Architecture school မတက်ခင်ဘာလေ့လာခဲ့သင့်လဲ။

Architecture school မတက်ခင်ဘာလေ့လာခဲ့သင့်လဲ။

ဗိသုကာဆိုတာ လေ့လာလို့မဆုံးသောနယ်ပယ်တစ်ခု။ အင်မတန်ကျယ်ပြန့်တယ်။ တစ်ခုနဲ့တစ်ခု အကုန်လုံးဆက်စပ်နေတယ်။ အသုံးမတတ်ရင်တော့ ဘာတစ်ခုမှမဆိုင်ပေမယ့် အသုံးတတ်ရင်တော့ ကိုယ့်ဝါသနာတွေအကုန်လုံးကလဲ အသုံးဝင်မယ်။

ဒီစာလေးကတော့ ဘယ်နေရာမှာမဆို ဗိသုကာနဲ့ဆက်စပ်တဲ့majorတက်နေသူတွေအကုန်လုံးအတွက်အကျုံးဝင်အောင်ရေးသားချင်တယ်။ သို့သော် ကိုယ်တိုင်က UKမှာ Undergraduate programတက်နေတဲ့သူမို့ ထိရောက်ချင်မှထိရောက်ပါလိမ့်မယ်။


Digital Literacy

ဖုန်းသုံးတတ်ရုံတစ်ခုတည်းကိုမဆိုလိုပါဘူး။ ဖုန်းဆိုတာ လူတိုင်းအသုံးပြုတတ်တယ်။ ဒါပေမယ့် လုပ်ငန်းခွင်မှာ အသုံးပြုဖို့လိုအပ်တဲ့skillsetတွေရောရှိပြီလား။

ပြည်ပမှာ ကျောင်းတက်မယ့် ဘယ်သူမဆိုနည်းပညာနဲ့ပတ်သက်တဲ့ အတွေ့အကြုံအနည်းငယ်တော့ရှိထားမှ အဆင်ပြေပါလိမ့်မယ်။

ဥပမာ - Online shopလုပ်ဖူးတဲ့သူ။ စျေးရောင်းတဲ့အတွေ့အကြုံကိုမဆိုလိုဘူး။ သို့သော် Online ကနေ serviceပေးတဲ့သူဖြစ်တဲ့အတွက် ပုံတွေရိုက်ရမယ်။ Onlineကနေ စာတွေပို့၊ စကားတွေပြောရမယ်။ Contentလေးတွေ ဖန်တီးရေးသားရမယ်။ စာရင်းတွေမှတ်ရမယ်။ ဒါတွေကအတွေ့အကြုံတွေပါ။

အဓိကကကွာ ကျောင်းမှာ သုံးမယ့်ပစ္စည်း ကျောင်းတက်ရင်လုပ်ရမယ့်အရာတွေရယ်လို့ အထူးတလည်လေ့လာစရာမလိုဘူး။ နည်းပညာနဲ့ ရင်းနီးဖို့ပဲ။

ကျောင်းတက်တဲ့လူတိုင်းက ချမ်းသာနေမှာမဟုတ်သလို ဒီITပစ္စည်းတွေကိုဝါသနာပါနေကြမှာမဟုတ်ဘူး။ တချို့က ဗိသုကာကို ပုံဆွဲရလို့ကြိုက်ရင်ကြိုက်ကြလိမ့်မယ်။ ဒီလိုပဲ တချို့က အဆောက်အဦးအလန်းတွေကို သဘောကျလို့ ဆောက်တတ်ချင်လို့ တက်ကြတာမျိုးလဲဖြစ်နိုင်တယ်။ ဒီလိုသူမျိုးတွေအတွက် ကျောင်းရောက်မှ ရုတ်တရက်ဆိုသလို များပြားလှတဲ့နည်းပညာတွေနဲ့ အသုံးပြုကြရတဲ့အခါ ခက်ခဲကြမှာမို့လို့။

ကိုယ်က သုံးစရာငွေရယ်လို့ရှိတယ်ဆိုရင်တော့ Laptopလေးတစ်လုံးဝယ် စမ်းသပ်ကြည့်။ မသုံးဖူးတဲ့Applicationsတွေ Websiteတွေရှိရင် သုံးကြည့်။ ပုံလေးတွေရိုက် editကြည့်။

တကယ်တော့ Digital Literacyဆိုတာ Facebookမှာ Stalkတတ်ရုံ Messengerမှာ ချစ်တင်းနှောတတ်ရုံနဲ့တင် နည်းပညာမကျွမ်းကျင်သွားဘူးဗျ။ social mediaရဲ့ပြင်ပမှာ ဖြစ်တည်နေတဲ့လောကကြီးတစ်ခုလုံးကို မြင်အောင်ကြည့်တတ်ဖို့ အသုံးချတတ်ဖို့အရေးကြီးပါတယ်။

