Fosters and Partners ရဲ့London HQသို့အလည်တစ်ခေါက်

Fosters  and Partners ရဲ့London HQသို့အလည်တစ်ခေါက်

Apple Parkအဆောက်အဦးကိုတည်ဆောက်ခဲ့တဲ့Architecture Firm တစ်ခုအနေနဲ့ကျနော်သိထားတဲ့Fosters and Partnersရဲ့ Londonရုံးခွဲကို တစ်နေ့ကOffice Visitအနေနဲ့ရောက်ရှိခဲ့ပါတယ်။ ဒုတိယနှစ်မပြီးဆုံးခင်ကာလမှာတင်ပဲ အကုန်လုံးကကျောင်းစာတွေနဲ့အလုပ်ရှုပ်နေကြတဲ့အချိန် ကျောင်းရဲ့Work placementတို့Employment opportunityတို့နဲ့ပတ်သက်ပြီးမေးမြန်းလို့ရတဲ့ဆရာကနေပြီးတော့ ကျောင်းသားတိုင်းကိုemailလေးတွေလှမ်းပို့ပါတယ်။

"Foster + Partners ရှိ Education and Talent Team မှ Brookes တက္ကသိုလ်မှ ကျောင်းသားများကို London HQကုမ္ပဏီရုံးခန်းသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားလိုပါကြောင်း.."ပေါ့။ အခုနှစ်မှာဘွဲ့ရကြမယ့် BA in Interior Architecture, BA in Architecture (Part 1) နှင့် MArchD (Part 2) မှ ကျောင်းသားများအတွက် အဓိကရည်ရွယ်တယ်။ သို့သော်emailရရှိသူArchitecture Facultyကကျောင်းသားတိုင်း လာနိုင်ပါတယ်ပေါ့။

အရင်နှစ်ကတော့ကျနော်မသွားဖြစ်ခဲ့ဘူး။ အခုနှစ်တော့ ကိုယ်နဲ့ဆက်စပ်မှန်းသိလာတယ်။ တကယ်လဲအကျိုးရှိခဲ့ပါတယ်။


Fostersမိတ်ဆက်

ကျွန်တော်တို့လို ဗိသုကာကျောင်းသားတွေအတွက်တော့ Foster + Partners ဆိုတာ မစိမ်းတဲ့နာမည်တစ်ခုပါ။ နာမည်ကျော်ဗိသုကာပညာရှင် Norman Fosterမှတည်ထောင်ခဲ့တယ်။ ရေရှည်တည်တံ့ခိုင်မြဲသော၊ ဆန်းသစ်သော နှင့် ခေတ်မီသော ဒီဇိုင်းလက်ရာများကြောင့် လူသိများတယ်။ မြို့ပြစီမံကိန်း၊ အတွင်းပိုင်းဒီဇိုင်း နှင့် စက်မှုဒီဇိုင်းများအထိ ကျယ်ပြန့်စွာဆောင်ရွက်လျက်ရှိတယ်။ ၂၀၂၃ ခုနှစ် ဧပြီလတွင် ကုန်ဆုံးခဲ့သော ဘဏ္ဍာရေးနှစ်အရ Foster + Partners ၏ နှစ်စဉ်ဝင်ငွေ (Turnover)က ပေါင်သန်း ၄၂၂ (£422 million) အထိ စံချိန်တင် ရောက်ရှိခဲ့တယ်။ (The Architect's Journal, 2024). နာမည်ကြီးအဆောက်အဦးတွေကတော့

  • Apple Park (ကမ္ဘာကျော် Apple ကုမ္ပဏီ၏ ရုံးချုပ်) - ကူပါတီနို၊ ကယ်လီဖိုးနီးယား၊ အမေရိကန်နိုင်ငံ
  • London Wembley Stadium (ဝမ်ဘလေအားကစားကွင်း) - London, UK
  • Hong Kong International Airport, HK

