နိုင်ငံခြားမထွက်နိုင်သေးချိန်ဘာလုပ်ရမလဲ
ပညာရေးကိုအဆုံးသတ်ပြီး အလုပ်ခွင်ထဲပဲဝင်ရတော့မလား၊ ပညာရေးဘက်ကို ပြန်လှည့်ရမလား၊ ငွေမပါတဲ့ ကြိုးစားပြင်ဆင်မှုတွေဘာရှိလဲ၊ တစ်ချိန်ချိန်ရလာနိုင်မယ့်အခွင့်အရေးအတွက် ဘာတွေကြိုတင်ပြင်ဆင်ထားလို့ရနိုင်မလဲ။ နိုင်ငံခြားမထွက်နိုင်သေးချိန်ဘာလုပ်ရမလဲ ကလေးတွေကို ပညာမသင်ကြားပေးနိုင်ရင်ဘာလုပ်ရမလဲ။
ပညာရေးဆိုတာမှာ အတန်းပညာလဲ ပါဝင်သလို လူ့ဘဝကြီးကို ကူညီပေးနိုင်တဲ့အရာတွေလဲပါဝင်တယ်။
ပညာရေးကိုအဆုံးသတ်ပြီး အလုပ်ခွင်ထဲပဲဝင်ရတော့မလား၊ ပညာရေးဘက်ကို ပြန်လှည့်ရမလား၊ ငွေမပါတဲ့ ကြိုးစားပြင်ဆင်မှုတွေဘာရှိလဲ၊ တစ်ချိန်ချိန်ရလာနိုင်မယ့်အခွင့်အရေးအတွက် ဘာတွေကြိုတင်ပြင်ဆင်ထားလို့ရနိုင်မလဲ။ နိုင်ငံခြားမထွက်နိုင်သေးချိန်ဘာလုပ်ရမလဲ ကလေးတွေကို ပညာမသင်ကြားပေးနိုင်ရင်ဘာလုပ်ရမလဲ။
☘️ အတန်းပညာ
☘️ စစ်အစိုးရအောက်ကပညာရေး
☘️ အရာရာကိုထိတွေ့စမ်းသပ်မှု
☘️ ပြည်ပမထွက်နိုင်သေးခင် ဘာလေ့လာထားရမလဲ။
☘️ ကလေးလေးတွေအတွက် ဘာလေ့လာထားရမလဲ။
☘️ ဘာအနာဂတ်မှာမရှိတဲ့နိုင်ငံမှာ ဆက်ရှိနေရမယ့်တူတူ ဘာလို့ကြိုးစားနေဦးမှာလဲ။
☘️ ဘာဆက်လုပ်ရမလဲ။
အတန်းပညာ
🌾 အတန်းပညာဆိုတာက သမရိုးကျ ကျောင်းတက်ခိုင်းမယ် အတန်းတွေတက်ခိုင်းမယ်။ သင်တန်းတွေတက်မယ်၊ ဘွဲ့တစ်ခုရတဲ့အထိလုပ်မယ်။ ဒါက formal ဖြစ်တဲ့အတန်းပညာ။ Grading systemတွေရှိတယ်။ သင်ရိုးတွေရှိတယ်။ ဒါလုပ်ရင် ဒီဘွဲ့ရမယ်၊ ဒီအတန်းအောင်မယ်၊ ပြီးရင် နိုင်ငံခြားထွက်လို့ရမယ် အလုပ်လုပ်လို့ရမယ်။ Straightforwardဖြစ်တယ်။
✣ ကလေးလေးတွေဆိုရင် Primary schoolလေးတွေတက်မယ်။ အင်္ဂလိပ်စာသင်တန်းလေးတွေ၊ အခြားသောသင်တန်းလေးတွေလဲ အပ်ကြမယ်။ ဒါက ကလေးတွေအတွက် လုံလောက်တဲ့ပြင်ဆင်မှုတစ်ခု။ ပိုပြီး လုံလောက်ချင်ရင် သင်တန်းတွေပိုထားတယ်။ ဂျပန်စာသင်တန်းတို့ မြန်မာသင်ရိုး အင်္ဂလိပ်သင်ရိုး အတွဲတို့ ထားကြတယ်။
✣ အသက်တွေကြီးလာကြတော့ နိုင်ငံခြားသင်ရိုးတွေတက်ကြတယ်။ နိုင်ငံခြားသွားဖို့ပြင်ဆင်ကြတယ်။
