အမှိုက်နဲ့နိုင်ငံခြား

အမှိုက်နဲ့နိုင်ငံခြား

Recyclingဆိုတာကို လူတိုင်းသိကြမှာပါ။ ဒါပေမယ့် လူဘယ်နယောက်လိုက်ပြီး ကြိုးစားနိုင်သလဲ။ Sustainable ဖြစ်တဲ့ futureကို ဘယ်လောက်ထိ contributeပေးနိုင်သလဲ။

မြန်မာနိုင်ငံကနေ ထိုင်း၊ ထိုင်းကနေ UKရောက်လာတဲ့တောက်လျှောက်သိလာတာက အမှိုက်စွန့်ပစ်တဲ့ပုံစံတွေ။ ကိုယ်ပိုင်အိမ်နဲ့နေတဲ့သူတွေဆိုရင်တော့ ပိုပြီးသိနိုင်ပေမယ့် ကျနော်ကတော့ အဆောင်နေတဲ့သူတစ်ဦးရဲ့perspectiveကနေပြောချင်တယ်။


ကြုံတွေ့ခဲ့တဲ့အခြေအနေတွေ

အမှိုက်ဆိုတာဗျာ သေချာစွန့်ပစ်မပစ်တော့မသိ၊ အမှိုက်ပုံရှိတဲ့နေရာမျိုးဆို အနံ့က နံမှနံပဲ။ အမှိုက်ပစ်ဦးမလားအမှိုက်ဆိုတဲ့တွန်းလှည်းလေးတွေနဲ့ လိုက်လံကောက်ခံတာမျိုး၊ စည်ပင်ကနေပြီးတော့ အမှိုက်ကားနဲ့ လိုက်လံသိမ်းစည်းတာမျိုး။

အကုန်လုံးကတော့ အနံ့အင်မတန်ဆိုးရွားလွန်းတယ်။

ပိုလို့တောင်ဆိုးရွားသွားစေတာကတော့ လမ်းဘေးမှာချထားတဲ့ အိတ်တွေ၊အမှိုက်ထုတ်တွေကို လမ်းဘေးခွေးလေးတွေ ဆွဲဖြဲတာမျိုးတွေ၊ ဆာလာအိတ်တွေနဲ့ ဗူးခွံတွေ ပုလင်းခွံတွေ တစ်လမ်းဝင်တစ်လမ်းထွက်စုကြတာမျိုးတွေ။

အိမ်တွေမှာဆိုလဲဗျာ အမှိုက်ကိုစည်းကမ်းတကျနဲ့ လွှင့်ပစ်ကြတာမျိုးဆိုတာ အနည်းငယ်သောရာခိုင်နှုန်းတွေ။ အများစုကတော့ ရေပိုက်ထဲလွှင့်ပစ်တာလွှင့်ပစ်တယ်၊ မြောင်းထဲပစ်ရင်လဲပစ်တယ်၊ လမ်းပေါ်လဲ လွှင့်ပစ်ခဲ့တာပဲ။


Reuse, reduce, recyclingဆိုတာဘာလဲ

ဒီအလေ့အကျင့်တွေဆိုတာ သုံးလို့ရတဲ့ပစ္စည်းတွေကို ထပ်တလဲလဲအသုံးပြုတာမဟုတ်ဘူးဗျ။ ဥပမာ -

  • ထပ်တလဲလဲအသုံးပြုလို့ရဖို့ ဖန်တီးထားတဲ့ ရေဗူးမျိုးမဝယ်ဘဲ တစ်ခါသုံးရေသန့်ဗူးခွံတွေကို ရေဗူးအဖြစ်အသုံးပြုတာမျိုးတွေ၊
  • တစ်ခါသုံးပလက်စတစ်ဗူးတွေ တူ(chopstick)တွေကို ထပ်တလဲလဲအသုံးပြုတာမျိုးတွေ
  • Tissueဖိုးကုန်လို့ ဆီချေးတွေနဲ့ ပေပွနေတဲ့အဝတ်စတွေအသုံးပြုတာ မဟုတ်ဘူးဗျ။

ကိုယ့်ကျန်းမာရေးသာအလိုလိုနေရင်းထိခိုက်သွားမယ်။ ပတ်ဝန်းကျင်လဲကောင်းလာတာမဟုတ်။

  • တစ်ခါသုံးplastic bagတွေအစား shopping bagကောင်းကောင်းလေးတစ်ခုနဲ့စျေးဝယ်ထွက်တာ၊
  • တစ်ခါသုံးတူတွေအစား ထပ်တလဲလဲအသုံးပြုနိုင်တဲ့ သံတူတွေအသုံးပြုပေးတာ၊
  • စားစရာဝယ်တဲ့အခါ တစ်ခါသုံးplastic တွေ ဗူးတွေအစား အပူခံတဲ့ထည့်လို့ရတဲ့ ဗူးတွေ သံချိုင့်တွေနဲ့ ဝယ်တာမျိုး။

