Short note- ကျနော်မတင်ဖြစ်သေးပါဘူးဗျာ

Short note- ကျနော်မတင်ဖြစ်သေးပါဘူးဗျာ

အခုလောလောဆယ်တော့ ကျနော်စာသင်နှစ် နောက်တစ်ခုရဲ့အစကိုရောက်လို့လာပါပြီ။

အဆင်ပြေမပြေတော့မသိပေမယ့် အိမ်ပြောင်းတဲ့ကိစ္စတွေနဲ့အလုပ်ရှုပ်နေပါတယ်။ လောလောဆယ်တော့ ပိုမိုဆိုးရွားတဲ့ဘေးအန္တရာယ်ကြုံနေရတဲ့ ကိုယ့်ပြည်သူတွေ စစ်ဘေးရှောင်မိတ်ဆွေတွေ တော်လှန်ရေးရဲဘော်တွေကို စာနာသောအားဖြင့် Postလေးတွေတော့ တဖြည်းဖြည်းချင်းပဲတင်ပါဦးမယ်။ လုပ်စရာရှိတာတော့လုပ်နေရမှာပဲဆိုပေမယ့်လဲ ကိုယ်လုပ်နိုင်သလောက်ပေါ့ဗျာ။ ကြားထဲfundraisingပွဲတွေ eventတွေရှိရင်လဲ တတ်အားသ၍တော့ ပါနေပါဦးမယ်။


အဆောင်အပြောင်းအရွှေ့

အဆောင်ပြောင်းလိုက်တော့ အဆောင်က သိပ်တော့လဲမကောင်းဘူးဗျာ။ ရွှေ့ရပြုရတာနဲ့တင်ကို ငွေလဲကုန် လူလဲပင်ပန်းတဲ့အပြင် အဆောင်ကြီးက မကောင်းဖြစ်နေတော့လဲမတတ်နိုင်ဘူး။ စျေးနဲ့တူတဲ့တန်တဲ့အရာရတယ်လို့ပဲပြောရမှာပေါ့ဗျာ။

အခုနောက်ပိုင်း အိမ်ငှားစျေးနှုန်းတွေက အရင်ထက်အဆပေါင်းများစွာတက်လာတာကော ငွေကြေးဖောင်းပွလာတာနဲ့အတူ ဒီနိုင်ငံခြားမှာကျောင်းတက်တာကြီးကတော်တော်ကိုကုန်တာဗျ။ ရွှေ့ပြောင်းနေထိုင်သူတွေအင်မတန်များပြားတဲ့ နေရာမျိုးဆိုရင် ပိုလို့ကိုဆိုးတယ်ဗျာ။ ကိုယ်တိုင်လဲ ရွှေ့ပြောင်းနေထိုင်သူလို့နာမည်တပ်လို့ရပေမယ့်လဲ standardကျပြန်တော့


လူဦးရေထူထပ်မှု

လူဦးရေကလဲ ထူထပ်လာသလားမမေးနဲ့။ Oxfordလို့သာဆိုတယ်။ လူက အင်မတန်ကိုများတယ်။ နေရာတကာပြွတ်သိပ်နေတာပဲ။ ကျောင်းဆိုလဲကျောင်း၊ city centreဆိုလဲcity centre၊ မြို့ပြင်ဆိုလဲမြို့ပြင်မို့လို့။ ကိုယ်ပဲအမြင်ပြောင်းတာလားတော့မသိ။


ကျောင်းရဲ့ကုန်ကျစရိတ်တွေ

သူကလဲအင်မတန်ကိုများလွန်းတယ်။ ဘယ်ကိစ္စမဆို ဘာမဆို

  • ဒီက ပုံမှန်စျေးက ကျနော်တို့ရဲ့ များပြားလွန်းတဲ့စျေး(ဥပမာ - Primarkလို စျေးနည်းတဲ့ အဝတ်အစားဆိုင်မျိုးကအကျီတစ်ထည် £6 = MMK ၃/၄သောင်း)။
  • ဒီက ကောင်းတယ်ဆိုတဲ့ပစ္စည်းမျိုးက ကျနော်တို့အတွက် မလိုက်မီနိုင်တဲ့ငွေကြေးတစ်ခု (Organicသံလွင်ဆီတစ်ဗူး ပေါင် ၂၀လောက်မှအနည်းဆုံးစ)

တိုးတက်လာတဲ့အခြေအနေတွေရဲ့ဘေးထွက်ဆိုးကျိုး။

ပစ္စည်းတွေအတော်များများကလှဖို့၊ ကုန်ကျစရိတ်နည်းပါးဖို့၊ အရေအတွက်များများထုတ်လုပ်နိုင်ဖို့ ကြာရှည်ခံဖို့၊ သန့်ရှင်းဖို့၊ သယ်ယူပို့ဆောင်ရေးလွယ်ကူစေဖို့ စသဖြင့် ကြိုးပမ်းလာကြတော့ ဘေးထွက်ဆိုးကျိုးတွေသိပ်များလာတယ်။ စတေးရတာတွေများလာတယ်။

