UKမှာ Accomodationအိမ်နေရာဘယ်လိုရွေးချယ်မလဲ။

UKမှာ Accomodationအိမ်နေရာဘယ်လိုရွေးချယ်မလဲ။
Oxford Brookes Headington Campusရဲ့ Vegetation Sketchလေးတစ်ခု

 “ကိုယ်က မြို့ထဲဘက်မှာ လူရှုပ်ရှုပ်နဲ့ကြိုက်တဲ့သူလား။ မြို့ပြင် တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမျိုးမှာမှ နေရတာ ပျော်တဲ့သူလား။ ဒီပေါ်မူတည်တယ်။ ကျနော်က လူရိပ်ရှိရှိမရှိရှိ သာသာယာယာပါပဲ။ “

မြို့တစ်မြို့ချင်းစီကွာခြားပါလိမ့်မယ်။​ကျနော်ကတော့ Oxfordကကျောင်းသားpoint of viewကနေရေးသားပါတယ်။

ဒါလေးက အနီးအနားမှာရှိတဲ့ တောအုပ်လေးတစ်ခုထဲ စက်ဘီးနဲ့ လျှောက်သွားနေတာပါ။


မြို့ထဲဘက်နီးဖို့လိုသလား

လူတွေအများစု ထင်မှတ်မှားကြတာက မြို့ထဲနဲ့နီးဖို့လိုတယ်ဆိုတာပါပဲ။ ပြန်စဥ်းစားကြည့်ကြည့်။ မြို့ထဲဘက်ကောပုံမှန်သွားဖြစ်လို့လား။ ကျနော်နေတဲ့အတွေ့အကြုံအရတော့ ဟုတ်တယ် အရေးကြီးတာဘာလုပ်ဖို့လိုလို အနီးစပ်ဆုံးကတော့ city centre။ စာရွက်စာတမ်းကိစ္စတွေလုပ်ဖို့ Post officeရှိတယ်။ အင်္ကျီ၊ ဖိနပ်၊ ဘောင်းဘီ စတဲ့အဝတ်အစားတွေဝယ်ဖို့ Primark, Next, H&M, Zara, Mango, JDစတဲ့ ဆိုင်တွေရှိတယ်။ အစားအသောက်တွေစားချင်ရင် Wendys, Popeyes, KFCတို့လိုမျိုး Fast foodတွေ၊ Cafeတွေ အကုန်လုံး နီးနီးစပ်စပ် ရှိတယ်။ ဟုတ်တယ်။ 

ပုံမှန်သွားဖြစ်လောက်တဲ့နေရာမျိုးလားဆိုတော့ မဟုတ်ဘူး။ အကုန်လုံးရှိပေမယ့် နီးနီးစပ်စပ်မှာလဲ ပိုကောင်းတဲ့ဆိုင်တွေ ပိုကောင်းတဲ့အရာတွေရှိမှာပဲလေ။ ကျနော့်အတွက်ကတော့ နီးဖို့လိုအပ်လားဆိုတော့ ဟုတ်တာပေါ့ မြို့ပြင်တော့ဖြစ်နေလို့မရဘူးလေ အထူးသဖြင့် Oxfordလိုမျိုး မြို့ငယ်လေးမှာ City centreကနေ ၂မိုင် ၃မိုင်လောက်ဝေးသွားပြီဆိုတာနဲ့ နေရာက လုံးဝ အမြန်လမ်းမပေါ်ရောက်သွားသလိုမျိုး တောထဲရောက်သွားသလိုမျိုး သစ်ပင်တွေမှအပ ဘာမှသိပ်မရှိ။ 

