Mac vs Windows for School

Mac vs Windows for School

Macနဲ့ windowဆိုတဲ့ရွေးချယ်မှုဆိုတာ laptopဝယ်ယူသူတိုင်း ခေါင်းခဲရတဲ့ကိစ္စပါ။

Laptopဖြစ်စေ ဘာပစ္စည်းဖြစ်စေ အကုန်လုံးက toolsတွေ။ ကိုယ့်ရဲ့ ဘဝကိုအဆင်ပြေချောမွေ့စေဖို့ ကူညီပေးရမယ့်ပစ္စည်းတွေ။ သူ့ကြောင့်အလုပ်ပိုရှုပ်သွားရမှာမှမဟုတ်တာ။ အများစုသောသူတွေက laptopတစ်လုံးဆိုတစ်လုံး သုံးနေရရင်ပြီးရော။ သူ့ဟာသူဘာဖြစ်ဖြစ်ထားချင်ကြတယ်။

  • "ငါဒီလိုလုပ်လိုက်ရင် Laptopကအပူလွန်ကဲပြီး ပျက်စီးသွားမယ်"
  • "ငါဒီလိုသယ်မိရင် laptopက စင်းရာတွေထင်သွားမယ်"
  • "ဒီlaptopအတွက် ဘယ်သွားသွားဘာလုပ်လုပ် Accessoriesတွေယူနေရမယ်"

သူ့အတွက် ယုယမနေချင်ဘူး။ သူအဆင်ပြေအောင် သူ့ရဲ့အားနည်းချက်တွေကိုအားသာချက်ဖြစ်အောင် မfixပေးချင်ကြဘူး။ ပြောရရင် ကိုယ်က Laptopကိုသုံးမှာထက် laptopကကိုယ့်ကိုသုံးနေသလိုဖြစ်နေတာမျိုးမလိုချင်ကြဘူး။ မဖြစ်ချင်ကြဘူးပေါ့ဗျာ။ ဒီတော့ Macbook ဆိုတာ ရွေးချယ်မှုအင်မတန်များပြားလာတယ်။

Laptopဆိုတာ သူ့ချည်းပဲဝယ်လိုက်ရုံနဲ့တင်ပြီးတယ် တခြားဘာတစ်ခုမှမလိုအပ်တော့ဘူး။ ဘယ်သွားသွားဘာလုပ်လုပ် သူတစ်ခုတည်းနဲ့တင် workstationတစ်ခုအဖြစ်အသုံးပြုနိုင်တယ်။ ခက်တာက စျေးကျတော့သိပ်မသုံးချင်ကြဘူး။ သိပ်ကောင်းတဲ့ပစ္စည်းတစ်ခုလိုချင်ပေမယ့် စျေးနည်းနည်းပဲပေးချင်ကြတယ်။

ဒီတော့ခက်ခဲလာတယ်။


လက်ရှိအခြေအနေ

ခေတ်ရဲ့ပြောင်းလဲလာတဲ့ပုံစံကြောင့်အခုနောက်ပိုင်း macbookတွေက အတော်လေးနာမည်ကြီးလာတယ်။ အဓိကကတော့ သူ့ရဲ့ပုံစံ၊ တည်ဆောက်ထားတဲ့ ဒီဇိုင်း၊ ပါဝင်တဲ့ featureဒါတွေကြောင့်ပဲ။ စျေးကတော့ကြီးတယ်။ သို့ပေမယ့် iPhone တွေနဲ့ androidတွေကွာခြားသလိုပဲ သူ့ရှိလိုက်ပြီဆိုတာနဲ့ စိတ်ချရတယ်ဆိုတာ သိလာတယ်။ ဘာအတွက်ပဲ သုံးချင်ချင် ဘာပဲလုပ်ချင်ချင် Office workကနေ Intensive workတွေထိ သူရှိရင်ပြေတယ်ဆိုတာမျိုးပေါ့။

