"Earthquake Disaster Relief Campaign" အနှစ်ချုပ်

"Earthquake Disaster Relief Campaign" အနှစ်ချုပ်

ငလျင်ဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ခြင်း ဆိုတဲ့Campaignလေးကို Author Moeမှ ဧပြီလ ၁ ရက်နေ့မှ ၁၁ ရက်နေ့အထိ ပြုလုပ်ခဲ့ပါတယ်။ ဤကမ်ပိန်းမှ စုစုပေါင်း မြန်မာကျပ် ၈၃၀,၀၀၀ (ရှစ်သိန်း သုံးသောင်းကျပ်) ကောက်ခံရရှိခဲ့ပါသည်။

မူလက ရရှိသောအလှူငွေအားလုံးကို Spring Crowd Fundမှပြုလုပ်တဲ့Campaign သို့ ထည့်ဝင်လှူဒါန်းရန် ရည်ရွယ်ခဲ့သော်လည်း ဘဏ်ငွေလွှဲလုပ်ငန်းစဉ်များ ကြန့်ကြာမှုကြောင့် အဆိုပါ ရန်ပုံငွေအဖွဲ့၏ နောက်ဆုံးသတ်မှတ်ရက်ကို မမီလိုက်ပါ။ ထို့အပြင် ယုံကြည်စိတ်ချစွာဖြင့် အလှူငွေများကို စနစ်တကျ စီမံခန့်ခွဲပေးနိုင်မည့် အခြားရန်ပုံငွေ ကောက်ခံသူ (Fundraiser) ကိုလည်း အချိန်မီ ရှာဖွေရန် အခက်အခဲရှိခဲ့ပါသည်။

သို့ဖြစ်ပါ၍ အလှူရှင်များအားလုံး၏ သဘောတူညီမှုဖြင့် ရရှိလာသောအလှူငွေများကို မပန်ဆယ်လိုမှတစ်ဆင့် ငလျင်ဒဏ်သင့်ဒေသရှိ နေအိမ်ပြန်လည်မထူထောင်နိုင်သော အဆင်မပြေသည့် မိသားစုများအတွက် တဲအိမ်များ ဆောက်လုပ်လှူဒါန်းရန် ဆုံးဖြတ်ခဲ့ပါသည်။ သို့သော် အလှူငွေပမာဏမှာ တဲအိမ်တစ်လုံးစာအတွက် လိုအပ်သော ပမာဏသို့ အတိအကျ မပြည့်မီခဲ့ပါ။

Certificate လေးရတာနဲ့တကွ ထုတ်ပြန်ပေးသွားပါမယ်။ ဤကမ်ပိန်း အောင်မြင်စွာပြီးမြောက်ရေးအတွက် လှိုက်လှဲစွာ ပါဝင်လှူဒါန်းခဲ့ကြသော အလှူရှင်များနှင့် အစဉ်တစိုက် အားပေးခဲ့ကြသော စာဖတ်ပရိသတ်များ တစ်ဦးတစ်ယောက်ချင်းစီကို အထူးပင် ကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်ပါတယ်ဗျာ။

ထိုနည်းလည်းကောင်း မေးမြန်းချင်သူများတိုင်ပင်ချင်သူများအတွက်လဲ တံခါးဖွင့်ထားပေးပါကြောင်း ရရှိသမျှငွေအလုံးစုံအား တော်လှန်ရေး/ပြန်လည်ထူထောင်ရေး ရန်ပုံငွေအဖြစ် သိမ်းဆည်းထားပေးမည်ဖြစ်ပါကြောင်း လစဥ်ထည့်ဝင်ပေးမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်ဗျာ။


Read more

Alternative Options: ဥရောပနဲ့ အခြားနိုင်ငံများသို့ ကူးပြောင်းခြင်း

Alternative Options: ဥရောပနဲ့ အခြားနိုင်ငံများသို့ ကူးပြောင်းခြင်း

ဒီStudent Visaကိစ္စအပြောင်းအလဲနဲ့ပတ်သက်ပြီး ကျနော်အကြံပြုချင်တာရှိပါတယ်။ ဒါက Studentတွေရော Education Providerတွေရောကိုပါ အကျုံးဝင်ပါတယ်။ ပထမတစ်ခု။ နိုင်ငံအပြောင်းအလဲ။ ကျနော်တို့လို ကျောင်းသားအမျ

By Moe Htet
UK ရဲ့ "Emergency Brake" ဗီဇာပိတ်ပင်မှု နောက်ကွယ်က အချက်အလက်များ

UK ရဲ့ "Emergency Brake" ဗီဇာပိတ်ပင်မှု နောက်ကွယ်က အချက်အလက်များ

သတင်းတွေမှာ UK က မြန်မာအပါအဝင် နိုင်ငံ ၄ နိုင်ငံ (အာဖဂန်နစ္စတန်၊ ကင်မရွန်း၊ ဆူဒန်၊ မြန်မာ) ကို Student Visa (ကျောင်းသားဗီဇာ) ပိတ်လိုက်ပြီဆိုတဲ့ သတင်းတွေ တက်လာတော့ လူတေ

By Moe Htet