London က Fundraisingပွဲလေးတစ်ခု။

တစ်နေ့က London Tudor Park Sports and Leisureမှာ ယူကေရောက်မြန်မာများမှဖန်တီးပြုလုပ်ခဲ့သောပွဲလေးကပုံရိပ်တွေပါဗျာ။ လူရှိရှိမရှိရှိ ဝင်တိုးမိခဲ့ရင် ခွင့်လွှတ်ပါဗျိုး။ Tableတိုင်းကို လိုက်မရိုက်ကူးနိုင်ခဲ့တာ sorryပါဗျာ။

တစ်လတစ်ခါလောက်ပြုလုပ်တတ်လို့ နောက်တစ်ခါထပ်မံသွားရောက်ချင်ရင်တော့ "Myanmar Event in UK" facebook pageမှာ အမြဲတစေစောင့်ကြည့်နိုင်သလို သက်ဆိုင်ရာ fundraiser တွေဆီကနေလဲ ကြည့်ထားနိုင်ပါတယ်ဗျာ။ Manchester, Sheffield, Londonစတဲ့မြို့တွေမှာ ပြုလုပ်တတ်ကြပါတယ်ဗျ။

Videoလေးကိုတော့ လက်မငြိမ်လို့ နဲနဲပြုပြင်ပြီးမှ တင်ပါမယ်ဗျိုး။

နောက်နေ့တော့ မဖြူဖြူကျော်သိန်းရဲ့ တစ်ကိုယ်တော်showလေးတော့ရှိတယ်။ ကျနော်တော့ သွားလာရမှာနဲ့ အနည်းဆုံး ၁၀၀ လောက်ကုန်ဖို့မြင်နေလို့ စဥ်းစားနေရပါတယ်ဗျိုး။

Place : Tudor Park Sports and Leisure, Browells Ln, Feltham TW13 7EF

ကြိုဆိုနေတာကတော့ တိုဟူးနွှေးပါဗျာ။
UK Shan State Society Table ကပါ။ ဟိုဟာမထည့်နဲ့ ဒီဟာမထည့်နဲ့လို့ စကားများတတ်သူတောင် အရမ်းကြိုက်။
အမေစုပုံလေးတွေ ပန်းချီလေးတွေနဲ့ပါဗျိုး။
ရိုးရာအဝတ်အစားလေးတွေပါ။
ဟင်းလျာလေးတွေ လက်မလည်အောင် ရောင်းနေကြရတာ ပျော်စရာ(ကျနော်တော့ မကြိုက် ဟဲဟဲ)
မုန့်လင်မယား။ အိမ်မှာပါ လုပ်စားဖို့ ကြံစည်နေပြီ တစ်ခါတစ်ခါစားချင်တိုင်း စောင့်ရတာမသက်သာ။
ပဲပြုတ်ထမင်းကို နှပ်ထားတဲ့ vegetableလေးတွေနဲ့ ငရုတ်သီးကြော်နဲ့ သူသိပ်ကောင်း။ ပူရင်တော့ ပိုမိုက်မှာ ပဲနံ့မွှေးမွှေးနဲ့ ထမင်းအိုးဖွင့်လိုက်တာနဲ့ အငွေ့တွေ ကိုယ့်ကို ဝုန်းခနဲ။ အခုလဲအရမ်းမိုက်
မရတော့ဘူး။
ဖျော်ဖြေရေးအစီအစဥ်တွေပါပါသေးတယ်နော်။
မုန့်ဟင်းခါးရှိတဲ့tableလေးပါ။
မော်လမြိုင်အုန်းနို့ခေါက်ဆွဲ။ နောက်လဲ လာဦးနော်လို့ live ပါ စင်ပေါ်ချက်ပြလိုက် မအိရေ။
ဒေါက်တာဆာဆာနဲ့ သူ့ရဲ့other side><။ သူအရမ်းမိုက်။
crowdကတော့ အကြီးကြီးပဲ.

Read more

Alternative Options: ဥရောပနဲ့ အခြားနိုင်ငံများသို့ ကူးပြောင်းခြင်း

Alternative Options: ဥရောပနဲ့ အခြားနိုင်ငံများသို့ ကူးပြောင်းခြင်း

ဒီStudent Visaကိစ္စအပြောင်းအလဲနဲ့ပတ်သက်ပြီး ကျနော်အကြံပြုချင်တာရှိပါတယ်။ ဒါက Studentတွေရော Education Providerတွေရောကိုပါ အကျုံးဝင်ပါတယ်။ ပထမတစ်ခု။ နိုင်ငံအပြောင်းအလဲ။ ကျနော်တို့လို ကျောင်းသားအမျ

By Moe Htet
UK ရဲ့ "Emergency Brake" ဗီဇာပိတ်ပင်မှု နောက်ကွယ်က အချက်အလက်များ

UK ရဲ့ "Emergency Brake" ဗီဇာပိတ်ပင်မှု နောက်ကွယ်က အချက်အလက်များ

သတင်းတွေမှာ UK က မြန်မာအပါအဝင် နိုင်ငံ ၄ နိုင်ငံ (အာဖဂန်နစ္စတန်၊ ကင်မရွန်း၊ ဆူဒန်၊ မြန်မာ) ကို Student Visa (ကျောင်းသားဗီဇာ) ပိတ်လိုက်ပြီဆိုတဲ့ သတင်းတွေ တက်လာတော့ လူတေ

By Moe Htet