🍀- ခရီးသွားဖို့အတွက် Windowsတစ်လုံးယူမလား Macbookတစ်လုံးယူမလား
🍀- Video editဖို့၊ 3D Designဆွဲဖို့ GPU intensive taskတွေလိုအပ်တယ်။ Portableဖြစ်ဖို့လဲလိုအပ်တယ်။
🍀- ကျောင်းသားတွေ သွားသွားလာလာသုံးလို့ရဖို့ ဘာကောင်းလဲ
🍀- Laptop စစချင်းသုံးတဲ့သူတွေအတွက် အဆင်အပြေဆုံး

ဒါတွေအားလုံးရဲ့အဖြေကMacbookပါပဲ။

ပြောရရင် ဒီAppleဆိုတာကို စတင်အသုံးပြုလိုက်ကတည်းက သူ့ရဲ့ကောင်းတဲ့အချက်အလက်တွေကြောင့် တခြားသော ထုတ်ကုန်တွေပါ ဝယ်မိတဲ့အထိပဲလေ။

မနေ့တုန်းက ရေးသားခဲ့သော Postရဲ့ အဆက်လို့ပဲဆိုရမလား။ ကျနော်ကိုယ်တိုင် အမေးများခဲ့တဲ့မေးခွန်းလေးတစ်ခု။ MacOsနဲ့ Windowsရဲ့ကွာခြားချက်။ ကျောင်းသားတစ်ဦးရဲ့ Perspectiveကရေးသားချင်တယ်။ ဒီLaptopတွေရဲ့ architecture, တည်ဆောက်ထားတဲ့ ပုံစံ၊ အသုံးပြုထားတဲ့Technology ကိုတော့ ရှင်းပြမှာမဟုတ်ဘူး။ သို့ပေမယ့် အသုံးပြုမယ့်သူတွေ လိုအပ်လောက်မယ့်အရာတွေကို အဓိကထားရှင်းပြချင်တယ်။


🍂Operating system(OS)တွေအကြောင်းအကျဥ်း🍂

Mac OSဆိုတာက iPhoneတို့ iPadတို့ထုတ်လုပ်တဲ့Apple က Laptopပါ။ Windows ဆိုတာက MSI, Dell, ASUS, Lenovoစတဲ့ non-apple companyအများစုရဲ့ laptopမှာအသုံးပြုကြပါတယ်။ တခြားသော ChromeOSတို့ linuxတို့တော့မပြောတော့ပါဘူး။

Mac နဲ့ Windowsဘာတွေအဓိကကွာဟလဲ။

🪶 MacOsက Windowsထက်စာရင် အမြဲလိုလို Updateဖြစ်နေတယ်။ Featuresတွေလဲ အသစ်အသစ်တွေအမြဲပါတယ်။ Windows 10 ထုတ်လုပ်ချိန်နဲ့ Windows 11 အသစ်ထုတ်လုပ်ချိန်က ၆နှစ်ကြာမြင့်ခဲ့ပါတယ်။

🪶 -အခြားသော Apple productတွေနဲ့ တွဲဖက်အသုံးပြုဖို့ သိပ်အဆင်ပြေတယ်။ apple ecosystem လို့ရှာဖွေနိုင်ပါတယ်

🪶 -Apple ကထုတ်လုပ်တဲ့ Applicationတွေသုံးလို့ရတယ်။ ဥပမာ - Video editတဲ့ final cut pro တို့ အသံeditတဲ့ logic pro တို့ကစ iMessageတို့ Facetimeတို့ပေါ့။ Quality ကောင်းတယ်၊ သုံးရတာလွယ်ကူတယ်၊ Intensive taskတွေကို adaptလုပ်နိုင်တယ် အဲ့လိုပေါ့။ သုံးဖူးတဲ့သူတိုင်း အခြား Applicationကိုမသုံးချင်တော့တာအကုန်လုံးအသိပါပဲ။