Google suite တို့ Microsoft office suiteတို့ကို အသုံးပြုဖူးတယ်ဆိုရင် သိပ်အဆင်ပြေပါတယ်။ တခြားကတော့ ကိုယ်ဝါသနာပါတဲ့အလျောက်ပေါ့။ ပုံဆွဲကြိုက်တဲ့သူဆို Procreateတို့Photoshopတို့စမ်းသပ်ကြည့်။ ဖန်တီးရတာကြိုက်တဲ့သူတွေဆို Adobe suiteတို့စမ်းသပ်ကြည့်ကြည့်။


ကဲ နည်းနည်းလေးတွေစသုံးတတ်ပြီ။ ဗိသုကာနဲ့ဆက်စပ်တဲ့ကိစ္စလေးတွေပြောပြချင်တယ်။

မပြောခင်မှာ ကြိုပြောချင်တာကတော့ Digital ဆိုတာက Architectureအပိုင်းပေါင်းများစွာထဲက အပိုင်းလေးတစ်ပိုင်းပါ။ ကျွမ်းကျင်ရင်တော့ စာလုပ်တြ့အခါတခြားသူတွေအတွက် အချိန်ကုန်တဲ့ကိစ္စတွေ ကိုယ်မကုန်တော့ဘူး။ တခြားနေရာမှာ ပိုပြီး အာရုံစိုက်နိုင်သွားတယ်။ ဒီလောက်ပဲ။

စဥ်းစားပုံစဥ်းစားနည်းတွေ၊ Presentလုပ်တတ်တာတွေ၊ တခြားသော ကိုယ့်ရဲ့အရည်အချင်းတွေကို အသုံးချဖို့လိုအပ်ပါတယ်။

တကယ်တမ်းတော့လဲလေ လေ့လာခဲ့သင့်တဲ့reasonက ကျောင်းတွေက တော်တန်ရုံမသင်ပေးဘူးဗျ။ အနည်းငယ်လောက်တော့ရှင်းပြမယ်။ သို့သော် သိချင်တာအကုန်ရှိ Youtubeပေါ်ပဲကြည့်ရတာ။

ဒီတော့ ဘာsoftwareတွေ လေ့လာခဲ့ရမလဲ။


လေ့လာခဲ့သင့်သောsoftwareများ

အသုံးအများဆုံးကတော့ Autocad။ ရိုးရိုးရှင်းရှင်းပဲ။ မျဥ်းကြောင်းလေးတွေတစ်ခုပြီးတစ်ခုဆက်တယ်။ အဝိုင်းအဖြောင့်၊ အထူအပါး၊ အရောင်မျိုးစုံနဲ့ သာမန် ပစ္စည်းလေးတွေကနေစလို့ အဆောက်အဦးအကြီးကြီးတွေအထိ ရေးဆွဲလို့ရနိုင်တယ်။ CAD ဆိုတဲ့Computer Aided Design ဆော့ဝဲတွေထဲကတစ်ခုမို့ ဒီတစ်ခုတတ်ရင် အခြားသော နာမည်ကြီး CAD software များ (ဥပမာ - Revitဆို , ArchiCAD, SketchUp) တို့လဲ မခက်တော့ဘူး။

သို့သော် အဆောက်အဦးတွေနဲ့ပတ်သက်တဲ့ အခြေခံနားလည်မှုမရှိတဲ့သူတစ်ဦးအတွက်တော့ စစချင်းရှုပ်ထွေးနေပါလိမ့်မယ်။ ဒီအတွက် အလွယ်ကူဆုံးကတော့ Sketch Up။ Free Versionလဲရှိသလို တစ်ရက်နဲ့တင် တတ်မြောက်နိုင်ပါတယ်။

အခြားအသုံးဝင်တဲ့softwareတွေကတော့

  • Presentation software (ဥပမာ - PowerPoint, Keynote, Google Slides, InDesign)
  • Graphic design software (ဥပမာ - Adobe Photoshop, Illustrator, InDesign)
  • 3D modeling software (ဥပမာ- Blender, 3Ds Max, Rhino)
  • Rendering Software (ဥပမာ - VRay, Lumion, Enscape)

