မိမိရဲ့ ကျောင်းသားlogin detailကိုအခြားတစ်ဦးကိုပေးသင့်လား။

မိမိရဲ့ ကျောင်းသားlogin detailကိုအခြားတစ်ဦးကိုပေးသင့်လား။

တချို့သော မိတ်ဆွေတို့ ကျောင်းလခသွင်းတဲ့အခါမျိုးမှာ agentတွေကို account usernameနဲ့passwordပေးပြီး သွင်းခိုင်းမယ်ယူဆပါတယ်။ လုံးဝမလုပ်သင့်ပါဘူးနော်။ ဒီလိုပါ။

ယခုရက်ပိုင်း ကျနော့်အိမ်ကနေပြီးတော့ အကြောင်းပြချက်အမျိုးမျိုးနဲ့ ကျနော့်university login detailsတွေကိုတောင်းတဲ့အခါ ကျနော်ရှာဖွေမိတယ်။ ကျောင်းကသူတွေကိုပါမေးကြည့်မိတယ်။ ဒီလိုinformationက ဘယ်လိုသူတွေဆီဝေမျှခွင့်ရှိလဲ။


Overview

ကျောင်းသားတစ်ဦးရဲ့ informationဆိုတာ ကျောင်းသားနံပါတ်တို့ date of birthတို့စတဲ့အချက်အလက်ပါ။

ကျောင်းသားတစ်ဦးရဲ့ student account ဆိုတာ နိုင်ငံခြားကျောင်းတက်နေကြတဲ့ ကျောင်းသားတွေအများစုကိုင်ဆောင်ထားကြရတဲ့ မိမိကျောင်းကလုပ်ထားပေးတဲ့account ဗဟိုချက်ပါ။

ပြောရမယ်ဆို ကျောင်းသားတစ်ဦးရဲ့ ကျောင်းတက်တာနဲ့ပတ်သက်တဲ့ information တွေဘယ်ဟာမဆို ကြည့်လို့ရတဲ့ ပြောင်းလဲလို့ရတဲ့ ဗဟိုချက်ပါ။ ကျောင်းတက်တာ၊ အတန်းရွေးတာ၊ အမှတ်စာရင်းတွေထုတ်ပြန်တာ၊ ကျောင်းနဲ့ပတ်သက်တဲ့အခြားသော accountတွေကိုဖွင့်လှစ်တာ ဒါတွေအကုန်လုံးပါဝင်ပါတယ်။


ကျောင်းရဲ့ login detail ဆိုတာဘာလဲ။

နိုင်ငံခြားကျောင်းအများစုက ကိုယ်ပိုင်websiteရှိကြပါတယ်။ ကျောင်းသားတိုင်းအတွက် အကောင့်တစ်ခုစီဖွင့်ပေးတယ်။ ဒီကျောင်းသားတစ်ဦးချင်းရဲ့ အကောင့်ကနေ မိမိရဲ့ကျောင်းသားအချက်အလက်တွေဖြစ်တဲ့

  • ကျောင်းရဲ့အမှတ်စာရင်းတွေ
  • ကျောင်းပြောင်းစာတွေ လွှဲစာတွေ certificateတွေ
  • ကိုယ့်ရဲ့personal profileတွေ(ဖုန်းနံပါတ်၊ လိပ်စာ၊ contact details,...)
  • ဖောင်တွေ requestတွေ
  • ကိုယ်တက်နေတဲ့အတန်းနဲ့ပတ်သက်တဲ့အချက်အလက်တွေ

အဲ့ကနေစလို့

  • ကိုယ့်ကျောင်းသားgmailကနေတစ်ဆင့် ကျောင်းတက်နေတဲ့ဆရာဆရာမတွေ၊ ကျောင်းသားတွေနဲ့ပတ်သက်တဲ့email addressတွေ၊ conversationတွေ ပါပါတယ်။

ဘာလို့လူတွေက ဝေမျှကြတာလဲ။

ရည်ရွယ်ချက်ရှိရှိဝေမျှတတ်ကြသလို အမှတ်မထင် ပေးမိတာမျိုးလဲရှိတယ်။

agentနဲ့ကျောင်းလျှောက်တဲ့အခါ agentကနေအကုန်တာဝန်ယူလုပ်ပေးကြတာမို့ အကောင့်တွေကအစ အဆင်ပြေအောင်ယူထားတတ်ပါတယ်။ ကျန်နေတတ်ပါတယ်။

