LDRS - ချစ်သူတိုင်းရဲ့ နောက်ဆုံးစမ်းသပ်ချက်

LDRS - ချစ်သူတိုင်းရဲ့ နောက်ဆုံးစမ်းသပ်ချက်
စာလေးကို ကျနော့်ရဲ့အချစ်ရဆုံးဆီသို့ ရည်ရွယ်ပါတယ်။

(ဖတ်ရန်ကြာချိန် - မိနစ် ၂၀)

This article is also available in [English]

"အဝေးရောက်ချစ်သူ" ဆိုတဲ့သီချင်းလေးကို နားထောင်ခဲ့စဉ်က သိပ်နားမလည်ခဲ့ဘူး။ အရင်တုန်းက စာတွေရေး၊ ဖုန်းတွေမရရအောင် ကြိုးစားပြောခဲ့ကြတဲ့ပုံပြင်တွေကို နားထောင်ရင် တကယ်လို့မထင်ခဲ့ဘူး။ ရိုမီယိုနဲ့ဂျူးလိယက်တို့ကို သိပ်ပေါတယ်လို့ထင်ခဲ့တယ်။

တကယ်တော့ ကျနော်သိပ်မှားခဲ့တယ်။

အချစ်ဆိုတာ ကမ္ဘာလောကတစ်ခွင်မှာ သိပ်ကိုကြီးမားတဲ့စွမ်းအားတစ်ခုပါ။ လူတစ်ဦးကို ပြိုလဲပျက်စီးအောင်လုပ်နိုင်သလို၊ အမြင့်မားဆုံးပျံသန်းအောင် ဖော်ဆောင်နိုင်တဲ့ ကိုင်ဆုပ်မရနိုင်တဲ့ စွမ်းအင်တစ်ခု။ ဒီလိုအရာကို အဝေးကနေ ရှေ့ဆက်နေရချိန်မှာ အခက်အခဲတွေကို ဘယ်လိုကျော်လွှားကြမလဲ။

ကျနော်က ခုခေတ်ရဲ့ norm တွေနဲ့ စံနှုန်းမထားတတ်ဘူးဗျ။ Dating app တွေ၊ flirt တာတွေ၊ manipulate လုပ်တဲ့ဗျူဟာတွေ သိပ်နားမလည်ဘူး။ ချစ်တယ်ဆို ချစ်တယ်။​ ဒီလောက်ပါပဲ။ Old school လို့ပြောရမလား။ အပြင်မှာ စကားပြောရတာကို ဖုန်းထဲပြောရတာထက် အများကြီးပိုသဘောကျတဲ့သူတစ်ဦးအတွက် Long Distance Relationship (LDRS) ဆိုတာက အကြီးမားဆုံးသော စိန်ခေါ်မှုတစ်ခုပါပဲ။

အပိုင်း (၁) - Long Distance Relationship ဆိုတာဘာလဲ

Long distance ဆိုမှတော့ အဝေးရောက်ချစ်သူပေါ့။ ဒါပေမယ့် "အဝေး" ဆိုတာက ပထဝီဝင်အနေအထားတစ်ခုတည်းကို ဆိုလိုတာမဟုတ်ပါဘူး။

  • နိုင်ငံရပ်ခြား: ဒါက အဖြစ်အများဆုံးပုံစံပါ။ တစ်ယောက်က မြန်မာပြည်မှာ၊ နောက်တစ်ယောက်က UK မှာ။ Time zone တွေကွာတယ်၊ ယဉ်ကျေးမှုတွေကွာတယ်၊ နေ့စဉ်ဘဝတွေကွာခြားတယ်။
  • မြို့မတူခြင်း: နိုင်ငံတစ်ခုတည်းမှာပဲ ဒါပေမယ့် ရန်ကုန်နဲ့မန္တလေးလိုမျိုး တွေ့ဖို့ခက်ခဲတဲ့အခြေအနေ။
  • စိတ်ပိုင်းဆိုင်ရာ အကွာအဝေး: တစ်မြို့တည်း၊ တစ်ရပ်ကွက်တည်းနေရင်တောင်မှ မိဘအသိုင်းအဝိုင်း ဒါမှမဟုတ် တခြားအခြေအနေတွေကြောင့် အပြင်မှာလွတ်လွတ်လပ်လပ်တွေ့ဆုံခွင့်မရှိတဲ့ဘဝမျိုး။ ဒါလည်း LDRS တစ်မျိုးပါပဲ။