မိမိတက်မယ့် ကျောင်းနဲ့ campus။

It applies to all universitiesပါ။​ ကျောင်းနာမည်လေးသိရုံနဲ့ ကျောင်းရဲ့ နာမည်အကြီးဆုံးcampusမှာတက်ရမယ်လို့မဆိုလိုပါဘူး။ ကျောင်းရဲ့နာမည်က Oxford Brookesဆိုရင် campus 4ခုရှိပါတယ်။ မိမိယူမယ့်majorအလိုက် campusတွေကွဲပါတယ်။ ကျောင်းကcampusအသစ်တွေထပ်ပြီးလဲတိုးချဲ့ထားသလို တိုးချဲ့ဖို့ရှိသလို တချို့campusတွေကိုနေရာရွှေ့ဖို့ရှိပါတယ်။ (ဥပမာ-မြို့လယ်နဲ့ ၇ မိုင်လောက်ဝေးတဲ့ Wheatley campusမှာရှိတဲ့activityတွေကို မြို့လယ်နဲ့ တစ်မိုင်ခန့်သာဝေးတဲ့ headington campusဆီရွှေ့ဖို့ ဖန်တီးနေတာပါ)။ ဒီအရာတွေကိုချင့်ချိန်ပြီးတော့ အဆောင်လဲရွေးရပါတယ်။ 

ကျောင်းနဲ့ပတ်သက်တဲ့အကြောင်းလေးတွေကိုတော့ကျောင်းရဲ့ youtube channelမှာကော ကျောင်းရဲ့ websiteဖြစ်တဲ့ brookes.ac.uk မှာရေးသားထားပါတယ်။ videoလေးတွေလဲရှိပါတယ်။ ကိုယ်တွေကUKမှာ ကိုယ်တိုင်မရှိပြန်တော့ ကျောင်းနဲ့ပတ်သက်တဲ့ tourကိုတော့ လူကိုယ်တိုင်ကိုယ်ကျ in-personတက်ရောက်နိုင်မယ့် မြန်မာကျောင်းသားများ နည်းပါတယ်မရှိသလောက်ပါပဲ။ အနီးစပ်ဆုံးဖြစ်အောင်တော့ vlogလေးတစ်ခုဖန်တီးပါဦးမယ်။ 

အိမ်နဲ့ကျောင်းနဲ့ရဲ့ကြားထဲက အကွာအဝေး။

အိမ်ကနေကျောင်းကို ဘယ်လိုသွားမလဲ။ လူကိုယ်တိုင်သွားရမှာဖြစ်တဲ့အတွက် အစစအရာရာချိန်ဆထားဖို့လိုအပ်ပါတယ်။ ကျောင်းကိုသွားတဲ့နည်းလမ်းတွေစဥ်းစားထားဖို့လိုပါတယ်။ 

ကျနော့်ရဲ့ အဆောင် Parade Greenကနေ ကျောင်းကိုသွားဖို့နည်းလမ်းက ပုံမှန်သွားလို့ရနိုင်တဲ့နည်းလမ်း ၃ခု။ ပုံမှန်မဟုတ်တဲ့ လူတိုင်းလုပ်လို့တော့ရတဲ့ နည်းလမ်းတွေတော့ရှိတာပေါ့။ 

  • ကျောင်းကို Busနဲ့သွားဖို့။ ကျောင်းကprovideထားတဲ့အဆောင်ဖြစ်တာမို့လို့ Bus routeပေါ်မှာသွားကျပါတယ်။​ Bus 100ပါ။ အိမ်နဲ့မှတ်တိုင်နဲ့ ၂/၃မိနစ်လောက်ပဲ။ ကားပေါ် ၁၅/၂၀ မိနစ်လောက်ကြာတယ်။ ကြာတယ်။ ကျောင်းနဲ့ကားမှတ်တိုင်နဲ့ကနီးနီးလေးပဲကျောင်းရှေ့တင်မို့။ 
  • ကျောင်းကိုစက်ဘီးနဲ့သွားဖို့။ စီးနိုင်တဲ့အရှိိန်အလိုက် ပုံမှန်အားဖြင့် ၁၀မိနစ် ၁၅မိနစ်လောက်ကြာပါတယ်။ ဂုံးတက်ဂုံးဆင်းတွေရှိပါတယ် အရမ်းကြီးတော့steepမဖြစ်ပါဘူး။ စီးလို့ကောင်းလားဆိုတော့ ရန်ကုန်မှာစီးတာနဲ့လုံးဝမတူပါဘူး ဒီမှာက စက်ဘီးလမ်း၊ လူသွားလမ်းကို သေသေချာချာခွဲထားပါတယ်။ ပလက်ဖောင်းအတက်အဆင်းကအစ wheel chairအသုံးပြုတဲ့သူတွေအဆင်ပြေဖို့ ဖန်တီးထားတာဆိုတော့ စက်ဘီးလောက်ကတော့ အေးအေးဆေးဆေးအသုံးပြုလို့ရနိုင်ပါတယ်။ စက်ဘီးဝယ်ဖို့ Halfordကိုအကြံပြုပါတယ်။ 
  • လမ်းလျှောက်။ လမ်းလျှောက်လို့ရပါတယ်။ အိမ်နဲ့ ၁နာရီလောက်ကြာပါတယ်။ လမ်းလျှောက်လို့တော့ကောင်းတယ် အထူးသဖြင့် ကားလမ်းမပေါ်ကထက် မြက်ခင်းပြင်ပေါ်က trailတွေကအဆင်ပြေတယ်လေ။

