Oxford Brookes School of Architecture: End of Year Show

Oxford Brookes School of Architecture: End of Year Show

ဒီနေ့က ကျွန်တော်တို့ရဲ့ ဗိသုကာကျောင်းမှာ နှစ်ကုန်ပြပွဲ စတင်တဲ့နေ့လေးပါ။ ဒီနှစ် ဒုတိယနှစ်မှာတော့ Oxford မြို့ရဲ့ မြောက်ပိုင်းက လှေဆိပ်ကမ်းလေးတစ်ခုပေါ်မှာ "An Amateur Film Studio in Oxford" ဆိုတဲ့ ခေါင်းစဉ်နဲ့ အပျော်တမ်းရုပ်ရှင်ရိုက်ကူးရေးစတူဒီယိုတစ်ခုကို ကျွန်တော် ဖန်တီးခဲ့ပါတယ်။

ဒီ Project ကနေတစ်ဆင့် Oxford Brookes Architecture ဒုတိယနှစ်အတွက် အကောင်းဆုံး Portfolio ဆုဖြစ်တဲ့ "The Doric Club Oxford Prize" မှာ ဆန်ခါတင်စာရင်းတင်သွင်းခံခဲ့ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဒီဝမ်းသာမှုကို အားလုံးနဲ့အတူ မျှဝေချင်ပါတယ်

ဒီနှစ်တစ်နှစ်တာက အတော်လေးလှိုင်းဒဏ်ကြမ်းတမ်းခဲ့တယ်။ စာတော်တဲ့နေ့တွေလဲရှိတယ် ခြေထောက်ပတ်တီးနဲ့သွားခဲ့ရတဲ့နေ့တွေလဲရှိတယ်။ နေမကောင်းဘဲနဲ့ရအောင်လဲသွားခဲ့ရတယ်။ ဒီလိုပဲ ပျင်းရိခဲ့တယ်။ တချို့နေ့တွေ ဆရာဆရာမတွေနဲ့အဆင်မပြေဘူး။ တချို့ အဆင်ပြေတယ်။

ဒီနေ့မှာတော့ ကျွန်တော် ဆုမရခဲ့ပါဘူး။ ရချင်တာကတော့ လူ့သဘာဝပါပဲ။ ဒါပေမဲ့ မဆုတ်မနစ်ကြိုးစားအားထုတ်ခဲ့ရတဲ့ နေ့တွေ၊ အိပ်ရေးပျက်ခံခဲ့ရတဲ့ညတွေ၊ သူငယ်ချင်းတွေနဲ့ မသွားခဲ့ရတဲ့ ပွဲလမ်းသဘင်တွေနဲ့ ရင်းနှီးမြှုပ်နှံခဲ့ရတဲ့ ငွေကြေးတွေအတွက် အခုလို အသိအမှတ်ပြုခံရတာနဲ့ပဲ ကျေနပ်ပီတိဖြစ်ရပါတယ်

ကျွန်တော်ရေးတာကို မြန်မာလို နားလည်ကြမှာမဟုတ်ပေမဲ့ ဒီခရီးတစ်လျှောက်လုံး လမ်းညွှန်ပေးခဲ့ကြတဲ့ ကျွန်တော့်ရဲ့ Tutor တွေဖြစ်တဲ့ Louise Cann, Xana Murrell နဲ့ Declan Molloy တို့ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ပြောပါရစေ။ Master တန်း တက်ခွင့်ရခဲ့ရင်လည်း ဒီUnitကိုပြန်လာခဲ့ပါဦးမယ်။

အမြဲတမ်း အားပေးနေကြတဲ့ မိတ်ဆွေသူငယ်ချင်း တစ်ယောက်ချင်းစီကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ ဒုတိယနှစ်တာတော့ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီ။ မကြာခင်မှာ ကျွန်တော့်ရဲ့ အလုပ်လေးတွေကို ဝေမျှသွားပါမယ်။ စောင့်မျှော်အားပေးကြပါဦးခင်ဗျာ။ Stay Tuned!

Read more

Alternative Options: ဥရောပနဲ့ အခြားနိုင်ငံများသို့ ကူးပြောင်းခြင်း

Alternative Options: ဥရောပနဲ့ အခြားနိုင်ငံများသို့ ကူးပြောင်းခြင်း

ဒီStudent Visaကိစ္စအပြောင်းအလဲနဲ့ပတ်သက်ပြီး ကျနော်အကြံပြုချင်တာရှိပါတယ်။ ဒါက Studentတွေရော Education Providerတွေရောကိုပါ အကျုံးဝင်ပါတယ်။ ပထမတစ်ခု။ နိုင်ငံအပြောင်းအလဲ။ ကျနော်တို့လို ကျောင်းသားအမျ

By Moe Htet
UK ရဲ့ "Emergency Brake" ဗီဇာပိတ်ပင်မှု နောက်ကွယ်က အချက်အလက်များ

UK ရဲ့ "Emergency Brake" ဗီဇာပိတ်ပင်မှု နောက်ကွယ်က အချက်အလက်များ

သတင်းတွေမှာ UK က မြန်မာအပါအဝင် နိုင်ငံ ၄ နိုင်ငံ (အာဖဂန်နစ္စတန်၊ ကင်မရွန်း၊ ဆူဒန်၊ မြန်မာ) ကို Student Visa (ကျောင်းသားဗီဇာ) ပိတ်လိုက်ပြီဆိုတဲ့ သတင်းတွေ တက်လာတော့ လူတေ

By Moe Htet