Audiobook အသံစာအုပ် နားထောင်တာဘာလို့ကောင်းတာလဲ။
"မိတ်ဆွေတို့အနေနဲ့ စတင်လှမ်းချင်တယ်ဆိုရင်တော့ မိတ်ဆွေတို့saveထားတဲ့စာအုပ်တွေကို မေ့လိုက်တော့၊ အကောင်းဆုံးenvironmentကိုလဲရှာဖွေမနေနဲ့တော့။ "
စာအုပ်တစ်အုပ်က ကျနော့်ဘဝကို အကြီးအကျယ်ပြောင်းလဲခဲ့တယ်။ အဲ့စာအုပ်က ဘာသာပြန်စာအုပ်တစ်အုပ်။ "How to Win Friends and Influence People"by Dale Carnegie မြန်မာဘာသာပြန်က ဦးနုရဲ့"မိတ္တဗလဋီကာ"
စာနဲ့ပတ်သက်မှု
ကျနော့်အကြောင်းပြောပြချင်တယ်။
ကျနော်စာလုံးဝမလုပ်ချင်တဲ့သူ။ တကယ်ပါ။ စာဆိုတဲ့အသံကြားလိုက်တာနဲ့ အလိုလိုအိပ်ချင်လာတယ်။ ငြီးငွေ့လာတယ်။ ပျင်းရိဖွယ်အင်မတန်ကောင်းလာတယ်။ ဘယ်လောက်ပဲစိတ်ဝင်စားဖို့ကောင်းတဲ့အရာပဲဖြစ်နေပါစေ ကျနော်ပျင်းတယ်။
တစ်နေ့က ကျနော်video editတာလေးတွေနည်းနည်းလေ့လာချင်လို့ videoလေးတွေကြည့်မိတယ် တန်းအိပ်ချင်လာရော။
ကျနော်စဥ်းစားတယ်။ ကျနော်ပဲ ဉာဏ်မမီတာလား။ ဒါမှမဟုတ် ငယ်ငယ်တုန်းက စာနဲ့ပတ်သက်ခဲ့သော Interactionကြောင့်လား။
Q1: ကျနော်ဉာဏ်မမီဘူးဆိုရအောင် စာနဲ့ပတ်သက်ရင်လဲ အထိုက်အလျောက်လုပ်နိုင်ပါတယ်။ တကယ့်တကယ်ဉာဏ်သုံးပြီး စာလုပ်ရတာမျိုးဖြစ်စေ အလွတ်ကျက်ရတာမျိုးဖြစ်စေ ကျနော်လုပ်လဲလုပ်ခဲ့ဖူးသလို အဆင်လဲအထိုက်အလျောက်ပြေခဲ့တယ်။
ဆင်ခြေ ၁။ စာဖတ်ပျင်းတာလား။
ဒါတော့ဖြစ်နိုင်တယ်။ အင်မတန်interactiveဖြစ်တဲ့ လူတွေကိုဆွဲဆောင်နိုင်တဲ့ ရုပ်ပုံတွေ၊ အရောင်တွေ၊ Dopamineဆိုတဲ့ ပျော်ရွှင်မှုဟော်မုန်း တိုးပွားစေတဲ့အရာတွေမဟုတ်လို့များလား။ ဖုန်းသုံးတာများပြီးပဲ brain rotဖြစ်သွားတာလား။
ဆင်ခြေ ၂။ ငယ်ဘဝကြောင့်လား
ငယ်ငယ်လေးကတည်းက ဖတ်ခဲ့ရတဲ့စာတွေ များသထက်များလာတယ်။ ဘယ်တုန်းကမှလဲ စာနဲ့ပတ်သက်လို့ စိတ်တိုင်းကျမှု တစ်စုံတစ်ရာမရှိခဲ့ဘူး။ စာမြင်ရင် စာမေးပွဲကျလို့အဆူခံရတာတွေ အရိုက်ခံရတာတွေ စားချင်တဲ့အတိုင်းမစားခဲ့ရတာတွေ လိုချင်တာမရခဲ့ရတာတွေကို ပြန်လည်မြင်ယောင်လာတယ်။
Traumatic experienceဖြစ်လာတယ်။