School Suppliesတွေဝယ်ဖို့နေရာများ

ကျနော်က architectureယူထားတာဆိုတော့ architectureနဲ့ပတ်သက်တဲ့suppliesတွေကို ဝယ်ဖို့လိုအပ်တယ်။ Amazonကမှာလို့ရင် Primeနဲ့တောင် တစ်ရက် သို့ နှစ်ရက် ကြာတယ်။​ ကျောင်းမှာ ဝယ်လို့ရတယ် မြို့ထဲဘက်ဝယ်လို့ရတယ် Qualityအဆင်ပြေပေမယ့် စျေးကြီးတယ်။ အထူးသဖြင့် စာရွက်တွေဆိုရင် လွယ်အိတ်ထဲထည့်ရင်မဆံ့မှာနဲ့ ထည့်ရတာခက်တာနဲ့ သယ်ရပြုရတာအဆင်မပြေဘူး။ အဲ့တော့ မှာရတယ်။ မှာတဲ့အချိန်၊ သွားဝယ်ရမယ့်နေရာနဲ့ စရိတ်ကို ချိန်ဆပြီး ဝယ်သင့်တာဝယ်ရတယ်။ စျေးကြီးပေးဝယ်နိုင်ရင်တော့ရတာပေါ့။ 

ကျနော်က Hobby craftမှာပဲဝယ်ဖြစ်တော့ အိမ်နဲ့က မရှိဆို ၄၅မိနစ် ၁နာရီလောက်သွားရတယ် စက်ဘီးနဲ့တောင်။ ကားငှားသွားရင်တောင် ပေါင် ၂၀ ပေါင် ၃၀။ အဲ့တော့ နီးနီးနားနားဖြစ်မဖြစ်ပေါ်မူတည်ပြီးဝယ်ရပါသေးတယ်။ ဘယ်လောက်ကြီးပဲတိုးတက်တဲ့မြို့ပဲဖြစ်နေပါစေ အဲ့တိုးတက်တဲ့အတိုင်း ကုန်ကျစရိတ်ကသက်သာဦးမှ မဟုတ်ရင် ငွေကလိုက်နိုင်ဦးမှ။ စစချင်းကျောင်းမတက်ခင်မရောက်ခင်တော့ ဒါတွေသိဦးမှာမဟုတ်ဘူး။ အကောင်းဆုံးကတော့ မြို့နဲ့အရမ်းအလှမ်းမဝေးတဲ့နေရာလေးမှာနေ။ လူအရောက်ကားအရောက်ပေါက်တဲ့နေရာလေးကိုရွေး။ 

စျေးဝယ်ဖို့နေရာများ


Groceriesဝယ်ဖို့ Tesco, Iceland, Sainsbury, Co-op, Aldi, Lidlစတာတို့ရှိတယ်။ ရန်ကုန်ရဲ့ City martတို့Oceanတို့လိုမျိုးပါပဲ။ အသားစိမ်းငါးစိမ်းတွေကအစ vegetableလေးတွေ အကုန်ရပါတယ်။ ဆိုင်အကြီးအသေးပေါ်မူတည်ပြီး ပစ္စည်းရနိုင်တာ မရနိုင်တာတွေကွာသွားတယ်။ စျေးပေါတာမပေါတာ၊ Qualityကောင်းမကောင်းလဲကွာသွားတယ်။ 