Office Visit အစအဆုံး

Scheduleအတိုင်းပဲ London, Battersea Headquartersကို ရုံးဆင်းချိန် ညနေ ၅နာရီအရောက်သွားဖြစ်ခဲ့ပါတယ်။ အထဲကိုတော့ပုံရိုက်ခွင့်မရှိ၍ မဖော်ပြတော့ဘူး။ အဓိကကတော့ Senior Partnerတစ်ဦးက ကျောင်းသားကျောင်းသူတွေကို

  • Companyအကြောင်း(ရုံးခွဲအရေအတွက်၊ ဝန်ထမ်းဦးရေ၊ လုပ်ဖြစ်ခဲ့တဲ့Projectတွေ၊ Future Vision)၊
  • Firmမှာရှိတဲ့ ဌာနအခွဲတွေ (Visualisation, Finance, Film,...)နဲ့သူတို့ရဲ့လုပ်ဆောင်ချက်တွေအကြောင်း ရှင်းပြပါတယ်။

ကျောင်းသားကျောင်းသူတွေကို အဖွဲ့ကိုယ်စီနဲ့ ထိုရုံးချုပ်က ရုံးခန်းလေးတွေကိုပတ်ပြတယ်။ Material Bankဆိုတဲ့ဆောက်လုပ်ရေးပစ္စည်းတွေချည်းသီးသန့်ထားတဲ့Officeထဲမှာဆို သူတို့တည်ဆောက်ခဲ့ဖူးတဲ့အဆောက်အဦးတွေရဲ့Materialတွေအကုန်လုံးကို ပမာဏသေးသေးလေးတွေစီ စုစည်းထားတယ်။ စမ်းသပ်နေဆဲmaterialတွေကိုလဲပြသထားပါတယ်။

ပြီးတော့ Visitorတွေကြည့်လို့ရတဲ့နေရာတွေကိုပတ်ပြတယ်။ Presentationလုပ်တဲ့နေရာလေးတွေ၊ အဓိကအလုပ်လုပ်တဲ့စားပွဲနေရာလေးတွေ၊ 3D Printထုတ်တာတွေ၊ Laserဖြတ်တာတွေနဲ့ Modelလုပ်တဲ့Workshopနေရာ၊ Film Departmentကလုပ်တဲ့Editလုပ်တဲ့နေရာ အစုံပါပဲ။ မိတ်ဆက်ပြပါတယ်။

နောက်တော့ ကျနော်တို့ကို အလုပ်နဲ့ပတ်သက်တာတွေပြောပြပေးပါတယ်။

  • အလုပ်လျှောက်ရန်လိုအပ်ချက်များ (Application & Portfolio Advice): ကျောင်းသားများအနေနဲ့ အလုပ်သင် (Internship) သို့မဟုတ် ဘွဲ့ရအလုပ် (Graduate Role) အတွက် ဘယ်လိုလျှောက်လွှာတင်ရမလဲ၊ CV နဲ့ Portfolio ကို ဘယ်လိုပြင်ဆင်သင့်လဲဆိုတဲ့ အကြံဉာဏ်တွေပေးတယ်။
  • လိုအပ်သော အရည်အချင်းနှင့် Software များ (Skills & Software): ကုမ္ပဏီမှာ အသုံးများတဲ့ Design Software တွေ (ဥပမာ - Revit, etc.) နဲ့ အလုပ်ခွင်ဝင်ဖို့ ဘယ်လိုအရည်အချင်းတွေ ပြင်ဆင်ထားသင့်တယ်ဆိုတာကို ရှင်းပြပေးတယ်။
  • ဝန်ထမ်းများ၏ အတွေ့အကြုံများ (A Day in the Life): လက်ရှိအလုပ်လုပ်နေတဲ့၊ အထူးသဖြင့် ဘွဲ့ရခါစ ဝန်ထမ်းငယ်တွေက သူတို့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေ၊ ကုမ္ပဏီမှာ ရရှိတဲ့အတွေ့အကြုံတွေနဲ့ သူတို့ရဲ့ တိုးတက်မှုခရီးလမ်းကြောင်းကို မျှဝေပေးတယ်။
  • အမေးအဖြေကဏ္ဍ (Q&A Session): အကြီးတန်းဝန်ထမ်းတွေနဲ့ ဝန်ထမ်းငယ်တွေကို ကျောင်းသားတွေက သိချင်တာတွေ တိုက်ရိုက်မေးမြန်းနိုင်ဖို့ အချိန်ပေးပြီး ဆွေးနွေးကြတာတွေလည်း ပါဝင်ပါတယ်။