ဒီရောက်တော့ဘယ်လိုအမှိုက်ပစ်ကြလဲ။

သေချာလိုက်နာတဲ့အိမ်တစ်အိမ်မှာတော့ အမှိုက်ကို

  • Food Waste(စားစရာသီးသန့်အမှိုက်ပုံး)
  • General Waste (အထွေထွေအမှိုက်ပုံး)
  • Recycling Waste (Recycle လုပ်လို့ရတဲ့ ပုံးတွေ ဖန်ပုလင်းတွေ စတဲ့ပစ္စည်းတွေအတွက်အမှိုက်ပုံး)

တချို့ကြတော့ အများကြီးခွဲထားကြတယ်။ တချို့ကြတော့လဲ General wasteနဲ့ Recycling wasteပေါ့။

အဲ့လိုခွဲလိုက်တော့ အမှိုက်သိမ်းရတဲ့သူတွေလဲ အဆင်ပြေသွားသလို ကိုယ်တိုင်အတွက်လဲ အစစအရာရာပိုအဆင်ပြေသွားတယ်။

ဥပမာ - အင်မတန်အနံ့ဆိုးတဲ့အရာတွေကိုဆို လေလုံအောင်ဖုံးထားလို့ရတယ်။ တစ်နေ့တစ်ခါ လွှင့်ပစ်လို့ရတယ်။ စက္ကူတွေ ဗူးခွံတွေလို သိပ်မနံတာမျိုးဆိုရင် ရက်ခြားလွှင့်ပစ်နိုင်တယ်။

နိုင်ငံခြားကနိုင်ငံတိုင်း၊ အိမ်တိုင်း၊ လူတိုင်းလိုလို ဒီလိုဖြစ်မယ်လို့မဆိုလိုဘူးဗျ။ တချို့သောအခြေအနေတွေမှာ သူများလုပ်တိုင်းကိုယ်လုပ်ရခက်တယ်။ လူတိုင်းမလုပ်လို့ ကိုယ်တိုင်မလုပ်ဖြစ်တော့တာလဲဖြစ်နိုင်တယ်။


ဘယ်လောက်ထိ contributeနိုင်လဲ

ဒီလိုမျိုးအလေ့အကျင့်တွေရဲ့ ကောင်းကျိုးတွေကအများမှအများကြီးပါ။ ကိုယ့်အတွက်ပဲဖြစ်စေ ပတ်ဝန်းကျင်အတွက်ပဲဖြစ်စေ ကမ္ဘာကြီးတစ်ခုလုံးအတွက်ပဲဖြစ်စေ သိပ်ကောင်းပါတယ်။

ထုတ်ကုန်တွေမှာ

  • ဘယ်ပစ္စည်းကတော့ ကိုယ့်ဟာကိုယ်အိမ်မှာ recycleလို့ရတယ်၊
  • ဘယ်ပစ္စည်းကတော့ အမှိုက်သိမ်းတဲ့ companyတွေကပဲ recycleလို့ရနိုင်မယ်၊
  • ဘယ်ပစ္စည်းကတော့ လွှင့်ကိုလွှင့်ပစ်ရမယ်။

နာမည်ကြီးဆိုင်တွေက စားသောက်ကုန်တော်တော်များများမှာပါဝင်လာတတ်သလို တဖြည်းဖြည်းနဲ့ထုတ်လုပ်ရေးcompanyတိုင်းလိုလိုမှာ ဒီလိုလုပ်ထုံးလုပ်နည်းတွေကို ကျင့်သုံးလာကြတယ်။

တဖြည်းဖြည်းနဲ့ sustainabilityဆိုတဲ့ခေါင်းစဥ်က အင်မတန်တွင်ကျယ်လာကြတယ်။ ထုတ်ကုန်တွေတိုင်း လုပ်ငန်းတိုင်းမှာ

  • ရေပေါ်ရေအောက်ပတ်ဝန်းကျင် ထိန်းသိမ်းနိုင်မှု၊ ကို ဘယ်လောက်ထိကူညီပေးနိုင်သလဲ၊
  • တန်းတူညီမျှမှု၊ ပညာရေး၊ လူ့အခွင့်အရေး၊ ဆင်းရဲမှုပပျောက်ရေးစတဲ့ လူ့အသိုင်းအဝိုင်းကို ဘယ်လောက်ထိ supportပေးနိုင်သလဲ။

စသဖြင့် ကြံဆလာကြရတယ်။


လုပ်ထုံးလုပ်နည်းမမှန်တာတွေ

တချို့ကြတော့ အပေါ်ယံလေးပဲ ဟန်ပြပေါ့။ ဥပမာ - ဟိုတယ်ကြီးတစ်ခုလုံးမှာ sustainability practisesတွေဘာတစ်ခုမှမပါဝင်ဘဲ

