ဥရောပသို့ ပညာသင်ရန် ခရီး- မြန်မာကျောင်းသားများအတွက် အခက်အခဲများနှင့် ပြင်ဆင်နည်းများ

ဥရောပသို့ ပညာသင်ရန် ခရီး- မြန်မာကျောင်းသားများအတွက် အခက်အခဲများနှင့် ပြင်ဆင်နည်းများ

This article is also available in [Burmese]

ပြည်ပမှာ ကျောင်းတက်မယ့်သူတွေမှာ တတ်နိုင်တဲ့သူအများစုက US, Canada, UKစတဲ့နိုင်ငံတွေကိုသွားကြတယ်။ ဥရောပဘက်လည်းသွားတော့ သွားကြတယ်။​ သို့ပေမယ့်နည်းတယ်။ ဘာလို့ ဥရောပဘက်သွားဖို့ မရွေးကြတာလဲ။

နိုင်ငံခြားကျောင်းတက်ဖို့နိုင်ငံရွေးချယ်ပုံ။

  • ကိုယ်က Budget ဘယ်လောက်သုံးနိုင်တဲ့သူလဲ။
  • ကိုယ့်ဆီမှာ ဘာQualificationတွေရှိလဲ။
  • ကိုယ်က ဘယ်နိုင်ငံတွေကိုစဥ်းစားထားလဲ။
  • ကိုယ်က ဘာmajorတက်ချင်တာလဲ
  • ကိုယ့်မှာအချိန်ဘယ်လောက်ရလဲ။
  • နိုင်ငံခြားထွက်တာ ဘာအတွက်လဲ

ဒီကိစ္စတွေကို သေသေချာချာလေး စဥ်းစားဖူးတဲ့သူတစ်ဦးအတွက် နိုင်ငံရွေးချယ်မှုဆိုတာ မေးခွန်းတွေ ထွက်လာမှာသေချာတယ်. နိုင်ငံတွေကအများကြီးပဲ ကုန်ကျစရိတ်အနည်းအများနဲ့ပဲ တွက်နေမယ်ဆိုရင် ဘာလို့ဥရောပဘက်မသွားကြဘဲနဲ့ USတို့UKတို့ကိုပဲ သွားနေကြတာလဲ။

English သုံးလို့မရဘူးလား

အင်္ဂလိပ်ဆိုတဲ့ ဘာသာစကားကို ပုံမှန်ဘာသာစကားတစ်ခုအနေနဲ့အသုံးပြုတဲ့နိုင်ငံတွေထဲမှာ US, UK, Australia, Canada, Australiaစတဲ့နိုင်ငံတွေ ပါဝင်ပါတယ်။ သို့ပေမယ့် ဒီလိုမျိုးနိုင်ငံတွေမှာတောင် တခြားသောဘာသာစကားတွေ အသုံးပြုကြတာမျိုးရှိတယ်။ ဥပမာ - French လိုမျိုး။

သို့ပေမယ့် ကျန်တဲ့နိုင်ငံတွေမှာကော အင်္ဂလိပ်လို အသုံးပြုလို့ရလားဆိုတော့ရပါတယ်။ သို့ပေမယ့် အတိုင်းအတာတစ်ခုထိပဲ ခရီးသွားရုံလည်ပတ်ရုံအဆင်ပြေနိုင်မှာဖြစ်ပြီး ကျန်တဲ့နိုင်ငံမှာနေထိုင်တဲ့သူတစ်ယောက် ကျောင်းတက်မယ့်သူတစ်ယောက်အနေနဲ့ ရေရှည်အဆင်ပြေဖို့ခဲယဥ်းပါတယ်။

After all, ကျနော်တို့ကလဲ မွေးကတည်းကနေ အခုအသက်အရွယ်ရောက်တဲ့ထိ အင်္ဂလိပ်ဆိုတဲ့ဘာသာစကားနဲ့ ရှင်သန်ကြီးပြင်းခဲ့ကြတာမှမဟုတ်တာ။ အင်္ဂလိပ်လို ဘယ်လောက်ကြီးပဲ နေ့စဥ်အသုံးပြုနေပါတယ် မြန်မာလိုထက် အင်္ဂလိပ်လိုပိုတတ်တယ်ပဲပြောပြော ဒီဘာသာစကားနဲ့ ကြီးပြင်း၊ ဘယ်စကားလုံးမဆို အင်္ဂလိပ်လိုပဲ​လေ့လာသင်ကြားခံခဲ့ကြရတဲ့ သူတွေလောက်တော့ တတ်နိုင်မှာမှမဟုတ်တာ။

 ဘာသာစကားအကြောင်း

အင်္ဂလိပ်ကတော့ နိုင်ငံတကာသုံးဘာသာစကားပဲကွာ ဘယ်နိုင်ငံမဆိုသုံးကြမှာပါ။ ဒါမျိုးစဥ်းစားလို့မဖြစ်နိုင်ပါဘူး။ ဟုတ်တယ် နိုင်ငံတကာသုံးဘာသာစကားအနေနဲ့ သုံးနိုင်ကြပေမယ့် နိုင်ငံအလိုက်ဒေသအလိုက်ကွာခြားကြပါတယ်။

  • အသုံးပြုတဲ့နေရာ (သို့မဟုတ်) မြို့ ရှိရဲ့လား
  • ထိုနိုင်ငံမှ အင်္ဂလိပ်စကားရဲ့တွင်ကျယ်မှု၊
  • ထိုနိုင်ငံမှ မိခင်ဘာသာစကားရဲ့တွင်ကျယ်မှု၊
  • အင်္ဂလိပ်စကားနဲ့မိခင်ဘာသာစကား နှစ်ခုရဲ့အသုံးပြုတဲ့ပုံစံကွာခြားမှု၊
  • ကျောင်းတွေက အင်္ဂလိပ်လိုသင်ရဲ့လား။ သင်ရင်ကော ကောင်းရဲ့လားအဆင်ပြေရဲ့လား၊
  • မိခင်ဘာသာစကားမတတ်ဘဲ နေထိုင်နိုင်ပါ့မလား၊ အလုပ်လုပ်လို့အဆင်ပြေနိုင်မလား။

