည့်စေလိုပါတယ်။
UKမှာ validဖြစ်တဲ့visaနဲ့ ၁၂လ အနည်းဆုံး ရှိထားမယ် နေထားမယ်ဆိုရင်တော့ ပြသဖို့မလိုအပ်ပါဘူး။
ဒီငွေပမာဏက မိမိနေမယ့်နေရာ၊ တက်မယ့်ကျောင်းပေါ်မူတည်ပါတယ်။
၁။ နေစရိတ်စားစရိတ်အ ကြမ်းဖျင်းပမာဏလို့ ပြောလို့ရတဲ့ငွေကြေး။ အောက်ပါ option ၂ ခုထဲကတစ်ခုရယ်
- £1334/month (up to 9 month) Londonတွင်း ရှိမယ့် coursesတွေအတွက်
- £1023/month (up to 9 month) Londonပြင်ပရှိမယ့်coursesတွေအတွက်။
၂။ ကျောင်းလခတစ်နှစ်စာပါ။
ဥပမာ - London ပြင်ပ ကျောင်းရွေးဖြစ်ခဲ့မယ် ၉ လတာပြမယ်ဆိုရင်
၁။ £1023 x 9 month = £9207
၂။ Oxford Brookes ကျောင်းလခ £16200
Total = £25407. လက်ရှိexchange rate ကို £1= MMK 7000လို့ တွက်ရင်တော့ MMK 177,849,000 (သိန်း၁၈၀၀ ခန့်)။
ဒီငွေပမာဏကို ၂၈ ရက်ဆက်တိုက်ရှိထားရမယ်။ အဝင်အထွက်လုပ်လို့ရပေမယ့် ဒီပမာဏထက်လျော့လို့မရဘူး။ ဒီ ၂၈ ရက်တာကာလအဆုံးသတ်တဲ့ ရက်ကနေစလို့ ၃၁ ရက်အတွင်းvisaလျှောက်ရမယ်။
International studentတစ်ဦးအတွက် Student Loan သို့မဟုတ် Financial Sponsorshipရဖို့တော့ခဲယဥ်းမယ်။ ရခဲ့ရင်တော့ Evidenceပြနိုင်ရမယ်။
Exchange rateအပြောင်းအလဲက မှန်းဆလို့မရတာမို့လို့ကော လိုအပ်သွားမှာစိုးလို့ Agentတွေကတော့ ပိုထည့်ခိုင်းတတ်လေ့ရှိတယ်။ တချို့Agentတွေဆို ၂ ဆလိုမျိုးတောင်ထည့်ခိုင်းတတ်တယ်။ ဒါကတော့ Agentရဲ့အမြင်နဲ့အတွေ့အကြုံပေါ်လဲမူတည်သေးတယ် ကြုံဖူးတာမှမတူကြတာ။ ပိုထည့်ခိုင်းတယ်ဆိုတာ သိန်း၂၀၀ ၃၀၀လောက်လဲဖြစ်နိုင်သလို ခုrateနဲ့သာဆို သိန်း၅၀၀ လောက်ပိုထည့်ခိုင်းမလားပဲ။
English
English ပြည့်မီကြောင်း ပြသဖို့ Secure English Language Testဆိုတဲ့ အင်္ဂလိပ်စာစစ်ဆေးတဲ့စာမေးပွဲတွေထဲက တစ်ခုကို ဖြေကြားနိုင်ပါတယ်။၂ နှစ်အတွင်းvisaလျှောက်ရပါမယ်။
စာရင်းထဲပါတာကတော့
- IELTS - ELT Consortium: ‘IELTS for UKVI’ or ‘IELTS Life Skills’
- LanguageCert: ‘LanguageCert International ESOL SELT’ or ‘LanguageCert Academic SELT’ or ‘LanguageCert General SELT’
- Pearson: ‘PTE Academic UKVI’ or ‘PTE Home’
- PSI Services: ‘Skills for English UKVI’
