Porn virus

Porn virus

အပြာကားဆိုတာ အသက်မပြည့်ခင်ကတည်းက လူတွေစွဲလမ်းမြဲစွဲလမ်းနေကြအရာတစ်ခုပါ။ Virusတစ်ခုဖြစ်လာတဲ့အခါဘယ်လိုလျှော့ချရမလဲ။


အပြာကားရဲ့sourceတွေ

  • အပြာစာအုပ်တွေ၊ ဝတ္ထုတွေ၊ ရုပ်ပြစာအုပ်တွေ၊ CDတွေ၊ Magazineတွေ၊
  • YouTube, Instagram, TikTokစတဲ့Platformတွေပေါ်မှာ တမင်မပေါ့်တပေါ်ဝတ်ပြရိုက်ကူးထားကြတာတွေ၊
  • Video Websiteတွေ၊ Onlyfansလို ပုံတွေ။

ဘယ်လိုစတင်အထိအတွေ့ဖြစ်ခဲ့ကြလဲ။

Sexဆိုတဲ့အရာကိုသိချင်လို့ပဲဖြစ်ဖြစ် မမြင်ဖူးမစမ်းဖူးတာတွေကို မြင်ဖူးချင်ရုံ exposeခံချင်ရုံပဲဖြစ်ဖြစ် မတော်တဆဖြစ်ဖြစ် စတင်ထိတွေ့လာကြတယ်။

မလျော်ကန်တဲ့Linkတွေ၊ ကြော်ညာတွေ၊ အများဝေမျှထားကြတဲ့ Contentတွေကနေတစ်ဆင့် အမှတ်မထင်သိလာကြတယ်။ ဥပမာ - Facebook ပေါ်က memeလေးတွေတွေ့လို့ပေါ့။

သူငယ်ချင်းတွေ မိတ်ဆွေတွေကနေတစ်ဆင့် ဟာသအနေနဲ့ဖြစ်စေ ရီစရာအနေနဲ့ဖြစ်စေ အပျင်းပြေပြောကြဆိုကြရင်း စူးစမ်းလေ့လာချင်စိတ် ဖြစ်လာကြတာမျိုး။

တချို့ကြတော့ relationshipတွေနဲ့ပတ်သက်ပြီး တမင်သပ်သပ်သိချင်စိတ်ဖြစ်လာလို့ Online ပေါ်ရှာဖွေရင်း သိလာကြတယ်။

တချို့ကြတော့လဲ မိဘဆွေမျိုးတွေကဖြစ်စေ အခြားသော အသက်ပြည့်ပြီးသားလူကြီးတွေဆီကနေတစ်ဆင့် အမှတ်မထင်မြင်သွားကြတာမျိုး။

အခုခေတ်ရဲ့ တွင်ကျယ်လာမှုနဲ့အတူ Internet လေးရနေရုံနဲ့ တစ်ကမ္ဘာလုံးက အချောအလှဆုံးသောအမျိုးသမီးတွေကို တစ်ခဏအတွင်း ရှာဖွေနိုင်တယ်။ အသက် ၁၁နှစ်ကနေ ၁၃နှစ်အတွင်း လူအများစုရဲ့ ပထမဦးဆုံး sexual experienceကိုစတင်ခံစားဖူးလာကြတယ်။ ၄တန်း ၆တန်းအရွယ်ပေါ့ဗျာ။


ကလေးအရွယ်တွေအပေါ်သက်ရောက်တဲ့ဆိုးကျိုး။

အပြာကားကြည့်ရှုခြင်းကြောင့် ကလေးတွေက ရှိရင်းစွဲကာလထက် ပိုမိုစောလျင်စွာ လိင်ဆက်ဆံမှုပြုလုပ်လာကြတယ်။ အထူးသဖြင့် လူကြီးတွေရဲ့လမ်းပြမှု Sexual education သင်ကြားပေးမှု မရှိတဲ့အခါမျိုးပေါ့။

မိတ်ဆွေတို့တွေလဲသတိထားမိကြလိမ့်မယ်။ အပြာကားထဲကအတိုင်း လက်တွေ့မှာတကယ်မဖြစ်ဘူးဆိုတာ။

