Oxford Brookes Unversity Campus Tour

Oxford Brookes Unversity Campus Tour
Oxford Brookes

ဒီနေ့တော့ အင်္ဂလန်နိုင်ငံ အောက်စဖို့မြို့မှာရှိတဲ့ ကမ္ဘာ့အဆင့် ၄၀၀ ကျော် Oxford Brookes Universityကို သွားလည်ကြမယ်။ Campus ၄ ခုရှိတဲ့ထဲ Majorအများစုနားခိုရာ Headington campusကိုလည်ပါမယ်။ Video formatကိုတော့ editပြီးတင်ဆက်ပေးပါမယ်အခုကတော့Photo Storyလေးပါ။

Oxford Brookes Universityရဲ့ အရှေ့ မျက်နှာစာလေးပါ။

Brookesဆိုတာ တကယ်တော့ ဒီနေရာမှာကို စတင်ခဲ့တာမဟုတ်ပါဘူး။ 1865ခုနှစ်မှာ Oxford School of Art အဖြစ် Oxfordရဲ့မြို့လည်ခေါင် နာမည်ကြီးBodleian Libraryနားက အခန်းလေးတစ်ခန်းမှာစတင်ခဲ့တယ်။

London Roadကားလမ်းမဘေးကနေ Brookesရဲ့ view

၁၈၉၁ ခုနှစ်မှာ တဖြည်းဖြည်းနဲ့ Technical schoolတစ်ခုအဖြစ်အသွင်ပြောင်းလာခဲ့တယ်။ Engineering Subjectလေးတွေ တစ်စတစ်စထည့်သွင်းလာတယ်။

Accomodation Bureau ဆိုတဲ့အဆောက်အဦးရဲ့ Viewပါ။

တိုးတက်မှုတွေ ချဲ့ထွင်မှုတွေ များပြားလွန်းခဲ့တဲ့ကာလမှာ ဒုတိယကမ္ဘာစစ်အလွန်ကာလ ၁၉၅၆ ခုနှစ်မှာ Oxford College of Technologyဖြစ်လာတယ်။ ဒီကာလမှာတင်ပဲ သာမန်ကျောင်းလေးတစ်ခုကနေ diverseဖြစ်တဲ့ကျောင်းသားထုကြီးကို သင်ကြားပေးတဲ့ ကျောင်းတစ်ခုဖြစ်လာတယ်။

Bike Storage

၁၉၇၀ ခုနှစ်မှာ Oxford Polytechnic ဖြစ်လာတယ်။ ဒီဂရီတွေကို သူ့နာမည်အောက်မှာ ပေးအပ်ခွင့်ဆိုတာရှိလာတယ်။ Business, Engineering, Applied Scienceစတဲ့ နယ်ပယ်တွေက သူ့ရဲ့ အဓိကအအောင်မြင်ဆုံးအတန်းတွေဖြစ်လာခဲ့တယ်။

Co-op ဆိုတဲ့Convenient Storeပါ။

1992 Further and Higher Education Actဆိုတာမှာ Polytechnicတွေကနေ Universityအဖြစ်ပြောင်းလဲတဲ့ထဲ Oxford Polytechnicပါဝင်ခဲ့တယ်။ ကနဦးတိုးတက်မှုတွေမှာ အချက်အချာကျတဲ့သူတစ်ဦးအဖြစ်ပါဝင်ခဲ့တဲ့ Former Principal John Henry Brookesကိုရည်စူးပြီး Oxford Brookes လို့နာမည်ပေးခဲ့တယ်။

John Henry Brookesအဆောက်အဦးကနေ လှမ်းမြင်နေရတဲ့viewပါ။

သူ့ရဲ့တက္ကသိုလ်ဆိုတဲ့statusနဲ့အညီ ကျယ်ပြန့်တိုးတက်လာတဲ့သင်ရိုးတွေ၊ နိုင်ငံနဲ့ဒေသအစိုးရ၊ သက်ဆိုင်ရာနယ်ပယ်က ထိပ်သီးအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်မှု၊ သင်ကြားရေးနဲ့အလုပ်ခွင်ရဲ့ အရှိန်အဝါ ရှိသထက်ရှိလာခဲ့တယ်။

London roadနဲ့ sports centreဘက်ကို တိုက်ရိုက်သွားလို့ရတဲ့ alleyလေးပါ

မြို့အနှံ့မှာလဲ Oxford Brookesကကျောင်းသားတွေရယ် Oxford Universityတွေ ကောလိပ်တွေက ကျောင်းသားတွေနဲ့ လွှမ်းခြုံထားတော့ ဒီနယ်မြို့လေးတစ်မြို့က ကျောင်းတက်လို့သိပ်ကောင်းတဲ့မြို့တစ်ခုဖြစ်လာတယ်။ အနီးစပ်ဆုံးLondonနဲ့ ၁နာရီခွဲလောက်သာဝေးတာမို့ နီးစပ်တယ်။

