လိင်ကိစ္စ

လိင်ကိစ္စ

ဒီtopicကအတော်လေးကျယ်ပြန့်ပြီး အထိအခိုက်အလွန်များပြားနိုင်တဲ့ကိစ္စရပ်တစ်ခုပါ။ အထူးသဖြင့် မပွင့်လင်းဘဲ တွင်ကျယ်နေတဲ့ကိုယ့်ပြည်ကသူတွေ ပြည်ပရောက်ကြတဲ့အခါ အတော်လေးကသိကအောင့်နိုင်တဲ့ကိစ္စပါ။

အကောင်းဆုံး optionကိုပြောပြရမလား။ လုပ်ကိုမလုပ်ပါနဲ့။

လူပဲဗျာဟုတ်တယ်မလား ကျားမသဘာဝကိလေသာမှာ နစ်မျောသွားကြတာ မထူးဆန်းဘူး။ ဒါပေမယ့် ရှိလာတဲ့ ဇာတ်လမ်းတွေ အကြောင်းတရားတွေက တာဝန်ယူနိုင်တာထက်ကျော်လွန်သွားတဲ့အခါ မဖြစ်သင့်တဲ့ကိစ္စတွေဖြစ်သွားရော။


လိင်ကိစ္စဆိုတာဘာလဲ။

ယောက်ျားလေးမိန်းကလေးစတဲ့သူတွေ အချင်းချင်းaffectionateဖြစ်ကြပြီး နမ်းရှုံ့ကြမယ် လုပ်ကြတယ်ပေါ့ဗျာ။ ကာကွယ်စရာကတော့ အရွယ်မတိုင်မီကလေးရကြမှာ။ ဇာတ်လမ်းကအခုခေတ်အဲ့လောက်ထိမရိုးရှင်းတော့တာပဲဗျ။


ဘာဖြစ်လို့အရေးကြီးတာလဲ။

အခုခေတ်လိုမျိုး လူငယ်လူရွယ်အသီးသီးတိုင်းတပါးမြေကို အခြေဆန့်လာကြတယ်။ ကိုယ့်ပြည်တွင်းထဲမှာလဲ အခြေအနေအကြောင်းအမျိုးမျိုးကြောင့် မြို့ပေါ်တက်လာရတဲ့သူတွေ တစ်ပြည်နယ်ကနေ တစ်ပြည်နယ်ကို ကူးသန်းသွားလာနေကြရတာတွေ အစုံပါပဲ။

လွတ်လပ်ခြင်းရဲ့ကောင်းတဲ့အချက်ကတော့ လျှောက်တဲ့ခြေလှမ်းတစ်လှမ်းချင်းစီတိုင်းက ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ။ မကောင်းတဲ့အချက်ကတော့ ဒီလိုမျိုးခြေလှမ်းလှမ်းနိုင်ဖို့အတွက် လုံလောက်တဲ့အသိပညာနဲ့ဗဟုသုတအတွေ့အကြုံဆိုတာကို အများစုက မပြင်ဆင်သွားခဲ့ရကြဘူး။

ပြင်တတ်ကြပါတယ်ဗျာ computer skillတို့ ပညာရေးrequirementတို့ အင်္ဂလိပ်စာတို့။ ဒါပေမယ့် တကယ့်တကယ်တစ်ဦးတည်းအသက်ရှင်သန်တဲ့အခါ လိုအပ်တဲ့ စကားအပြောအဆို၊ ပေါင်းသင်းဆက်ဆံရေး၊ အိမ်မှုကိစ္စ ဒီလိုမျိုးsoft skillတွေပါမလာခဲ့ဘူး။

ဒီလိုပဲ အခက်အခဲကြုံတဲ့အခါကျော်ဖြတ်လိုစိတ်၊ ရင်ဆိုင်နိုင်စွမ်း၊ မိမိကိုယ်ကိုရပ်တည်နိုင်စွမ်း ဒီအရာတွေကလဲ နောက်ကောက်ချခြင်းခံထားရတယ်။ ဒီထဲမှာ ဒီနေ့ပြောတဲ့လိင်ကိစ္စကလဲ ဖယ်ချန်ထားခံရတဲ့အရာတစ်ခု။