- Trinity College London: ‘Secure English Language Tests for UKVI’ – Integrated Skills in English (ISE) or Graded Examinations in Spoken English (GESE)
A level သို့မဟုတ် PTE သို့မဟုတ် IELTSပေါ့ဗျာ။ Universityကတော့လက်ခံရင်လက်ခံလိမ့်မယ်။ Visaအတွက်တော့ Duolingoကို လောလောဆယ်စာရင်းထဲမတွေ့မိသေးဘူး။
သို့ပေမယ့် UKလာမှတော့ အဆင်ပြေရင် IELTSပဲဖြေခဲ့တာက ပိုပြီးsafeဖြစ်ပါလိမ့်မယ်။ ဘယ်ကျောင်းလျှောက်လျှောက် ဘယ်visaလျှောက်လျှောက်ငြင်းဆိုစရာမရှိဘူးလေ။
CEFR Level B2 သို့မဟုတ် IELTS 6.5 လောက်ကိုမှန်းဆထားသင့်ပါတယ်။ ကျောင်းလျှောက်တဲ့အခါအတွက်ရော Visaအတွက်ပါcoverဖြစ်အောင်ပါ။
TB စစ်ဆေးချက်
လက်ရှိမှာတော့ဝိတိုရိယဆေးရုံမှာစစ်ဆေးလို့ရပါတယ်။ ကိုယ့်ကို ဖြေစရာရှိတာတွေဖြေခိုင်း စစ်ဆေးပြီးတာနဲ့ အဝါရောင် certificateလေးတစ်ခုပေးပါလိမ့်မယ်။ UK Visaအတွက်Photo ပုံစံကိုရိုက်သွားပါ။ ဆေးရုံနဲ့အနီးဆုံး ဓာတ်ပုံဆိုင်က North Pointနားကို ပြန်သွားရပါသေးတယ်။
ထပ်မံလိုအပ်သေးတဲ့documentတွေ
- Passport
- Confirmation of Acceptance for Studies (CAS)
အခြေအနေပေါ်မူတည်ပြီး
- Bank Statement
- အသက် ၁၈ နှစ်အောက်ဆိုရင် မိဘထံမှ ခွင့်ပြုချက်(English)
- အသက် ၁၈ နှစ်အောက်ဆိုရင် မိဘနဲ့ relationshipကိုသက်သေပြနိုင်တဲ့certificate ( English Notry)
- TB စစ်ဆေးချက်Result
- အိမ်စာချုပ် ကားစာချုပ် မြေကွက်နဲ့ပိုင်ဆိုင်မှုစာချုပ်တွေ
- လုပ်ငန်းဖြစ်ခဲ့သည်ရှိသော် လုပ်ငန်းက pay slip သို့မဟုတ် ဝင်ငွေ
- သန်ခေါင်စာရင်း (and/or) မွေးစာရင်း
- Accomodation - Permanent/temporary
- Educational Evidence(A levels, OSSD,...)
- Sponsor Evidence
- Employment Evidence
အဆောင်ငှားဖို့မဖြစ်မနေလိုအပ်တာလား မလိုတာလားကတော့ အတိအကျမပြောတတ်ဘူးဗျ။ မထည့်လဲရထည့်လဲရလို့တော့ထင်ပါတယ်။အတိအကျမရေးထားဘူး။
သတိထားရမှာက လေယာဥ်လက်မှတ်မပါပါဘူးဗျ။ Hotel accomodationဘယ်နားမှာနေမလဲဆိုတာလဲမပါပါဘူးဗျ။
တခြားလိုအပ်သော ကိစ္စတွေနဲ့ပတ်သက်ပြီး အသေးစိတ်သိချင်တယ် စာအရှည်ကြီးဆိုလဲဖြစ်တယ်ဆိုရင်တော့ ဒီစာလေးဖတ်ပါ။ UK Governmentကထုတ်ပေးထားတဲ့ အပြည့်အစုံmanualပုံစံပါ။
အသက် ၁၈ နှစ်အောက်ဆိုရင်ကော
၂ပါးလုံးဖြစ်စေ တရားဝင်အုပ်ထိန်းသူတွေဆီကဖြစ်စေ ၁ ပါးဖြစ်စေ(အပြည့်အဝတာဝန်ယူရသည်ရှိသော်) ဆီကနေ