ဒီအခြေအနေတစ်ခုချင်းစီရဲ့ အခက်အခဲတွေက မတူညီနိုင်ပေမယ့်၊ အားလုံးရင်ဆိုင်ရတဲ့ အဓိကစိန်ခေါ်မှုတွေကတော့ အတူတူနီးပါးပါပဲ။

အပိုင်း (၂) - LDRS ရဲ့ အဓိကစိန်ခေါ်မှုများ

၁။ ဆက်သွယ်ရေး (Communication) - စကားလုံးများရဲ့ ကန့်သတ်ချက်

လူတစ်ယောက်နဲ့တစ်ယောက် စကားပြောတဲ့အခါ ပါးစပ်နဲ့နားအပြင်၊ ကိုယ်ဟန်အနေအထား၊ အမူအရာ၊ မျက်လုံး၊ အသံရဲ့အတိုးအကျယ် စတဲ့အရာတွေအားလုံးနဲ့ ဆက်သွယ်ကြတာပါ။ ဒီအရာတွေက ဖုန်းပြောတဲ့အခါ၊ video call ခေါ်တဲ့အခါမှာ လုံးဝပျောက်ဆုံးသွားပါတယ်။

  • Missed Cues: သင်က "အင်း" လို့တစ်ခွန်းပဲပြောလိုက်ပေမယ့်၊ သင့်ရဲ့မျက်နှာအမူအရာက သင်ဘယ်လောက်ပင်ပန်းနေလဲဆိုတာကို ပြနေနိုင်တယ်။ ဖုန်းထဲမှာတော့ အဲ့ဒီ "အင်း" ဆိုတဲ့စကားလုံးက "စိတ်မဝင်စားဘူး" ဆိုတဲ့အဓိပ္ပာယ်သက်ရောက်သွားနိုင်ပါတယ်။
  • Extra Effort: ဒါကြောင့် LDRS မှာ ပုံမှန်ထက်ပိုပြီး ကြိုးစားပြီး စကားလုံးတွေနဲ့ ရှင်းပြရပါတယ်။ ကိုယ့်ရဲ့ခံစားချက်ကို တိတိကျကျဖော်ပြရတယ်၊ တစ်ဖက်သားကို နားလည်အောင် အချိန်ပေးပြီးရှင်းပြရတယ်။ "စကားမပြောချင်လို့" ဆိုတဲ့အကြောင်းပြချက်က LDRS မှာ အဆိပ်အတောက်တစ်ခုပါပဲ။

၂။ ယုံကြည်မှု (Trust) - သံသယများရဲ့ စစ်မြေပြင်

"ချစ်ရေ၊ ကိုယ် အတန်းရှိလို့ ဖုန်းမပြောနိုင်သေးဘူးနော်" ဆိုတဲ့စကားတစ်ခွန်းက အောက်ကလို အတွေးစနှစ်ခုကို မွေးဖွားပေးနိုင်ပါတယ်။

  • တစ်ဖက်ကအတွေး: "ဖုန်းအားလဲမရှိတော့ဘူး။ ညနေကျသူနဲ့ခေါ်ဖို့ အားကျန်တော့မှာမဟုတ်ဘူး။ အားသွင်းကြိုးငှားမှပဲ။"
  • နောက်တစ်ဖက်ကအတွေး: "သေချာလဲမပြောဘဲဖုန်းချသွားတယ်။ ပုံမှန်ဆို အတန်းရှိရင် ခေါ်နေကြပါ။ ခုမှဘာဖြစ်လို့လဲ။ တခြားသူတစ်ဦးနဲ့များလား။"

ဒီလိုအတွေးလေးတွေက တဖြည်းဖြည်းနဲ့ ကြီးထွားလာပြီး မယုံကြည်မှုဆိုတဲ့ ကင်ဆာတစ်ခုဖြစ်လာနိုင်ပါတယ်။

၃။ ရိုးသားမှုနှင့် ပွင့်လင်းမှု (Honesty and Openness)

လူရယ်လို့ဖြစ်လာရင် တခြားသူကို စိတ်ဝင်စားတာ၊ သဘောကျတာမျိုးက ဖြစ်တတ်ပါတယ်။ ဒါပေမယ့် LDRS မှာတော့ ဒီလိုအခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းရတာ ပိုခက်ခဲပါတယ်။ ကိုယ်က ဂရုစိုက်မှုတွေ၊ ချစ်ခြင်းမေတ္တာတွေ လိုအပ်နေချိန်မှာ၊ အဝေးရောက်နေတဲ့ချစ်သူက ဘယ်လောက်ပဲချစ်ချစ်၊ ပေးနိုင်တဲ့အတိုင်းအတာဆိုတာရှိပါတယ်။ ဒီလိုအချိန်မှာ အနီးအနားကလူတစ်ယောက်ရဲ့ ဂရုစိုက်မှုက သွေးဆောင်မှုတစ်ခုဖြစ်လာနိုင်တယ်။