Deviceအနေနဲ့ ယှဥ်ကြည့်မယ်ဆိုရင်

🪶 - နောက်ပိုင်း Macbookတွေရဲ့ Battery lifeက အင်မတန်ခံပါတယ်။ ဘာလုပ်လုပ် Battery lifeကိုစိတ်ပူစရာမလိုတော့ ကျောင်းသွားတာပဲဖြစ်ဖြစ်၊ အားသွင်းလို့အဆင်မပြေတဲ့နေရာမှာရှိနေလို့ပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။ Powerbankကနေတောင် Laptopကိုအားသွင်းလို့ရတယ်လေ။

🪶 - Speaker, Microphone, Webcam, Keyboard အကုန်လုံးပြောစရာမရှိအောင်အဆင်ပြေပါတယ်။

🪶 - Laptop အရမ်းလေးမှ ကောင်းမယ်မထင်လိုက်ပါနဲ့။ ပေါ့လဲပေါ့တယ်။ အလေးချိန်နဲ့မလိုက်အောင်ကို Performanceကောင်းလွန်းပါတယ်။


Appleရဲ့မကောင်းတဲ့အချက်အလက်တွေ

  • 🌿 - တခြား Windowsတွေနဲ့ယှဥ်ရင် သူ့Rangeက စျေးကြီးပါတယ်။ မြန်မာနိုင်ငံမှာ authorised resellerတွေဆီကနေပဲရောင်းချတာမို့လို့ စျေးလဲပုံမှန်ထက်မြင့်နိုင်ပါတယ်။ Reseller companyပေါ်မူတည်ပြီး မကောင်းတာမျိုးလဲဖြစ်လောက်ပါတယ်(မသေချာပါ)။ အသစ်ထွက်တိုင်း မြန်မာနိုင်ငံမှာဝယ်လို့ရနိုင်ဖို့ လနဲ့ချီစောင့်ရတတ်ပါတယ်။
  • 🌿 - အပိုပစ္စည်းဖိုးတွေများပါတယ်(qualityကောင်းပေမယ့်)။ ကိုယ်က ဘာဝယ်ဝယ် Official ဆိုင်မှာပဲပြင်တတ်တဲ့သူ အကောင်းပဲလုပ်တတ်တဲ့သူဆိုသိပ်မသိသာပေမယ့် ဖုန်းCoverဆိုလဲ ၃၀၀၀ တန်လောက်ပဲဝယ်ချင်တယ်၊ ပြင်ရင်တောင် Official ဆိုင်ကစျေးကြီးလို့ သာမန်ဆိုင်မှာပဲ ပြင်ချင်တယ်ဆိုရင်တော့ Appleကသိပ်အဆင်မပြေပါဘူး။ စျေးကြီးလို့ပါ။
  • 🌿 - အသစ်အဖြစ်ဆုံးသော trendတွေနောက် မလိုက်လို့ အလန်းဆုံးသော Featureတွေ မရနိုင်ပါဘူး။ ဒါပေမယ့် သူ့နဂိုရှိပြီးသားfeaturesတွေနဲ့တင်ကို လုံလောက်ပါတယ်ကျနော့်အတွက်တော့။
  • 🌿 - ပြည်တွင်းမှာ နေနေတဲ့သူဆိုရင်တော့ သူ့ရဲ့ကောင်းတဲ့ featuresတွေအကုန်လုံးရနိုင်ဖို့ ခဲယဥ်းပါတယ်။ ဥပမာ - ဖုန်းထဲကနေ ငွေရှင်းတာမျိုးတို့ လိုအပ်တဲ့ Subscriptionတွေဝယ်ယူရတာမျိုးတို့ပေါ့။

Apple ရဲ့ပြဿနာ

🍂 Appleဆိုတာ ဒီiPhone, iPad, Macbookထုတ်လုပ်တဲ့ companyတစ်ခု။ နှစ်တိုင်း ၃ကြိမ် သို့မဟုတ် ၄ ကြိမ် အသစ်သစ်သော Productတွေထုတ်လေ့ရှိတယ်။ စက်တင်ဘာလတိုင်း အိုင်ဖုန်းအသစ်တစ်လုံးထုတ်တယ်။