  • ပလက်စတစ်လျှော့ချချင်လို့ သွားတိုက်တံတို့ဆပ်ပြာတို့မပေးတာတို့၊
  • မီးအားလျှော့ချချင်လို့ အဲကွန်းဖွင့်မပေးတာတို့၊
  • ဓာတ်လှေကားမထည့်ထားပါဘူး မီးအားကုန်မှာစိုးလို့၊

အပေါ်ယံpractisesတွေပါ။ ဆောက်လုပ်ရေးပိုင်းနဲ့ပတ်သက်တဲ့ sustainable practisesတွေကိုတော့ သပ်သပ်ရေးသားချင်ပါတယ်။ ကျနော်ကျွမ်းကျင်တဲ့အပိုင်းပေါ့။

အပေါ်ယံလိုက်နာမယ့်အစား တစ်ဦးချင်းတစ်ယောက်ချင်းစီက မိမိနဲ့သက်ဆိုင်တဲ့နယ်ပယ်မှာ မိမိလုပ်နိုင်တဲ့အတိုင်းအတာအလိုက် လုပ်စေချင်တယ်။


ကျနော့်အမြင်

ကျနော်ကတော့ ဒီလိုမျိုးလုပ်တာလေးတွေက ကျနော့်အတွက်သိပ်ပြီးကောင်းမွန်ပါတယ်။

  • အမှိုက်လေးတွေကို ပစ်သင့်တဲ့ပုံစံအတိုင်း အတတ်နိုင်ဆုံးလိုက်နာပြီး ပစ်တယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အမှိုက်(waste)ဆိုတဲ့ကဏ္ဍတစ်ခုအနေနဲ့ ပါဝင်လို့ရတဲ့အခါ

  • လမ်းဘေးအမှိုက်တွေလဲဘာတစ်ခုမှ မရှိသလောက်ပဲ။
  • လေထုညစ်ညမ်းမှုလဲ နည်းသထက်နည်းလာတော့ အသားအရည်ပဲဖြစ်ဖြစ် ကျန်းမာရေးပဲဖြစ်ဖြစ် အသက်ရှူရတာပဲဖြစ်ဖြစ် ကောင်းလာတယ်။
  • စာလုပ်ရတာ၊ နေရထိုင်ရတာ အစစအရာရာကောင်းမွန်လာတယ်။

ကိုယ်ကိုယ်တိုင်လဲ ပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး အပြစ်ရှိသလိုမခံစားရတော့ဘူး။


မိတ်ဆွေတို့ကောဘယ်လိုပါဝင်နိုင်သလဲ

ပါဝင်လို့ရသလောက်တော့ပါဝင်စေချင်ပါတယ်ဗျာ။ အတိအကျတော့မပြောချင်တော့ဘူး လူတိုင်းလိုက်လုပ်နိုင်ဖို့က ခက်ခဲတာမျိုးတွေပေါ့။ အကောင်းဆုံးကတော့ဗျာ ဘာကိစ္စပဲလုပ်လုပ်၊ ဘာပစ္စည်းပဲသုံးသုံး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတဲ့အတွေးလေးကိုအခြေခံပြီး လုပ်လို့ပဲ ပြောချင်ပါတယ်ဗျာ။

တကယ်တော့ အမှိုက်(waste)နဲ့ပတ်သက်တဲ့လုပ်ထုံးလုပ်နည်းတွေဆိုတာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနည်းလမ်းတွေအများကြီးထဲကတစ်ခု။ သူ့တစ်ခုတည်းနဲ့တော့ထိရောက်မှာမဟုတ်ဘူး။ ဒါပေမယ့်လူတိုင်းပါဝင်လို့ရနိုင်တဲ့အလွယ်ကူဆုံးအရာတစ်ခုပါပဲလို့။


Read more

December 2024 Life Update

ကျနော့်ရဲ့life update လေးပြောပြထားပါတယ်။ အကျဥ်းချုပ်ကတော့ Oxford Brookesရဲ့ Architecture ဒုတိယနှစ် ကျောင်းတက်ခဲ့ဖြစ်တဲ့အခြေအနေတွေ အခြားသော updateလေးတွေပါ။ videoလေးကတော့ တစ်ခုခုကိုအာရုံစိုက်နေရတဲ

By Moe Htet
မိဘနဲ့သားသမီးကြားပြဿနာဘယ်လိုဖြေရှင်းရမလဲ

မိဘနဲ့သားသမီးကြားပြဿနာဘယ်လိုဖြေရှင်းရမလဲ

နေ့လည်တုန်းက ကျနော့်မိတ်ဆွေတစ်ဦးရဲ့မိဘနဲ့စကားပြောဖြစ်လိုက်တယ်။ ထွေထွေထူးထူးမဟုတ်ပါဘူး UKမှာ ကျောင်းတက်ရင် ဘယ်လိုမျိုးလဲ၊ ကျောင်းရွေးသင့်မရွေးသင့်၊ ငွေဘယ်လောက်လေ

By Moe Htet