အင်္ဂလိပ်စာကို မိမိသွားမယ့်နေရာရဲ့အသုံးပြုပုံ

Singapore ဖြစ်စေ New York ဖြစ်စေ Oxfordဖြစ်စေ အင်္ဂလိပ်ကိုအသုံးပြုတဲ့ပုံစံချင်းမတူညီပါဘူး။ UKမှာတောင် တစ်မြို့နဲ့တစ်မြို့ အင်္ဂလိပ်အသံထွက်ပုံတွေမတူညီပါဘူး။ များသောအားဖြင့်touristများတဲ့မြို့မျိုး Studentများတဲ့မြို့မျိုးမှာဆိုရင်တော့ ဒီဟာကပြဿနာတစ်ခုဖြစ်ချင်မှဖြစ်မယ်။

သို့ပေမယ့် အသံထွက်ခက်ခဲတာမျိုးက manageလုပ်လို့ရတယ်။ Adaptလုပ်လို့ရတယ်။​ စစချင်းတော့ခက်ခဲပေမယ့် နောက်ပိုင်းကျရင်တော့ သူ့ဟာနဲ့သူနားယဥ်သွားရော။ ကိုယ့်ဟာကိုယ်သာမသိရင်နေမယ် တဖြည်းဖြည်းနဲ့ ကိုယ်ကိုယ်တိုင်ပါ ကျွမ်းကျင်လာကော။

 UKက လမ်းက signတွေမှာ englishလိုရေးသားထားတယ်။ ဆိုင်းဘုတ်တွေမှာလဲ englishလိုပဲဖြစ်သလို ဘယ်ဆိုင်မဆို အင်္ဂလိပ်လိုတတ်ကြတယ်။ ဒီလိုအခြေအနေမျိုးက ထိုင်းနိုင်ငံမှာမဖြစ်နိုင်ပါဘူး။ Koreaမှာမဖြစ်နိုင်ပါဘူး။ အာရှနိုင်ငံတွေတော်တော်များများမှာ English ကို နိုင်ငံသုံးဘာသာစကားအနေနဲ့အသုံးပြုကြတာနည်းပါတယ်။

ကုန်ကုန် Canadaလို့ဆိုရင် English speaking countryလို့ဆိုလို့ရနိုင်ပေမယ့် Frenchကလဲ canada ရဲ့official language၂ခုထဲကတစ်ခု။ ဒီလိုပဲ EU နိုင်ငံတွေအများစုမှာလဲ သူ့နည်းသူ့ဟန်နဲ့ရှိကြတယ်။ မိခင်ဘာသားစကားမဟုတ်ရင်တောင် Englishတစ်ခုတည်းနဲ့ အဆင်ပြေဖို့ခက်ခဲတယ်။

English လိုမပြောတဲ့နိုင်ငံမှာ ကျောင်းသားတွေဘယ်လိုစာသင်ကြလဲ။

Englishအပြင် အခြားဘာသာစကားကို တွင်တွင်ကျယ်ကျယ်အသုံးပြုကြတဲ့ နိုင်ငံတွေမှာ English taught programဆိုတာရှိပါတယ်။ မိခင်ဘာသာစကားနဲ့သင်တဲ့ courseတွေလဲရှိသလို ထိုcourseတွေကို English နဲ့သင်တာမျိုးရှိတယ်။ International studentတွေအတွက်ဖန်တီးထားတာမျိုးပေါ့။

သို့ပေမယ့် ဒီလိုမျိုးcourseတွေကိုenglishလိုသင်တဲ့အခါ မူရင်းဘာသာစကားနဲ့သင်သလောက်ကောင်းချင်မှကောင်းမယ်။ ဆိုပါစို့Germanyမှာ သင်တဲ့အခါ German လိုနဲ့ Englishလိုရှိတယ်။ GermanyမှာGermanလိုနဲ့ English လိုဆိုပြီး courseတစ်ခုတည်းကိုပဲ ၂ခုခွဲထားတယ်။ ယှဥ်ကြည့်တဲ့အခါ Germanလိုသင်သလောက် ကောင်းချင်မှကောင်းမယ်။ စာသင်တာတစ်ခုတည်းကိုပဲတွက်ထားလို့မရဘူး။

 ကိုယ့်နိုင်ငံ၊ သင်ပေးတဲ့professorတွေရဲ့အရည်အသွေး၊ ကျောင်းတစ်ကျောင်းချင်းစီရဲ့အခြေအနေ၊ ကိုယ့်ရဲ့course၊ ကိုယ့်ရဲ့မြို့ ဒါတွေပေါ်မူတည်ပါလိမ့်မယ်။ သင်ရိုးထဲပါတဲ့contentတွေ စကားလုံးတွေ စာတွေ ဒါတွေကို ဘယ်ဘာသာစကားနဲ့သင်သင် အဆင်ပြေအောင်သင်ပေးတဲ့courseရှိသလို လုံးဝအဆင်မပြေတဲ့ အတန်းမျိုးလဲရှိတယ်။ သင်တန်းမကောင်းရင်ပေါ့ဗျာ။ တစ်ခါတစ်လေလဲ ဘယ်လောက်ပဲသင်သင် ကိုယ့်အတွက်နားလည်ရခက်နေတာမျိုး။

 English လိုသင်မယ်ဆိုရင်တော့ ဒီလိုcourseမှာ ကိုယ့်လိုပဲနိုင်ငံခြားကလာတက်ကြတဲ့ ကျောင်းသားတွေနဲ့ပဲ interactရမယ်။ Germanနည်းလိမ့်မယ်။ Germanလိုသင်တဲ့ courseမှာတော့ Germanတွေများမှာမို့ အချိန်ကြာလာတာနဲ့အမျှ ကိုယ်လဲ သူတို့ရဲ့culture၊ သူတို့ရဲ့ လူနေမှုပုံစံနဲ့ ပေါင်းသင်းဆက်ဆံမှုတွေ ပိုပြီးရှိလာမယ်။

ဘာသာစကားအသစ်တစ်ခုနဲ့ ကျောင်းတက်မယ်ဆိုရင်အဆင်ပြေနိုင်မလား.