အပြာကားဆိုတာကဗျာ

  • ရိုက်ကူးရေးအတွက် အထူးတလည်ကူညီပေးမယ့် Production Crewသပ်သပ်ရှိတယ်၊
  • အင်မတန်ကောင်းမွန်သော မီးအလင်းရောင်တွေ အသံစနစ်တွေ ရိုက်ကူးရေးပစ္စည်းတွေ၊
  • မြင်သူတိုင်းငေးမောရလောက်တဲ့ခန္တာကိုယ်နဲ့ မိတ်ကပ်ဆင်ယင်ထားတဲ့ အမျိုးသားအမျိုးသမီးသရုပ်ဆောင်တွေ၊
  • သေချာရေးသားထားသော ဇာတ်ညွှန်း(script)၊
  • အင်မတန်များပြားလှသော edit(အဖြတ်အတောက်တွေ) အကုန်လုံးပါဝင်ပါတယ်။

ရုပ်ရှင်တွေထဲမှာမြင်ရတဲ့ ၁နာရီစာ ပုံရိပ်က ဆက်တိုက်ဖြစ်သွားတာမဟုတ်ပါဘူး။ အပြင်မှာ ၄-၆နာရီလောက်ကစ ရက်နဲ့ချီကိုကြာတဲ့shootတွေပါ.

ဒီလိုအရာကိုမသိနားမလည်သေးတဲ့အခါမှာ အစစ်အမှန်လို့ယူဆမယ်။ တကယ့်တကယ် အပြင်မှာ ပထမဦးဆုံး ကြုံလာကြရတဲ့အခါမှာ အထူးသဖြင့် ငယ်တဲ့အရွယ်တွေအတွက် မထားရှိသင့်တဲ့ မျှော်လင့်ချက်တွေ (Unrealistic Expectations) (ဥပမာ - ပထမဦးဆုံးအကြိမ်မှာတင် အင်မတန်ကျေနပ်ဖွယ်ကောင်းတာ)။

တဖြည်းဖြည်းနဲ့ ပြင်ပလောကနဲ့အဆက်အစပ်လျော့နည်းလာတယ်။ ကိုယ့်ခန္တာကိုယ်၊ ကိုယ့်sex performanceကိုပါ ကျေနပ်မှုမရှိတော့ဘူး။ သိမ်ငယ်လာတယ်။

ခံစားလို့ကောင်းတဲ့ဆေး၊ ကြာဆေး၊ ကြီးဆေး စတဲ့ ဆေးဝါးတွေပေါ်မီငြမ်းလာရင်း မကောင်းတဲ့ ဆိုးကျိုးတွေနဲ့ အသက်အန္တရာယ်ပါထိခိုက်လာစေတယ်။ ဒီတော့ ဘယ်လိုအချိန်တွေမှာ အပြာကားကြည့်ဖြစ်ကြတာလဲ။


အချိန်

အများစုကတော့ ပျင်းလို့သော်လည်းကောင်း လုပ်စရာမရှိလို့သော်လည်းကောင်း ကြည့်ဖြစ်ကြတယ်လို့ ဆိုပါတယ်။ အတူနေအဖော် မရှိကြတဲ့သူတွေ အများစုပါတာပေါ့။ ကြည့်နေကြ ရေချိုးခန်းအိမ်သာဖြစ်စေ အိပ်ခန်းထဲဖြစ်စေ privateဖြစ်တဲ့နေရာလေးတစ်ခုခုပေါ့.

ကျောင်းစာတွေလဲမရှိ၊ အားလပ်ချိန်မှာ အပျင်းပြေ ဖုန်းလေးဖွင့်၊ လိုးရှင်းဘူးတို့ တစ်ရှူးတို့ယူ ပြီးတော့ ကိုယ့်ကိစ္စကိုယ်ရှင်း နေလို့ကောင်းတယ်ပေါ့ဗျာ။

တချို့ကြတော့လဲ စိတ်အရမ်းရှုပ်ထွေးနေတဲ့အချိန် အလျှင်အမြန်stress releaseလုပ်ဖို့လိုတဲ့အချိန် dopamine release လိုအပ်လို့ အပြာကားဖွင့် ကိုယ်ကြည့်ချင်တဲ့သူ သို့မဟုတ် ပုံစံအနေအထားလေးကို ဖွင့် ပြီးတော့ လုပ်စရာရှိတာလုပ်။

တချို့ကျတော့ မဖြစ်မနေကို လုပ်ကိုလုပ်ရမယ်လို့ ဖြစ်တဲ့အခါမျိုးလဲရှိတယ်ဗျ။ ဒါကလဲလူတိုင်းအတွက်ဟုတ်ချင်မှတော့ဟုတ်မယ်။ ဥပမာ - Gym နေ့တိုင်းဆော့တဲ့သူဆို 24/7 စိတ်တက်ကြွနေတာမျိုးလဲရှိတယ်။ အဖော်မရှိတဲ့အခါမျိုးဆို ကိုယ့်ကိစ္စကိုယ်ဖြေရှင်းနေရတာပေါ့။ (လက်တွေ့)