Built Environment နဲ့သက်ဆိုင်တဲ့ အဆောက်အဦးပါ။

သိချင်တာတွေရှိသေးရင်တော့ "Oxford Brookes University" သို့မဟုတ် "John Henry Brookes"အကြောင်းတွေကို စာအုပ်များစွာထုတ်ထားကြတာမို့လို့ ဖတ်ရှုနိုင်ပါတယ်ဗျာ။

Central Courtyardနဲ့ JHBကို ချိတ်ဆက်ထားတဲ့ လှေကားလေး

ဒီအကြောင်းအရာတွေကို architecture courseထဲလဲ မဖြစ်မနေရှာဖွေရသလို သိထားရတဲ့ကိစ္စလေးတွေမို့လို့ Campusနဲ့ပတ်သက်တဲ့Historyကတော့ ပြောမကုန်ဘူး။ ပုံလေးတွေက ဒီနေ့postရဲ့highlightလေးပါ။ Videoလေးရိုက်ထားပါတယ် နောက်နေ့ တင်ပါမယ်ဗျိုး။

Brookes ရဲ့Court Yard။

ကျောင်းသားတွေအစားစားတဲ့အခါ ပုံမှန်ထွက်စားတတ်တဲ့နေရာလေးပေါ့။ အကုန်လုံးရဲ့စုံရပ်ဆိုလဲဟုတ်တယ်။ မိုးခိုစရာနေရာများတဲ့နေရာဆိုလဲဟုတ်တယ်။

Abercrombieရဲ့ Glass tank gallery ထဲက Formula Student Cars

Formula One ကျောင်းသားသီးသန့်leagueထဲက UKသမိုင်းတစ်လျှောက်အောင်မြင်ဆုံးအသင်းပေါ့ဗျာ Oxford Brookes Motorsport။

John Henry Brookes နောက်ခံထားထားတဲ့ central courtyard view
အလယ်တည့်တည့်က ဖန်တီးမှုလက်ရာတစ်ခု
Clericiအဆောင်မှ မြင်ကွင်း

တခြားexhibitionတွေလဲရှိတတ်တယ်။ဘေးနားမှာတော့ ကော်ဖီဆိုင်လိုcafeလေးရှိတယ်။ Avo cafeလို့ခေါ်ပါတယ်။ နေ့ခင်း ၃နာရီလောက်ထိဖွင့်တတ်တယ်။

Business အတန်းအများစုသင်တတ်တဲ့ အဆောင်

ကျနော်တို့တော့seminarရှိမှပဲသုံးတယ်။ လုံးဝမကြိုက်ဘူး။ အဆောင်တွေက သစ်တော့သစ်နိုင်ပေမယ့် စာသင်ခန်းပုံစံကြီးမို့လို့interactiveမဖြစ်သလိုခံစားရတယ် architecture design studioနဲ့ယှဥ်ရင်။

Business အဆောင်ရဲ့အလွန် Gipsy Lane နား

ကျနော်ထိုင်နေကြ mapleပင်အောက်ကနေရာလေး။ သစ်ရွက်လေးတွေကြွေနေပြီ။ ဝါရင့်လာရောပေါ့။ ကားပါကင်တော့ရှိပေမယ့် Oxford မှာ ကျောင်းသွားကျောင်းပြန်အကောင်းဆုံးက ကားမဟုတ်ဘူးနော်။

Oxford Brookes Gipsy lane bus stop
Bike Parking

နောက်နေ့မှာတော့ ကျနော်သေချာလေးvideo တင်ပါမယ်ဗျာ၊။ ကြည့်ချင်တဲ့နေရာလေးတွေ သိချင်တာတွေရှိရင်လဲ ပြောပြနိုင်ပါတယ်ဗျ။ Page messenger သို့မဟုတ် commentထဲပေါ့ဗျာ။

Video ကတော့နောက်နေ့။ ကျေးဇူးပါ။


Read more

December 2024 Life Update

ကျနော့်ရဲ့life update လေးပြောပြထားပါတယ်။ အကျဥ်းချုပ်ကတော့ Oxford Brookesရဲ့ Architecture ဒုတိယနှစ် ကျောင်းတက်ခဲ့ဖြစ်တဲ့အခြေအနေတွေ အခြားသော updateလေးတွေပါ။ videoလေးကတော့ တစ်ခုခုကိုအာရုံစိုက်နေရတဲ

By Moe Htet
မိဘနဲ့သားသမီးကြားပြဿနာဘယ်လိုဖြေရှင်းရမလဲ

မိဘနဲ့သားသမီးကြားပြဿနာဘယ်လိုဖြေရှင်းရမလဲ

နေ့လည်တုန်းက ကျနော့်မိတ်ဆွေတစ်ဦးရဲ့မိဘနဲ့စကားပြောဖြစ်လိုက်တယ်။ ထွေထွေထူးထူးမဟုတ်ပါဘူး UKမှာ ကျောင်းတက်ရင် ဘယ်လိုမျိုးလဲ၊ ကျောင်းရွေးသင့်မရွေးသင့်၊ ငွေဘယ်လောက်လေ

By Moe Htet