 ဆိုပါစို့ Finlandကိုသွားမယ် ကျောင်းတက်မယ်။ ဒီလိုမျိုးဆိုရင် ချက်ချင်းIELTSရှိရုံနဲ့ တန်းသွားလို့ရချင်မှရမယ်။ ကျောင်းတွေရဲ့ဝင်ခွင့်ရဖို့အတွက် ဖင်လန်ဘာသာစကားစာမေးပွဲဖြေပြီးလို့ အောင်မှ တက်လို့ရတဲ့courseတွေဖြစ်နေခဲ့ရင် ဒီဘာသာစကားကို Finlandရောက်မှသင်လို့မရတော့ဘူး။ ကိုယ့်နိုင်ငံမှာကတည်းက ကိုယ့်ဟာကိုယ်သင်ထားမှရမယ်။

 အကယ်၍ ကိုယ်က စာမေးပွဲအောင်သွားလို့ ကျောင်းသွားတက်မယ်ဆိုရင်တောင် ကြုံရမယ့်အခက်အခဲတွေရှိတယ်။ ကျနော်တို့ဗျာ Finlandမပြောနဲ့ ငယ်ငယ်လေးကတည်းက အသုံးပြုလာတဲ့ Englishတောင် စာအနေနဲ့ သင်ရမယ်ဆိုရင် နယ်ပယ်နဲ့သက်ဆိုင်တဲ့အသုံးအနှုန်းတွေပဲဖြစ်ဖြစ် specificဖြစ်တဲ့စကားလုံးတွေပဲဖြစ်ဖြစ် နေ့တူတကွပြောနေကြတဲ့slangတွေပဲဖြစ်ဖြစ် ဒါတွေကို သိဖို့ခဲယဥ်းတယ်။

 ဘယ်လောက်ကြီးပဲ​richဖြစ်လို့ နိုင်ငံခြားသားတွေကြီးပဲရှိတဲ့ကျောင်းမှာပဲတက်လာပါစေ ရှိနေတဲ့နိုင်ငံက မြန်မာနိုင်ငံမို့လို့ မိခင်ဘာသာစကားကိုပဲ ဘယ်နေရာမဆို အဓိကအလေးထားပြီးသုံးကြတာပဲလေ။

. အင်္ဂလိပ်လို စာသင်ကြတဲ့ ကျောင်းမှာ သင်ရင်တောင် ကိုယ်နေ့တူတကွမြင်ဖူးနေတဲ့ ရင်းနီးနေတဲ့ စကားမျိုးဖြစ်နေရင်တောင် စာတွေက နားလည်ရခက်သေးတာပဲ။ ကိုယ်ကUniversityရောက်နေပြီလေ ကလေးတုန်းကလိုမျိုး နားလည်ရလွယ်တဲ့စာတွေ ဝတ္ထုတွေတော့ ဘယ်သင်ပါ့မလဲ။ ကျနော်တို့ဆိုလဲ Englishလိုရေးထားရင်တောင် ကျောင်းက စာအုပ်တွေကို ရုတ်တရက်မြင်လိုက်ရင် နားမလည်ခင်က ဘာတွေရေးလို့ရေးထားမှန်းမသိဘူး။ ဒါတောင်english။

 ကိုယ်မနေ့တစ်နေ့ကမှ စတင်လေ့လာတဲ့ languageကို ဒီလိုမျိုး နေ့တူတကွအသုံးပြုရမယ်။​ ဘာအတွက်မှမသုံးဘူးဆိုရင်တောင် ကျောင်းတက်ဖို့အသုံးပြုရမယ်။ စာအုပ်တွေဖတ်ဖိုအသုံးပြုရမယ် ဆရာတွေရှင်းပြတဲ့အခါfinlandလိုရှင်းပြမယ်။ နားမလည်တာရှိရင်လဲ finlandလိုပဲရှင်းပြမှာပဲလေ English လိုရှင်းပြလဲ အမြဲတစေကြီးtranslateနေနိုင်မှမဟုတ်တာ။ စာမေးပွဲပဲဖြေဖြေ ဘာပဲလုပ်လုပ် ဒီဘာသာစကားအစိမ်းနဲ့ လုပ်ရမယ်။ သာမန်ရိုးရိုးစကားပြောရုံအခြေအနေမျိုးမှမဟုတ်တော့တာ။

ကျောင်းအပြင် အခြားသောကိစ္စတွေလဲအခက်အခဲကြုံရဦးမယ်။


 အင်္ဂလိပ်ဘာသာစကားက မိခင်ဘာသာစကားမဟုတ်တဲ့အခါ မတွင်ကျယ်တဲ့အခါ ဘာအခက်အခဲတွေကြုံတွေ့နိုင်မလဲ။ 

Koreaတို့ Japanတို့ Thaiတို့လိုမျိုး Englishလိုသိပ်မတွင်ကျယ်တဲ့ နိုင်ငံမျိုးအပြင် Europeဘက်လိုမျိုး Englishကိုအနည်းနဲ့အများ နားလည်ကြမယ့်နိုင်ငံတွေမှာလဲဖြစ်ကြတယ်