လိင်ကိစ္စကို ဘယ်လိုသတ်မှတ်ကြလဲ။

အခုခေတ်ရေစီးကြောင်းအရ အသိအမြင်ပွင့်လင်းလာတာနဲ့အမျှ အထက်တန်းအရွယ်လောက်ကနေစပြီးတော့ "The Talk"ဆိုတဲ့ လိင်မှုရေးရာအသိပညာကို မိဘများမှဖြစ်စေ ဦးလေး၊ အဒေါ်၊ အကိုအမစသဖြင့် အသိပညာရစေလိုတဲ့ဆန္ဒနဲ့ တစ်စတစ်စ ပြောလာကြပြီ။

ကိုယ်တွေခေတ်ကတော့ ပွင့်လင်းတာနဲ့ သိုသိပ်တာရဲ့ စပ်ကြားပေါ့။


ဘာလို့ ကျနော်မှရေးရတာလဲ။

စရေးဖြစ်တာကတော့ ကျနော့်သူငယ်ချင်းတစ်ဦးကြောင့်။ သူကိုယ်တိုင်လဲအတွေ့အကြုံမရှိ၊ တစ်ဖက်က နိုင်ငံခြားသူကောင်မလေးကလဲ အတွေ့အကြုံမရှိ(ပြောတာပဲ)။ ရံဖန်ရံခါနေဖြစ်တယ်ဆိုတော့ မေးကြည့်ဖြစ်တာပေါ့ ဘယ်လိုအကာအကွယ်တွေအသုံးပြုလဲ၊ ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်လဲ

ခက်တာက သူကိုယ်တိုင်လဲအဲ့လောက်ကြီးမသိ။ သူ့ကောင်မလေးကလဲ အခြေအနေကြည့်ရသလောက်တော့ အတွေ့အကြုံများမယ့်ပုံ။ တားလို့ကလဲမရ မွှန်နေတာကျနော့်သူငယ်ချင်း။


ဘာတွေစိတ်ပူရမှာလဲ။

ကိုယ်က တာဝန်ယူတာဝန်ခံလိုစိတ်မရှိဘူး။ တစ်ဖက်သားဘာဖြစ်ဖြစ် သူ့ကိစ္စသူရှင်း ဆိုတဲ့ ကျွမ်းကျင်မှုမျိုးဖြစ်စေ အတွေ့အကြုံမျိုးဖြစ်စေ ထားတတ်တယ်ဆိုရင်တော့ ဒီကိစ္စတွေက အကျုံးဝင်ချင်မှဝင်လိမ့်မယ်။ ကျနော်ကတော့ အလေးထားတတ်တဲ့ သူတစ်ဦးရဲ့perspectiveကနေရေးတယ်။

စိတ်ပူရတယ်ဆိုတာ "ကိုယ်ဝန်" ဆိုတဲ့အရာတစ်ခုတည်းတင်မဟုတ်ဘူး(သူကလဲဇာတ်လမ်းတစ်ခု)။ ရောဂါပိုးဆိုတာလဲစိုးရိမ်ရသေးတယ်။ ရောဂါပိုးဆိုတာ နမ်းရှုံ့ခြင်းကနေပဲဖြစ်စေ အတူနေထိုင်ခြင်းကနေဖြစ်စေ လိင်ကကူးစက်တဲ့အခြေအနေပဲဖြစ်စေ အမျိုးမျိုးရှိနိုင်တယ်။ ဆရာဝန်တွေကတော့သေချာပိုမိုရှင်းပြနိုင်ပါလိမ့်မယ်။


ဘယ်လိုလုပ်ဖြစ်သွားကြတာလဲ။

နည်းလမ်းအမျိုးမျိုးရှိတယ်။ ချစ်သူရည်းစားဟုတ်ဟုတ်မဟုတ်ဟုတ် စကားတွေပြောကြတယ်။ ချိန်းတွေးကြတယ်။ စားကြသောက်ကြပျော်ကြပါးကြပေါ့။ အချင်းချင်းအထိအတွေ့၊ ရနံ့၊ အမြင် စတဲ့အာရုံအမျိုးမျိုးမှာ သာယာသွားကြတယ်။ "အချစ်"လို့သမုတ်ကြတယ်။ နှစ်ကိုယ်ကြားနေရင်းနဲ့ လုပ်ဖြစ်သွားကြတယ်ပေါ့ဗျာ။