တကယ်လိုအပ်လို့လားဆိုတော့ မလိုအပ်ပါဘူး။


ရုတ်ချည်းထိခိုက်မှု

Sexဆိုတာ ကောင်းတဲ့အရာတစ်ခုပါ။ ချစ်တဲ့သူနှစ်ဦး အချင်းချင်းနီးနီးကပ်ကပ်နေရင်း ခံစားလာရတာတွေပေါ့။ ဒီလိုဆိုကောင်းတယ်ဗျ။

ဒါပေမယ့် Porn ကြည့်တာမျိုး ကြည့်ရင်း တစ်ကိုယ်ရည်အာသာဖြေတာမျိုးက ထိခိုက်မှုများလားနည်းလားဆိုတာ လူတိုင်းသိကြမှာပါ။

စိတ်ခံစားမှုကောင်းနေချိန်ဆို နောင်တရှိမှာမဟုတ်သေးဘူး။ ရှာချင်တာရှာတယ်။ ကြည့်ချင်တဲ့video နားထောင်ချင်တဲ့အသံ ဒါတွေအားလုံးက ကိုယ့်စိတ်ကိုယ်ခံစားမှုကောင်းကောင်းရစေတယ်(လို့ထင်ကြတယ်)။

ဥပမာ - ယောက်ျားလေးတွေဆို Post-nut clarityဆိုတာရှိကြတယ်။ သဘောကတော့ တစ်ကိုယ်ရည်အာသာဖြေပြီးပြီးချင်း ၅မိနစ်လောက်မှာ အမြင်တွေရှင်းလင်းပြတ်သားသွားတဲ့အခါမျိုး။ လုပ်သင့်တဲ့ကိစ္စတွေကို တန်းစီပြီးစဥ်းစားမိသွားသလို မလုပ်သင့်တဲ့ ကိစ္စတွေဆိုရင်လဲ နောင်တအလီလီရသွားကြတယ်။

ဒီလိုမျိုးconsumptionက ကိုယ့်ရဲ့တစ်ကိုယ်ရည်စံနှုန်း(Personal Value)တွေ နဲ့မကိုက်ညီတဲ့အခါ ချက်ချင်းဆိုသလို အပြစ်ရှိသလိုခံစားရခြင်း(Guilt)၊ ရှက်ရွံ့ခြင်း(Shame)၊ ထွေပြားခြင်း(Confusion)ဖြစ်လာတယ်။ ကိုယ့်ကိုယ်ကိုရွံရှာလာတဲ့အထိ စိတ်ထိခိုက်မှုဖြစ်လာတယ်။

ခက်တာက အတော်များများက အဲ့အချိန်ခဏလေးပဲနောင်တရတယ်။ နောက်၁/၂ ရက်လောက်နေရင် ပြန်လုပ်ကြပြန်ရော။ ရေရှည်မှာ

  • Self-confidenceလုံးဝမရှိတော့တာ။
  • တစ်စုံတစ်ခုပေါ်အာရုံစူးစိုက်မှုလုံးဝ မရှိတော့တာ။
  • Sex-driveမရှိတော့တာ။

တစ်ဖက်လိင်နဲ့ဆက်ဆံမှုအပေါ်ဘယ်လောက်ထိသက်ရောက်မှုရှိလဲ။

ဒါကတော့ သိသာချင်မှသိသာလိမ့်မယ်။

ဆိုပါစို့ ယောက်ျားလေးတစ်ဦးက အရမ်းစွဲလမ်းနေတယ်။ နေ့စဥ်နေ့တိုင်းမကြည့်မနေရဆိုတဲ့စိတ်နဲ့ ရှင်သန်လာတယ်။ အဲ့လိုသူမျိုးက တကယ့်လက်တွေ့ဘဝမှာ အမျိုးသမီးတစ်ဦးဦးနဲ့ဆက်ဆံလာရတဲ့အခါ အကျိုးသက်ရောက်မှုရှိလာတယ်။

