Project 2: Jericho ကို လေ့လာခြင်း - Site Analysis & ရှေ့ပြေးပုံစံ (A Prototype)

Project 2: Jericho ကို လေ့လာခြင်း - Site Analysis & ရှေ့ပြေးပုံစံ (A Prototype)

Section 1: နိဒါန်း - The Jericho Canal

ဒီProjectလေးကတော့ ကျနော့်အိမ်က ကိုယ်ပိုင်Spaceလေးကနေ သမိုင်းဝင်နေရာတစ်ခုဖြစ်တဲ့ Oxfordမြို့ရဲ့ Jericho ဆိပ်ကမ်းလေးဆီကို ကူးပြောင်းသွားတယ်။ ရည်ရွယ်ချက်ကတော့ ဒီနေရာလေးအကြောင်းကို ဘက်ပေါင်းစုံကနေ နားလည်နိုင်ဖို့ပါ။ ဒါမှသာ ကိုက်ညီတဲ့ ဗိသုကာလက်ရာတစ်ခု ဖန်တီးလို့ရမှာပေါ့။ ပထမဦးဆုံးစမ်းသပ်မှုအဖြစ် Project 1 တွင် အလင်းတိုင်းတာရေးကိရိယာ 'နေအတု' ကို အသုံးပြုခဲ့တယ်။

Jericho Canal

Section 2: အလင်းရောင် လေ့လာဆန်းစစ်ချက်

ဆိပ်ကမ်းတစ်လျှောက် မျက်နှာပြင်အမျိုးမျိုးပေါ်သို့ အလင်းတန်းတစ်ခုပစ်လွှတ်ပါတယ်။ Project 1 ရဲ့အားနည်းချက် ရာသီဥတုအခြေအနေပေါ်မမူတည်တော့ဘူး။ အလင်းပြန်မှုနှင့် မျက်နှာပြင်အနေအထားကို စိတ်တိုင်းကျလေ့လာနိုင်ခဲ့တယ်။ လူအများသတိမမူမိတဲ့ မှောင်မိုက်တဲ့နေရာတွေ စိုစွတ်တဲ့နေရာတွေကိုပါ တိုင်းတာနိုင်ခဲ့တယ်။


Section 3: သမိုင်းအလွှာ - Jericho ၏ ပြောင်းလဲတိုးတက်မှုကို မှတ်တမ်းတင်ခြင်း

လက်ရှိအခြေအနေကို နားလည်ဖို့ အတိတ်ကိုပြန်လှည့်ကြည့်မှရမယ်။ ရှေးဟောင်းမြေပုံများနှင့် ဝေဟင်ဓာတ်ပုံများကိုကြည့်ခြင်းအားဖြင့် မီးရထားလမ်းသာရှိခဲ့တဲ့ ကျဲပါးသည့် စက်မှုဇုန်တစ်ခုမှသည် ယနေ့ခေတ်၏ သိပ်သည်း၊ သက်ဝင်လှုပ်ရှားပြီး တန်ဖိုးထားမြတ်နိုးရသော "bohemian" လူနေရပ်ကွက်အဖြစ်သို့ ပြောင်းလဲတိုးတက်ပုံကို မြင်ရနိုင်တယ်။ ဒီအရှိန်အဝါကပဲ ဒီနေရာလေးကိုထူးခြားနေစေခဲ့တယ်။ ဒီထက်ပိုပြီးလဲ တိုးတက်ဖို့ အလားအလာရှိပါသေးတယ်။

အောက်ပါအခွင့်အလမ်းများကို ရှင်းလင်းစွာ ဖော်ပြနေတယ်

  • Canal ကို ပြန်လည်အသက်ဝင်စေခြင်း
  • Smart Urban Planning (စွမ်းအင်ချွေတာသော အိမ်ရာများ၊ ယာဉ်ကြောစီမံခန့်ခွဲမှုနှင့် နေရာများကို ပေါင်းစပ်ခြင်း)
  • ယဉ်ကျေးမှုဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်ခြင်း

Section 4: ရပ်ရွာလူထု၏ ပုံရိပ်

ဗိသုကာဆိုတာက လူတွေအတွက်ဖြစ်တယ်။ သန်းခေါင်စာရင်းအချက်အလက်တွေကိုလေ့လာကြည့်ပြီး ကျနော်ဒီလိုကောက်ချက်ချခဲ့တယ်။

  • ဒီနေရာသည် ငယ်ရွယ်သည်၊ ပညာတတ်သည်။ ဖန်တီးရှင်များနှင့် Professionalတွေ အများအပြား နေထိုင်ရာနေရာ ဖြစ်သည်။
  • တစ်ဦးတည်းနေထိုင်သူများနှင့် မိသားစုမဟုတ်သောအိမ်ထောင်စုများသည်။
  • ခေတ်မီလွတ်လပ်သော နေထိုင်မှုပုံစံနှင့် ကိုက်ညီပြီး Flexible ဖြစ်တဲ့ အမျိုးမျိုးအသုံးပြုနိုင်တဲ့ နေရာများအတွက် လိုအပ်ချက်တစ်ခု ရှိနေပါသည်။