Macbook ကတော့ နှစ်စဥ်ဖြစ်ချင်မှဖြစ်မယ်။ Modelတစ်ခုကို ၂နှစ်တစ်ခါလဲဖြစ်နိုင်တယ်။ တခြားaccessoriesတွေလဲထိုနည်းလည်းကောင်းပဲ။ ခက်တာက သူ့Productတွေက အသစ်အသစ်တွေရယ်လို့ဖြစ်မလာတော့ဘဲနဲ့ အရင်အဟောင်းပုံစံတွေကိုပဲ နည်းနည်းလေးတွေစီမွန်းမံထားတယ်။

နှစ်တိုင်းတော့ အသစ်သော ပုံစံတွေနဲ့ ထွက်လာပေမယ့် အပေါ်ယံပြောရရင်တော့ ကြီးကြီးမားမားမပြောင်းလဲလာခဲ့တာ တော်တော်ကြီးကြာမြင့်ခဲ့ပြီ။ အနီးစပ်ဆုံးပြောရရင် AirPods Max။ Apple ရဲ့ headphone။ ထွက်တာ ၄နှစ်ရှိနေပြီ။ အခုထိအသစ်မထွက်သေးဘူး။ ခုနေဝယ်မယ်ဆိုရင်လဲ စျေးက အဲ့လွန်ခဲ့သော ၄နှစ်ကစျေးအတိုင်းပဲ။ ဘယ်အချိန်အသစ်ထွက်လို့ထွက်မယ်မှန်းမသိဘူး။ ဝယ်ပြီးမှ အသစ်ထွက်ရင်လဲ ဒုက္ခ။ ဒီလိုပေါ့။


စျေး

Productတွေက အလတ်လို့မဟုတ်အထက်တန်းစား အသုံးပြုမယ့်သူတွေကို အဓိကရည်ရွယ်တာမို့လို့ Budget user တွေအတွက် စျေးများနိုင်ပါတယ်။ Appleမှာ စျေးနည်းတဲ့ Optionတွေ(ဥပမာ - SE)တို့ ရှိနိုင်ပေမယ့် မတန်ပါဘူး။ ရေရှည်အသုံးခံတယ်။ နှစ်တိုင်းလဲစရာမလိုဘူး။

ပြောရရင် ဝယ်ပြီးတာနဲ့ ပြန်လည်ရရှိနိုင်တဲ့ valueရှိတယ်ဆိုရင် ဝယ်သင့်တာမျိုးပါ။ စျေးအနည်းဆုံး Apple Airpodsတစ်ခု ဒေါ်လာ ၁၅၀၊ headphoneတစ်ခု ဒေါ်လာ ၅၀၀၊ Monitorတစ်လုံး ဒေါ်လာ ၁၅၀၀ပါ။ ကွာလတီတော့ကောင်းနိုင်တာပေါ့ဗျာ။ ဒီလောက် Budgetမသုံးနိုင်တဲ့သူကျတော့ ဘယ်အဆင်ပြေမလဲ။

Windowsနဲ့တွဲဖက်အသုံးပြုလို့ရတာမျိုးဆို စျေးက နည်းနိုင်သလောက်ထက်နည်းလို့ရပါတယ်။ ဥပမာ - ဆိုင်မှာ Excelဇယားကွက်ဖြည့်ရုံပဲ ရုံးသုံးအိမ်သုံးပဲဆို ဒေါ်လာ ၂၀၀/၃၀၀ လောက်နဲ့ laptopတစ်လုံးရနိုင်တာမျိုး၊ ဖုန်းတစ်လုံး ဒေါ်လာ ၂၀၀/၃၀၀နဲ့တင် ရနိုင်တာမျိုးပါ။

"ဖြည့်စွက်စရာရှိတာက appleအချင်းချင်းပဲသုံးလို့ရတယ် ဆိုတာမျိုးမရှိပါဘူး။ ဥပမာ - Dell monitorတစ်လုံး၊ Sony headphoneတစ်ခုနဲ့ Apple macbookနဲ့အသုံးပြုနိုင်တယ်။ ဒီလိုပဲ ပြောင်းပြန်အသုံးပြုနိုင်ပါတယ်။ featuresတွေတော့ နည်းနိုင်တာပေါ့။)