✣ ခက်တာက ဒီလိုမျိုး အတန်းပညာကို လွယ်လွယ်ကူကူနဲ့ accessရနိုင်တဲ့အခြေအနေမရှိဘူး။ ငွေကြေးအခက်အခဲကြောင့်ဖြစ်စေ မိသားစုအခြေအနေကြောင့်ဖြစ်စေ နိုင်ငံရဲ့အခြေအနေကြောင့်ဖြစ်စေ အတန်းပညာဆိုတာ ရရှိနိုင်ဖို့ ခက်ခဲသထက် ခက်ခဲလာကြတယ်။ ပုံမှန် localသင်ရိုးတွေကစလို့ ပြည်ပသင်ရိုးတွေအထိ ပိုမိုခက်ခဲလာကြတယ်။ စစ်ဘေးရှောင်နေရတဲ့ ကလေးလေးတွေ၊ မိသားစုတွေရှိတယ် ။ဒီလိုပဲ ဒုက္ခရောက်နေကြလို့ ပြည်ပ မထွက်နိုင်သေးလို့ ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့သူတွေလဲရှိတယ်။
စစ်အစိုးရအောက်ကပညာရေး
☘️ အတန်းပညာကနေ အရာရာသင်ယူနိုင်တယ်ဆိုတဲ့ အခြေအနေကလဲ ရှိဖို့ခဲယဥ်းလာပြန်တယ်။ အထူးသဖြင့် ငွေကြေးအဆင်မပြေတဲ့သူတွေအတွက် ပိုမိုခက်ခဲလာကြတယ်။ ကျူရှင်လဲမထားနိုင်ဘူး နိုင်ငံခြားသင်ရိုးလဲမထားပေးနိုင်ဘူး သာမန်အတန်းပဲထားနိုင်တယ်။ ဒီလိုနဲ့ စစ်အစိုးရရဲ့ ပညာရေးကို လက်ခံပြီး သင်ကြားဖြစ်သွားတယ်။
✣ ယခင်အချိန်ကတည်းက မြန်မာပြည်ပညာရေး ယိုယွင်းလာပြီးတဲ့နောက် ပိုမိုသာဆိုးရွားလာခဲ့တဲ့အခြေအနေကို နားမလည်နိုင်ကြဘူးဖြစ်လာတယ်။ ဘာဆက်လုပ်ကြရမလဲ။
🗣️ - “G 12ပြီးထားတယ် ဘယ်နိုင်ငံသွားချင်တယ်၊ ဘယ်uniကိုရွေးချင်တယ်၊ ကိုယ်ရထားတဲ့G 12 အမှတ်က ဘာနဲ့ညီမျှလဲ။”
✣ ခက်တာက ဒီပညာရေးရဲ့အဆင့်အတန်းကြောင့် နိုင်ငံခြားကျောင်းတွေကို ဝင်တိုးဖို့ခက်ခဲသထက် ခက်ခဲနေတယ်။ Formallyစဥ်းစားရင် နိုင်ငံခြားUniversitiesတွေက တော်ရုံနဲ့ ဒီမြန်မာသင်ရိုးကိုလက်မခံဘူး၊ အကယ်၍ လက်ခံခဲ့ရင်တောင်
- ပထမအခြေအနေ - မြန်မာပြည်သင်ရိုးတစ်ခုတည်းသင်ယူခဲ့ပြီး ကျောင်းသွားတက်ကြမယ့်သူတွေအတွက် စာလိုက်နိုင်ဖို့ အင်မတန်ခက်ခဲလှတယ်။ အထူးသဖြင့် မြန်မာပြည်သင်ရိုးအပြင် ဘာတစ်ခုမှမပြင်ဆင်ခဲ့ဘူးဆိုတဲ့သူတွေအတွက်ပေါ့။
- ဒုတိယအခြေအနေ - လွယ်ကူတယ် အဆင်ပြေတယ်။ cultureလဲပြောင်းလဲမသွားဘူး။ ဒါပေမယ့် ဘွဲ့ကမကောင်း။
✣ မိမိတက်မယ့်ကျောင်း၊ သွားမယ့်နိုင်ငံနဲ့ ပညာရေးအဆင့်အတန်းပေါ်အများကြီးမူတည်ပေမယ့် တော်ရုံသူ ခက်ခဲကြတယ်။ ဒီတော့ ‘ငွေ’ ရှိမှအဆင်ပြေနိုင်မယ့် အခြေအနေကို ဘယ်လိုကျော်လွှားကြမလဲ။
အရာရာကိုထိတွေ့စမ်းသပ်မှု
🪴 နိုင်ငံခြားလဲမထွက်နိုင်သေးဘူး။ ပြင်ဆင်ချင်သေးတယ်ဆိုတဲ့သူတွေအတွက် ရွေးချယ်စရာက မိမိဝါသနာပါတဲ့အရာ။
