"Moe Notes Studio Journal" နှင့် သီးသန့်စကားဝိုင်း

"Moe Notes Studio Journal" နှင့် သီးသန့်စကားဝိုင်း

This article is also available in [English]

အဆုံးမရှိ scroll လုပ်နေရတဲ့၊ ကျယ်လောင်တဲ့ algorithm တွေနဲ့ ခဏတာပဲမြင်ရတဲ့ social media post တွေကြားက ကမ္ဘာကြီးမှာ၊ တကယ့်စစ်မှန်တဲ့စကားဝိုင်းတစ်ခုဆိုတာ ဘာကိုဆိုလိုသလဲလို့ ကျနော်အများကြီးစဉ်းစားမိပါတယ်။

  • ဒီ website ပေါ်က ဆောင်းပါးတွေက ကျနော့်ရဲ့ အချောသတ်ပြီးသားအတွေးအခေါ်တွေပါ။
  • ဓာတ်ပုံနဲ့ရုပ်ရှင်တွေက နောက်ဆုံးထွက်လာတဲ့ product တွေပါ။

ဒါပေမဲ့ ဖန်တီးမှုခရီးစဉ်တစ်ခုဆိုတာ နောက်ဆုံးရလဒ်သပ်သပ်ထက် အများကြီးပိုပါတယ်။ ဒါဟာ လုပ်ငန်းစဉ်ကိုယ်တိုင်၊ သေးငယ်တဲ့ရှာဖွေတွေ့ရှိမှုတွေ၊ ညဉ့်နက်သန်းခေါင်ယံက အတွေးတွေနဲ့ အမှားတွေဆီကရလိုက်တဲ့အရေးကြီးတဲ့သင်ခန်းစာတွေအကြောင်းလည်း ဖြစ်ပါတယ်။

ဒါကတော့ ကျနော့်အလုပ်ရဲ့ တခြားတစ်ဖက်ခြမ်းက အကြောင်းအရာတွေဖြစ်ပြီး၊ ပိုပြီးကိုယ်ပိုင်ဆန်တဲ့၊ ပိုပြီးတိုက်ရိုက်ကျတဲ့နည်းလမ်းနဲ့ အမြဲမျှဝေချင်ခဲ့တဲ့အရာတွေပါ။

ဒါကြောင့်ပဲ "Moe Notes Studio Journal" ကို ကျနော်ဖန်တီးခဲ့တာဖြစ်ပါတယ်—ဒါဟာ ကျနော့်ရဲ့ အမာခံအသိုင်းအဝိုင်းနဲ့ အဲ့ဒီခရီးစဉ်ကို မျှဝေဖို့အတွက် သီးသန့်၊ အပတ်စဉ်ပို့ပေးတဲ့ email newsletter တစ်ခုဖြစ်ပါတယ်။


Email Newsletter ဆိုတာဘာလဲ။

ဒီလိုမျိုးစဉ်းစားကြည့်ပါ- Facebook ပေါ်မှာ ကျနော့်ရဲ့စာအသစ်တွေကို သင်ကိုယ်တိုင်လိုက်ရှာနေရမယ့်အစား၊ ကျနော်ကသင့်ဆီကို ကိုယ်တိုင်လာပို့ပေးတာနဲ့တူတူပါပဲ။

တနင်္လာနေ့မနက်တိုင်းမှာ၊ ကျနော့်ဆီက 'Studio Journal' အသစ်တစ်စောင်ဟာ သင့်ရဲ့ email inbox ထဲကို ကိုယ်ပိုင်စာတစ်စောင်လိုမျိုး တိုက်ရိုက်ရောက်ရှိလာမှာဖြစ်ပါတယ်။ Algorithm တွေကြားမှာ ပျောက်ဆုံးသွားမှာကို စိုးရိမ်စရာမလိုတော့ပါဘူး။

ဒါက email အစစ်ဖြစ်တာကြောင့်၊ သင်ကလည်း အချိန်မရွေး သင့်ရဲ့အတွေးအမြင်တွေကိုမျှဝေဖို့ ကျနော့်ဆီကို တိုက်ရိုက် reply ပြန်နိုင်ပါတယ်။ ဒါဟာ တစ်လမ်းသွားမဟုတ်ဘဲ၊ ကျနော်တို့ကြားက တကယ့်အပြန်အလှန်စကားဝိုင်းတစ်ခုဖြစ်ပါတယ်။


တနင်္လာနေ့မနက်တိုင်း သင်ဘာတွေရရှိမလဲ။

ဒီ "Moe Notes Studio Journal" ကို အပတ်စဉ်ထိတွေ့မှုတစ်ခု၊ သင့်ရဲ့တစ်ပတ်တာကိုစတင်ဖို့အတွက် reflection နဲ့ inspiration ရင်းမြစ်တစ်ခုဖြစ်လာအောင် ဒီဇိုင်းဆွဲထားပါတယ်။ ဒါဟာ ကျနော်က စာရေးဆရာ၊ ဓာတ်ပုံဆရာတစ်ယောက်အနေနဲ့သာမက၊ သူ့ရဲ့ခရီးကိုမျှဝေနေတဲ့ မိတ်ဆွေတစ်ယောက်အနေနဲ့ ရှိနေမယ့်နေရာလေးပါ။

