နွေရာသီ အဆောင်ပြောင်းခြင်း Survival Guide

This article is also available in [English]
ကျောင်းတစ်နှစ်ပြီးတော့မယ်။ စာမေးပွဲတွေ၊ submission တွေပြီးသွားလို့ ပျော်ရွှင်နေတဲ့အချိန်မှာပဲ ကျောင်းသားအများစုရဲ့ခေါင်းပေါ်ကို မမျှော်လင့်ထားတဲ့ တိမ်မည်းကြီးတစ်ခု ရောက်လာတတ်ပါတယ်။ အဲ့ဒါကတော့ "နွေရာသီမှာ ငါဘယ်မှာနေမလဲ" ဆိုတဲ့မေးခွန်းပါပဲ။
လက်တွေ့မှာ အဆင်ပြေမပြေဆိုတာ မသေချာပေမယ့်၊ ကြိုတင်စီစဉ်ထားခြင်းက မလိုအပ်တဲ့ စိတ်ဖိစီးမှုတွေ၊ ငွေကုန်ကြေးကျများမှုတွေကနေ သင့်ကိုကယ်တင်နိုင်မှာပါ။ ဒီလမ်းညွှန်ကတော့ ကျောင်းအဆောင် contract တွေရဲ့ သဘောသဘာဝ၊ သင့်မှာရှိတဲ့ရွေးချယ်စရာတွေနဲ့ ဒီကာလကို အကျိုးအရှိဆုံး ဘယ်လိုဖြတ်ကျော်မလဲဆိုတာကို ကျနော့်ရဲ့ကိုယ်ပိုင်အတွေ့အကြုံနဲ့ရင်းပြီး မျှဝေသွားမှာပါ။
အပိုင်း (၁) - ၃၈ ပတ် နှင့် ၅၂ ပတ် - သင်၏ Contract ကို နားလည်ခြင်း
ကျောင်းသားအဆောင် contract တွေမှာ အဓိကအားဖြင့် အမျိုးအစားနှစ်ခုရှိပါတယ်။
- 38-Week Contract (Academic Year): ဒါက ပညာသင်နှစ်တစ်နှစ်စာ (စက်တင်ဘာလလယ် ကနေ ဇွန်လလယ်အထိ) အတွက်ပဲဖြစ်ပြီး၊ နွေရာသီကျောင်းပိတ်ရက်တွေမပါဝင်ပါဘူး။
- 52-Week Contract (Full Year): ဒါကတော့ တစ်နှစ်ပတ်လုံးအတွက်ဖြစ်ပြီး၊ နွေရာသီမှာပါ ဆက်နေခွင့်ရှိပါတယ်။
The "Summer Gap" Problem (နွေရာသီ လေဟာနယ် ပြဿနာ)
သင်က 38-week contract နဲ့နေခဲ့ပြီး၊ နောက်ပညာသင်နှစ်အတွက် အဆောင်သစ်က စက်တင်ဘာလလယ်မှ စမယ်ဆိုရင်၊ ဇွန်လကနေ စက်တင်ဘာလအထိ သုံးလလောက် ကြားထဲမှာ နေစရာမရှိတဲ့ "လဟာနယ်" ကာလတစ်ခုဖြစ်သွားပါလိမ့်မယ်။ 52-week contract နဲ့နေတဲ့သူတွေတောင်မှ၊ ကိုယ့် contract က သြဂုတ်လကုန်မှာပြီးပြီး၊ အဆောင်သစ်က စက်တင်ဘာလလယ်မှစမယ်ဆိုရင် ကြားထဲမှာ နှစ်ပတ်၊ သုံးပတ်လောက် နေစရာရှာရတတ်ပါတယ်။
ဒီ "Summer Gap" ကို ဖြေရှင်းဖို့အတွက် သင့်မှာ အဓိကရွေးချယ်စရာ သုံးခုရှိပါတယ်။'
အပိုင်း (၂) - သင်၏ ရွေးချယ်စရာ လမ်းကြောင်းသုံးသွယ်
Option A: The Contract Takeover (စာချုပ်လွှဲပြောင်းယူခြင်း)