UKမှာ စျေးဝယ်ဖို့တန်တဲ့နေရာကို Lidlတို့Aldiတို့လို့ညွှန်ပေးကြတယ်။ စျေးတကယ်နည်းပါတယ်။ နို့ထွက်ပစ္စည်းတွေ အသင့်စားအစားအသောက်တွေ vegetableလေးတွေကအစ နည်းပါတယ်။ သို့ပေမယ့် သွားရတာလှမ်းတယ်။ Oxfordဆိုတစ်မြို့လုံးမှာ Aldiနှစ်ခုပဲရှိတယ်။ Lidlလဲ ထိုနည်းလည်းကောင်းပဲ။ ပြီးတော့ စျေးနည်းတယ်လို့သာဆိုတယ် တကယ့်တကယ်တွက်ဆကြည့်ရင်က ကွာတဲ့ဟာကသာကွာတာပါ။ မကွာတာကျတော့လဲမကွာပြန်ဘူး။ ပုံမှန်အစားအသောက်တွေပဲရတယ်။ လူစားများတာတွေပေါ့။ လူစားနည်းတာတွေမရဘူး။ အသုံးအဆောင်လေးတွေ သိပ်မကောင်းတာပဲရတတ်တယ်။

Tesco၊ Sainsburys၊ Iceland၊Co-op တို့လိုမျိုး ဆိုင်တွေက စုံတယ်။ ဆိုင်တော့ကျဥ်းတယ်။  ပုံမှန်ဆိုင်လေးတွေမှာတော့ နေ့စဥ်လိုအပ်မယ့်အသုံးအဆောင်လေးတွေရတတ်ပါတယ်။ Supercentreတို့လိုမျိုး ဆိုင်အကြီးမှာတော့ ပိုရတာပေါ့။ နေ့စဥ်သုံးပစ္စည်းလေးတွေအပြင် ရွေးစရာပိုများတယ်။ 

ရန်ကုန်မှာ ဘယ်သွားသွား တက်စီ(သို့မဟုတ်)ကိုယ်ပိုင်ကားနဲ့ သွားကြတာများတော့ သိပ်စဥ်းစားဖို့မလိုပါဘူး။ ဒီဘက်မှာကျတော့ စျေးကြီးတဲ့အတွက် အသုံးအများဆုံးက Bus။ Busကားစောင့်ရပြန်ရင်း အထုတ်အလေးကြီးတွေကို အဆောင်ကိုဆွဲသယ်ရပြန်ရင်း ကျောင်းချိန်နဲ့ ချိန်ဆရပြန်ရင်း စုံပါတယ်။ Online orderမှာလို့ရတယ်ဆိုပေမယ့် စျေးလဲဝယ်ချင်ကြသေးတယ်မဟုတ်လား။

Location

ဒါကတော့နေဖူးတဲ့သူပိုသိပါလိမ့်မယ်။ မြို့တစ်မြို့စီနဲ့လဲဆိုင်တာကိုး။ Oxfordနဲ့ယှဥ်ပြောရမယ်ဆိုရင် ရထားလမ်းအကျော် Botleyဘက်က မြို့ခံတွေများတယ်ပြောလို့ရတယ်။ Abington တို့ Blackbird Leysတို့လိုမျိုးနေရာလေးတွေကော မဆိုသာဘူး။ ဝေးတော့ဝေးတယ်။ ကျောင်းသားတွေများတဲ့နေရာမျိုးက Hollow Wayဘက်၊ Headingtonပတ်ချာလည်လူအနေများတယ်။ Cowleyလမ်းဘက်တို့ဆို တရုတ်အစားအသောက်တွေပေါတယ် ကလပ်တွေပေါတယ် နားတော့ညီးတယ်။ 