ဒါ့အပြင် ကိုယ့်ရဲ့အခက်အခဲတွေကို ဖွင့်ဟတိုင်ပင်ဖို့ ဝန်လေးခြင်းကလည်း ဆက်ဆံရေးကို အဆိပ်အတောက်ဖြစ်စေပါတယ်။ "သူ့ကိုစိတ်မပူစေချင်လို့" ဆိုတဲ့အကြောင်းပြချက်နဲ့ ကိုယ့်ပြဿနာတွေကို ကြိတ်ဖြေရှင်းနေတာက တစ်ဖက်သားကို "ငါက သူ့အတွက် မယုံကြည်ရတဲ့သူတစ်ယောက်လား" ဆိုတဲ့အတွေးတွေဝင်လာစေနိုင်ပါတယ်။

အပိုင်း (၃) - ချစ်သူစစ် နှင့် သာမန်ရည်းစား ကွာခြားချက်

ဒီလိုအခက်အခဲတွေကြားမှာ သင်နဲ့အတူရှိနေတဲ့သူက တကယ့်ချစ်သူစစ်စစ်လား၊ ဒါမှမဟုတ် သာမန်ရည်းစားတစ်ယောက်လားဆိုတာကို ရှင်းရှင်းလင်းလင်းမြင်လာပါလိမ့်မယ်။

သာမန်ရည်းစားတစ်ဦး၏ လက္ခဏာများ:

  • ကိုယ့်ကိုချစ်တယ်လို့ပြောပေမယ့်၊ သူ့ရဲ့လုပ်ရပ်တွေက သင့်ကိုမုန်းတဲ့သူတစ်ယောက်လို ခံစားစေရတယ်။
  • ကိုယ်မကြိုက်တာကိုပြောရင် "အချစ်ခံချင်လို့ ဆိုးတာပါ" ဆိုတဲ့အကြောင်းပြချက်နဲ့ ဖုံးကွယ်တယ်။
  • ကွယ်ရာမှာ လိမ်လည်လှည့်ဖျားပြီး၊ attention လိုချင်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ မယုံကြည်ရအောင်နေတယ်။
  • Facebook မှာ relationship status မတင်လို့၊ react မပေးလို့ ပြဿနာရှာတယ်။
  • ကိုယ့်ရဲ့ဆုံးဖြတ်ချက်ထက် လူအများစုရဲ့အမြင်ကိုပဲ အမှန်လို့ယူဆပြီး ဆုံးဖြတ်တယ်။
  • ကိုယ်တကယ်လိုအပ်နေတဲ့အချိန်မှာ ဘယ်တော့မှအနားမှာရှိမနေဘူး။

ချစ်သူစစ်စစ်တစ်ဦး၏ လက္ခဏာများ:

  • လောကကြီးတစ်ခုလုံးက သင့်ကိုဆန့်ကျင်နေပါစေ၊ သင့်ဘက်မှာ အမြဲတမ်းရပ်တည်ပေးတယ်။
  • သင်ရွံရှာစုတ်ပဲ့နေတဲ့အချိန်မှာတောင် သင့်ဘေးမှာရှိနေပေးတယ်။
  • သင့်ရဲ့အမှားတွေကို မျက်စိမှိတ်ပြီးလက်ခံတာမဟုတ်ဘဲ၊ ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာအောင် အတူတူကြိုးစားပေးတယ်။
  • သင့်ရဲ့အိပ်မက်တွေကို သူနှစ်သက်တယ်၊ သင့်ရဲ့မျှော်လင့်ချက်က သူ့ဘဝဖြစ်တယ်၊ သင့်ရဲ့အချစ်က သူ့ကမ္ဘာဖြစ်တယ်။

အပိုင်း (၄) - LDRS ကို ဘယ်လိုကျော်လွှားမလဲ (The Digital Bridge)

ဒီအရာတွေက လူတိုင်းအတွက် အဆင်ပြေချင်မှပြေပါလိမ့်မယ်။ ဒါပေမယ့် ဒါတွေက ယုံကြည်မှုကိုတည်ဆောက်ဖို့အတွက် အစွမ်းထက်တဲ့နည်းလမ်းတွေပါ။