ဒါကတော့ 52-week contract ယူထားပြီး၊ နွေရာသီမှာ ကိုယ့်နိုင်ငံပြန်မယ့် ဒါမှမဟုတ် အဆောင်ပြောင်းမယ့် ကျောင်းသားတစ်ယောက်ဆီကနေ သူတို့ရဲ့ကျန်ရှိနေသေးတဲ့ contract ကာလကို တရားဝင်လွှဲပြောင်းယူတာပါ။
ကောင်းကျိုး:
- Guarantor မလိုဘဲ ကျောင်းရဲ့အရစ်ကျပေးချေမှုစနစ် (installment) အတိုင်းပဲ ဆက်ပေးလို့ရပါတယ်။
- သူနေခဲ့တဲ့အခန်းမို့လို့ အခန်းနဲ့ပတ်သက်တဲ့အရာမှန်သမျှကို အသေးစိတ်မေးမြန်းနိုင်ပါတယ်။
- မူလစျေးနှုန်းအတိုင်းပဲရပြီး၊ ပွဲစားခလိုမျိုး အပိုငွေကုန်ကျမှုမရှိပါဘူး။
ဆိုးကျိုး:
- ကျောင်းရဲ့ Facebook group တွေ၊ notice board တွေမှာ ကိုယ်တိုင်လိုက်ရှာရပါတယ်။
- ကျောင်း administration ကြားခံပြီး တရားဝင်လွှဲပြောင်းတာမျိုးမဟုတ်ရင် လိမ်လည်ခံရနိုင်ခြေရှိပါတယ်။ ကျောင်းသားအချင်းချင်း တိုက်ရိုက်ငွေလွှဲတာမျိုးကို လုံးဝရှောင်ရှားပါ။
Option B: The University Summer Stay (ကျောင်း၏ နွေရာသီအဆောင်)
ဒါက အလုံခြုံဆုံးနဲ့ အစိတ်ချရဆုံးရွေးချယ်မှုပါ။ တက္ကသိုလ်ကိုယ်တိုင်က နွေရာသီမှာဆက်နေချင်တဲ့ကျောင်းသားတွေအတွက် အဆောင်တချို့ကို summer stay အဖြစ် သီးသန့်ဖွင့်ပေးထားတာပါ။
- ဘယ်လိုလျှောက်ရမလဲ: ဒါက အပြိုင်အဆိုင်အရမ်းများပါတယ်။ ပုံမှန်အားဖြင့် term 2 အပြီး၊ term 3 အစလောက်မှာ ကျောင်းက booking link ကိုဖွင့်ပေးပါတယ်။ အဲ့ဒီ link ဖွင့်တာနဲ့ ချက်ချင်း register လုပ်နိုင်ဖို့၊ ကိုယ်နေချင်တဲ့အဆောင်ရဲ့ sales enquiry email ကို ကြိုတင်ဆက်သွယ်ပြီး စုံစမ်းထားသင့်ပါတယ်။
- ကျနော့်တုန်းက ရခဲ့တဲ့အဆောင်များ: Cheney Student Village, Clive Booth Student Village (Old & New) တို့က summer stay အတွက် အမြဲတမ်းလိုလိုဖွင့်ပါတယ်။
Option C: The Private Sector (ပုဂ္ဂလိက အဆောင်များ)
ကျောင်းအဆောင်တွေအပြင်၊ iQ, Unite Students, Student Roost တို့လို private accommodation တွေမှာလည်း summer stay option တွေရှိနိုင်ပါတယ်။
- ကောင်းကျိုး: အဆောင်တွေက ပိုသစ်၊ ပိုခေတ်မီပြီး၊ facility တွေပိုကောင်းတတ်ပါတယ်။ နေရာအသစ်တစ်ခုမှာ နေထိုင်ရတဲ့ experience အသစ်ကိုရနိုင်ပါတယ်။