 ကျောင်းမတက်ခင်ကတည်းက ပြင်ဆင်သွားလို့ရတယ်ဆိုပေမယ့် ဘယ်လောက်ထိပြင်ဆင်နိုင်မှာမို့လို့လဲ။​ ဘယ်ပဲသွားသွား ဘယ်ပဲစားစား ဘာပဲလုပ်လုပ် ဒီသူစိမ်းဖြစ်နေတဲ့languageကြီးက မြင်နေရတယ်။ ဘယ်သူနဲ့ဘာပဲစကားပြောပြော ဒီဘာသာစကားနဲ့ပဲ။ ကိုယ့်ရဲ့social lifeမှာတောင် နေ့စဥ်interactionရှိတဲ့သူတွေက englishလိုပြောတတ်တဲ့သူတွေပဲဖြစ်နေလိမ့်မယ်။

 ကုန်ကုန် သူများGermanလို အတင်းတုပ်နေကြရင် နားလည်ချင်ကြမှာပဲလေ။ ကားလမ်းမပေါ်ကြည့်ကြည့်၊ ဘတ်စ်ကားမှတ်တိုင်ကြည့်ကြည့်၊ ကျောင်းကိစ္စကြည့်ကြည့်၊ အရေးကြီးတဲ့ကိစ္စတွေကြည့်ကြည့် German။ Google translateက အမြဲတမ်းသုံးနေလို့ရတာမှမဟုတ်တာ။

 ခက်ခဲမှုတွေက ပုံမှန်စကားပြောဖို့လိုတဲ့အခါ Englishလိုပဲပြောတတ်မှာမို့လို့ Part timeအတွက်အလုပ်ရှာဖို့ခက်ခဲနိုင်မယ်။​ အလုပ်တွေအများစုက Korean လိုပြောတတ်တဲ့ အလုပ်သမားကို Englishတစ်ခုတည်းပြောတတ်တဲ့သူထက် ပိုပြီးလိုချင်လိမ့်မယ်။ Part timeကနေ ကျောင်းရတဲ့ဘွဲ့နဲ့အလုပ်လုပ်မယ်ဆိုရင်လဲ ဘာသာစကားပြောတတ်တဲ့သူကို ပိုပြီး ဦးစားပေးလိမ့်မယ်။ ဒါမျိုးက အင်္ဂလိပ်လိုမတွင်ကျယ်တဲ့နိုင်ငံမျိုး(ဥပမာ-ထိုင်း)မှာအဖြစ်များတယ်။

 ဒီလိုနိုင်ငံမှာရေရှည်စာသင်ဖို့ နေဖို့အတွက်စဥ်းစားပြီဆိုရင်တော့ သေချာပေါက်လေ့လာရမယ်။ စစချင်းဒီဘာသာစကားကို နားမလည်သေးတဲ့ အခြေအနေကနေ ကျွမ်းကျင်တဲ့အထိလေ့လာရမယ်။ ဒီလိုနဲ့တတ်သွားကြတာပဲလေ။ အချိန်တစ်ခုတော့စောင့်ဆိုင်းရတာပေါ့ဗျာ။


 ဒီကျောင်းတွေက ဘာqualificationတွေလက်ခံလဲ။ ဒီqualificationတွေကို ဘယ်ကobtainရမလဲ။ 

 နိုင်ငံအလိုက်မူတည်ပေမယ့် များသောအားဖြင့် European Countriesတွေအတွက် ကျောင်းရှာတဲ့အခါ IB diplomaကိုတောင်းတတ်ကြပါတယ်။ IBဆိုတာက တော်ရုံကျောင်းမသင်ကြတဲ့ သိပ်မတွင်ကျယ်တဲ့ European diplomaတစ်ခု။

 Brainworksတို့YISတို့ ISYတို့သင်တယ်။ သို့ပေမယ့် ဒီလိုကျောင်းလခက International schoolတွေအတွက်တောင် သိပ်များတာမို့လို့ ရေရှည်မထားနိုင်ကြသလို ထားနိုင်တဲ့သူက လက်ချိုးရေလို့ရတယ်။ OSSDတို့ A levelsတို့ US diplomaတို့နဲ့လဲသွားလို့ရတယ်။​

 တွင်ကျယ်မကျယ် ကိုယ်လိုချင်လောက်မယ့်ကျောင်းမျိုးကို ဘယ်ဟာနဲ့ သွားလို့ရလဲ ကျောင်းဝင်ခွင့်သေချာပေါက်ရမရကတော့ ကျောင်းတစ်ကျောင်းစီပေါ်မှာကော ကိုယ့်အပေါ်မှာပါ မူတည်တော့အတိအကျပြောလို့မရဘူး။


ကျောင်းအကောင်းတွေရဖို့ဘယ်လိုလုပ်ရမလဲ။.

ကျောင်းအကောင်းတွေရဖို့အတွက် လိုအပ်မယ့် requirementsတွေရှိတယ်။ စာသင်တာတွေအပြင်

  • ကိုယ့်ရဲ့စိတ်အားထက်သန်မှု၊
  • ကိုယ်ဘဝတစ်လျှောက်တက်လာခဲ့တဲ့ကျောင်းတွေက ကိုယ့်အခြေအနေ၊
  • ကိုယ့်ဆီမှာထုတ်ပြလို့ရနိုင်တဲ့ rewardsတွေ achievementတွေ၊
  •  တခြားသော community workနဲ့experiencesတွေ၊
  •  ဘာလို့ ဒီလိုကျောင်းမျိုးမှာစာလာသင်ချင်တာလဲဆိုတဲ့reason။

 ဒီလိုမျိုး requirementတွေနဲ့ပြည့်စုံနိုင်တဲ့သူက အရိုးသားဆုံးပြောရရင် ဖြစ်နိုင်ချေအရှိဆုံးက ချမ်းသာတဲ့သူ၊ အိမ်ကလဲ ပညာရေးနဲ့ပတ်သက်ပြီးတော့ အပြည့်အဝsupportရထားတဲ့သူ။ “မချမ်းသာလဲ ရနိုင်ပါတယ်” တို့ဘာတို့ကျနော်မပြောချင်ဘူး။

