ဆရာဆရာမတွေက ဘယ်လောက်ထိအရေးပါလဲ။

ဆရာဆရာမတွေက ဘယ်လောက်ထိအရေးပါလဲ။

Intro

ကျနော်ညတုန်းက ကျောင်းတက်တဲ့အကြောင်းlife update လေးအသံသွင်းနေရင်းနဲ့စဥ်းစားမိလာတယ်။ အဓိကကတော့ ကျောင်းတက်တဲ့အခါ ကျောင်းတွေရဲ့သင်ရိုးတွေ၊ reviewတွေ၊ managementတွေကိုပဲအလေးထားတတ်ပြီး တကယ်ကျောင်းသားနဲ့ဆက်ဆံနေရတဲ့ ဆရာဆရာမတွေရဲ့အခန်းကဏ္ဍကို မေ့လျော့နေကြလို့ပါပဲ။

ကျောင်းသားတစ်ဦးက ကျောင်းနဲ့ဆက်ဆံရတဲ့အခါ အဓိကအရေးအကြီးဆုံးသူတွေက ဆရာဆရာမတွေ။ သူတို့နဲ့ဦးဆုံးဆက်ဆံရသလို နောက်ဆုံးအထိလဲ သူတို့နဲ့ပဲဆက်ဆံရတာချည်းပဲ။ ဘယ်လောက်ထိအရေးပါနိုင်သလဲ။


ဆရာဆရာမဆိုတာဘယ်သူ့ကိုဆိုလိုတာလဲ။

ပုံမှန်အားဖြင့်တော့ စာသင်ပေးတဲ့သူပေါ့။ အကျယ်ပြောရရင်တော့ ကျောင်းအလိုက်ကွာခြားနိုင်တယ်။ ဥပမာ - ကျနော်တို့ Oxford Brookesအပါအဝင် Universityတော်တော်များများမှာ Lecture သင်ပေးတဲ့သူရှိတယ်၊ Guideလိုမျိုးစောင့်ကြည့်ပေးတဲ့tutorတွေရှိတယ်၊ Seminar leaderတွေ အစုံပဲ။

ပြောရရင် ကျောင်းနဲ့ကိုယ်နဲ့ဆက်ဆံရတဲ့ အချိန်အခါအများစုက သူတို့နဲ့။ စာနဲ့ပတ်သက်တဲ့ဘယ်ကိစ္စမဆို ကိုယ့်majorကိုယ့်အလုပ်နဲ့ဆိုင်တာဟူသမျှ စာမေးပွဲဖြေတဲ့အထိ အကုန်လုံးသူတို့နဲ့ပဲဆက်ဆံရတယ်။ တခြားသောကျောင်းက Teamတွေနဲ့က ရံဖန်ရံခါစကားပြောကြရတာ။


ဆရာဆရာမတွေရဲ့ဖြစ်တည်မှု

ဒီသူတွေက ကျောင်းသားတွေကို အတန်းချိန်အလိုက်စာလေးသင်ပေးရုံနဲ့တင်ကိစ္စမပြီးသွားပါဘူး။ စာသင်တယ်ဆိုတာကဘာလဲဒါဆို။ ကိုယ့်မြေက ဆရာဆရာမတွေနဲ့တော့ တိုက်ရိုက်ချိန်ထိုးဖို့ ခက်ခဲပါတယ်ဗျ။

ကျနော့်အမြင်မှာတော့ စာအုပ်ထဲကစာတွေရှင်းပြပြီး တာဝန်မပြီးသွားဘူးဗျ။

  • စာနဲ့ပတ်သက်တာ တော်ရမယ် အထိုက်အလျောက်သိရမယ်။ မသိတာဆို လမ်းကြောင်းပေးနိုင်ရမယ်။
  • ကျောင်းသားတွေဘက်က အတုယူကောင်းနိုင်တဲ့figureတစ်ခုဖြစ်ရမယ်။
  • အကုန်လုံးကို ပွင့်ပွင့်လင်းလင်းပြောပြလို့ရနိုင်တဲ့ အနေအထားရှိရမယ်။
  • သင်ရိုးကို ကိုယ်တိုင်ရေးဆွဲမထားရင်တောင်မှ ရေးဆွဲထားတဲ့သူအလျောက် နားလည်ထားရမယ်။
  • စာသင်တတ်ရမယ်။

ကျနော်တို့တွေကြုံတွေ့လာခဲ့ရတဲ့ဆရာတွေဆိုတာက အထုတ်လေးသွားဆွဲပေးရတာနဲ့ မုန့်တွေလာဘ်လာဘတွေနဲ့ ကန်တော့ရတာနဲ့ ကွမ်းလေးသွားဝယ်ပေးရတာနဲ့ပေါ့။ Its time to change။

ကျောင်းနဲ့ကိုယ်နဲ့ကြားက အဓိက ကြားခံနယ်မို့လို့ တာဝန်လဲကြီးပါတယ်။ တော်နေရုံနဲ့မရသလို သင်တတ်ရုံနဲ့လဲမရပါဘူး။


မကောင်းရင်ဘာဖြစ်တတ်လဲ။

အရှင်းလင်းဆုံးသက်ရောက်မှုကတော့ ကျောင်းသားစာညံ့သွားပါတယ်။

ဆရာမက

  • မသင်တတ်ဘူး၊
  • ကိုယ်သင်ပေးနေတဲ့သင်ရိုးကို မကျွမ်းကျင်ဘူး၊
  • ဟိတ်ဟန်အပြည့်နဲ့ ကျောင်းသားတွေဘက်က ချဥ်းကပ်ဖို့ခဲယဥ်းတယ်၊
  • ဒီသင်ရိုးထဲက အကြောင်းအရာတွေနဲ့ပတ်သက်ပြီး အထူးတလည်လေ့လာထားတာမရှိဘူး။ စာမတော်ဘူး၊

ဒါတွေကအကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ သေချာမကျွမ်းကျင်ဘဲ အမှတ်ကောင်းရုံနဲ့ စာသင်နေတဲ့သူမျိုးတွေ၊ သေသေချာချာ proper trainingမရှိတဲ့သူတွေစတာတွေကြောင့်ဖြစ်နိုင်သလို သင်နေရတဲ့နိုင်ငံ၊ ကျောင်း၊ စာလေ့လာတဲ့ကျောင်းသား ဒါတွေကြောင့်လဲပါပါတယ်။


ဘယ်လိုကောင်းမွန်အောင်သင်ကြားနိုင်မလဲ

ကျောင်းသားနဲ့ဆရာဆိုတဲ့ ကွာဟချက်ကို စဦးချင်းဖျောက်ပါ။ ကျောင်းသားတွေက ဆရာထက်တော်တယ်ဆိုတာရှိပါတယ် ခဲယဥ်းပါတယ်။ ဘယ်လိုပဲပြောပြော ဘယ်သူကနေ ဘယ်လောက်ကြီးပဲတတ်တတ် ကျောင်းသားတော်ဖို့အဓိကပါ။

တခြားအရာတွေကတော့ ကိုယ့်ဆရာတွေပိုသိပါလိမ့်မယ်။ ကျနော်ဆရာတစ်ဦးမဟုတ်ပါဘူး။ ဒါပေမယ့် ဆရာပေါင်းများစွာနဲ့သင်ကြားခဲ့ရတော့ ကောင်းခြင်းဆိုးခြင်းကို ပြောပြရုံပါ။


ဆရာတွေနဲ့ပတ်သက်တဲ့issueတွေ

ဆရာတိုင်းက ဒီချိန်ခွင်နဲ့တိုင်းဖို့ခက်ခဲတယ်ဗျ။ တချို့ဆရာတွေကျ ကျောင်းသားတွေကို ပြောဆိုတာမျိုးတွေ ကိုယ်ထိလက်ရောက်ကျူးလွန်တာမျိုးတွေ လိင်ပိုင်းဆိုင်ရာစော်ကားတာတွေ လုပ်ပိုင်ခွင့်ဆိုတဲ့ဘောင်ကို ကျော်လွန်ပြီး ဆက်ဆံတာမျိုးတွေလဲအများကြီးပါ။

ဒီလိုissueတွေသာကြုံတွေ့ခဲ့ကြတယ်ဆိုရင် ကိုယ့်ထက်ပိုပြီးနားလည်တတ်ကျွမ်းနေမယ့်သူတွေကို ဦးဆုံးဆက်သွယ်ပါ။ ဘယ်သူ့ဘယ်လိုဆက်သွယ်ရမယ်မှန်းမသိရင် ကိုယ့်မိဘတွေ ညီအကိုမောင်နှမတွေ ကိုယ်ယုံကြည်တဲ့သူတစ်ဦးဦးကိုဆက်သွယ်ပါ။

ရှက်စရာမလိုအပ်ပါဘူး။ ကျောင်းသား၂ဦးမှာ တစ်ဦးက ဒီလိုcaseတွေကို ကျောင်းတက်စဥ်ကာလ တစ်ကြိမ်အနည်းဆုံးကြုံဖူးကြပါတယ်။ (End Violence Against Women)

ဒီလိုပဲ ကျောင်းသားတိုင်းကလဲ စာသင်ချင်နေမယ်၊ လိုက်လုပ်နေမယ်၊ ရိုသေလေးစားနေမယ်လို့ အတိအလင်းပြောလို့မရပါဘူး။ လုံးဝသင်ချင်စိတ်မရှိတော့တဲ့အထိ ကျောင်းသားတွေဘက်ကလဲ ဆိုးနိုင်ပါတယ်။

ကျောင်းသားနဲ့ဆရာဆိုတာ ဘယ်တော့မှမဆုံစည်းနိုင်တဲ့မျဥ်းပြိုင်နှစ်ခုမှမဟုတ်တာ။ If u know u know.

ဒီစာလေးက ဆရာfocusedမို့ ကျောင်းသားဘက်ကဖြည့်စည်းရမယ့်ကိစ္စတွေမရေးသားထားပါဘူးဗျ။ နောက်တစ်ခေါက်မှာတော့ ထည့်သွင်းပါမယ်။


Read more

Moe Notes Studio Journal #1: A Trap, A Guide, and An Unfaded Sound

(Burmese Version) Moe Notes Studio Journal #1: ထောင်ချောက်တစ်ခု၊ လမ်းညွှန်တစ်ခု၊ နှင့် မမှိန်ဖျော့သေးသော အသံတစ်သံ Issue #1 | Monday, 18 August 2025 မင်္ဂလာပါမိတ်ဆွေ။ Moe Notes ကနေ ပထမဆုံးအကြိမ်ပို့လိုက်တဲ

By Moe Htet
"Moe Notes Studio Journal" နှင့် သီးသန့်စကားဝိုင်း

"Moe Notes Studio Journal" နှင့် သီးသန့်စကားဝိုင်း

This article is also available in [English] အဆုံးမရှိ scroll လုပ်နေရတဲ့၊ ကျယ်လောင်တဲ့ algorithm တွေနဲ့ ခဏတာပဲမြင်ရတဲ့ social media post တွေကြားက ကမ္ဘာကြီးမှာ၊ တကယ့်စစ်မှန်တဲ့စကားဝိုင်းတစ်ခုဆိုတာ ဘာ

By Moe Htet