- visa application
- Living and care arrangement
- UKကိုလာတဲ့ ခရီးစဥ်
ဒါတွေအတွက်ခွင့်ပြုချက်လိုအပ်ပါတယ်။
ထိုနည်းလည်းကောင်း ထိုမိဘတွေနာမည်ပါဝင်တဲ့ မွေးစာရင်း Notry လိုအပ်ပါတယ်။
ဘယ်လိုapplyရမလဲ
Visaကို Onlineကနေပဲ applyရပါတယ်။ ပြီးကျမှ
- လိုအပ်တဲ့Documentတွေနဲ့
- Biometricအချက်အလက်တွေ (ဥပမာ - လက်ဗွေနှိပ်တာတို့ ပုံရိုက်တာ) တို့ကိုvisa လျှောက်တဲ့ရုံးမှာသွားပေးရပါတယ်။
ဘာလုပ်ရမလဲ ဘာလိုအပ်လဲဆိုတာ လျှောက်တဲ့အခါ ကိုယ့်ကိုပြောပြပါလိမ့်မယ်။ ရန်ကုန်မှာဆိုရင်တော့ လှည်းတန်းcentreက VFSပါ။
အချိန်ဘယ်လောက်ကြာတတ်လဲ။
- Standard visaသာလျှောက်ခဲ့ရင် အချိန်ကတော့ ၃ပတ်အတွင်းရတယ်လို့ဆိုပါတယ်။ ၅/၆ပတ်ထိကြာနိုင်ပါတယ်။
- Priorityသာလျှောက်ခဲ့ရင်တော့ ဒီထက်ပိုမြန်ပါလိမ့်မယ်။ စျေးကတော့ပိုကြီးပါတယ်။ £500/£1000 ပိုပေးရပါတယ်။
Visa လျှောက်တဲ့အချိန် လိုအပ်တဲ့Serviceတွေယူရတဲ့အခါ သေချာပေါက်ရွေးရမယ့်serviceတွေရှိပါတယ်။ သေချာစစ်ဆေးပြီးယူသင့်တဲ့အခါယူပါ။ ဒီအချိန်မှငွေကုန်မခံချင်တော့ဘဲနဲ့ ချွေတာနေရင်ပိုဆိုးပါလိမ့်မယ်။
ကိုယ်သွားတဲ့ခရီးစဥ်ရဲ့တန်ဖိုးက ဒေါ်လာသောင်းချီဆိုလဲဟုတ်တယ် ၁ နှစ်စာ ၂နှစ်စာကနေ တစ်သက်စာ ဆိုလဲဟုတ်တယ်။ ဒီvisaလျှောက်ခနဲ့ serviceယူခလောက်ကို ထည့်တွက်မနေပါနဲ့တော့။ ယူစေချင်ဆုံးserviceတွေကတော့ စာရွက်စာတမ်းစစ်ဆေးပေးတဲ့serviceလေးတို့ဘာတို့ပါ။
Apply ပြီးခဲ့ရင်တော့
- Documentတစ်ခုခုပေးဖို့လိုအပ်ခဲ့ရင် ပေးဖို့
- Interviewခေါ်ခဲ့ရင် တက်ဖို့
- တစ်ဦးချင်းစီရဲ့ caseပေါ်မူတည်ပြီး လိုအပ်ရင်လိုအပ်သလို ဖြည့်စွက်စရာရှိတာပေးဆပ်ဖို့။
တော်ရုံrefundပေးဖို့ခဲယဥ်းပါတယ်။ သြော်ပြီးတော့ Passportကိုပြန်ထုတ်ဖို့ ရက်ချိန်းတဲ့အခါကျရင်လဲမေးမြန်းနိုင်ပါတယ်။ Passport ကို ၄ပတ်လောက်ယူထားရင်လဲကိစ္စမရှိပါဘူး စိတ်မပူပါနဲ့။ Processing tiemမို့လို့ပါ။
ဒုတိယတစ်ချက်က ကိုယ့်documentတွေအကုန်လုံးကို PDF Scannerနဲ့ရိုက်ထားပါ။ ပုံရိုက်ထားပါ။ fileလေးသပ်သပ်ခွဲထားပါ။ Visaလျှောက်နေချိန် ကျောင်းကတောင်းတာပဲဖြစ်ဖြစ် လေယာဥ်လက်မှတ်ဝယ်ချင်တာပဲဖြစ်ဖြစ် ကိစ္စတစ်ခုခုလုပ်ချင်ရင်အသုံးပြုနိုင်အောင်ပါ။ Passportကျန်နေခဲ့လို့ ၄ ပတ်လောက်ကြီး ဘာမှမလုပ်ဘဲနေနေရတယ်လို့ လာပြောကြတဲ့ မိတ်ဆွေတို့ရှိပါတယ်။