HRကရှင်းပြတဲ့ထဲ မှတ်ထားမိသလောက်ဆိုရင်တော့

  • CVကိုရှင်းရှင်းလင်းလင်းရေးဖို့ (Name, Contact, Linkedin Page)၊
  • အခုမှအလုပ်စလျှောက်တဲ့သူဆိုရင် CV ကို ၁မျက်နှာပဲထည့်သွင်းဖို့၊
  • Layoutကို Side Column(Skills, Hobbies, Contact Detail,..)နဲ့ Main Column (Initial Experiences, Education, ..)ထည့်သွင်းဖို့။
  • Portfolio မှာ Landscape Orientationဖြစ်ရမယ်၊ ပုံလေးတွေကClearဖြစ်ရမယ်။ Easy to readဖြစ်ရမယ်။ ကိုယ်လျှောက်ထားတဲ့roleနဲ့ဆက်စပ်နေရမယ်။ Websiteမှာ Portfolioကတင်ထားတယ်ဆို QRအစား Linkလေးအသုံးပြုဖို့။

ည ၇နာရီအပြန် ကျနော်အိမ်သာတက်ချင်လို့ Scooterတစ်စီးနဲ့ မြို့လည်ခေါင်မှာပတ်ခဲ့ရတာအမှတ်တရပါ။ ကားတောင်တိုက်မိမသလိုဖြစ်လိုက်ပါသေးတယ်။ ဘာပဲပြောပြော နေ့လည် ၁နာရီလောက်ကတည်းက Oxfordကထွက်လိုက်တာ အိမ်ကို ည၁၀နာရီမှပြန်ရောက်တယ်။


အဆုံးသတ်

ဒီလိုကမ္ဘာကျော်ဗိသုကာကုမ္ပဏီတစ်ခုကို အနီးကပ်လေ့လာခွင့်ရတာက စာတွေ့သင်ကြားမှုတွေကို အဆပေါင်းများစွာ ပိုပြီးတန်ဖိုးရှိစေတဲ့ အတွေ့အကြုံတစ်ခုပါပဲ။ Apple Park လို အထင်ကရအဆောက်အဦးကြီးတွေရဲ့ နောက်ကွယ်က ဖန်တီးမှုလုပ်ငန်းစဉ်တွေ၊ မတူညီတဲ့ဌာနတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ တီထွင်ဆန်းသစ်မှုတွေကို ကိုယ်တိုင်မြင်တွေ့ခွင့်ရခဲ့ပါတယ်။

CV နဲ့ Portfolio ဆိုင်ရာ အကြံပြုချက်တွေကလဲ ကျောင်းပြီးလို့ အလုပ်ခွင်ဝင်ဖို့ ပြင်ဆင်နေတဲ့သူတွေ၊ အလုပ်ခွင်နယ်ပယ်ကို စတင်ခြေဆန့်နေတဲ့ ကျနော်တို့လို ဒုတိယနှစ်ကျောင်းသားတွေအတွက်တော့ ချက်ချင်းအသုံးတည့်တဲ့ လက်တွေ့ကျတဲ့ လမ်းညွှန်ချက်တွေပါပဲ။

ဒီခရီစဥ်ဘယ်လောက်အကျိုးရှိတယ်မရှိဘူးဆိုတာတော့ ကျနော်မပြောတတ်ဘူး။ သို့သော် အကယ်၍ အလုပ်လုပ်ဖြစ်တဲ့အခါ Firmအကြီးကြီးတစ်ခုမှာဘယ်လိုဆိုတာကိုတော့ မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရတယ်။ အခုလိုစီစဉ်ပေးခဲ့တဲ့ Oxford Brookes University နဲ့ နွေးထွေးစွာကြိုဆိုခဲ့တဲ့ Foster + Partners အဖွဲ့သားအားလုံးကိုကျေးဇူးတင်တယ်။