တက္ကသိုလ်ရောက်သွားတဲ့အခါ softwareတစ်ခုချင်းစီကို အဓိကထားပြီး သင်ကြားပေးမှာမဟုတ်ပါဘူး။ Architecture နဲ့သက်ဆိုင်တဲ့ အတွေးအခေါ်တွေ၊ Ideaတွေ၊ Architectတစ်ဦးသိသင့်သိထိုက်တဲ့ Theoryတွေ၊ Society နဲ့သက်ဆိုင်တဲ့အရာတွေ၊ ကမ္ဘာကြီးအကြောင်း ဒါတွေက အဓိက။ Softwareဆိုတာက ကူညီ(Aid) ပေးဖို့ Toolsတစ်ခုသာသာရှိတယ်။

မရလဲသိပ်တော့စိတ်ပူစရာမရှိဘူး။ ကျောင်းရောက်ရင် ခဏလောက်တော့ရုန်းကန်ရမယ် ပြီးရင်အဆင်ပြေသွားလိမ့်မယ်။ သိထားပြီးသားဆိုရင်တော့ အကျိုးရှိတာပေါ့၊ ကိုယ့်သူငယ်ချင်းတွေက softwareတွေနဲ့အချိန်ကုန်နေချိန် ကိုယ်ကပိုမိုအရေးပါတဲ့ကိစ္စတွေလုပ်နေလို့ရတာပေါ့။

ဒီsoftwareတွေထဲ အလကားရတာတွေ ရှိတယ် ပိုက်ဆံပေးဝယ်ရတာတွေရှိတယ်။ အင်မတန်Powerfulဖြစ်တဲ့softwareတွေမို့ ကုန်ကျစရိတ်လဲများတယ်။ ကျောင်းသားဖြစ်ရင်တော့ စျေးနည်းသွားနိုင်တယ်။ Crack/Pirate Applicationတွေတော့လုံးဝအားမပေးပါဘူး။ Virus ဝင်လာတဲ့အခါ ကျသင့်ငွေထက် ပိုများတဲ့ဆုံးရှုံးမှုတွေ အများကြီးဖြစ်နိုင်ပါတယ်(လက်တွေ့)


Architecture နဲ့ပတ်သက်ပြီးတော့ရော တခြားဘာတွေသင်ခဲ့သင့်လဲ။

ဒီဘာသာရပ်က စာအုပ်တွေနဲ့ပဲ သင်ကြားဖို့ အင်မတန်ခက်ခဲတယ်။ ၃လပြတ် ၆လပြတ် သင်တန်းတွေနဲ့လဲ မပြီးဘူး။ ဘယ်လောက်ပဲကြိုးစားကြိုးစား ပြင်ဆင်ဖို့ခက်ခဲပါတယ်။

၁။ သင်္ချာ

သေချာသင်ကြားခဲ့ပါ။ တွက်ပုံတွက်နည်းတွေ formulaတွေ အလွတ်ကျက်ထားဖို့မဟုတ်ဘူး။ သို့သော် အခြေခံသဘောတရားတွေသိထားတဲ့အခါ လိုချင်တဲ့ရလာဒ်ဖန်တီးနိုင်ပါလိမ့်မယ်။

ဥပမာ Geometryဆို Volumeတွေ Areaတွေနဲ့ တွက်ပုံတွက်နည်းတွေပါတယ်။ Physicsဆို အား(Forces), အလေးချိန်(loads), Stress, Strain။ Data analysisဆို လူဦးရေသိပ်သည်းဆတွက်ချက်ရတာတွေ၊ နယ်မြေတစ်ခုရဲ့အချက်အလက်တွေကို နားလည်အောင်ကြိုးစားတာတွေ။

၂။ ပုံဆွဲတတ်ဖို့လိုလား။

မလိုပါဘူး။ သို့သော် အမြဲတစေ ခဲတံ၊ စာရွက်၊ ဘောပင်တို့နဲ့ ideaတွေထုတ် ဖန်တီးနေရမှာမို့လို့ အသုံးပြုတတ်စေချင်တယ်။

၃။ ကောင်းနိုးရာရာများ

ပန်းချီ၊ ပန်းပု၊ ဓာတ်ပုံစတဲ့ အနုပညာတွေကို လေ့လာဖူးတဲ့အခါ ကိုယ်စိတ်ဝင်စားတဲ့အပိုင်းက ဘာဆိုတာသိလာမယ်။ သမိုင်းအကြောင်းစိတ်ဝင်စားတဲ့သူက သမိုင်းနဲ့ဆက်စပ်တဲ့အဆောက်အဦးတွေကို လေ့လာမယ်။ ထိုဒီဇိုင်းတွေကို မိမိဖန်တီးမှုတွေမှာ အသုံးပြုမယ်။ လူတွေရဲ့ နေထိုင်တဲ့ပုံစံ၊ အလေ့အထတွေကို နားလည်တဲ့သူက အဲ့သူတွေအတွက် အဆောက်အဦးဖန်တီးတတ်လာမယ်။