✣ ဝါသနာပါတဲ့အရာဆိုတာက High schoolအရွယ်လောက်ကနေစလို့ မိမိUniversityရွေးမယ် Majorရွေးမယ် career choiceအတွက် သိပ်ကိုအရေးကြီးတဲ့အရာတစ်ခု။ Majorရွေးချယ်ပုံက ကျနော်အပါအဝင် များသောအားဖြင့် သိပ်မရွေးတတ်ကြတာများတယ်။
အကြောင်းအရင်းတွေကတော့အမျိုးမျိုးပဲ။
- ကျောင်းတွေရဲ့သင်ရိုး၊
- နေထိုင်လာခဲ့တဲ့ပတ်ဝန်းကျင်၊
- ရေခံမြေခံ၊
- Exposureဆိုတဲ့ ထိတွေ့မှု။
ဒီထဲက ကျနော်တို့ ပြောင်းလဲပစ်နိုင်တဲ့ အလွယ်ကူဆုံးအချက်က ထိတွေ့မှု။ ထိတွေ့မှုဆိုတာက တစ်စုံတစ်ခုကို ပထမဦးဆုံးစတင်စမ်းသပ်ခွင့်။
✣ ဆိုပါစို့ ကျနော်က ကျနော့်ကလေးကို ဘောလုံးကန်တာဝါသနာပါလား သိချင်တယ်။ ထိတွေ့စေချင်ရင် ဘောလုံးလေးတွေနဲ့ ပေးဆော့ကြည့်မယ်။ ဘောလုံးပွဲတွေ သူ့ရှေ့မှာကြည့်မယ်။ သူများတွေနဲ့ကန်တာကို လေ့လာခိုင်းမယ်။ ခဏလေးပဲ။ သူကြိုက်ရင် ဆက်ကြည့်မယ် မကြိုက်ရင် လှည့်ပြန်လာမယ်။
✣ ဟင်းချက်တာ ကြိုက်မကြိုက် သိချင်ရင် ဟင်းလေးတွေချက်ခိုင်းကြည့်မယ်။ စားပြမယ်။ Chefတွေဘယ်လိုလုပ်လဲ ပြောပြမယ် ပြကြည့်မယ်။ ဒီလိုနဲ့ သူစိတ်ဝင်စားလား မဝင်စားဘူးလားဆိုတာ သူ့ကိုယ်သူသိသွားမယ်။
✣ ဒီလိုမျိုးပါ။ ဝါသနာဆိုတာတကယ်တော့ မကောင်းတဲ့အရာတစ်ခုလို့ထင်ကြတယ်။ တကယ်တော့ ဝါသနာဆိုတာထက် စိတ်ဝင်စားမှု Interestဖြစ်တယ်။
ပြည်ပမထွက်နိုင်သေးခင် ဘာလေ့လာထားရမလဲ။
🌻 ဒါကတော့ Uniသွားမယ့် အရွယ်တွေအတွက်ရည်ရွယ်ပါတယ်။ ဘာကို interestလဲ။
✣ မိမိသွားမယ့်Major သို့မဟုတ် ရည်ရွယ်ထားတဲ့careerနဲ့သက်ဆိုင်တဲ့ သင်တန်းတွေတက်ထားလို့ရတယ်။ ဥပမာ - Architectureဆိုရင်လဲ Architecture basics software skillsတွေ drafting skillsတွေ၊ Computer scienceဆိုရင်လဲ Codingတို့ ဘာတို့နဲ့သက်ဆိုင်တဲ့ ဘာသာရပ်တွေပေါ့။ ဟိုဘက်ကျောင်းရောက်တဲ့အခါ တိုင်မပတ်တော့ဘူးပေါ့ဗျာ။
- အလုပ်အတွက်ရည်ရွယ်ရင် ကော်ဖီဖျော်နည်း(Barista သင်တန်း)၊ Hospitality သင်တန်း၊ Care Giverဆို Care Giverသင်တန်း၊ အရက်စပ်နည်း(Bartender)သင်တန်း တက်ထားလို့ရတယ်။
- Internshipတွေ Volunteerတွေ လုပ်ကြည့်ပြီး အလုပ်အကြောင်း အနီးကပ်လေ့လာလို့ရတယ်။ သူတို့ရဲ့work flowကဘယ်လိုလဲ။ အချိန်တွေ ဘယ်လိုအသုံးချကြလဲ။ အလုပ်တစ်နေ့တာမှာ သူတို့က ဘယ်လိုမျိုး ကြိုးစားနေကြတာလဲ။ ကိုယ်ကော ကိုယ့်Uni lifeမှာ ဘယ်လိုအသုံးချနိုင်မလဲ။ ဘာအခက်အခဲတွေမြင်တွေ့နိုင်မလဲ။