အိမ်မက်တွေ၊ ခံစားချက်တွေ၊ အတွေ့အကြုံတွေနဲ့ဖြစ်တည်လာတဲ့လူသားတစ်ဦးလို မမြင်တော့ဘဲ စိတ်ကျေနပ်မှုပေးတဲ့ပစ္စည်းတွေလို့သာမြင်တဲ့အထိ ဖြစ်လာတယ်။ အပြင်ပိုင်းခန္တာကိုယ်အစိတ်အပိုင်းတွေကို အရမ်းအာရုံစိုက်နေတာမျိုး၊ နှာစိတ်နဲ့ကြည့်နေတာမျိုးပေါ့။

ကြာလာတော့ မိန်းကလေးတွေကို ကြည့်လိုက်တိုင်း အရမ်းawkwardဖြစ်တယ်။ မျက်လုံးကိုစေ့စေ့ကြည့်ပြီးစကားမပြောရဲဘူး။ ရှက်တယ်။ မနေတတ်ဘူး။ Confidenceလုံးဝမရှိတော့တဲ့အထိ ဖြစ်လာတယ်။

သူချစ်တဲ့သူနဲ့တကယ့်တကယ်ဆက်ဆံဖြစ်တဲ့အခါမျိုးမှာဆိုရင်လဲ တစ်ဦးနဲ့တစ်ဦး ချစ်ခင်ရင်းနီးတဲ့ဆက်ဆံရေးမျိုးဖြစ်လာဖို့ဆိုတာ အင်မတန်ခက်ခဲလာတယ်။

သိသာမသာ စမ်းသပ်ကြည့်ချင်ရင် အနှစ်နှစ်အလလ pornကြည့်နေကြသူတစ်ဦးနဲ့ မကောင်းမှန်းသိလို့ ရှောင်ထားတဲ့သူတစ်ဦးရဲ့ မိန်းကလေးတွေနဲ့ဆက်ဆံပုံကိုလေ့လာကြည့်။ သိသာပါလိမ့်မယ်။


Negative effectကိုဘယ်လိုလျှော့ချရမလဲ။

  1. Stop watching porn

အင်မတန်ရိုးရှင်းတဲ့အဖြေပါ။ ဘယ်လိုကြည့်ပါတို့ ဘယ်လိုနှုန်းထားနဲ့ဘယ်လိုမျိုးpornကိုသာကြည့်ပါလို့ ကျနော်မဖြေချင်ဘူး။ အဓိပ္ပာယ်လဲမရှိသလို အဖြေလဲမဟုတ်ပါဘူး။ ဆေးလိပ်ဖြတ်ဖို့ Vapeသောက်ခိုင်းသလိုပါပဲ။

အကောင်းဆုံးကတော့ လုံးလုံးမကြည့်ပါနဲ့တော့။ အချိန်မရလို့ဖြစ်စေ ကျောင်းစာပိနေလို့ဖြစ်စေ အာရုံပြောင်းနေလို့ မကြည့်ဖြစ်တဲ့အခါမျိုးမှာ လုံးလုံးမကြည့်ဘဲနေဖြစ်အောင်နေလိုက်ပါ။

အခုနေ အထိန်းအကွပ်နဲ့ကြည့်ပါလို့ပြောရင် ရှယ်ကြည့်ကြမယ့်သူတွေ(ကျနော်အပါအဝင်) မို့ လုံးဝမကြည့်ပါနဲ့လို့ပဲ တားပါရစေ။

လူတွေနဲ့စကားပြောပါ။ အစစ်အမှန်သော sexual relationshipကိုခုံမင်စွာ စားသုံးပါ။ ပိုမိုနက်နဲတဲ့bondsတွေနဲ့ ဆက်ဆံပါ။

အရမ်းexcessiveဖြစ်လာပြီ ရှိရင်းစွဲrelationshipတွေကိုပါထိခိုက်လာပြီဆိုရင်တော့ Therapistတစ်ဦးဦးနဲ့စကားပြောဖို့ အကြံပြုချင်ပါတယ်။


ကိုယ်ပိုင်အတွေ့အကြုံ

ကျနော်ဝန်ခံပါတယ် ကျနော်ကိုယ်တိုင်လဲ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး အင်မတန်စိတ်ဝင်စားတဲ့သူတစ်ဦး။ Gymလဲ နေ့စဥ်လိုလိုဆော့တယ် Gymပြင်ပအခြားသော high intensive activitiesတွေနဲ့ high metabolic rateရှိတာကြောင့်လားတော့မသိဘူး နဂိုကတည်းကလဲ sex driveအင်မတန်ပြင်းထန်တဲ့သူတစ်ဦး။