Section 5: Boatyard အတွက် တိုက်ပွဲ

ဒီဆိပ်ကမ်းနေရာလေးရဲ့ထူးခြားမှုက လူထုရဲ့စိတ်ဓာတ်။ ဆယ်စုနှစ် ၂ခုကျော်ကြာမြင့်တဲ့အထိ ပိုင်ရှင်တွေအမျိုးမျိုးပြောင်းလဲသွားတယ်၊ ဆောက်လုပ်ရေး Proposalတွေ အမျိုးမျိုးရှိလာလဲ လူထုကတစ်သားတည်းပဲ။ ဒေသခံတွေကိုလှည့်ကြည့်ပေးမှ အမွေအနှစ်တွေကို တန်ဖိုးထားမှ ဆောက်လုပ်ခွင့်ပေးမယ်။

Timeline

  • 20th Century : Orchard Cruisers.
  • 1999-2000 : JCA
  • 2000-2005 : Bellway Homes
  • 2007-2009 : Spring Residential
  • 2009-2013 : JWF
  • 2013-2017 : SIAHAF
  • 2020 : Cornerstone

Section 6: ပေါင်းစပ်ဖွဲ့စည်းခြင်း - "The One + One Meter House" ရှေ့ပြေးပုံစံ (Prototype)

ဒီလိုမျိုး ရှုပ်ထွေးတဲ့သမိုင်းအရိပ်ကိုကျော်လွှားပြီး ကိုက်ညီတဲ့အဆောက်အဦးနေရာတစ်ခု ဘယ်လိုဖန်တီးမလဲ။ ကျနော်ကတော့ Jerichoရဲ့ အိမ်ရာသိပ်သည်းမှုပါတစ်ပါးတည်းဖြေရှင်းနိုင်ဖို့ အနည်းဆုံးBuilding Footprint 'ခြေရာ' မျှသာရှိသော ရှေ့ပြေးပုံစံတစ်ခုဖြစ်သည့် Didier Faustinoရဲ့ လက်ရာကို အခြေပြုထားသော "The One + One Meter House" ကို ဖန်တီးခဲ့တယ်။

Precedent (စံပြုလေ့လာမှု)


Final Drawing (နောက်ဆုံးပုံကြမ်း)

Ground Floor Plan
Elevation
Section
Floor Plan of Each Unit

After multiple considerations, the size of each unit has to be doubled.

Revised Section

Theme and Materiality (အဓိကအသွင်အပြင်နှင့် ပစ္စည်းများ)

Materials Utilized.

Structural Model (ဖွဲ့စည်းပုံ မော်ဒယ်)


Technical Detail (နည်းပညာအသေးစိတ်)

Building Fabric Axonometric Section
One of the Eight Modular Unit's Corner Detail
Base Detail

Renders (ကွန်ပျူတာဖြင့်ဖန်တီးထားသော ပုံရိပ်များ


Section 7: နိဂုံး - အနာဂတ်အတွက် အခြေခံအုတ်မြစ်

ဒီအဆောက်အဦးက နောက်ဆုံးအဖြေတစ်ခုအဖြစ်တော့ မရည်ရွယ်ခဲ့ပါဘူး။ အသုံးပြုထားတဲ့ပစ္စည်းတွေက တစ်ဦးစာအတွက် သိပ်များတယ်၊ ကာဗွန်ထုတ်လွှတ်မှုနဲ့တင် အဆင်မပြေဖြစ်ခဲ့တယ်။ သို့သော် ရေရှည်တည်တံ့မှု၊ modularity၊ အနည်းဆုံးခြေရာနဲ့ ဒီSiteရဲ့သမိုင်းနှင့် လူမှုရေးဆိုင်ရာBackground ကို နက်ရှိုင်းစွာလေးစားမှု— ဒါတွေအားလုံးက ကျနော့်ရဲ့ Semester Two ပရောဂျက်တွင် အရေးပါသော အခြေခံအုတ်မြစ်ကို ဖွဲ့စည်းပေးနိုင်ခဲ့ပါတယ်။


ဆရာ/မ များ၏ တုံ့ပြန်ချက် နှင့် ကိုယ်ပိုင်သုံးသပ်ချက်

ဆရာ/မ များ၏ အကဲဖြတ်ချက် (Critical Context 1 & Portfolio Assessment): Jericho site ကို လေ့လာသုံးသပ်မှုနဲ့ prototype တီထွင်မှုကို နက်နဲပြီး စေ့စပ်တဲ့အတွက် အသိအမှတ်ပြုခဲ့ကြတယ်။