 ဘယ်လောက်ကြီးပဲကြိုးစားပါစေ ဘယ်လောက်ပဲ တော်နေပါစေ အတိုင်းအတာဆိုတာရှိတယ်။ အသက် ၁၂နှစ်နဲ့harvard တက္ကသိုလ်ရောက်သွားတဲ့ gifted သူတွေမပြောလိုဘူး။ ကျောင်းတွေမှာ တော်တဲ့လို့သတ်မှတ်ထားတဲ့ ကလေးဆိုရင်တောင် ငွေမရှိသ၍ ဒီလိုအရာတွေဆိုတာဝင်တိုးလို့ရတဲ့အခြေအနေမဟုတ်ဘူး။


စိတ်အားထက်သန်မှု

 ကိုယ့်စိတ်အားထက်သန်မှုကို ရှာဖွေဖို့ဆိုတာ ခက်ခဲတယ်။ မိဘတွေက ကိုယ့်ကလေးကိုယ် အရာအားလုံးနဲ့ ထိတွေ့စေချင်တယ် စမ်းသပ်စေချင်တယ်။ ကိုယ့်အလုပ်နဲ့ကိုယ် ကိုယ့်မိသားစုကိုထောက်ပံ့ဖို့ရုန်းကန်နေရတဲ့မိဘတွေအဖို့ ကလေးအတွက် သပ်သပ်ကုန်နေတယ်လို့ ခံယူတဲ့အရာတွေကို လုပ်ခိုင်းမှာမဟုတ်ဘူး။

 နိုင်ငံရဲ့ ပညာရေး အခြေအနေကလဲ ဒီလိုမျိုးကို တွန်းအားပေးတဲ့အခြေအနေလေ။ ဘွဲ့တစ်ခုရရင်တောင် ဘာမှမထူးတဲ့အခြေအနေ။ ဒီတော့ ဝါသနာနဲ့ ဝမ်းစာကြား ဆုံးဖြတ်ရတယ်ဆိုတဲ့အခြေအနေဖြစ်သွားတယ်။​

 စိတ်အားထက်သန်မှုဆိုတာက ဥပမာ အားကစားကြိုက်တဲ့သူတစ်ယောက် ရန်ကုန်မှာ အားကစားဘာများလုပ်လို့ရလို့လဲ။ လူခြေတိတ်ဆိတ်တဲ့အိမ်ရာမျိုးမှာပဲနေနေဘယ်နားမှာပဲနေနေ အပြင်ထွက်ပြီး မနက်စောစောစီးစီးပြေးဖို့အဆင်ပြေရဲ့လား။ ပြေးလို့ကောင်းတဲ့ ပလက်ဖောင်းဖြစ်စေ နေရာဖြစ်စေမရှိဘူး။ ရှိရင်လဲ လူတွေနဲ့ပြည့်ကြပ်နေမှာ​(ဥပမာ ပြည်သူ့ရင်ပြင်လိုမျိုး)။

 မဟုတ်ဘူး ကိုယ်က စက်ဘီးစီးရတာကြိုက်တယ်။​ ဘယ်နားစီးလို့အဆင်ပြေမလဲ။​ ဟုတ်တယ် စီးနေကြတဲ့သူတွေရှိတယ်။ သို့ပေမယ့် စီးနေတဲ့သူရှိတိုင်း စီးလို့ကောင်းမကောင်းဆိုတာဆုံးဖြတ်လို့မှမရတာ။ စက်ဘီးစီးရတာ ကြိုက်တယ် အရမ်းဝါသနာပါတယ် အရမ်းတော်တဲ့သူတွေတောင် စက်ဘီးဖိုးတွေစျေးကြီးလို့ စက်ဘိီးအကောင်းစားမဝယ်နိုင်လို့ လေ့ကျင့်လို့မရဘူး အပျော်စီးဖို့ဆိုရင်တောင် လမ်းတွေကမနည်းရှာရတယ်။

 စက်ဘီးစီးတဲ့သူတွေအတွက် စက်ဘီးကို စိတ်အေးလက်အေးနဲ့ ကားတွေမရှောင်ဘဲ စီးလို့ရတဲ့ နေရာမျိုးတောင်မရှိဘူး။ ကိုယ့်ကိုစက်ဘီးနဲ့တိုက်သွားရင်တောင် အရေးယူပေးမယ့်သူမရှိဘူး။ ဒီတော့ ငွေရှိရင်ရှိ မဟုတ်ရင် နောက်ခံbackgroundကောင်းကောင်းရှိ။

ဝါသနာဆိုတာကို လက်တွေ့ရှာကြည့်ဖို့ခဲယဥ်းကြတော့ စိတ်အားထက်သန်မှုဆိုတာ သိပ်ကိုပျောက်ဆုံးနေတဲ့ကိစ္စမျိုး။ မရမက ကြိုးစားတဲ့သူတွေတော့ရှိပါတယ်။​ ဆက်ပြီးကြိုးစားစေချင်တယ်။ သို့ပေမယ့် နိုင်ငံကောင်းကောင်းမှာသာ လူဖြစ်ခွင့်ရခဲ့မယ် မိဘတွေကလဲ ကောင်းကောင်းလမ်းကြောင်းပေးနိုင်မယ်ဆို ဒီလိုမျိုးသူတွေက အခုလောက်တော့ခက်ခဲနေမှာမဟုတ်ဘူး။


ဘဝတစ်လျှောက်လုံးတက်လာတဲ့ကျောင်းအခြေအနေ

ကိုယ့်ဘဝတစ်လျှောက်တက်လာခဲ့တဲ့ ကျောင်းတွေက ကိုယ့်အခြေအနေကို reflectတယ်ဆိုရင် သိပ်မှန်လိမ့်မယ်။ ဟုတ်တယ် မြန်မာနိုင်ငံကကျောင်းတွေ တစ်ခုနဲ့တစ်ခုဘာမှမထူးဘူး။ သို့ပေမယ့် သင်ရိုးကွာဟချက်မှာတင်ပဲကို မြန်မာကျောင်းတောက်လျှောက်တက်လာတဲ့သူနဲ့ အင်္ဂလိပ်ကျောင်းတက်လာတဲ့သူနဲ့ကွာကောင်းကွာနိုင်တယ်။