ဆိုပါစို့ အစားအသောက်နဲ့ပဲပြောချင်တယ်။ ထောပတ်။ ထောပတ်ဆိုတာလူတိုင်းစားတဲ့အရာတစ်ခု။ ဘာကြောင့်မှန်းတော့မသိပေမယ့် နို့မှအပ တခြားသော chemical တွေပါတာကြီးက မစစ်မှန်ဘူးလို့ယူဆတယ်။ magarineပဲဖြစ်စေ vegan ထောပတ်ပဲဖြစ်စေ ကျနော်တော့သိပ်သဘောမကျဘူး။ အရသာလဲ ကောင်းမှမကောင်းတာ။ ဟုတ်တယ် စျေးတော့ကြီးတယ် ပုံမှန်အတိုင်း သဘာဝနည်းလမ်းအတိုင်း အစစ်အမှန်လုပ်ထားရတဲ့ပစ္စည်းတွေက။

ပေါင်မုန့်ဆိုလဲထိုနည်းလည်းကောင်းပဲ။ အခုမှfreshဖြစ်အောင်ဖုတ်ထားတဲ့ပေါင်မုန့်ဆို သူ့ဟာသူ ဂျုံမုန့်ရယ် ရေရယ်နဲ့ပဲလုပ်ထားတောင်ကောင်းတယ်။ freshမဖြစ်တာမျိုး ကုန်ကားတွေနဲ့ နေရာအနှံ့လိုက်ပို့ထားတဲ့ ဟာမျိုးရဲ့အရသာကျတော့ ကျနော်တော့သိပ်မကြိုက်ဘူးဗျ။ အစစ်အမှန်အရသာရယ်လို့မရလို့။ ဒီလိုအရာတွေက အရမ်းဝမ်းနည်းဖို့ကောင်းတယ်။

ကိုယ်တိုင်စိုက် ကိုယ်တိုင်ပျိုးတဲ့ဥယျောဥ်ထဲက အသီးအနှံတွေနဲ့ အသက်ဆက်နိုင်ရင်တော့အကောင်းဆုံးပါပဲဗျာ။ ကျနော်ဂျီးများလာတာပဲလား လျှာကပဲအရမ်းရွေးလာလားတော့မသိဘူးဗျိုး ခံစားရတာပြောချင်တာပါ။ အခုနောက်ပိုင်းတော့ တတ်နိုင်သလောက် အိမ်မှာ ကိုယ်တိုင်လုပ်တဲ့စားစရာတွေ၊ unprocessed foodတွေ အသီးအရွက်တွေကိုအရိုးရှင်းဆုံးဖြစ်အောင်လုပ်ထားတာတွေ ရအောင်စားဖြစ်တယ်။ ကုန်ကျစရိတ်လဲ အနည်းနဲ့အများတော့ပိုနိုင်တာပေါ့ဗျာ။ ဒါပေမယ့်လဲ ကျနော်လဲနေတတ်တယ်လေ။

နောက်နေ့တွေတော့ ကျနော်ပုံလေးတွေရိုက်လိုက် စာနဲ့ပတ်သက်တာတွေလုပ်လိုက်နဲ့ ဖြတ်သန်းပါဦးမယ်။ စာလေးတွေတော့ မကြာခဏရေးသားနေမှာမို့stay tuned.


Read more

Alternative Options: ဥရောပနဲ့ အခြားနိုင်ငံများသို့ ကူးပြောင်းခြင်း

Alternative Options: ဥရောပနဲ့ အခြားနိုင်ငံများသို့ ကူးပြောင်းခြင်း

ဒီStudent Visaကိစ္စအပြောင်းအလဲနဲ့ပတ်သက်ပြီး ကျနော်အကြံပြုချင်တာရှိပါတယ်။ ဒါက Studentတွေရော Education Providerတွေရောကိုပါ အကျုံးဝင်ပါတယ်။ ပထမတစ်ခု။ နိုင်ငံအပြောင်းအလဲ။ ကျနော်တို့လို ကျောင်းသားအမျ

By Moe Htet
UK ရဲ့ "Emergency Brake" ဗီဇာပိတ်ပင်မှု နောက်ကွယ်က အချက်အလက်များ

UK ရဲ့ "Emergency Brake" ဗီဇာပိတ်ပင်မှု နောက်ကွယ်က အချက်အလက်များ

သတင်းတွေမှာ UK က မြန်မာအပါအဝင် နိုင်ငံ ၄ နိုင်ငံ (အာဖဂန်နစ္စတန်၊ ကင်မရွန်း၊ ဆူဒန်၊ မြန်မာ) ကို Student Visa (ကျောင်းသားဗီဇာ) ပိတ်လိုက်ပြီဆိုတဲ့ သတင်းတွေ တက်လာတော့ လူတေ

By Moe Htet