  • အားသာချက်များ: Site analysis က "စေ့စေ့စပ်စပ်နဲ့ ကောင်းကောင်းသုတေသနလုပ်ထားတယ်"။ ကိုယ်ပိုင်ကိရိယာကို အသုံးပြုတာက ပရောဂျက်အပိုင်းတွေကို "ယုံကြည်လောက်အောင်" ချိတ်ဆက်ပေးနိုင်ခဲ့တယ်။ Prototype က "ကဗျာဆန်ပြီး ပုဂ္ဂိုလ်ရေးဆန်တဲ့ တုံ့ပြန်မှု" ဖြစ်ပြီး၊ portfolio တစ်ခုလုံးက "လှပစွာတင်ဆက်ထားတယ်" လို့ ချီးကျူးခံခဲ့ရတယ်။
  • တိုးတက်ရန်လိုအပ်သည့် အပိုင်းများ: Prototype ကို "site နဲ့ ပိုပြီးစနစ်တကျစမ်းသပ်" သင့်ပြီး၊ သူ့ရဲ့ "တစ်ကိုယ်တည်းဆန်တဲ့ သဘာဝ" က ရပ်ရွာရဲ့ "လူမှုရေးနဲ့ စုပေါင်းဆောင်ရွက်မှု" တွေနဲ့ ဘယ်လိုဆက်စပ်မလဲဆိုတာ ပိုလေ့လာသင့်တယ်လို့ အကြံပြုခဲ့ကြတယ်။

ကိုယ်ပိုင်သုံးသပ်ချက်: ဒီပရောဂျက်က နေရာတစ်ခုရဲ့ နောက်ခံသမိုင်းကို နက်နက်နဲနဲတူးဆွလေ့လာခြင်းရဲ့ တန်ဖိုးကို ကျနော့်ကို အမှန်တကယ်ပြသခဲ့တယ်။ ဒါပေမဲ့ feedback က ဗိသုကာပညာရဲ့ အခက်ဆုံးအပိုင်းကို ထောက်ပြခဲ့တယ်- အဲ့ဒီသုတေသနတွေအားလုံးကို လက်တွေ့ကျပြီး အဓိပ္ပာယ်ရှိတဲ့ ဒီဇိုင်းတစ်ခုအဖြစ် ဘယ်လိုပြောင်းလဲမလဲ။

ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော့်ရဲ့ prototype က လက်တွေ့အသုံးဝင်မှုထက် သဘောတရားပိုင်းဆိုင်ရာ စိတ်ကူးတစ်ခုသာ ဖြစ်ခဲ့တယ်။ ဒီစိတ်ကူးကို ရပ်ရွာရဲ့ ရှုပ်ထွေးတဲ့ လက်တွေ့ဘဝနဲ့ ဆက်စပ်ဖို့ နောက်တစ်ဆင့်အနေနဲ့ ကျနော်သင်ယူခဲ့ရတယ်။ သေးငယ်တဲ့အဆောက်အအုံလေးတစ်ခုကတောင် သူ့ပတ်ဝန်းကျင်က လူတွေနဲ့ သမိုင်းကို ထည့်သွင်းစဉ်းစားရမယ်ဆိုတဲ့အချက်ကို ပိုပြီးလေးလေးနက်နက် တွေးခေါ်စေခဲ့တယ်။ အဲ့ဒီသင်ခန်းစာကပဲ ကျနော့်ရဲ့ နောက်ဆုံးပရောဂျက်အတွက် တကယ့်အခြေခံအုတ်မြစ် ဖြစ်လာခဲ့ပါတယ်။


Read more

ပျင်းနေလျက်အလုပ်ပြီးမြောက်ခြင်း

ပျင်းနေလျက်အလုပ်ပြီးမြောက်ခြင်း

အခုလောလောဆယ် ကျနော်ကျောင်းမှာထိုင်နေတယ်၊ အချိန်ကတော့ ည ၁ နာရီ။ အိပ်ချင်နေပြီ သို့သော် စာဆက်ရေးနေသေးတယ်၊ သံစဥ်လေးတွေနားထောင်နေတယ်၊ စာဆက်ရေးစာဆက်လုပ်နေ

By Moe Htet
Dissertation လမ်းညွှန်- Choosing a topic

Dissertation လမ်းညွှန်- Choosing a topic

တတိယနှစ်ထဲမဝင်ခင်မှာတင်ကို ကျောင်းမှာ Essayတွေရေးသားခိုင်းပါတယ်။ စာလုံးရေ ၁၂၀၀၊ ၁၅၀၀ အခု ၂၀၀၀။ Essayတစ်ပုဒ်ပဲထပ်ရတယ်။ ဘာစာမေးပွဲမှမရှိ။ Assignment တွေမရှိ။ 100% Gradedဖြစ်တယ်။ ဆိုလိုတာက သူ့ကိုကျရင်

By Moe Htet