 ဟုတ်တယ် အင်္ဂလိပ်ကျောင်းရောက်တိုင်းစာမတော်ဘူး လူကောင်းမဟုတ်ဘူး။ မှန်တယ်။ ယူတတ်ရင်ယူတတ်သလောက်ရနိုင်တာကိုဆိုလိုတာ။ မြန်မာကျောင်းမှာဘယ်လောက်ကြီးပဲ critical thinking နဲ့လုပ််ချင်တယ်ပြောပြော ဆရာမက ပယ်ဖျက်သွားမှာပဲ​စိတ်မပူနဲ့။ အင်္ဂလိပ်သင်ရိုးဆိုရင်တော့ ဆရာမကပယ်ဖျက်ရင်တောင် စာမေးပွဲတွေမှာတော့ ဒီskill ကြောင့် ကိုယ်က သူများထက်တပန်းသာနေလိမ့်မယ်။

 ဒီလိုမျိုး ဘာမှမဟုတ်တဲ့ critical thinkingနဲ့သက်ဆိုင်တဲ့အခြေအနေတစ်ခုချင်းစီကနေ တစ်စတစ်စ ပိုမိုတိုးပွားလာခဲ့ရင် တဖြည်းဖြည်းနဲ့ အထက်တန်းအရွယ်ထိ ဆယ်စုနှစ် ၂ခုမပြည့်ခင်ကာလအထိကို ဒီလိုမျိုးပဲနေခဲ့ရတဲ့သူတစ်ဦးက မထက်တော့တဲ့ဓါးတစ်လက်လိုပဲဖြစ်သွားလိမ့်မယ်။ ငွေနဲ့သာဆိုရင် ဘယ်လောက်ထိအခြေအနေတွေကောင်းခဲ့မလဲဆိုပြီးလဲ တွေးနေမိလောက်လိမ့်မယ်။

 ဒီကျောင်းတွေမှာ စာလေးတွေသေချာလုပ်ခဲ့ရဲ့လား။ စာသေချာလုပ်တယ်လို့ သက်သေပြလို့ရတဲ့ ပြောလို့ရတဲ့ကျောင်းတွေလား။​ မဟုတ်ဘဲနဲ့ ဖားတဲ့ကျောင်းသား အတန်းပိုင်မှာကျူရှင်တက်တဲ့ ကျောင်းသားကို ပိုပြီး ဦးစားပေးတဲ့ကျောင်းတွေလား။ နိုင်ငံခြားဘက်ကနေ မြန်မာသင်ရိုးကို လက်မခံဘူး၊ သူတို့ရဲ့တန်းတူ သင်ရိုးအနေနဲ့မသတ်မှတ်ဘူး ဆိုတာ ဒီလိုမျိုးကိစ္စတွေကြောင့်လဲ မပါဘူးပြောလို့မရပါ။ အသိအမှတ်ပြုနိုင်တဲ့အခြေအနေပေါ့။


Rewardတွေachievementတွေ

 ငွေရှိတိုင်းလုပ်နိုင်တဲ့achievementတွေကိုတော့ စကားထဲထည့်မပြောစေချင်ဘူး။ ဘာတဲ့ လူရည်ချွန်တဲ့ အင်္ဂလိပ်စာစွမ်းရည်တဲ့။ နာမည်ကြီး ဒဂုံ ၁ တို့ စမ်းချောင်း ၂ တို့လိုကျောင်းတွေကသူတွေ ဘယ်လောက်ထိမျက်နှသာပေးခံရလဲဆိုတာ လူတိုင်းအသိပါ။

 သူ့ဟာသူ တိုင်းနဲ့ပြည်နယ်ပဲရောက်ရောက် ဘယ်ပဲရောက်ရောက် ဘယ်လိုမျိုးအခြေအနေတွေလဲဆိုတာ တကယ်လုပ်ဖူးတဲ့သူကအစ သိပါတယ်။ ဒါတွေကို rewardတစ်ခုအနေနဲ့ ကျနော်သာဆိုရင်တော့မသတ်မှတ်ဘူး။ ဘာအသိတရားမှပိုပြီးရသွားတာမျိုးလဲမရှိဘူး။ သိသွားတာဆိုလို့ ဖားရင် ငွေရှိရင် အကုန်ရတယ်ဆိုတာပဲ သိသွားတယ်။

 ဒီလိုမျိုးတွေလုပ်လိုက်လို့ ကျောင်းမှာအသိအမှတ်ပြုခံရလားဆိုတော့ ဘယ်လောက်ပဲ ရွှေတံဆိပ်တွေပဲရရ ကိုယ့်စာကိုယ်လုပ်ရတာပါပဲ။ မဟုတ်တဲ့သင်ရိုးကိုသင်နေရတော့ စာသင်ချိန်မှအပ တခြားကိစ္စတွေ ဘာတစ်ခုမှ လုပ်လို့မရဘူး လုပ်ရင်လဲအပိုလို့သတ်မှတ်ခံရတာမျိုးပါ။၏


အားကစား

 တခြားသော အားကစားနဲ့ပတ်သက်တာတွေ။ ဆရာမတွေက အားကစားအချိန်ဆို မြက်နှုတ်ခိုင်းရတာနဲ့ စာမေးပွဲနီးနေလို့ ခြေထောက်ထိမှာစိုးလို့ မဆော့ခိုင်းရတာနဲ့ ဒီလိုမျိုးတွေလဲရှိသလို အားကစားဆော့ချင်ရင်တောင် ရန်ကုန်မြို့ကြီးကတစ်နေရာနဲ့တစ်နေရာသွားရတာ မလုံခြုံလို့၊ တက်စီနဲ့ သွားရရင်လဲ စျေးကြီးလို့၊ ကားနဲ့ဆိုရင်လဲ အိမ်မှာကားနေရာမရမှာစိုးလို့ စုံနေတာပဲ။ ကုန်ကုန် အိမ်မှာနေရင်း ဝါသနာပါတာတစ်ခုခုလုပ်ချင်တယ်ဆိုရင်တောင် “နင်စာလဲမလုပ်ဘူး” ဆိုပြီး အိမ်ကသူတွေရဲ့ အဆဲလေးကကြိုဆိုနေမှာ။