  • ကိုယ်ပိုင်အတွေးစများ: နိုင်ငံခြားမှာနေထိုင်နေတဲ့ ကျောင်းသား၊ ဖန်တီးသူ၊ activist တစ်ယောက်အနေနဲ့ ကျနော့်ရဲ့ မွမ်းမံထားခြင်းမရှိတဲ့ အတွေးအမြင်အစစ်အမှန်တွေကို သင်ရရှိပါလိမ့်မယ်။ ဒါတွေက ဆောင်းပါးအပြည့်အစုံတစ်ခုအတွက် အရမ်းပုဂ္ဂိုလ်ရေးဆန်လွန်းတဲ့၊ မပြီးပြည့်စုံသေးတဲ့၊ ဒါမှမဟုတ် ပိုပြီးထိရှလွယ်တဲ့ အတွေးအခေါ်တွေပါ။ ကျနော့်ရဲ့ တကယ့်ဒိုင်ယာရီထဲကို ချောင်းကြည့်လိုက်ရသလိုပါပဲ။
  • Behind the scenes: ကျနော့်ရဲ့ ဖန်တီးမှုလုပ်ငန်းစဉ်ထဲကို သင့်ကိုခေါ်သွားပါမယ်။ ဗိသုကာ model တစ်ခုရဲ့ ရှုပ်ပွနေတဲ့ ပထမဆုံး draft၊ ကျနော်ရိုက်ကူးနေတဲ့ ရုပ်ရှင်က test shot တစ်ခု၊ ကျနော့်ကိုရပ်တန့်သွားစေခဲ့တဲ့ စာအုပ်တစ်အုပ်ရဲ့ စာမျက်နှာ၊ ဒါမှမဟုတ် project တစ်ခုနဲ့ပတ်သက်ပြီး ကျနော်ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတစ်ခုအကြောင်းကို သင်မြင်တွေ့ရပါလိမ့်မယ်။
  • အပတ်စဉ် အနှစ်ချုပ်: နောက်ထပ် လမ်းညွှန်အသစ်၊ ဗီဒီယိုအသစ်တွေကို ဘယ်တော့မှလက်လွတ်မခံရတော့ပါဘူး။ လွန်ခဲ့တဲ့တစ်ပတ်က တင်ခဲ့သမျှ public content အားလုံး—ဆောင်းပါးတွေ၊ ဓာတ်ပုံတွေ၊ YouTube ဗီဒီယိုတွေ—ကို စုစည်းပြီး အဆင်ပြေတဲ့ email တစ်စောင်တည်းနဲ့ ပို့ပေးပါမယ်။
  • Studio Finds & Recommendations: link တွေသက်သက်မျှဝေတာထက်၊ တီဗီရှိုးတစ်ခု၊ သီချင်းတစ်ပုဒ်၊ စာအုပ်တစ်အုပ်၊ ဒါမှမဟုတ် ဟင်းချက်နည်းတစ်ခုက အဲ့ဒီအပတ်မှာ ကျနော့်ကို ဘာကြောင့်ထိတွေ့ခံစားစေခဲ့လဲဆိုတာကို မျှဝေပေးသွားမှာပါ။ ဒါတွေက ကျနော့်ရဲ့ကိုယ်ပိုင်ဖန်တီးမှုအလုပ်ကို အားဖြည့်ပေးတဲ့ ပျော်ရွှင်မှုနဲ့ inspiration မီးပွားလေးတွေပါ။

ဒီ newsletter ဟာ လူတိုင်းအတွက်တော့ မဟုတ်ပါဘူး။ ဒီခရီးမှာ ကျနော်နဲ့အတူရှိနေခဲ့ပြီး၊ ပိုပြီးနက်နက်ရှိုင်းရှိုင်းသွားချင်တဲ့ စာဖတ်သူတွေ၊ တွေးခေါ်သူတွေ၊ ဖန်တီးသူတွေနဲ့ အားပေးသူတွေအတွက်ဖြစ်ပါတယ်။

ကျနော့်ရဲ့ကတိကတော့ ရိုးသားပြီး၊ တန်ဖိုးရှိကာ၊ သင့်အချိန်ကို အမြဲလေးစားတဲ့ အပတ်စဉ် email တစ်စောင်ဖြစ်စေရပါမယ်။ spam မရှိ၊ clickbait မရှိ၊ စစ်မှန်တဲ့စကားဝိုင်းတစ်ခုသာဖြစ်ပါတယ်။

ဒီလိုနေရာလေးမျိုးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ချင်တယ်ဆိုရင်တော့၊ အောက်မှာ subscribe လုပ်ဖို့ ဖိတ်ခေါ်ပါတယ်။ အခမဲ့ဖြစ်ပြီး၊ ကျနော့်ရဲ့အလုပ်နဲ့ ခရီးကို အနီးကပ်ဆုံးလိုက်ပါနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်

Email Newsletter ကို Subscribe လုပ်လိုပါက Moenotes.com ကိုသွားရောက်၍ Email ဖြည့်လိုက်ပါ။ "Complete your sign up to Moe Notes" ဆိုတဲ့Email တစ်စောင်ရောက်လာပါလိမ့်မယ်။ Confirm ပေးပါ။ ဒါဆိုရင်ရပါပြီ။


Read more

မပြီးဆုံးသေးသော တော်လှန်ရေး-လန်ဒန်မှ ဓာတ်ပုံဆရာတစ်ဦး၏ မှတ်စုများ

မပြီးဆုံးသေးသော တော်လှန်ရေး-လန်ဒန်မှ ဓာတ်ပုံဆရာတစ်ဦး၏ မှတ်စုများ

၈/၈/၂၀၂၅။ လန်ဒန်မြို့လယ်က Parliament Square မှာ အနီရောင်ဒေါင်းအလံတွေလွင့်ပျံတဲ့နေ့။ ဗီဒီယို/ဓာတ်ပုံဆရာတစ်ဦးအနေနဲ့ ကျနော့်အလုပ်က မှတ်တမ်းတင်ရုံပါ၊ သို့သော်ကျနော် မျက်နှာတွ

By Moe Htet