- ဆိုးကျိုး:
- ကာလတိုဖြစ်တဲ့အတွက်၊ လသုံးလစာလုံးကို တစ်ခါတည်းကြိုတင်အပြည့်ပေးချေခိုင်းတတ်ပါတယ်။
- ကျောင်းသားတစ်ယောက်အနေနဲ့ guarantor မရှိတဲ့အတွက် အခက်အခဲရှိနိုင်ပါတယ်။
- Application process က ကျောင်းအဆောင်ထက် ပိုရှုပ်ထွေးပြီး၊ အချိန်ပိုကြာတတ်ပါတယ်။
အပိုင်း (၃) - အဆောင်ပြောင်းရွှေ့ခြင်း (The Big Move)
အဆောင်သစ်သေချာသွားပြီဆိုရင်တော့ နောက်တစ်ဆင့်က ပစ္စည်းတွေပြောင်းရွှေ့ဖို့ပါပဲ။
- Declutter First (မလိုအပ်တာတွေရှင်းပါ): လွှင့်ပစ်သင့်တာတွေကို လွှင့်ပစ်ပါ။ တွေ့ကရာအကုန်သယ်မသွားပါနဲ့တော့။ အနှောင်အဖွဲ့တွေကို မချည်နှောင်ပါနဲ့တော့။
- DIY (ကိုယ်တိုင်သယ်ခြင်း): အဆောင်သစ်က walking distance ဆိုရင်တော့ သူငယ်ချင်းတွေအကူအညီနဲ့ ကိုယ်တိုင်သယ်နိုင်ပါတယ်။
- Taxi XL / Uber XL: ပစ္စည်းနည်းနည်းများတယ်ဆိုရင်တော့ luggage တွေအများကြီးဆံ့တဲ့ Taxi XL ကို booking လုပ်ပြီးသယ်နိုင်ပါတယ်။
- Man and a Van: ဒါက အထိရောက်ဆုံးနည်းလမ်းပါ။ သူတို့က သင့်အခန်းထဲက ပစ္စည်းအကုန်လုံးကို box တွေနဲ့သေသေချာချာထုပ်ပိုးပြီး၊ အဆောင်သစ်ရဲ့အခန်းထဲအထိ အရောက်ပို့ပေးပါတယ်။ Box အရေအတွက်ပေါ်မူတည်ပြီး £50 ကနေ £150 ကြားမှာ ကုန်ကျနိုင်ပါတယ်။
အဆင့်မြင့်နည်းလမ်းများ (Advanced Methods for Second Years & Beyond)
ဒီလမ်းညွှန်က UK မှာ ပထမဆုံးအကြိမ် အဆောင်ပြောင်းရွှေ့ရမယ့် ကျောင်းသားသစ်တွေအတွက် အဓိကရည်ရွယ်ပါတယ်။ သင်က ဒုတိယနှစ်၊ တတိယနှစ်ရောက်လာပြီး ဒီမြို့နဲ့အသားကျသွားတဲ့အခါမှာတော့ ဒီထက်ပိုပြီး စရိတ်သက်သာပြီး လွယ်ကူတဲ့နည်းလမ်းတွေကို သင်ကိုယ်တိုင်ရှာဖွေတွေ့ရှိလာမှာပါ။
ဥပမာ - UK driving licence ရှိပြီး အသက် ၂၅ နှစ်ကျော်ပြီဆိုရင် Zipcar လိုမျိုး car-sharing service ကနေ van တစ်စီးကို နာရီပိုင်းနဲ့ငှားပြီး ကိုယ်တိုင်မောင်းတာက Man and a Van ထက် အများကြီးပိုသက်သာနိုင်ပါတယ်။ ကိုယ့်မှာကူညီပေးမယ့် သူငယ်ချင်းတွေအများကြီးရှိရင်၊ သူတို့ကိုအကူအညီတောင်း အားလုံးဝိုင်းသယ်ကြတာက အပျော်ရဆုံးနည်းလမ်းတစ်ခုပါ။