  • 24/7 Communication: ဖြစ်နိုင်ရင် ဖုန်းအမြဲခေါ်ထားပါ။ iOS ဆို FaceTime ပေါ့။ ဒါက တစ်ယောက်နဲ့တစ်ယောက်ရဲ့ နေ့စဉ်ဘဝထဲမှာ အတူရှိနေသလိုမျိုး ခံစားချက်ကိုပေးပါတယ်။
  • Location Sharing: Find My (iOS) လိုမျိုး app တွေနဲ့ ကိုယ့်ရဲ့ location ကို အမြဲ share ထားပါ။ ဒါက သံသယတွေကို လျှော့ချပေးနိုင်ပါတယ်။
  • Open Access: Facebook, Gmail တို့လို app တွေရဲ့ password ကို မျှဝေထားပါ။ ဒါက "ငါ့မှာ ဖုံးကွယ်စရာဘာမှမရှိဘူး" ဆိုတဲ့ အပြည့်အဝယုံကြည်မှုကို ပြသတာပါ။
  • လုံးဝမလိမ်လည်ပါနဲ့: သေးငယ်တဲ့လိမ်ညာမှုလေးတစ်ခုက ယုံကြည်မှုတိုက်အိမ်ကြီးတစ်ခုလုံးကို ဖြိုချနိုင်ပါတယ်။

နိဂုံးချုပ် - အချစ်ရဲ့ နောက်ဆုံးစမ်းသပ်ချက်

အသိတစ်ယောက်ပြောဖူးတယ်။ "LDRS ဆိုတဲ့အဆင့်ကိုဖြတ်ကျော်နိုင်ခဲ့ပြီဆိုရင်၊ ဘဝမှာကြုံလာမယ့် အရာအားလုံးကို ဖြတ်ကျော်နိုင်ပြီ" တဲ့။

ကျနော်လည်း ပြီးပြည့်စုံတဲ့ချစ်သူတစ်ယောက်မဟုတ်ပါဘူး။ ကျနော်ဆိုးပါတယ်။ ဒါပေမယ့် ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာအောင် ကြိုးစားနေဆဲပါ။ မျက်စိမှိတ်ကြည့်လိုက်ပါ။ ကိုယ်သိပ်ချစ်တဲ့သူ၊ ကိုယ့်ရဲ့မဟေသီနဲ့သာဆိုရင် အရာရာကိုဖန်တီးနိုင်မယ့်စွမ်းအားရှိတယ်လို့ သင်ခံစားရပါလိမ့်မယ်။ ကိုယ့်အိပ်မက်တွေကိုသူနှစ်သက်တယ်၊ ကိုယ့်မျှော်လင့်ချက်ဟာသူ့ဘဝဖြစ်တယ်၊ ကိုယ့်အချစ်ဟာသူ့ကမ္ဘာဖြစ်တယ်။ ဒါက ချစ်သူတစ်ဦးပါ။

ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ ဒါက မပတ်သက်သင့်တဲ့တစ်ဦးထက်မပိုပါဘူး။ အဆုံးသတ်ဖို့ နောက်မကျသေးပါဘူး။ ခဏတာဆွေးမြေ့ခြင်းက တစ်ဘဝလုံးစာနောင်တထက် အများကြီးသာပါတယ်။

Read more

"Moe Notes Studio Journal" နှင့် သီးသန့်စကားဝိုင်း

"Moe Notes Studio Journal" နှင့် သီးသန့်စကားဝိုင်း

This article is also available in [English] အဆုံးမရှိ scroll လုပ်နေရတဲ့၊ ကျယ်လောင်တဲ့ algorithm တွေနဲ့ ခဏတာပဲမြင်ရတဲ့ social media post တွေကြားက ကမ္ဘာကြီးမှာ၊ တကယ့်စစ်မှန်တဲ့စကားဝိုင်းတစ်ခုဆိုတာ ဘာ

By Moe Htet
မပြီးဆုံးသေးသော တော်လှန်ရေး-လန်ဒန်မှ ဓာတ်ပုံဆရာတစ်ဦး၏ မှတ်စုများ

မပြီးဆုံးသေးသော တော်လှန်ရေး-လန်ဒန်မှ ဓာတ်ပုံဆရာတစ်ဦး၏ မှတ်စုများ

၈/၈/၂၀၂၅။ လန်ဒန်မြို့လယ်က Parliament Square မှာ အနီရောင်ဒေါင်းအလံတွေလွင့်ပျံတဲ့နေ့။ ဗီဒီယို/ဓာတ်ပုံဆရာတစ်ဦးအနေနဲ့ ကျနော့်အလုပ်က မှတ်တမ်းတင်ရုံပါ၊ သို့သော်ကျနော် မျက်နှာတွ

By Moe Htet