Scenario 1: အကောင်းဆုံးအခြေအနေ

  • နှစ်ဖက်လုံးက လက်တွဲဖော်အင်မတန်နည်းပါးတယ်။
  • အချိန်တိုင်းမှာ အကာအကွယ်အမြဲအသုံးပြုတယ်။
  • အကာအကွယ်မဲ့ဆက်ဆံမှုတွေ၊ မလုပ်သင့်မှန်းသိတဲ့အတိအကျမကာကွယ်နိုင်တဲ့ နည်းလမ်းတွေ (ရက်ရှောင်ခြင်း၊..) ကိုအသုံးမပြုဘူး။
  • အဆုံးသတ်မှာလဲ သေချာသန့်စင်ဆေးကြောစစ်ဆေးတယ်။ ရာသီလာချိန်အတိုင်းအတာကာလ၊ ကိုယ်ပေါ်မူတည်ပြီး ကိုယ်ဝန်ရှိမရှိ စစ်ဆေးတတ်တယ်။

ကောင်းတဲ့အချက်ကတော့ ရေတိုရေရှည် စိတ်ချရတဲ့ ကျန်းမာတဲ့ဆက်ဆံနည်း။

မကောင်းတဲ့အချက်ကတော့ လွတ်လွတ်လပ်လပ်ပျော်ပါးချင်ပါတယ်ဆိုကာမှ အခုလိုမျိုး စည်းတွေ ဆန္ဒတွေစောင့်ထိန်းရင်း အရိုင်းဆန်ဆန်ပျော်ပါးတာလောက် မကောင်းတော့တာ။


Scenario 2: အလယ်အလတ်

  • နှစ်ဖက်လုံးက လက်တွဲဖော်နည်းသေးတယ်။
  • အချိန်တိုင်းတော့ အကာအကွယ်မသုံးဘူး။ ဥပမာ - နမ်းရှုံ့တဲ့အချိန်တွေ oralနည်းလမ်းနဲ့ ပါးစပ်အသုံးပြုတဲ့အခိုက် မသုံးဘူး။ Penetrationအချိန်မှာသာအသုံးပြုတယ်။
  • မလုပ်သင့်တဲ့ကိစ္စတွေကို တော်ရုံမရှောင်ဘူး။
  • စစ်ဆေးတာမျိုးလုပ်ဖိ့ခက်ခဲတယ်။

လူအများစုရှိကြတဲ့အနေအထားမျိုးပါ။ အတိအလင်း မကောင်းဘူးကောင်းတယ်လို့ ပြောဖို့ခက်တယ်။

မကောင်းတဲ့အချက်ကတော့ စိုးရိမ်စိတ်။ ကိုယ့်စိတ်ကြောင့်ပဲကိုယ်ပြန်သတ်တာ။

"ငါသူနဲ့ အဲ့နေ့တုန်းက အကာအကွယ်မဲ့ခဲ့တာ သူဒီနေ့အထိ ရာသီမလာသေးဘူး။ ဗိုက်လဲအောင့်အောင့်နေတယ်ပြောတယ်။ ဆီးစစ်တံနဲ့လဲမစစ်ရသေးဘူး။"


Scenario 3:အဆိုးဆုံး

  • တစ်ဖက်ဖက်ကဖြစ်စေ နှစ်ဖက်လုံးဖြစ်စေ လက်တွဲဖော်များပြားလွန်းတယ်။ မများရင်တောင် အကာအကွယ်တော်ရုံမသုံးတော့ဘူး။ အရှင်းလင်းဆုံးကတော့ ဆင်ခြင်မှုမရှိတော့တာ။

မဖြစ်ကြပါစေနဲ့။

ဖြစ်လာနိုင်တဲ့အခြေအနေတွေက

  • အရွယ်မတိုင်မီကိုယ်ဝန်ရတာကနေတစ်ဆင့် မမှန်တဲ့နည်းလမ်းတွေနဲ့ ဖျက်ချဖို့ကြိုးစားမိတာတွေ၊ ကလေးရခဲ့ရင်လဲ အမျိုးမျိုးသောဖိအားတွေကြား နေ့စဥ်လုပ်ဆောင်ချက်ထိခိုက်လာတာ၊ ဘဝကအရင်လိုပြန်မဖြစ်တော့တာ။
  • Bပိုး ကာလသားရောဂါ HIV AIDS သားအိမ်ရောဂါ စတဲ့ရောဂါတွေဖြစ်နိုင်တယ်။
  • အရေးပေါ်တားဆေးတွေ၊ ထိုးဆေးတွေ၊ စတဲ့ ဟောမုန်းပြောင်းလဲစေတဲ့ဆေးဝါးတွေဆီကရလာနိုင်တဲ့ side effectတွေ(အလွန်အမင်းဝ/ပိန်လာတာ)။