နောက်ကိစ္စတွေကတော့ ကျောင်းလခမသွင်းတတ်လို့ သွင်းရခက်လို့ အဓိကပါပဲ။

အခုခေတ်ကျောင်းသားအများစုက မိမိတစ်ဦးချင်းထားရှိရမယ့်privacyကိုနားလည်ကြလို့ တခြားသော ရန်တော့မရှိပါဘူး။

သို့သော်လည်းအမှတ်မထင်ဘဲ Unsecured Websiteတွေ Scamတွေ မသိတဲ့linkတွေကနေ အမှတ်မထင်ဝေမျှဖြစ်သွားတာမျိုးလဲရှိတတ်ပါတယ်။


ဘာလို့dangerousဖြစ်တာလဲ။

Passwordဆိုတာမျိုးက ဘယ်passwordမဆို ဘယ်လောက်ကြီးပဲ ယုံကြည်ရတဲ့သူဖြစ်စေ ဝေမျှဖို့မသင့်လျော်ပါဘူး။ ဒီaccountကိုရည်ရွယ်ချက်ရှိသည်ဖြစ်စေ မရှိဘဲဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်မသိတဲ့အခြားသောအရာတစ်ခုခုနဲ့ အသုံးချမိသွားမယ်ဆိုရင်ကော?

ဒါကြောင့် အဖွဲ့အစည်းတစ်ခုခု(ကျောင်း၊ university, company,...)ကနေပြီးတော့ သူတို့ရဲ့ ကျောင်းသားတွေ၊ အလုပ်သမားတွေ၊ customerတွေကို မိမိရဲ့ login detailတွေဝေမျှခွင့်မပြုထားပါဘူး။ ဒါက အကြမ်းဖျင်းပါ။

ကျောင်းသားနဲ့ပတ်သက်တာဆိုရင်တော့ ကျောင်းတိုင်းနိုင်ငံတိုင်းရဲ့ ပေါ်လစီကတော့တူညီနိုင်မယ်မထင်ဘူး။ သို့ပေမယ့်အများစုသောကျောင်းတွေမှာတော့ ကျောင်းသားတစ်ဦးရဲ့ ကျောင်းနဲ့သက်ဆိုင်တဲ့ accountဖြစ်စေ passwordဖြစ်စေ မိသားစုဝင်အပါအဝင် မည်သူတစ်ဦးတစ်ယောက်နဲ့မှ ဝေမျှခွင့်မပြုထားပါဘူး။

ဒီOrganization ရဲ့ IT systemတွေကို ပြင်ပကသူတစ်ဦးဦးက အသုံးပြုခွင့်မရှိပါဘူး။ တစ်နည်းအားဖြင့် ကိုယ်ကိုယ်တိုင်က အဖွဲ့အစည်းတွင်းက အချက်အလက်တွေကို အပြင်ကသူတစ်ဦးဦးကို ဝေမျှခွင့်မရှိပါဘူး။


တခြားသောအဖွဲ့အစည်းတွေက တောင်းခွင့်ရှိလား။

ကျောင်းသားဖြစ်ကြောင်း သက်သေပြဖို့အတွက် ဒီအကောင့်ကိုပေးရမယ်လို့အမှတ်မှားလေ့ရှိပါတယ်။ မလိုအပ်ပါဘူးနော်။ ကျောင်းသားဖြစ်ကြောင်းသက်သေပြဖို့ ပြနည်းပေါင်းများစွာရှိပါတယ်။

Attendance certificateကနေစလို့ အခြားသော enrolmentတွေ ဘာတွေအစုံပါပဲ။ ဒီformတွေကို ကျောင်းကနေrequestနိုင်ပါတယ်နော်။

ပုံမှန်အားဖြင့်တော့ အဖွဲ့အစည်းတွေက ဝေမျှလေ့မရှိတဲ့ informationတစ်ခုမို့ ဘယ်သူမှမတောင်းတတ်ကြပါဘူးနော်။


လုပ်မိရင်ဘာဖြစ်သွားနိုင်လဲ။

ကိုယ့်နိုင်ငံ ကိုယ့်ပြည်နယ်နဲ့ ကိုယ့်ကျောင်းပေါ်မူတည်ပါတယ်။

ဥပမာ - USမှာတော့ FERPAဆိုတဲ့  Family Educational Rights and Privacy Act (FERPA) ဆိုတာကို ပြဌာန်းထားတယ်။ အကျဥ်းကတော့ အသက် ၁၈ နှစ်မပြည့်ခင် ကျောင်းသားတစ်ဦးရဲ့ မိဘတွေက ကျောင်းသားရဲ့ educational recordတွေကို accessရှိပါတယ်။ အတိုင်းအတာတစ်ခုထိ ကြည့်လို့ရတယ်၊ ပြောင်းလဲလို့ရတယ်၊ ဝေမျှနိုင်တယ်။