ကိုယ်ကြိုက်တဲ့preference။

ကိုယ်က မြို့ထဲဘက်မှာ လူရှုပ်ရှုပ်နဲ့ကြိုက်တဲ့သူလား။ မြို့ပြင် တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမျိုးမှာမှ နေရတာ ပျော်တဲ့သူလား။ ဒီပေါ်မူတည်တယ်။ ကျနော်က လူရိပ်ရှိရှိမရှိရှိ သာသာယာယာပါပဲ။ ကျနော့်အတွက်လိုအပ်တာက လယ်ကွင်းလေးတွေ မြက်ခင်းပြင်လေးတွေကို နေ့စဥ်ဖြတ်သန်းရမယ်။ လေကောင်းလေသန့်ရမယ်။ ဆိုင်ခပ်ကြီးကြီးလိုမျိုးမှာ စိတ်အေးလက်အေးဝယ်ခြမ်းလို့ရမယ်။ Architectureနဲ့ပတ်သက်တာလေးတွေ ဝယ်လို့ရမယ်။ ဒါဆို ကျနော့်အတွက်လုံလောက်ပြီ။ သွားရလာရတာမခက်ခဲဘူး စက်ဘီးနဲ့မို့လို့ကော စီးရတာကောမပျင်းလို့ ဟင်းချက်ရတာကြိုက်တယ် ဆူဆူညံညံမကြိုက်ဘူး။ 

ဒီကိစ္စတွေဘယ်လိုသိနိုင်မလဲ။

မလာခင် ရှာဖွေလို့အဆင်ပြေလောက်မယ့် ဆုံးဖြတ်လို့ရမယ့် ကိစ္စလေးတွေတော့ ကျနော်ရေးသားထားပါတယ်။ သတိထားရမှာက City centreနဲ့နီးတိုင်း စျေးကြီးတိုင်း နေရာကောင်းမသွားပါဘူး။ နေလို့ကောင်းမသွားပါဘူး။ အဲ့လိုပဲ ဝေးသွားတိုင်း နေရာမဆိုးပါဘူး။ Still you get what you pay 

မိတ်ဆွေတို့ကော ဘယ်လိုအခန်းလေးတွေကြိုက်နှစ်သက်ကြလဲ။ ဘယ်လိုအခန်းလေးတွေရွေးဖြစ်သွားကြမလဲ။ ဆုံးဖြတ်ဖို့ကော ဘယ်လောက်အထိ အထောက်အကူဖြစ်မလဲ ကျနော်မသိဘူး။ အခုကာလ accomodationတွေ bookတဲ့ကာလမို့ လိုအပ်မယ်ထင်တဲ့သူတွေကို referပေးပါဦးဗျ ကျေးဇူးတင်ပါတယ်။

Read more

မင်္ဂလာပါ မိတ်ဆွေတို့၊

မင်္ဂလာပါ မိတ်ဆွေတို့၊

တက္ကသိုလ်နောက်ဆုံးနှစ်ထဲကို ပိုပြီးနက်နက်ရှိုင်းရှိုင်းရောက်လာတာနဲ့အမျှ၊ အချိန်ဇယားတွေအလွန်တင်းကျပ်လာမယ့်ကာလတွေ ရှိလာပါလိမ့်မယ်။ ဒီလိုအချိန်တွေမှာ၊ မိ

By Moe Htet

Moe Notes Studio Journal #1: A Trap, A Guide, and An Unfaded Sound

(Burmese Version) Moe Notes Studio Journal #1: ထောင်ချောက်တစ်ခု၊ လမ်းညွှန်တစ်ခု၊ နှင့် မမှိန်ဖျော့သေးသော အသံတစ်သံ Issue #1 | Monday, 18 August 2025 မင်္ဂလာပါမိတ်ဆွေ။ Moe Notes ကနေ ပထမဆုံးအကြိမ်ပို့လိုက်တဲ

By Moe Htet
"Moe Notes Studio Journal" နှင့် သီးသန့်စကားဝိုင်း

"Moe Notes Studio Journal" နှင့် သီးသန့်စကားဝိုင်း

This article is also available in [English] အဆုံးမရှိ scroll လုပ်နေရတဲ့၊ ကျယ်လောင်တဲ့ algorithm တွေနဲ့ ခဏတာပဲမြင်ရတဲ့ social media post တွေကြားက ကမ္ဘာကြီးမှာ၊ တကယ့်စစ်မှန်တဲ့စကားဝိုင်းတစ်ခုဆိုတာ ဘာ

By Moe Htet