ဘယ်လိုကာကွယ်ရမလဲ။

ကိုယ်နဲ့အတူနေမယ့်သူကို လေ့လာဆုံးဖြတ်ပါ။ အတူနေဖူးတဲ့သူတစ်ဦးက မနေဖူးသလို ဟန်ဆောင်လို့ရပေမယ့် သိသာပါတယ်။ လုံးဝမနေဖူးတဲ့သူလား အင်မတန်နည်းပါးစွာအတူနေဖူးတဲ့သူလား အရှုပ်အထွေးများစွာနဲ့ ရှိနေသူလားဆိုတာ ခွဲခြားပါ.

ခေါင်းရှုပ်မခံချင်ဘူး ဘာမှမသင်ချင်ရင် မလုပ်ပါနဲ့။ လုပ်ချင်ရင်တော့ အကုန်လုံးကို မတိုင်ခင်ကတည်းက ကြိုတင်လေ့လာပြင်ဆင်ထားပါ။


ဘယ်ကလေ့လာရမလဲ။

internetပေါ်မှာတင်ကို မေးမြန်းလို့ရနိုင်တဲ့ teleကျန်းမာလိုမျိုး ဆေးကုခန်းတွေ၊ onlineဆေးခန်းတွေ ရှိသလို အသိပညာဟောပြောပွဲတွေ video တွေလဲ အင်မတန်များပြားပါတယ်။

ကိုယ်လွတ်လွတ်လပ်လပ်မေးမြန်းလို့ရမယ့် သူမျိုး ဥပမာ - အဖေအမေဖြစ်စေ ဦးလေးအဒေါ်အကိုအမ ဖြစ်စေ သူငယ်ချင်းဖြစ်စေ မေးမြန်းပါ။ safeဖြစ်တဲ့ဆက်ဆံနည်းကို လေ့လာသင်ယူပါ။

အပြာကားတွေကို အတုမခိုးပါနဲ့။


Read more

December 2024 Life Update

ကျနော့်ရဲ့life update လေးပြောပြထားပါတယ်။ အကျဥ်းချုပ်ကတော့ Oxford Brookesရဲ့ Architecture ဒုတိယနှစ် ကျောင်းတက်ခဲ့ဖြစ်တဲ့အခြေအနေတွေ အခြားသော updateလေးတွေပါ။ videoလေးကတော့ တစ်ခုခုကိုအာရုံစိုက်နေရတဲ

By Moe Htet
မိဘနဲ့သားသမီးကြားပြဿနာဘယ်လိုဖြေရှင်းရမလဲ

မိဘနဲ့သားသမီးကြားပြဿနာဘယ်လိုဖြေရှင်းရမလဲ

နေ့လည်တုန်းက ကျနော့်မိတ်ဆွေတစ်ဦးရဲ့မိဘနဲ့စကားပြောဖြစ်လိုက်တယ်။ ထွေထွေထူးထူးမဟုတ်ပါဘူး UKမှာ ကျောင်းတက်ရင် ဘယ်လိုမျိုးလဲ၊ ကျောင်းရွေးသင့်မရွေးသင့်၊ ငွေဘယ်လောက်လေ

By Moe Htet
သူငယ်ချင်းမိတ်ဆွေတွေရဲ့အရေးပါပုံ

သူငယ်ချင်းမိတ်ဆွေတွေရဲ့အရေးပါပုံ

ဘာဖြစ်လို့ ကိုယ့်အနီးအနားမှာ ရှိတဲ့ဒီလိုသူတွေက အရေးပါတာလဲ။ သူတို့ရဲ့အကျိုးသက်ရောက်မှုကဘာလဲ။ ကိုယ့်အပေါ်ဘယ်လိုinfluenceနိုင်လဲ။ "ငယ်သူငယ်ချင်းတွေ၊ ကျောင်းနေဖက်တွ

By Moe Htet