အသက် ၁၈ နှစ်ကျော်သွားရင်တော့ ဒီလုပ်ပိုင်ခွင့်တွေက ကျောင်းသားဆီရောက်သွားတယ် ဒိလိုပါ။

တခြားနိုင်ငံတွေမှာ ဒီissueအတွက် အထူးတလည်ပြဌာန်းထားတာမျိုးမရှိပေမယ့် သူနဲ့အလားသဏ္ဍာန်ဆင်တဲ့ ဥပဒေတွေ ပေါ်လစီတွေ ပြဌာန်းထားပါတယ်။ ကိုယ့်ကျောင်း ကိုယ့်နိုင်ငံနဲ့ ပြန်ပြီးrecheckလုပ်စေချင်ပါတယ်။

လုပ်မိရင် ပေါ်လစီရဲ့အတိုင်းအတာ ပေါ်မူတည်ပါတယ်။ ဒီပေါ်လစီနဲ့အတူ ပြဌာန်းထားတာတွေကတော့ ကျောင်းရဲ့ပစ္စည်းတွေ၊ informationတွေကို ဖြန့်ဝေတာမျိုး၊ အနိုင်ကျင့်တာတွေ၊ လိမ်ညာမှုတွေ၊ အကျင့်ပျက်ခြစားတာတွေ၊ ခိုးမှုတွေ ဒီလိုဟာတွေပါပါဝင်တာမို့ အတိုင်းအတာကို မှန်းဆနိုင်ပါတယ်။

ဒါပေမယ့် login informationကို မဖြစ်မနေပေးခိုင်းတဲ့scenarioကိုမမြင်ဖူးသေးပါဘူးနော်။ ဘဏ်တွေလဲတောင်းခံခြင်းမရှိသလို ဘယ်သူမှမဖြစ်မနေပေးခိုင်းတာမျိုးလဲမရှိပါဘူး။ ရှိရင်တော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကနေတစ်ဆင့် အကူအညီတောင်းခံစေချင်ပါတယ်။


conclusion

ခွင့်မပြုထားတဲ့အကြောင်းအရင်းက မလိုလားအပ်တဲ့ အမှုမဲ့အမှတ်မဲ့ အဖြစ်အပျက်တွေပဲဖြစ်လွန်းလို့ ခွင့်မပြုထားတာပါ။ ဒါကြောင့်မို့လို့ အရဲမစွန့်ဘဲ ပေါ်လစီတွေကို လိုက်နာစေချင်ပါတယ်ဗျာ။

အချိန်ကုန်လဲဘယ်လောက်မှမသက်သာသွားသလို ကျောင်းသားဘက်ကမဖြစ်မနေပေးရမယ့်အခြေအနေရယ်လို့လဲ မရှိတာမို့ပါနော်။


Read more

Alternative Options: ဥရောပနဲ့ အခြားနိုင်ငံများသို့ ကူးပြောင်းခြင်း

Alternative Options: ဥရောပနဲ့ အခြားနိုင်ငံများသို့ ကူးပြောင်းခြင်း

ဒီStudent Visaကိစ္စအပြောင်းအလဲနဲ့ပတ်သက်ပြီး ကျနော်အကြံပြုချင်တာရှိပါတယ်။ ဒါက Studentတွေရော Education Providerတွေရောကိုပါ အကျုံးဝင်ပါတယ်။ ပထမတစ်ခု။ နိုင်ငံအပြောင်းအလဲ။ ကျနော်တို့လို ကျောင်းသားအမျ

By Moe Htet
UK ရဲ့ "Emergency Brake" ဗီဇာပိတ်ပင်မှု နောက်ကွယ်က အချက်အလက်များ

UK ရဲ့ "Emergency Brake" ဗီဇာပိတ်ပင်မှု နောက်ကွယ်က အချက်အလက်များ

သတင်းတွေမှာ UK က မြန်မာအပါအဝင် နိုင်ငံ ၄ နိုင်ငံ (အာဖဂန်နစ္စတန်၊ ကင်မရွန်း၊ ဆူဒန်၊ မြန်မာ) ကို Student Visa (ကျောင်းသားဗီဇာ) ပိတ်လိုက်ပြီဆိုတဲ့ သတင်းတွေ တက်လာတော့ လူတေ

By Moe Htet