Gaming

Gameဆော့ချင်တယ်ဆိုတဲ့သူတွေအတွက် Macbookက သုံးချင်စရာတော့သိပ်မကောင်းဘူးဗျ။ Gameတိုင်းလဲမရနိုင်ဘူး၊ သူ့ဆီမှာရှိတဲ့ Featureအများစုကလဲ Office work တို့ Professional အလုပ်တို့အတွက် အဓိကဖန်တီးထားတာဆိုတော့ Gamingအတွက်အဆင်မပြေဘူး။

ကျနော်သာဂိမ်းဆော့ဖြစ်မယ်ဆိုရင်တော့ ဒေါ်လာ ၄၀၀၀ လောက်သုံးရမှာပေါ့ဗျာ။


သွားနေတဲ့ပုံစံ

Macbook တွေရဲ့သွားနေတဲ့ပုံစံက တချို့သူတွေအတွက်တော့ အဆင်ပြေချင်မှပြေလိမ့်မယ်။ ဥပမာ - လက်ရှိအကောင်းတကာ့အကောင်းဆုံး Macbook pro တစ်လုံးက ဒေါ်လာ ၃၀၀၀/၄၀၀၀ ရှိပါတယ်။ ဒီစျေးနဲ့ဆို Window PCကောင်းကောင်းတစ်လုံးရနိုင်တယ် Gaming PCတစ်လုံးကောင်းကောင်းရနိုင်တယ်။ သုံးတတ်တဲ့သူဆို ဒီစျေးက Gaming PCတစ်လုံး၊ iPad တစ်လုံး၊ Mac Miniတစ်လုံး၊ Monitorတစ်လုံးလဲရနိုင်ပါတယ်(သိပ်တော့မကောင်းဘူးပေါ့။)


Architecture နဲ့ Mac

🍀 ကိုယ့် Major ကိုယ့်အလုပ်မှာတော့ သူက အပြတ်အသတ်သာနေတာမျိုးမရှိဘူး။ အဓိကကတော့ အသုံးများတဲ့ Applicationတွေ (ဥပမာ - revitကို supportမလုပ်တာ)။ ဟုတ်တယ် ကိုယ့်ဆီမှာ ရှိတဲ့စက်ပေါ်မူတည်ပြီး သုံးမယ့် applicationတွေကို ပြောင်းလဲလို့ရတယ်။ ဥပမာ Macပဲရှိတဲ့သူဆို Vectorworks တို့ Archicadတို့လိုဟာတွေသုံးတာမျိုးပေါ့။

❕ ကိုယ်လုပ်မယ့်အလုပ်ခွင်၊ ကိုယ့်ကို ခန့်မယ့်Companyတွေ၊ ကိုယ်လုပ်မယ့်အလုပ်ရဲ့နဂိုရှိရင်းစွဲအခြေအနေနဲ့ မိမိပြောင်းလဲနိုင်တဲ့အခြေအနေပေါ် အများကြီးမူတည်ပါတယ်။

❕ နောက်တစ်ခုက ကိုယ့်အသုံးပြုပုံ။ ကိုယ်က ဘာတွေသုံးတတ်လဲ ဘယ်လိုသုံးတတ်လဲ ဘယ်လိုအသုံးပြုချင်လဲ ဘယ်အချိန်တွေသုံးတတ်လဲ။ ဘာအလုပ်တွေလုပ်တတ်လဲ၊ ဘယ်လိုနေရာမျိုးမှာ ပုံမှန်ရှိတတ်လဲ နေတတ်လဲ။ ဒီအခြေအနေတွေပေါ်အများကြီးမူတည်ပါတယ်ဗျ။ ကျနော်ကတော့ Mac Userဆိုပေမယ့် Windowsကိုပြောင်းလိုက်ရတဲ့အခါ သုံးရတာအရင်လောက်မချောမွေ့လို့ တော်တော်ကြီးကို အခက်တွေ့နေပါတယ်ဗျာ။