- Certificateတွေ အချိန်ပေးနိုင်ရင်ပေးနိုင်သလောက်ယူထားလို့ရတယ်။ ဥပမာ - အစားအသောက်ကိုင်တွယ်နည်း(Food Handling)တို့ ဘာတို့ကအစပေါ့။ ဒီCertificateက အတွေ့အကြုံမရှိသေးတဲ့ကိုယ့်အတွက်တော့ အဆင်ပြေဆုံးပဲလေ။
✣ ခက်တာက သင်ကြားမှုကောင်းလဲကောင်းတယ် နာမည်လဲကြီးတယ် certificateကလဲ တန်ဖိုးရှိတယ်ဆို စျေးတွေက ကြီးသွားပြန်တယ်။
ဥပမာ - certificateရတဲ့အထိ တစ်လ သင်တန်း ၅ သိန်းတို့ အခုဆို ၁၀ သိန်းလောက်နေမှာပေါ့။ Bartenderသင်တန်းဆို အရက်ဝယ်ဖို့လိုတယ် (သောက်ဖို့မဟုတ်ဘူး စပ်ကြည့်ဖို့နော်🙂)။ Baking သင်တန်းဆို နို့တွေ ဂျုံတွေကအစ ဝယ်ဖို့လိုတယ် ဒီအတွက်လဲကုန်ကျစရိတ်များကြတာမျိုးပေါ့။
✣ ဒါပေမယ့် ကုန်ကျစရိတ်လဲ မများချင်ဘူး မပေးချင်ဘူး။ ကိုယ့်ဟာကိုယ်self studyလုပ်မယ်ဆိုရင်လဲ ရတာပဲလေ။ စနစ်ကျချင်မှတော့ကျမှာပေါ့။
✣ ဥပမာ - Coffeeဖျော်နည်း Coffeeစက်ကိုင်နည်းဆို ဒေါ်လာ ရာချီထောင်ချီတန်တဲ့ စက်ကြီးဝယ်ဖို့မပြေတော့ ဟို အမှုန့်လေးကြိတ် ဒါလေးစမ်း ဒီလောက်ပဲရမှာပေါ့။ ဒီလိုပဲ Architectureဆိုရင်လဲ internetပေါ်က courseတွေပဲ တက်လို့ရရင်ရမှာပေါ့။
ကလေးတွေဘာလေ့လာထားရမလဲ။
ကလေးလေးတစ်ဦး ငယ်ငယ်လေးကတည်းကနေစလို့ သူ့ရဲ့ Adultတစ်ဦးအဖြစ် ရပ်တည်လာနိုင်ဖို့ မိဘတွေရဲ့အကူအညီသိပ်လိုအပ်တယ်။
✣ ဘယ်လောက်ထိငယ်လဲပေါ်လဲမူတည်သေးတယ်၊ ကိုယ့်ကလေးက သူ့ဟာသူသင်တန်းတက်လို့ရတဲ့အရွယ်၊ သူ့ဘဝသူ နားလည်တဲ့အရွယ်ဆိုရင်တစ်မျိုး Grade 1 Grade 2ဆိုရင်တစ်မျိုး။
✣ ပြင်ဆင်ထားချင်တယ်ဆိုရင်တော့ ကိုယ့်ကလေးအတွက် အနီးကပ်စောင့်ကြည့်လေ့လာနေပါ။ သူ့ကိုယ်သူယုံကြည်မှုရှိအောင် သူ့ကိုယ်သူ ပျော်နေအောင်ဖန်တီးပေးပါ။
လူ့ဘဝကြီးအကြောင်း societyအကြောင်းနားလည်စေချင်ရင်
- Interest and hobbiesတွေအကြောင်း လေ့လာဖို့ကူညီပေးပါ။
- Clubsတွေ Organizationsတွေမှာ ပါဝင်ဖို့ ကူညီပေးပါ။
- မိတ်ဆွေအသစ်တွေ အဖော်တွေနဲ့ ရင်းနီးစေဖို့ Volunteerဖို့ ကူညီပေးပါ။
- ကျန်းမာရေးနဲ့ ပတ်သက်တဲ့ပြင်ဆင်မှုတွေ (ကျန်းမာရေးစစ်ဆေးမှု(Medical check up)၊ ကာကွယ်ဆေး၊ ကျန်းမာတဲ့lifestyle) ဒါတွေပြင်ဆင်ပေးပါ။
မိဘတွေအတွက် check list.