Community work and experiences

 ဘာတဲ့ community workဆိုပြီး ကျောင်းတွေက စက်ရုံတွေကို လေ့လာခိုင်းတယ်၊ ဘိုးဘွားရိပ်သာတွေကို သွားပြီး စကားတွေပြောခိုင်းလိုက်၊ လိုအပ်နေတဲ့နေရာတွေအများကြီးရှိလျက် အလှူရှင်မပြတ်ရှိိနေတဲ့ ဘုန်းကြီးကျောင်းမှာ အလှူဒါနလုပ်တယ်ဆိုပြီး community workလို့ခေါ်တယ်။

 တကယ့်တကယ်ကျတော့ ပုံလေးတစ်ပုံကလွဲ အစားအသောက်လေးနည်းနည်းကလွဲပြီးတော့ ဟိုဘက်ကလဲဘာမှရသွားတာမျိုးမရှိဘူး။ ဒီလိုပဲ ဒီဘက်ကလဲ တမူထူးခြားတဲ့ အတွေ့အကြုံရသွားတာမျိုးလဲမရှိဘူး။


ပြည်တွင်းက internshipအခြေအနေတွေ

 NGOလိုလို လိုလို နာမည်တပ်ပြီးတော့ အကျင့်ပျက်ချစားနေတဲ့ companyတွေလဲအများမှအများကြီးပဲ။ ထိုနည်းကောင်း နာမည်ကြီးပြီးလူတိုင်းသိတဲ့ companyတွေမှာ အလုပ်သင်အဖြစ် သင်တန်းဆင်းနေကြတဲ့ သူတွေလဲအများကြီး။ ခက်တာက ဒီလိုမျိုးနေရာတွေကနေ ရနိုင်တဲ့အရာက Certificateတစ်ခုကလွဲပြီးတော့ ဘာမှအသုံးမဝင်ဘူး။

 ကိုယ့်ကို internတစ်ယောက်လိုမဆက်ဆံဘဲ ငွေမပေးရတဲ့အလုပ်သမားလိုဆက်ဆံတယ်။ ကိုယ်ဘာလုပ်လုပ် certificateလိုချင်လို့ ဆက်နေနေမယ့် အလုပ်သမားဆိုပြီးတော့ ခိုင်းတယ်။ မဖြစ်နိုင်တဲ့ကိစ္စတွေကို အတင်းအကြပ်လုပ်ခိုင်းတယ်။ အော်ဟစ်ဆဲဆိုကြိမ်းမောင်းတာတွေလုပ်တယ်။ အလုပ်တော်စေချင်လို့မဟုတ်ဘဲ သူ့စိတ်ထဲရှိရာအော်ချင်တိုင်းအော်နေတာမျိုး။

 လူတွေကလဲ ဘာထူးလဲ။ ရရင်ရသမျှအကုန်လုံးယူတယ်။ နောက်ကျောကဓါးနဲ့ထိုးတယ် ညှပ်ချတယ် ထိုးရောင်းတယ် တစ်ခါစားပဲလုပ်တယ်။ ကြာလာတော့ လူကြီးဖြစ်တယ်ဆိုတာ ဒီလိုမျိုးလိမ်တတ်ဖို့လားဆိုပြီးဖြစ်လာတယ်။


Volunteer ကြတဲ့အခါ ဖြစ်ကြတဲ့အခြေအနေတွေ

 ဒီလိုမျိုးenvironmentမှာ ဘယ်လောက်ပဲ လူတွေကို ပေးချင်စိတ်ရှိပါစေ ဒီလိုexperienceရဖို့ဆိုတာ ကိုယ်တိုင်ကြိုးစားမှရမယ်။ ဥပမာ- ခွေးလေးတွေကို ကယ်ချင်လား dog shelterလိုမျိုးဖွင့်။ ဒါဆိုရင်လဲ ငွေကြေးကလိုအပ်တာပဲ။ တတ်ကျွမ်းတဲ့သူကလိုအပ်တာပဲ။

 ဒီလိုပဲ ကလေးသူငယ်လေးတွေကို volunteerလုပ်စေချင်လို့ သွားခိုင်းလို့ရတဲ့လုပ်ငန်းခွင်လိုမျိုးရှိလား ကလေးတစ်ယောက်ကိုစိတ်ချလက်ချထားခဲ့လို့ရတဲ့ နေရာမရှိဘူး။ ကျောင်းတွေတောင်မှ ကလေးတွေကို မျိုးစုံဆဲဆိုအော်ဟစ်သောင်းကျန်းနေတဲ့ ဆရာမတွေရှိသေးတာပဲ။ ဒီလိုသူတွေကို မလုပ်ဖို့ တားမြစ်ဖို့ ထိန်းကြောင်းပေးမယ့် အစိုးရမှမရှိဘဲ။ ငွေညှစ်ဖို့ရယ် အကျင့်ပျက်ချစားဖို့ရယ်ပဲရှိကြတဲ့ သူတွေပဲရှိကြတာဥစ္စာ။


Why?