ဒါပေမယ့် သတိထားရမှာတစ်ခုကတော့၊ ကျောင်းသားတွေရဲ့ အတွေ့အကြုံနည်းတာကို အခွင့်ကောင်းယူပြီး စျေးအဆမတန်တင်တောင်းတတ်တဲ့ moving company အချို့လည်းရှိပါတယ်။ ဒါကြောင့် company တစ်ခုခုကိုမငှားခင်မှာ Google review တွေကို သေချာဖတ်ပြီး၊ ဈေးနှုန်းသုံးလေးခုလောက်ကို နှိုင်းယှဉ်ပြီးမှ ဆုံးဖြတ်ပါ။
အပိုင်း (၄) - နွေရာသီကို အကျိုးရှိရှိအသုံးချခြင်း (The Summer Blueprint)
နွေရာသီကျောင်းပိတ်ရက်ဆိုတာက အိပ်လိုက်စားလိုက်လုပ်ဖို့သက်သက်မဟုတ်ပါဘူး။ ဒါက သင့်ကိုယ်သင် upgrade လုပ်ဖို့ အကောင်းဆုံးအခွင့်အရေးတစ်ခုပါ။
- အလုပ်ပိုလုပ်ပါ: ကျောင်းပိတ်ရက်မှာ တစ်ပတ်ကို နာရီ ၄၀ (Full-time) အလုပ်လုပ်ခွင့်ရှိပါတယ်။ ဒီအချိန်မှာ ကြိုးစားအလုပ်လုပ်ပြီး နောက်ပညာသင်နှစ်အတွက် ငွေကြိုစုထားနိုင်ပါတယ်။
- Volunteer လုပ်ပါ၊ ခရီးထွက်ပါ: အတွေ့အကြုံသစ်တွေရဖို့၊ လူတွေအများကြီးနဲ့တွေ့ဆုံဖို့ ဒါက အကောင်းဆုံးအချိန်ပါပဲ။
- နောက်နှစ်အတွက် ပြင်ဆင်ပါ: နောက်နှစ်အတွက် module registration ကို ဒီအချိန်မှာ ကြိုတင်လုပ်ထားလို့ရပါပြီ။
- ကိုယ်ပိုင် Project တွေကို အချိန်ပေးပါ: ကျနော်ဆိုရင် ဒီလိုအချိန်တွေမှာ video တွေရိုက်တယ်၊ hiking, camping တွေသွားဖို့ plan လုပ်တယ်။ ကိုယ်ဝါသနာပါတဲ့အရာတွေကို အချိန်အပြည့်ပေးပြီးလုပ်ဆောင်နိုင်တဲ့အချိန်ပါ။
နိဂုံးချုပ် - Enjoy the Process
အရေးအကြီးဆုံးကတော့ ဒီဖြစ်စဉ်တစ်ခုလုံးကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းဖို့ပါပဲ။ နွေရာသီဆိုတာက ပြဿနာတစ်ခုမဟုတ်ဘဲ၊ လွတ်လပ်မှုနဲ့ တိုးတက်မှုအတွက် အခွင့်အရေးတစ်ခုပါ။
ကျနော်လည်း စစချင်းဘာမှမသိတဲ့ဘဝကနေ၊ ဘယ်သူ့ကိုမှမေးလို့မရတဲ့ဘဝကနေ၊ ဒီလိုမျိုးရှာရင်းဖွေရင်းနဲ့ပဲ နွေရာသီအတွက် ကိုယ့်လမ်းကိုယ်ဖောက်ခဲ့တာပါ။
PS: ဘယ်အဆောင်ကိုမဆိုစာချုပ်မချုပ်ခင်မှာ Terms and Conditions တွေ၊ အထူးသဖြင့် Cancellation Policy ကို သေသေချာချာဖတ်ပါ။ သိပ်အရေးကြီးပါတယ်နော်။