စွဲလမ်းဖို့အင်မတန်လွယ်ကူတာပေါ့။ ၁၀နှစ်မပြည့်ခင်မှာတင်exposeခံခဲ့ရတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးအင်မတန်ဖိနှိပ်မှုများတဲ့မိသားစုထဲရှင်သန်ခဲ့ရတော့ ဘာဆိုတာ မသိခင်အချိန်အထိ ခိုးလုပ်ရတဲ့အရာတစ်ခုပဲ။

ဘယ်သူ့ပုံပြလိုက်တာနဲ့ ဒီသူ ဘယ်လိုမျိုးရုပ်ရှင်တွေ channelတွေမှာ ဘာroleအနေနဲ့ သရုပ်ဆောင်တယ်။ ဘယ်လိုမျိုးpositionတွေနဲ့ categoryတွေရှိတယ်ကအစ မြင်လိုက်တာနဲ့ သိနေတဲ့အထိ စွဲလမ်းခဲ့ဖူးတယ်။

တဖြည်းဖြည်းနဲ့အသက်ကြီးလာတော့ ကိုယ့်ရဲ့ daily life အတွက်လုံးဝအကျိုးမရှိတဲ့ကိစ္စတစ်ခုဆိုတာ ပိုမိုနားလည်လာတယ်။ ဒါလဲဆက်ကြည့်ဖြစ်နေတုန်းပဲ။

တကယ့်တကယ်sexual relationshipရှိဖို့တန်လာတဲ့အချိန်ကျ ဒီလိုကြည့်ထားတာတွေက အမြင်အားဖြင့်အကျိုးတော့ရှိပါရဲ့ အတွေ့အကြုံလဲရပါရဲ့။ ကောင်းကျိုးဆိုတာထက် ဆိုးကျိုးကပဲပိုမိုများပြားခဲ့တယ်။ (အကွက်အဆန်းလေးတွေတော့သိရလေ့လာလို့ရတာပေါ့)

ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ဒီကိစ္စတွေနဲ့ပတ်သက်လို့အတိုင်းအတာတစ်ခုထိလျှော့ချခဲ့တာ ကြာပြီ။ လုံးလုံးလျှော့ချလိုက်တာကတော့ သိပ်မကြာသေးပါဘူး။ ဒါပေမယ့် ပြောင်းလဲမှုကတော့ အင်မတန်သိသာတယ်။ မိတ်ဆွေတို့ကိုလဲ အခုလိုပဲလျှော့ချစေချင်ပါတယ်။

ဒီPostလေးကတော့ Share ဖို့ တွန့်ဆုတ်ကြမယ့်Postလေးလို့ မြင်ယောင်ပါတယ်။ ဒါပေမယ့် မရှက်မရွံ့ဘဲ shareစေချင်ပါတယ်။ USရဲ့Porn လောကဝင်ငွေက NBA, NFL, MLBအကုန်လုံးထက်ကို ပိုမိုများပြားနေတာပါ။ Porn virusကြီးကိုအတူသတ်ကြရအောင်ပါ။


Read more

Alternative Options: ဥရောပနဲ့ အခြားနိုင်ငံများသို့ ကူးပြောင်းခြင်း

Alternative Options: ဥရောပနဲ့ အခြားနိုင်ငံများသို့ ကူးပြောင်းခြင်း

ဒီStudent Visaကိစ္စအပြောင်းအလဲနဲ့ပတ်သက်ပြီး ကျနော်အကြံပြုချင်တာရှိပါတယ်။ ဒါက Studentတွေရော Education Providerတွေရောကိုပါ အကျုံးဝင်ပါတယ်။ ပထမတစ်ခု။ နိုင်ငံအပြောင်းအလဲ။ ကျနော်တို့လို ကျောင်းသားအမျ

By Moe Htet
UK ရဲ့ "Emergency Brake" ဗီဇာပိတ်ပင်မှု နောက်ကွယ်က အချက်အလက်များ

UK ရဲ့ "Emergency Brake" ဗီဇာပိတ်ပင်မှု နောက်ကွယ်က အချက်အလက်များ

သတင်းတွေမှာ UK က မြန်မာအပါအဝင် နိုင်ငံ ၄ နိုင်ငံ (အာဖဂန်နစ္စတန်၊ ကင်မရွန်း၊ ဆူဒန်၊ မြန်မာ) ကို Student Visa (ကျောင်းသားဗီဇာ) ပိတ်လိုက်ပြီဆိုတဲ့ သတင်းတွေ တက်လာတော့ လူတေ

By Moe Htet