စာတိုလေးပါ

စာတိုလေးပါ

ကျနော်အခုရက်ပိုင်း ဇာတ်လမ်းလေးတွေရှုပ်နေသေးလို့ စာလေးတွေတော့ မနရေးဖြစ်သေးပေမယ့် တဖြည်းဖြည်းနဲ့ ပြန်လည်integrateလုပ်ဖို့ကြိုးစားနေတဲ့ ကာလလေးမို့ဖြစ်ပါတယ်။

ကျောင်းစာတွေအနေနဲ့ကတော့ တဖြည်းဖြည်းနဲ့တော့သူ့ဟာသူလည်ပတ်လို့ လည်ပတ်နေတယ်။ မတူညီတဲ့စာလုပ်တဲ့ပုံစံလေးတွေနဲ့လဲ ကျနော် ဒီစာတွေကိုဖြည်းဖြည်းချင်းချဥ်းကပ်နေတယ်။ စမ်းသပ်နေတယ်လို့ပဲပြောရမလား။ အထိုင်ကျဖို့ နေသားကျဖို့အချိန်လေးတစ်ခုပေါ့ဗျာ။


Reformationကာလ

ကျနော် နွေရာသီမှာတုန်းက ရှိခဲ့တဲ့ပုံစံကိုမှ အသစ်ပြန်လည်ပြောင်းလဲမွန်းမံနေတယ်လို့ပဲဆိုချင်ပါတယ်။ ပုံမှန်ဆို ကျောင်းမရှိဘဲနေနေခဲ့ရာကနေ အခုကျောင်းတွေစအတန်းတွေပြန်တက်ပြီး စာတွေလုပ်နေရတဲ့အခါ ဒီကိစ္စတွေအကုန်လုံးမှာ စိတ်ကနေ ကိစ္စတိုင်းကို လုံးဝperfectဖြစ်ဖို့ဆိုတာ ခက်ခဲပါတယ်။


အတွေ့အကြုံနုနယ်မှု

အတွေ့အကြုံလဲ မရှိသေးတဲ့အပြင် ဒီtoolsတွေနဲ့ပတ်သက်ပြီးအရင်းတနီးအကျွမ်းတဝင်လဲမရှိသေးတော့ ပေါင်းစပ်မတတ်သေးဘူးပဲဆိုရမှာပါ။ တဖြည်းဖြည်းနဲ့ ရင်းနီးလာတဲ့အခါ ဒီထက်ပိုကောင်းတဲ့ပုံစံတွေနဲ့ ရှေ့ဆက်လာနိုင်မယ်လို့ ယူဆပါတယ်။


Pageအသစ်လေးကိစ္စ

toolsတွေဆိုတာကဗျာ ဥပမာ - ကျောင်းစာပဲဖြစ်စေ ဒီလူအများနဲ့ဆက်ဆံရတဲ့ personal pageပဲဖြစ်စေ အကုန်ပေါ့ဗျာ။ အချိန်လဲအရမ်းကုန်တယ် ခက်လဲခက်ခဲတယ်။ toolဆိုတာ အချိန်ကုန်သက်သာစေဖို့ဆိုပေမယ့် ကျနော်တော့စစချင်းမို့ ကြာနေပါသေးတယ်။

ဒါတောင် ကျနော်စဥ်းစားနေသေးတာ architecture နဲ့ပတ်သက်တာအတွက် သီးသန့်အသုံးပြုဖို့ page တစ်ခုဖန်တီးမလို့ပါ။ ဒါကတော့ ကျနော့်အလုပ်အကိုင်အခွင့်အလမ်းနဲ့ပတ်သက်ပြီး အထောက်အကူတစ်စုံတစ်ရာအနေနဲ့ ပြသလို့ရနိုင်တဲ့ ကိစ္စတစ်ခုလို့ ကျနော်ယုံကြည်ပါတယ်။

ဒီဟာမှအပ ကျနော်နေ့တူတကွ life updateကတော့ နောက်နေ့မှဆက်လက်ရေးသားသွားပါမယ်လို့ ဟဲဟဲ။ အမြဲတမ်းစောင့်ကြည့်နေပေးလို့ ကျေးဇူးတင်ပါတယ်ဗျ။


Read more

Alternative Options: ဥရောပနဲ့ အခြားနိုင်ငံများသို့ ကူးပြောင်းခြင်း

Alternative Options: ဥရောပနဲ့ အခြားနိုင်ငံများသို့ ကူးပြောင်းခြင်း

ဒီStudent Visaကိစ္စအပြောင်းအလဲနဲ့ပတ်သက်ပြီး ကျနော်အကြံပြုချင်တာရှိပါတယ်။ ဒါက Studentတွေရော Education Providerတွေရောကိုပါ အကျုံးဝင်ပါတယ်။ ပထမတစ်ခု။ နိုင်ငံအပြောင်းအလဲ။ ကျနော်တို့လို ကျောင်းသားအမျ

By Moe Htet
UK ရဲ့ "Emergency Brake" ဗီဇာပိတ်ပင်မှု နောက်ကွယ်က အချက်အလက်များ

UK ရဲ့ "Emergency Brake" ဗီဇာပိတ်ပင်မှု နောက်ကွယ်က အချက်အလက်များ

သတင်းတွေမှာ UK က မြန်မာအပါအဝင် နိုင်ငံ ၄ နိုင်ငံ (အာဖဂန်နစ္စတန်၊ ကင်မရွန်း၊ ဆူဒန်၊ မြန်မာ) ကို Student Visa (ကျောင်းသားဗီဇာ) ပိတ်လိုက်ပြီဆိုတဲ့ သတင်းတွေ တက်လာတော့ လူတေ

By Moe Htet