ထိုနည်းလည်းကောင်း စာဆိုရင်လဲ စာအရှည်ကြီးတွေ ဖတ်ရကောင်းဖတ်ရနိုင်တယ်။ နားလည်လွယ်ချင်မှလဲလွယ်မယ်။ စာဖတ်နေကြဖြစ်တဲ့သူတစ်ဦးကတော့ စာဖတ်ရမှာမကြောက်တော့ဘူး။


ကျနော်သာဆိုဘာတွေလေ့လာဖြစ်မလဲ။

ကျနော့်တစ်ဦးတည်းကတော့ အနုပညာနဲ့သက်ဆိုင်တဲ့ ထိတွေ့မှုကို ပိုမိုကြိုးစားမယ်။ ဥပမာ - ဓာတ်ပုံသင်တန်းတွေဆိုလဲ ဓာတ်ပုံအလျောက်၊ Film နဲ့သက်ဆိုင်တဲ့သင်တန်းဆိုလဲ သင်တန်းပေါ့။

ကိုယ်တိုင်က laptopအသုံးပြုရတာမကြောက်တဲ့သူမို့လို့ အားသန်ရာ ပိုကြိုးစားမယ်။ professional softwareတွေနဲ့ ပိုမိုထိစပ်စေမယ်။ ကိုယ်တိုင်လဲ လက်ရှိရိုက်ကူးရေးအပိုင်းနှစ်သက်တဲ့အတွက် သက်သက်အားထုတ်နေစရာမှမလိုတော့တာ။

စိတ်လဲပူမနေတော့ဘူး။ တစ်ရက်မှာ မနက်အစောကြီးထမယ်။ လုပ်စရာရှိတာလုပ်မယ်။ စားလိုက်သောက်လိုက် သူငယ်ချင်းတွေနဲ့ ပတ်သွားလိုက် ပျော်ပါးမယ်။ နေ့လည်တို့ ညနေတို့လောက်မှ အပျင်းပြေလေ့လာမယ်။

အဲ့ကနေ တခြားလိုအပ်တာတွေ အကုန်ကြိုးစားကြည့်မယ်ပေါ့ဗျာ။ ဒီကနေ ဘာတွေတောင်သိလို့ရသေးလဲဆို ဒီArchitectureဘာသာရပ်ကိုစိတ်ဝင်စားရဲ့လား။ အလုပ်ကောလုပ်နိုင်ပါ့မလား။ မုန်းနေလောက်လား။ သည်းခံနိုင်ပါ့မလားဆိုတာသိသွားပါလိမ့်မယ်။


Read more

သင်က ဒေါက်လား အလှလား။

သင်က ဒေါက်လား အလှလား။

ကျနော်တို့ အိမ်တစ်လုံးဆောက်တဲ့အခါ အိမ်တစ်လုံးလုံးကို ထမ်းတင်ထားရတဲ့ 'ဒေါက်'ဆိုတာရှိတယ်။ ကော်လံတိုင်တွေ နံရံတွေပေါ့ဗျာ။ အပြင်ပန်းလှအောင်လို့ဖန်တီးထားတဲ

By Moe Htet
ငွေကို အလုပ်ခိုင်းစေခြင်: ဖြုန်းတီးတာလား၊ ရင်းနှီးမြှုပ်နှံတာလား။

ငွေကို အလုပ်ခိုင်းစေခြင်: ဖြုန်းတီးတာလား၊ ရင်းနှီးမြှုပ်နှံတာလား။

ကျနော်ကတော့ အများအခေါ် ငွေဖြုန်းတဲ့သူတစ်ယောက်ပါ။ တော်ရုံသိပ်စဥ်းစားမနေဘူး။ ဒါကလဲ လက်ထဲမှာ ရှိနေသေးလို့လဲပါတယ်။ ဒါပေမယ့် ကျနော်ကျောင်းသားတစ်ယောက်၊ လူ ၅ယောက်နဲ့မျ

By Moe Htet
ပျင်းနေလျက်အလုပ်ပြီးမြောက်ခြင်း

ပျင်းနေလျက်အလုပ်ပြီးမြောက်ခြင်း

အခုလောလောဆယ် ကျနော်ကျောင်းမှာထိုင်နေတယ်၊ အချိန်ကတော့ ည ၁ နာရီ။ အိပ်ချင်နေပြီ သို့သော် စာဆက်ရေးနေသေးတယ်၊ သံစဥ်လေးတွေနားထောင်နေတယ်၊ စာဆက်ရေးစာဆက်လုပ်နေ

By Moe Htet