👉🏽 - သူတို့ဘာကောင်းလဲ၊ ဘာတော်လဲ
👉🏽 - သူတို့ အတွက်အရေးကြီးဆုံးအရာကဘာလဲ
👉🏽 - ကိုယ်ကူညီပေးခဲ့တာတွေထဲမှာ အဆင်ပြေခဲ့တာတွေနဲ့ သူတို့ရဲ့အောင်မြင်မှုတွေ
👉🏽 - ကိုယ်ကူညီပေးခဲ့တာတွေထဲမှာ အဆင်မပြေတာတွေနဲ့ ပြောင်းလဲဖို့ ကြံဆသင့်တဲ့အရာတွေ
👉🏽 - သူတို့ဘာတွေလိုအပ်သေးလဲ၊ ဒီအရာကိုဖန်တီးဖို့ ကိုယ်ဘာကူညီလို့ရမလဲ။
အရေးအကြီးဆုံးအချက်ကတော့ သူတို့ရဲ့လိုအပ်ချက်ပေါ်အလိုက်အထိုက် နေထိုင်ပေးရမှာပါ။ သူက သူ့အားသူကိုးချင်တယ်ဆိုရင် အားကိုးခွင့်ပေးလိုက်၊ ရပ်တည်ခွင့်ပေးလိုက်၊ ဆုံးဖြတ်ခွင့်ပေးလိုက်။
✣ ကိုယ့်အကူအညီလိုအပ်တယ်ဆိုရင်လဲ ကူညီသင့်သလောက်ကူညီပေးလိုက်ပါ။ အကြံပေးခိုင်းရင် အကြံပေးလိုက်၊ တိုင်ပင်ချင်တယ်ဆို နားထောင်ပေးလိုက်။
✣ အကယ်၍ မိမိကလေးက ကိုယ့်အပေါ်မမီခိုချင်ဘဲ ရပ်တည်ချင်နေပြီ။ ကိုယ်က ကိုယ့်ကလေးလေးလို့ မြင်နေသေးလို့ ကလေးတစ်ဦးလို ဆက်ဆံနေမယ် ဘာမှမသိဘာမှမတတ်တဲ့သူတစ်ဦးလို ဆက်ဆံနေမယ်ဆို အခက်အခဲဖြစ်ကြမှာပါ။
ဘာအနာဂတ်မှာမရှိတဲ့နိုင်ငံမှာ ဆက်ရှိနေရမယ့်တူတူ ဘာလို့ကြိုးစားနေဦးမှာလဲ။
🪴 နိုင်ငံခြားထွက်နိုင်မှ ပြင်ဆင်ရမယ့်ကိစ္စတွေမဟုတ်ပါဘူး။ ဘယ်အချိန်မဆို ကျောင်းတက်ဖို့ ထွက်ဖို့ ပြင်ဆင်ဖို့ အခွင့်အရေးဆိုတာပေါ်လာနိုင်တယ်။ ဒီအခွင့်အရေးဆိုတာလဲ ကိုယ်တစ်ခုခုလုပ်နေမှသာ ပေါ်လာမှာမျိုးလေ။
✣ ကိုယ်က ငုတ်တုတ်ကြီးထိုင်နေရင်တော့ ဘာအလုပ်မှလဲရလာမှာမဟုတ်သလို ဘာကျောင်းမှလဲရလာမှာမှမဟုတ်တာ။ ဒီလိုပဲ အခွင့်အရေးဆိုတာလဲ ပေါ်လာဖို့ဆိုတာမရှိ။ ဒီအတွက် အမြဲတစေ ကြိုးစားနေမှ လုပ်နေမှကိုင်နေမှ ဒီကိစ္စတွေဆိုတာသိလာတာမျိုးလေ။
- ဝါသနာပါတဲ့ကိစ္စတွေ၊ အသက်မွေးဝမ်းကြောင်းအလုပ်လေးတွေ လုပ်ကြည့်။