အကြံပေးချင်တဲ့အချက်

🫏 - ကိုယ်လုပ်မယ့်အလုပ်က Laptopပေါ်သိပ်မမူတည်ဘူး။ ပေါ့ပါးသွက်လတ်ပြီး laptopတစ်လုံးက လုပ်ပေးနိုင်တာအကုန်လုံးရချင်တယ်။ စိတ်ချလက်ချဖြစ်ချင်တယ် စိတ်မပူချင်ဘူးဆို Macbook သေချာပေါက် အသုံးပြုနိုင်ပါတယ်။

🫏 - ကိုယ်လုပ်မယ့်အလုပ်က laptopပေါ်မူတည်သည့်တိုင်အောင် အကုန်လုံးလေ့လာပြီးပြီ အဆင်ပြေတယ် ဒါဆိုရင်လဲ Macပါပဲ။

🫏 - အကယ်၍ ကိုယ်က စျေးလဲမသုံးချင်ဘူး၊ သုံးမယ်ဆိုရင်တောင် ကိုယ်လိုချင်တဲ့ Specificationတွေက windowမှာပဲရှိတယ်၊ ကိုယ်လုပ်မယ့်အလုပ်နဲ့ ကိုယ့်ရဲ့လိုအပ်ချက်တွေက Windowနဲ့မှအဆင်ပြေတယ်ဆိုရင်လဲ Windowပေါ့ဗျာ။


ပိုကောင်းတဲ့အကြံ

ကိုယ့်မှာသာ ဒီလိုအသုံးပြုဖို့ ဝင်ငွေရှိတယ်ဆိုရင်တော့ နှစ်ခုလုံးသာသုံးပါဗျာ။ တစ်ဖက်က window only softwareတွေအတွက် windowကိုသုံး၊ တစ်ဖက်ကနေ MacOSတို့ iPadတို့သုံးဖို့လိုရင်လဲသုံးပေါ့။ ဒါလဲအဆင်ပြေတာပဲလေ။

ခက်တာက ဒီလောက်နဲ့တင်အဆုံးသတ်မှာမဟုတ်ဘူးဗျ။ ကိုယ်က တိုးတက်နေတဲ့ခေတ်ရဲ့ ရေစီးကြောင်းအတိုင်း လမ်းလျှောက်မယ့်လူငယ်တစ်ဦးဆိုရင် သေချာပေါက် Laptopတစ်လုံးထက်ပိုမိုလိုအပ်ပါလိမ့်မယ်။ တခြား Accessoriesတွေကိုလဲ ချိန်ကြည့်ရသေးတာမို့ အကုန်လုံးနဲ့အဆင်ပြေမပြေကိုမူတည်ပြီးဆုံးဖြတ်ပါဗျာ။

Laptopအသုံးပြုတဲ့သူတွေမှာ Laptop တစ်လုံးဝယ်လိုက်ရုံနဲ့တင်မပြီးဘူးဗျ။ သူ့အတွက် Keyboardတွေ၊ Webcamတွေ၊ Trackpadတွေ speakerတွေ နားကြပ်တွေကို ဝယ်ရလေ့ရှိတယ်။ ဒီအတွက် ငွေက ထပ်ကုန်တယ်။ လူတွေသိပ်မသိတဲ့ laptopဝယ်ပြီးတဲ့အခါ ကုန်တဲ့ကုန်ကျစရိတ်တွေ။


ကျနော့်အကြောင်း

ဘယ်ဟာက ဘယ်ဟာထက်ပိုကောင်းတယ်ဆိုတာမျိုးတော့မရှိဘူးဗျ။ ပြောရရင် ကျနော်အခုရေးသားနေတဲ့စာတွေအကုန်လုံးက ကျနော်သုံးဖူးတဲ့အတိုင်းအတာတစ်ခုထိ Personal experienceရယ် ကိုယ့်researchပေါ်မူတည်ပြီးရှင်းပြထားတာပါဗျ။