 ဒီကိစ္စတွေကို ခေါင်းထဲထည့်ထားပြီးတော့ ဒီလိုအခြေအနေမျိုးကနေဘယ်လိုမျိုး work aroundလုပ်လို့ရမယ် ရှောင်တိမ်းပြီးတော့ အထိအခိုက်အနည်းဆုံးနဲ့ အဆင်ပြေဆုံးလုပ်ရမယ်ဆိုတာ စဥ်းစားရမယ့်ကိစ္စတွေဖြစ်လာတယ်။

 Europeဘက်ကို ဘာကြောင့်မသွားကြတာလဲဆိုတော့ ဒီလိုမျိုးအခက်အခဲတွေကြောင့်ပါ။ ဘာသာစကားခက်ခဲမှုကြောင့် တော်ရုံသူမသွားနိုင်ကြသလို ဒီလိုမျိုးသွားဖို့အတွက် လုံလောက်တဲ့ qualificationမျိုးမပြင်ဆင်နိုင်ကြဘူး။

 အများစုက သာမန်ကျောင်းမျိုးမှာသာတက်လာပြီးမှ ချက်ချင်းနိုင်ငံခြားသွားဖို့plan တွေ changeလာကြတော့ europeဘက်ကနိုင်ငံတွေသွားဖို့ အချိန်တွေသက်သက်အကုန်မခံချင်တော့တာမို့လို့ ပိုပြီးတော့အဆင်ပြေနိုင်မယ့် နိုင်ငံမျိုးကိုသွားကြတာမျိုးပါ။

 အပေါ်ကရေးခဲ့တဲ့ကိစ္စတွေက Europeဘက်ဖြစ်စေ ဘယ်နိုင်ငံမဆို ငွေပေးရုံနဲ့ရနိုင်တဲ့ကျောင်းမျိုးထက် ကျောင်းကောင်းကောင်းမျိုးသာရချင်ရင် လုပ်လို့ရနိုင်တဲ့အခြေအနေနဲ့ ဖြစ်နိုင်မဖြစ်နိုင်ဆိုတာလေးတွေရယ် လက်တွေ့ဖြစ်နေကြတဲ့အခြေအနေတွေကို describeထားတာမျိုးပါ။


ပြင်ဆင်ချင်ရင်တော့ -

  • ကိုယ်သွားချင်တဲ့နိုင်ငံရဲ့ လက်ခံတဲ့ qualificationကိုလေ့လာပါ။ ဘာqualificationဆို လက်ခံဖို့အလွယ်ကူဆုံးနဲ့အချိန်အမြန်ဆုံးလဲ စသဖြင့် ကိုယ်လိုအပ်တဲ့qualityပေါ်မူတည်ပြီး ရှာဖွေပါ။
  •  သွားဖူးတဲ့သွားနေတဲ့ရောက်နေတဲ့ ကျောင်းသားကို reach outလုပ်ပါ။ ကူညီပေးချင်စိတ်ရှိကြမှာပါ မကူညီလဲ စိတ်ထဲကသိကအောင့်မဖြစ်ပါနဲ့ သူတို့လဲရုန်းကန်နေရဆဲအချိန်မို့ပါ။
  •  ကြားထဲမှာ ဘာသာစကားနဲ့ပတ်သက်ပြီးပြင်ဆင်ပါ။ အချိန်ကြာပါတယ် အသုံးအများဆုံးဘာသာစကားတွေထဲက တစ်ခုကိုလေ့လာပါ။ လေ့လာပြီးတော့မှ အဲ့ကျောင်းကို မသွားဖြစ်တာမျိုးလဲဖြစ်တတ်ပါတယ်။
  •  မြန်မာနိုင်ငံမှာတင် Foundationလိုမျိုးဖွင့်ကြတဲ့high school တွေရှိပါတယ် HND diplomaလိုမျိုး ပေးတဲ့ ကျောင်းတွေရှိပါတယ်။ သတိတော့ထားပါ ဒီလမ်းနဲ့ ရောက်သွားတဲ့သူရှိရင်တော့ သူတို့ကိုမေးတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။
  •  ဘေးကနေပြီးတော့ လိုအပ်မယ်ထင်တဲ့ certificateတွေပြင်ဆင်ပါ။ စုဆောင်းပါ။ လေ့လာသင့်တာလေ့လာပါ။ ကိုယ့်ကို ငြင်းဆန်လို့ ignoreလို့မရတော့တဲ့ထိတောင် အောင်မြင်အောင် လေ့လာပါ။
  •  Europeဘက်မှာ သိပ်ကောင်းတဲ့ နိုင်ငံတွေရှိပါတယ်။​ နိုင်ငံသားဖြစ်ခွင့်ကအစ စာသင်တာအဆုံး UKထက်အများကြီးပိုအဆင်ပြေတဲ့နိုင်ငံတွေ ရှိကြပါတယ်။ သေချာရှာဖွေပါ။

Read more

"Moe Notes Studio Journal" နှင့် သီးသန့်စကားဝိုင်း

"Moe Notes Studio Journal" နှင့် သီးသန့်စကားဝိုင်း

This article is also available in [English] အဆုံးမရှိ scroll လုပ်နေရတဲ့၊ ကျယ်လောင်တဲ့ algorithm တွေနဲ့ ခဏတာပဲမြင်ရတဲ့ social media post တွေကြားက ကမ္ဘာကြီးမှာ၊ တကယ့်စစ်မှန်တဲ့စကားဝိုင်းတစ်ခုဆိုတာ ဘာ

By Moe Htet
မပြီးဆုံးသေးသော တော်လှန်ရေး-လန်ဒန်မှ ဓာတ်ပုံဆရာတစ်ဦး၏ မှတ်စုများ

မပြီးဆုံးသေးသော တော်လှန်ရေး-လန်ဒန်မှ ဓာတ်ပုံဆရာတစ်ဦး၏ မှတ်စုများ

၈/၈/၂၀၂၅။ လန်ဒန်မြို့လယ်က Parliament Square မှာ အနီရောင်ဒေါင်းအလံတွေလွင့်ပျံတဲ့နေ့။ ဗီဒီယို/ဓာတ်ပုံဆရာတစ်ဦးအနေနဲ့ ကျနော့်အလုပ်က မှတ်တမ်းတင်ရုံပါ၊ သို့သော်ကျနော် မျက်နှာတွ

By Moe Htet