- Internetပေါ်မှာ ကိုယ်စိတ်ဝင်စားမယ်လို့ ယူဆတာတွေစမ်းကြည့်။
- ဒီလုပ်သမျှကိစ္စတွေအကုန်လုံးကို Photoဖြစ်ဖြစ် Videoဖြစ်ဖြစ် စာနဲ့ပဲဖြစ်ဖြစ် Documentလုပ်ထား။
- ပြီးရင် ကိုယ့်ပတ်ဝန်းကျင်ကို ဝေမျှချင်ရင်မျှလို့လဲရတာပဲလေ။
ဘယ်အချိန်နိုင်ငံခြားထွက်ရမှန်းမသိလို့ ငုတ်တုတ်ကြီးနေနေမယ် ငိုင်နေမယ်ဆိုတဲ့အခြေအနေထက်တော့ သာတယ်လေ။
ဥပမာ - ခုနတုန်းက Videoလေးတွေကြည့်နေတုန်း ရန်ကုန်မှာ အိမ်ခန်းအဆောင်တွေကို videoလေးတွေလိုက်ရိုက်နေတာမျိုး မြင်ပါတယ်။ အခန်းကျဥ်းကျဥ်းလေးတွေ ငါးထပ်သားပြားလေးတွေနဲ့ ကာထားတဲ့အခန်းလေးတွေပေါ့။ တစ်ခန်းကို ၂သောင်း၃သောင်းကနေ အခု ၁ သိန်းလားမသိဘူး။
ကျနော်ကြုံခဲ့ရတဲ့အခြေအနေတွေကိုလဲ သတိရမိသွားတာလဲပါတာပေါ့။ တော်ရုံသူ မဝေမျှတဲ့topicတွေကို ဝေမျှနေတာမျိုးပါ။ ဒီလိုမျိုးcontentလေးတွေဆိုရင် ကျနော်သိပ်သဘောကျတယ်။ ကြော်ညာတာမျိုးလဲမဟုတ်ဘူး။ Purely educational contentမျိုးလို့ယူဆတယ်။
💡ပညာရေးဆိုတာ စာသင်မှမဟုတ်ပါဘူး။ ဝါသနာပါတာကို ကြိုးစားသင်ယူနေမယ်၊ လူတွေကို မိမိအသိပညာတွေမျှဝေနေမယ်၊ မိမိကိုယ်တိုင်လဲ လေ့လာသင်ယူနေမယ်ဆိုရင် ပညာရေးအဆက်ပြတ်တယ်ဆိုတာဘယ်တော့မှဖြစ်လာမှာမဟုတ်ပါဘူး။
ဒီတော့ ဘာဆက်လုပ်ရမလဲ
🍃 ခြေလေးတစ်လှမ်းချင်းစီသာလှမ်း။ မှန်းဆဖို့ခက်ခဲတဲ့အခြေအနေတွေကို မမှန်းဆနဲ့။ အရှည်ကြီးတွေကြိုတင်မတွေးနဲ့မတွက်ဆနဲ့။ အရှေ့မှာမြင်နေတဲ့ လုပ်ရမယ်လို့ ယူဆတဲ့အရာကိုလုပ်ပါ။ ချက်ချင်းလုပ်စရာမလိုပါဘူး။ ဖြေးဖြေးချင်းကြိုးစားသွားရုံပါပဲ။
ငွေကုန်မှ အတန်းပညာမှ ပညာရေးမဟုတ်ပါဘူး။ ဘာလုပ်လုပ် ပညာရေးကိုဘယ်တော့မှမေ့မထားပါနဲ့။ အသက်အရွယ်မရွေး၊ အတွေ့အကြုံမရွေး၊ အခြေအနေမရွေး အမြဲတမ်းလေ့လာသင်ယူနေပါ။