❕တချို့ ကိစ္စတွေက ကျနော့်အတွက် အရေးပါသလောက်မိတ်ဆွေတို့အတွက် အရေးပါချင်မှပါလိမ့်မယ်။ (ဥပမာ - ပေါ့ပါးမှု၊ Apple ecosystemရဲ့ Featureတွေ၊ သူ့ရဲ့ user experience, ...)
တချို့ကိစ္စတွေကတော့ မိတ်ဆွေတို့အတွက် ပိုမိုအရေးပါလိမ့်မယ်။

❕ကိုယ်လက်လွှတ်ခံနိုင်တဲ့အရာတွေနဲ့ ရရှိမယ့်အကျိုးအမြတ်ဆိုတာကို ခွဲခြားပြီး ရင်းသင့်တာရင်းလို့ပဲပြောပါရစေဗျာ။ အတိအလင်းကြီး ဘယ်ဟာကတော့ဘယ်ဟာထက်ပိုကောင်းတယ်ဆိုတာမျိုးတော့ ကျနော်မပြောချင်ဘူးဗျ။ Window မှာလဲကောင်းတဲ့အလုံးတွေရှိသလို MacOSမှာလဲ မကောင်းတာတွေရှိပါတယ်ဗျ။ စျေးပေါ်လဲမူတည်သေးတာကိုး။ ဒီOperating systemကို အသုံးပြုထားတဲ့ Laptopတွေထဲက ပုံမှန်အခြေအနေကို ချိန်ဆထားရုံပါပဲဗျ။ Windows vs MacOSဆိုတာမှာ တစ်လုံးချင်းစီရဲ့ ကွာဟချက်(ဥပမာ - Dell XPS vs Macbook Pro)ဆိုရင်တော့ ပိုမိုတိကျတဲ့ အဖြေတစ်ခုတော့ရနိုင်ပါလိမ့်မယ်ဗျ။

❕ကျနော်ငယ်ငယ်လေးကတည်းက Windowsသုံးလာခဲ့ပြီးတော့ iPhoneစကိုင်တတ်တာနဲ့အတူ Macbook သုံးတတ်လာတယ်။ တခြားသော ecosystemထဲပါတာလေးတွေလဲဝယ်တတ်လာတယ်။ နောက်တော့ ကျောင်းတက်ဖို့ windowsသုံးလိုက်ရတယ်။ နေ့နေ့ညည ဒီapple တို့ windowsတို့ iphoneတို့အကြောင်း လေ့လာနေတဲ့သူဆိုတော့လဲ သိတာပေါ့ဗျာ။ ဒီလောက်ပါပဲ။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီးသိချင်ရင်တော့ Youtubeကြည့်ပါ။ redditတို့ quoraတို့ထဲဖတ်ရှုပါ။


Read more

December 2024 Life Update

ကျနော့်ရဲ့life update လေးပြောပြထားပါတယ်။ အကျဥ်းချုပ်ကတော့ Oxford Brookesရဲ့ Architecture ဒုတိယနှစ် ကျောင်းတက်ခဲ့ဖြစ်တဲ့အခြေအနေတွေ အခြားသော updateလေးတွေပါ။ videoလေးကတော့ တစ်ခုခုကိုအာရုံစိုက်နေရတဲ

By Moe Htet
မိဘနဲ့သားသမီးကြားပြဿနာဘယ်လိုဖြေရှင်းရမလဲ

မိဘနဲ့သားသမီးကြားပြဿနာဘယ်လိုဖြေရှင်းရမလဲ

နေ့လည်တုန်းက ကျနော့်မိတ်ဆွေတစ်ဦးရဲ့မိဘနဲ့စကားပြောဖြစ်လိုက်တယ်။ ထွေထွေထူးထူးမဟုတ်ပါဘူး UKမှာ ကျောင်းတက်ရင် ဘယ်လိုမျိုးလဲ၊ ကျောင်းရွေးသင့်မရွေးသင့်၊ ငွေဘယ်လောက်လေ

By Moe Htet