သိစိတ်ကကျော်ဖြတ်နိုင်ခဲ့ပြီဆိုပေမယ့် မသိစိတ်ထဲမှာတော့ ကြွင်းကျန်ရစ်နေတယ်။ အလားတူဖြစ်ရပ်တစ်ခုခုကြုံလာတဲ့အခါ triggerမိသလို အစဖော်မိသလိုဖြစ်သွားပြီး လုပ်ချင်ကိုင်ချင်စိတ်မရှိတော့ဘူး။
ဒါလဲဖြစ်နိုင်တာပဲ။
ဘာကြောင့်ကျနော်မလုပ်နိုင်တာလဲ။
ကျနော်စာအုပ်တွေစမ်းဖတ်ကြည့်တယ်။ တော်တော်လေးကောင်းတဲ့စာအုပ်တွေပါ။
- ကမ္ဘာ့toughest man လို့ခေါ်ဝေါ်ကြတဲ့David Gogginsရဲ့ Can't Hurt Me၊
- Productivityရဲ့ဖခင်လိုသမုတ်ကြတဲ့ Tiago Forteရဲ့ Building a Second Brain,
- အမေစုရဲ့ Freedom from Fear
- Think and Grow Rich
အများကြီးပါပဲ။ ခက်တာက ကျနော်ပြီးသွားတဲ့စာအုပ်ဆိုလို့ အောင်ချိမ့်ရဲ့ဂန္တဝင်မမ။ တခြားစာအုပ်တွေအကုန် စစချင်းchapter ၁ခု ၂ခုမှာတင်ပြီးဆုံးသွားတယ်။ ပျင်းလာတာ။
အချိန်မရလို့လား
အချိန်ဆိုတာထက် အာရုံလို့ပြောရင်ပိုမှန်တယ်။
အရင်ကဆို ကျနော်လုံးဝစောနိုးတဲ့သူမဟုတ်ဘူး။ ညဆိုလဲညဥ့်နက်တဲ့ထိနေတတ်တဲ့သူ။ မနက်ဆို ၈/၉နာရီလောက်ထ ကျောင်းသွားဖို့လုပ်၊ ကျောင်းရောက်ရင်စာတွေဆက်တိုက်လုပ်၊ ညနေ ၇နာရီလောက်အိမ်ပြန်၊ ညစာစားသောက် သူငယ်ချင်းတွေနဲ့ ခနစကားပြော ပြီးရင်နောက်နေ့တစ်နေ့က စတင်ပြန်တယ်။
စာအုပ်ဖတ်ဖို့ဆိုတာ အချိန်ရယ်လို့ကိုမရှိ(ထင်ခဲ့တယ်)။ စာအုပ်ဖတ်ဖို့ လိုချင်တဲ့environmentရမှ၊ ရေနွေးသောက်ရမှ၊ စာလုပ်ချိန်ထက်အားမှ စသဖြင့်။
ကျနော့်ရဲ့ စတင်ပြောင်းလဲမှု
စာအုပ်ဖတ်ရင် သေချာဖတ်ရမယ်။ တစ်လုံးချင်းစီဖတ်ရမယ်။ ကိုယ့်ဘဝနဲ့ကိုယ်ဆက်စပ်ရမယ်။ ဒီလိုနဲ့ တစ်နှစ်နေလို့တစ်အုပ်တောင် မပြီးခဲ့ဘူး။ မဖတ်ခင်နဲ့ စတင်ဖတ်ရှုချိန်ကြား frictionအင်မတန်များပြားခဲ့တယ်။
မစဥ်းစားတော့ဘူး။ ဘာရရ ဆိုပြီးစခဲ့တယ်။
Audio Bookလေးတွေနားထောင်ဖြစ်လာတယ်။ ကိုဇဏ်ခီရဲ့ youtube channelနဲ့ဒေါက်တာဖြိုးသီဟရဲ့စာအုပ်လေးတွေ ခုံမင်နှစ်သက်လာတယ်။
အသံနဲ့နားထောင်ရတာ အားသန်ကြောင်း သိလာတယ်။
ကိုယ့်ကိုယ်ကို သတိထားကြည့်မိတယ်။ Passive Workဆိုတဲ့ လုပ်နေကြအလုပ်တွေ လုပ်ရတဲ့အချိန်ချည်းသီးသန့်က တစ်နေ့တစ်နေ့ နာရီနဲ့ချီရှိတယ်။
