South Oxford Farmers Market

South Oxford Farmers Market

တနင်္ဂနွေမနက်ခင်းတိုင်းရဲ့ မသွားမဖြစ် နေရာလေးတစ်ခုအကြောင်း ပြောပြချင်ပါတယ်။ Sunday တိုင်း တစ်ပတ်တစ်ခါ နာရီပိုင်းလေးပဲဖွင့်ပေမယ့် သိပ်စားလို့ကောင်းတဲ့ စားသောက်ဖွယ်ရာတွေ စုဝေးရာနေရာလေးပါ။

ကျနော်က မိုး ပါ။ လက်ရှိ Oxford မှာ နေထိုင်ပါတယ်။ ကျနော်က အစားအသောက်ဆို ဇီဇာကြောင်တယ်လို့ ပြောလို့ရမလားပဲ။ အဆီအနှစ်တွေ၊ အစပ်အချဉ်တွေနဲ့ ရောသမမွှေပြီး ချက်တာမျိုးထက် စားစရာရဲ့ နဂိုမူလအရသာ (Authentic taste) ကိုပဲ ဦးစားပေး စားတတ်သူပါ။ လတ်ဆတ်တဲ့ သစ်သီးဝလံတွေ၊ အခုဖုတ် အခုစား ပေါင်မုန့်တွေ၊ နို့ထွက်ပစ္စည်းတွေကိုဆို သည်းခြေကြိုက်ပေါ့။ အပြင်စာ သိပ်မစားဘဲ ကိုယ်တိုင်ချက်ရမှ ကျေနပ်တဲ့သူမျိုးပါ။

ဒီလိုနဲ့ ဒီ Market လေးထဲ ရောက်သွားဖြစ်တယ်။ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီစျေးလေးမှာက ဆူညံပူလောင်ပြီး အတင်းရောင်းနေတာမျိုးမရှိဘူး။ သက်တောင့်သက်သာနဲ့ အချင်းချင်း တွေ့ဆုံစကားပြောရင်း၊ စျေးရောင်းစျေးဝယ် လုပ်နေကြတဲ့ ပုံရိပ်လေးတွေက သိပ်ချစ်ဖို့ကောင်းတယ်။

ခြံထွက် အမဲသားတွေ၊ Venison တွေ၊ Sausage တွေအပြင် ရာသီပေါ် သစ်သီးဝလံတွေ၊ သံလွင်ဆီနဲ့ အိမ်သုံးပစ္စည်းလေးတွေ အစုံရတယ်။ ကျနော် အကြိုက်ဆုံးကတော့ ပေါင်မုန့်ဆိုင်။ ကျနော်က ပေါင်မုန့်ကြိုက်ပေမယ့် တွေ့ကရာတော့ မစားဘူး။ ဒီဆိုင်က Sourdough လို၊ Focaccia လို ပေါင်မုန့်တွေကို အခုဖုတ် အခုစား အရသာမျိုးမို့ သိပ်သဘောကျတယ်။

Quality? Top Tier. ကျနော့်အတွက်တော့ သဘာဝအတိုင်း လှနေတာ ကောင်းနေတာက Top Tierပါပဲ။

ဒီနေ့တော့ ဒိန်ချဉ်၊ စမူဆာ၊ Jam၊ ပေါင်မုန့်တွေနဲ့ Bramley ပန်းသီးဖျော်ရည်လေး ဝယ်ခဲ့တယ်။ Americano တစ်ခွက်ကိုကိုင်ပြီး ဘေးနားက ရေကန်ဘောင်လေးမှာထိုင်ရင်း... ကျနော် အတွေးနယ်ချဲ့မိသေးတယ်။

ဘာလိုလိုနဲ့ ကျနော်ကျောင်းတက်တာ ၃ နှစ်တောင် ရှိသွားပြီ။ အချိန်တွေက သိပ်မြန်တာပဲ။ အချိုးအကွေ့ အပြောင်းအလဲတွေ၊ တွေ့ကြုံရတဲ့လူတွေ၊ ရင်ခုန်ဖက် အစရှိသဖြင့်ပေါ့။...။ နောက် ၅ နှစ်မပြောနဲ့၊ နောက် ၁ နှစ်နေရင်တောင် ကျနော် ဘယ်ရောက်နေမလဲ မသိသေးဘူး။ ကျောင်းပဲ ဆက်တက်နေမလား၊ အိမ်ပုံပဲ ဆွဲနေမလား၊ ရိုက်ကူးရေးပဲ လုပ်နေမလား... မရေရာသေးပါဘူး။

New Year Resolution တွေဘာတွေလည်း ကျနော် သိပ်နားမလည်ပါဘူး။ ဘာပဲဖြစ်ဖြစ်... အခုရက်ပိုင်းတော့ စောစောအိပ် စောစောထ ဖြစ်အောင်နေတယ်။ ဘေထုပ်လေးတွေ ဝယ်ဖြစ်တယ်။ စာပြန်ရေးဖြစ်တယ်။ ဒါပါပဲ။


Read more

Her.

Her.

ဟိုး လွန်ခဲ့တဲ့ ကာလပေါင်းများစွာမှာ နတ်သမီးတစ်ပါး မြေပေါ်သက်ဆင်းလာခဲ့ဖူးတယ်။ နှစ်သစ်ကူးမတိုင်မီရက်ပိုင်းလေးမှာပေါ့။ သူ့ဘဝလေးက ပျော်ရွှင်ခဲ့ရဖူးတယ် ကြေကွဲခဲ့ရဖူးတယ်

By Moe Htet
What I've been doing

What I've been doing

Hi... ကျနော် မိုးပါ။ ဒီကြားထဲ ကျနော့်ဘဝမှာ အပြောင်းအလဲတွေ အများကြီးဖြစ်သွားတယ်။ ကောင်းတာလေးတွေရော ဆိုးတာလေးတွေရောပေါ့။ ရှေ့ဆက်ဖို့ ပြင်ဆင်စရာတွေ အများကြီးရှိသလို၊ သင်ခန်းစာယူစရာ

By Moe Htet
"သွေးမအေးသေးတဲ့ လန်ဒန်က ၈၈၈၈"

"သွေးမအေးသေးတဲ့ လန်ဒန်က ၈၈၈၈"

ဆန္ဒပြပွဲတွေဆိုတာ ခပ်စိတ်စိတ် တစ်ပတ်တစ်ခါ နှစ်ပတ်တစ်ခါရှိတတ်ပါတယ်။ ပွဲကြီးပွဲကောင်းလေးတွေကတော့ တစ်လတစ်ခါ ၂လတစ်ခါပေါ့။ ကျနော် ဒီလို ၈၈၈၈ လို သမိုင်းဝင်ပွဲကြီးတွေဆိ

By Moe Htet