တခြားသောအ သေးစိတ်ဖြစ်တဲ့ကိစ္စတွေကိုတော့ သိချင်ရင် Gov.uk မှာသွားရောက်ဖတ်ရှုနိုင်ပါတယ်။ ကျနော်လဲ Postကိုတော့ Linkလေးတွေထည့်ထားပေးပါသေးတယ်။
အကြံပေးချင်တဲ့အချက်လေးတွေကတော့
- UK Lawကအပြောင်းအလဲဖြစ်တတ်ပါတယ်။ ဘယ်ကိစ္စမဆိုပါ။ ဒီအတွက် UK Government websiteကိုစောင့်ကြည့်နေဖို့ မိမိလျှောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး သတင်းမှာမျက်ခြေမပြတ်စေဖို့လိုအပ်ပါတယ်။
Visa အတွက်လိုအပ်တာတွေသွားပေးတဲ့နေ့
- လျှောက်တဲ့အခါ ဘယ်documentမဆို ကြိုတင်ပြင်ဆင်ထားပါ။ check listလေးကို Up to dateရှိထားတဲ့အခါမှာတော့ အတော်လေးအသုံးဝင်ပါလိမ့်မယ်။
- documentတစ်ခုခုမပါသွားဘူး၊ မေ့ကျန်ခဲ့တာဖြစ်စေ ပြင်စရာဖြစ်စေ ရှိတဲ့အခါ visaကို နှောင့်နှေးကျန့်ကြာစေတာပဲဖြစ်ဖြစ် rejectတာပဲဖြစ်ဖြစ် ရှိနိုင်ပါတယ်။ နှောင့်နှေးရင်ပြန်တင်ဖို့စောင့်ရတာနဲ့ အချိန်က မူလတွက်ဆထားတဲ့ ကာလထက် အဆနဲ့ချီပြီးပိုကြာနိုင်ပါတယ်။
- Documentတွေ တင်တဲ့နေ့ကျရင် တစ်ခုခုမေ့ကျန်ခဲ့တတ်တာမို့ အနီးအနားမှာ ကိုယ့်မိသားစုဝင်ဖြစ်စေ ယုံကြည်ရတဲ့သူငယ်ချင်းမိတ်ဆွေဖြစ်စေ ခေါ်ထားပါ။ ဘာလိုလိုprint ထုတ်ခိုင်းလို့ရပါတယ်။ ဗိုက်ဆာရင်မုန့်ဝယ်ခိုင်းလို့ရပါတယ်။
First Name Last Nameပြဿနာ
First Name Last Name systemက အရှေ့တောင်အာရှနိုင်ငံတွေကနာမည်တွေမှာ အရှိနည်းတတ်ပါတယ်။ Passportထဲပါတဲ့နာမည်ကို full nameလို့recognizeကြတာပါ။
ကိုယ့်ဟာကိုယ်ဖြည့်ချင်သလိုဖြည့်လို့ရပေမယ့် နာမည် ၂ လုံးဆို ရှေ့ကလုံးကို First Name နောက်မှာထားရတာကို Last Nameရေးပါ။
မှတ်ချက်
အခုအကြောင်းအရာတွေအကုန်လုံးက ကိုယ်တိုင်လျှောက်ခဲ့ဖူးတဲ့အတွေ့အကြုံ၊ မိတ်ဆွေတွေလျှောက်ခဲ့စဥ် ကြုံခဲ့ဖူးသောအတွေ့အကြုံတွေနဲ့ UK Governmentကနေ ကိုယ်တိုင်ထုတ်ထားတဲ့ Websiteတို့ကိုပေါင်းစပ်ပြီး ရေးသားထားတာပါ။
အခုနောက်ပိုင်း မြန်မာနိုင်ငံအခြေအနေအသေးစိတ်ကိုတော့ ကျနော်အတိအကျသိနိုင်မှာမဟုတ်ပါဘူး။ လွန်ခဲ့သောရက်တွေထဲ ဖြေထားခဲ့သောကျောင်းသားများရှိခဲ့လို့ ဖြည့်စွက်ချင်တာများရှိရင် dmကိုလာရောက်ပြောဆိုပေးကြပေးကြပါ။
© Moe 2024. All Rights Reserved