ဥပမာ
- အိပ်ရာသိမ်း၊ ဟင်းချက်၊ Gymဆော့၊ ရေချိုး စတဲ့morningပြင်ဆင်မှု။
- လမ်းလျှောက်ချိန်၊ ကားစီးချိန်၊ စက်ဘီးစီးချိန်၊ ရထားစီးချိန်တွေ။
- ဖုန်းသုံးမယ့်အချိန်တွေ။
ဒီလိုနဲ့ တစ်အုပ်ပြီးတစ်အုပ် နားထောင်ဖြစ်လာတယ်။
နားထောင်လို့ ဘာထူးခြားသွားလဲ
မိတ်ဆွေတို့ဖြစ်ဖူးလားတော့မသိဘူး။ ကျနော်က ကိုယ့်ကိုယ်ကို ညှင်းဆဲတတ်တယ်။ အနားမပေးဘူး။ ကျောင်းစာဆိုရင်လဲ အဆုံးထိလုပ်လိုက်ရမှ၊ အလုပ်ဆိုရင်လဲ မိုင်ကုန်မောင်းရမှ။ အနားယူရမယ်ဆိုရင်လဲ ကောင်းကောင်းမယူဘူး။ စာလေးပဲလုပ်ချင်နေသလိုလို gymပဲသွားချင်နေသလိုလို တစ်ခုခုလုပ်နေရမှကျေနပ်နေတဲ့သူမျိုး။
ပင်ပန်းတဲ့ထိမလုပ်ဘူးဆိုရင် ကိုယ့်ဟာကိုယ် အပြစ်ရှိသလိုခံစားနေရတယ်။
စာအုပ်လေးတွေဖတ်ပြတာနားထောင်တာက အဲ့စိတ်ကို အထိုက်အလျောက်ကုစားသွားတယ်။
ပုံမှန်ဆိုဗျာ သံစဥ်တွေပဲနားထောင်နေကြပါ။ အင်္ဂလိပ်သီချင်းတွေ၊ အခုခေတ်ပေါ်သံစဥ်တွေ၊ ၉၀ခုနှစ်တို့ ၂၀၀၀/၂၀၁၀လောက်ကသံစဥ်တွေ၊ unplugခေတ်။
တချို့အချိန်တွေမှာတော့ သံစဥ်တွေထက် စာအုပ်ဖတ်တာက ပိုပြီး ပျော်ရွှင်စေတယ်။
ကျနော်ဆက်လက်လျှောက်လှမ်းမယ့်လမ်း
အတားအဆီးတွေအကုန်လုံးကို မမှုတော့တဲ့အခါ နားထောင်ဖြစ်ဖို့ လွယ်ကူလာတယ်။သို့သော်နားထောင်ရုံနဲ့တင်မပြီးတဲ့ကိစ္စတွေမို့လို့ စာအုပ်ကို မှတ်မိနေအောင်လုပ်ရမယ်။
ကျနော်ကတော့ ဘယ်စာအုပ်ဖတ်ဖတ် ဖတ်ပြီးသမျှကို ကိုယ့်ဘဝနဲ့ကိုယ် ဆက်စပ်တတ်တယ်။ ဥပမာ - ဘဝရဲ့ခက်ခဲမှုတွေအကြောင်းဆို ကျနော်ဘယ်လောက်ထိခက်ခဲခဲ့လဲ၊ ပျော်ရွှင်စရာအစစ်အမှန်ကဘာတွေလဲပေါ့။
အနီးအနားမှာရှိတဲ့သူတစ်ဦးဦးကိုပြန်ရှင်းပြလို့လဲရတယ်။ Journalအနေနဲ့ရေးလို့လဲရတယ်။ အဓိက လုပ်ဖြစ်ဖို့ပါပဲ။
စာအုပ်ဖတ်ရှုခြင်းရဲ့ ပထမခြေလှမ်း
မိတ်ဆွေတို့အနေနဲ့ စတင်လှမ်းချင်တယ်ဆိုရင်တော့ မိတ်ဆွေတို့saveထားတဲ့စာအုပ်တွေကို မေ့လိုက်တော့၊ အကောင်းဆုံးenvironmentကိုလဲရှာဖွေမနေနဲ့တော့။
လက်ထဲကဖုန်းကိုချ၊ spotifyတို့youtubeကိုသွား၊ ကိုယ်အကြိုက်ဆုံး အသိချင်ဆုံး အဖတ်ချင်ဆုံးစာအုပ်တစ်အုပ်ကိုရှာ။ ပြီးရင် နားထောင်။ ပျင်းလဲနားထောင်၊ အိပ်ချင်လဲနားထောင်၊ ဆက်တိုက်နားထောင်။