ကိုယ့်ကျောင်းတွေမှာ ဒီလိုမျိုးမရှိဘူးဆိုရင်လဲ တောင်းဆိုကြဖို့ ကျောင်းသားတွေအတွက် ညနေခင်းတစ်ခင်းစာဖန်တီးပေးကြဖို့ အကြံပြုချင်ပါတယ်။ ကျောင်းဘက်ကလဲ တန်ဖိုးမဖြတ်နိုင်တဲ့အတွေ့အကြုံလေးတွေရတယ်။ Companyဘက်ကလဲ ကိုယ့်အလုပ်ကိုမိတ်ဆက်ပေးသလိုဖြစ်တယ်။ နောင်တစ်ချိန်အလုပ်ဝင်ချင်မယ့် ကျောင်းသားGraduateတွေရတယ်။ နှစ်ဖက်လုံးအတွက်ကောင်းမွန်တဲ့relationshipတစ်ခုဖြစ်ပါတယ်။

မိတ်ဆွေတို့လဲ Office Visitတို့ အလုပ်ရုံကိုVisitတာမျိုးတို့ဆိုရင် လက်မလွှတ်မိပါစေနဲ့။ (Visitတိုင်းကတော့ကောင်းနေမှာမဟုတ်ပါဘူး၊ အပေါ်ယံလောက်ပဲလုပ်ကြတဲ့သူတွေလဲရှိတယ်။ ဒါမျိုးဆိုရင်တော့လဲဒါမျိုးပေါ့)


Read more

မိတ်ဆွေတို့အတွက် သတင်းကောင်းနောက်တစ်ခု။

မိတ်ဆွေတို့အတွက် သတင်းကောင်းနောက်တစ်ခု။

အမှန်တော့ ဒီသတင်းလေးက အရင်တစ်ခေါက် Exhibition အကြောင်းရေးတဲ့ထဲမှာ ပါသွားခဲ့ပေမယ့် စာတွေများသွားတော့ သတိမထားလိုက်မိမှာစိုးလို့ သီးသန့်အနေနဲ့ ပြန်တင်ပေးတာပါ။ ကျနော့်ရဲ့ "

By Moe Htet
"Portfolio တည်ဆောက်ခြင်း အနုပညာ (အပိုင်း ၂) - စနစ်တကျတည်ဆောက်ခြင်းနှင့် ဆွဲဆောင်မှုရှိသော တင်ဆက်ခြင်း

"Portfolio တည်ဆောက်ခြင်း အနုပညာ (အပိုင်း ၂) - စနစ်တကျတည်ဆောက်ခြင်းနှင့် ဆွဲဆောင်မှုရှိသော တင်ဆက်ခြင်း

Portfolio တည်ဆောက်ခြင်း အနုပညာရဲ့ [အပိုင်း (၁)](Link to Part 1) မှာတုန်းက Portfolio တစ်ခုရဲ့ အရေးပါပုံ၊ ကိုယ့်ရဲ့အရည်အသွေးကိုပြသနိုင်မယ့် Project တွေကို ဘယ်လိုဖန်တီးမလဲ၊ ပြီးတော့ အဲ့ဒီအလုပ်

By Moe Htet
Portfolio တည်ဆောက်ခြင်း အနုပညာ (အပိုင်း ၁) - အခြေခံအုတ်မြစ်နှင့် မှတ်တမ်းတင်ခြင်း"

Portfolio တည်ဆောက်ခြင်း အနုပညာ (အပိုင်း ၁) - အခြေခံအုတ်မြစ်နှင့် မှတ်တမ်းတင်ခြင်း"

Portfolioဆိုတာ ကျနော့်အတွက်တော့ စာသင်နှစ်တာပတ်လုံးလုပ်ထားခဲ့သမျှ အလုပ်တွေရောProjectသေးသေးလေးတွေရော အကုန်လုံးကို စနစ်တကျစုစည်းထားတဲ့ မှတ်တမ်းပေါင်းချုပ် လို့မြင်တယ်။ ဓာ

By Moe Htet