ပြည်ပကသူတွေအတွက်ဆိုရင်တော့ Blinkistတို့Shortformတို့လို စာအနှစ်ချုပ်လေးတွေတင်ပေးတဲ့Audiobook applicationတွေရှိသလို Audibleတို့ လိုမျိုး amazonက audiobook serviceတွေလဲရှိတယ်။ တစ်လကို ၁၀ဒေါ်လာ ၁၅ဒေါ်လာလောက်တော့ကျမှာပါ။
စာအုပ်တစ်အုပ်တန်ဖိုးက ၁၀ဒေါ်လာ ၁၅ဒေါ်လာလောက်တော့ပျမ်းမျှရှိမှာပါ။ ကျနော်ကတော့ဒါကိုတွန့်ဆုတ်မနေတော့ဘူး။ ပြန်လည်ရရှိနိုင်တဲ့တန်ဖိုးက အဆပေါင်းများစွာ များပြားလွန်းလို့။
Piratedစာအုပ်တွေတင်တဲ့ Telegram channelတွေလဲရှိပါတယ်။ တကယ်အဆင်မပြေမှသာ သွားကြစေချင်တယ်။ တိုက်ရိုက်အားပေးသင့်တယ်လေနော်။
အရေးအကြီးဆုံးအချက်
စာအုပ်တိုင်း တန်ဖိုးချင်းမတူပါဘူး။ တန်ဖိုးရှိတဲ့အနှစ်သာရပြည့်ဝတဲ့စာအုပ်စာပေတွေကိုသာ ဖတ်စေချင်တယ်။ အခုနေ ဘဝတိုးတက်ရေးစာအုပ်တစ်အုပ်(Eg. Non-fiction Self help books)နဲ့ အချစ်dramaစာအုပ်တစ်အုပ်(Eg.ဂျူးစာအုပ်) ယှဥ်ဖတ်ရင်ရော တန်ဖိုးချင်းတူနိုင်မလား။
စာဖတ်သူပေါ်မူတည်ပြီး ပေးနိုင်တဲ့တန်ဖိုးကတော့ ကိုယ်စီရှိကြပါလိမ့်မယ်။ ဒါပေမယ့် ကိုယ်ဖတ်ရတဲ့ရည်ရွယ်ချက်က
- အသုံးအနှုန်းဝေါဟာရ ကြွယ်ဝချင်လို့လား
- အချစ်ဇာတ်လမ်းလေးတွေနားထောင်ရင်း ငိုချင်လို့လား၊
- ဘဝတိုးတက်ချင်လို့လား။
Book recommendations
အပြည့်အစုံဖတ်ဖူးတာတွေတော့မဟုတ်ဘူး။ ကောင်းတယ်လို့တော့ကြားဖူးတာတွေ။
- "The Psychology of Money" by Morgan House
- "Atomic Habits" by James Clear
- "Make it stick"
- "Deep Work" by Cal Newport
- "The 4-hour workweek" by Timothy Ferriss
- "Think and Grow Rich" by Napoleon Hill
- "Can't Hurt Me" by David Goggins
- "The Art of War" by Sun Tzu.
- အကြံဉာဏ်ဖြင့် ကြီးပွားရေး - ဆရာကြီးရွှေဥဒေါင်း (Think and Grow Rich၏မြန်မာဘာသာပြန်)
တစ်ချိန်ချိန်တော့ ကျနော်လဲ ကိုယ်ပိုင်အတ္ထုပ္ပတ္တိလေးတစ်ခုရှိလာမှာပါ။ အဲ့ကျဖတ်ကြပေါ့။ ဟဲဟဲ