ပျော်ရွှင်ခြင်းရဲ့ သားကောင်များ၊ လိင်မှုပညာ၊ နှင့် ပညာရေးရဲ့ အဓိပ္ပာယ်

ပျော်ရွှင်ခြင်းရဲ့ သားကောင်များ၊ လိင်မှုပညာ၊ နှင့် ပညာရေးရဲ့ အဓိပ္ပာယ်

This article is also available in [English]

ကျနော် ဒီနေ့ အလုပ်သွား၊ ကျောင်းဆက်သွားနဲ့မို့ အချိန်သိပ်မရခဲ့ဘူး။ ကျောင်းပြီးပေမဲ့ စာပြန်လုပ်စရာလေးတွေရှိနေတာကတစ်ကြောင်း၊ ကျောင်းမှာပိုပြီး productive ဖြစ်တယ်လို့ခံစားရတာကတစ်ကြောင်း၊ သုံးဖို့ monitor ရှိနေတာကတစ်ကြောင်း ကျောင်းကိုရောက်ဖြစ်နေတုန်းပါပဲ။ ဒါကြောင့် ဒီနေ့တော့ အတွေးစတချို့ကိုပဲ စုစည်းပြီး အတိုချုံးရေးလိုက်ပါတယ်။


၁။ ပျော်ရွှင်ခြင်းရဲ့ သားကောင်များ - A Warning

နိုင်ငံခြားရောက်လာတဲ့အခါ "လွတ်လပ်ပြီ" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး ကျွန်မဖြစ်စေပါနဲ့။ ဒီနေ့ခေတ်လူငယ်တွေကြားမှာ အရက်သောက်တာ၊ vape သောက်တာ၊ ဆေးလိပ်သောက်တာတွေက "cool" ဖြစ်တယ်၊ "socialise" လုပ်တာလို့ ထင်နေကြတယ်။ ကျနော့်အမြင်မှာတော့ ဒါဟာ လွတ်လပ်ခြင်းမဟုတ်ဘူး၊ ဒီအရာတွေရဲ့ "သားကောင်" ဖြစ်သွားခြင်းပါပဲ။

ဘယ်ကြည့်ကြည့် ဟိုကောင်လေးကြည့်လည်း vape နဲ့၊ ဒီကောင်မလေးကြည့်လည်း အရက်ပုလင်းနဲ့။ ကျနော်က ဒီအရာတွေကို လုံးဝဆန့်ကျင်တဲ့သူပါ။ ဟင်းချက်ဖို့ ဝိုင်သုံးတာကလွဲရင် အရသာခံဖို့တောင် တစ်စက်မှမမြည်းပါဘူး။ တကယ်တော့ အသောက်အစားမပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပျော်ရွှင်စရာတွေအများကြီးရှိပါတယ်။ ပန်းခြံထဲမှာ လမ်းထွက်လျှောက်တာ၊ တောလမ်းလေးတွေထဲ စက်ဘီးစီးတာမျိုးတွေက သင့်ကိုတကယ် fresh ဖြစ်စေပါလိမ့်မယ်။ အပျော်အပါးရဲ့သားကောင်မဖြစ်ပါစေနဲ့။


၂။ တိတ်ဆိတ်ခြင်းကို ချိုးဖောက်ခြင်း - လိင်မှုပညာ (Sex Education)

ဒီအကြောင်းအရာက မြန်မာ့လူအဖွဲ့အစည်းမှာ ဝေဖန်ဖို့မဟုတ်ဘဲ သင်ကြားပေးဖို့လိုအပ်နေတဲ့အရာပါ။ မိဘတိုင်းက သားသမီးကို ဆယ်ကျော်သက်အရွယ်ကတည်းက ပွင့်ပွင့်လင်းလင်းသင်ပေးသင့်တဲ့ကိစ္စပါ။

  • မြန်မာနိုင်ငံမှအခြေအနေ: ကိုယ့်သားသမီးက တားဆေးအကြောင်း၊ Plan-B pill အကြောင်းမေးလာတဲ့အခါ "ဘာလို့သိချင်တာလဲ၊ တော်တော်ဖြစ်နေလား"၊ "လူညွန့်တုံးချင်နေပြီလား" ဆိုတဲ့အမေးခွန်းတွေနဲ့ ပိတ်ပင်တတ်ကြတယ်။ ဒီလိုနဲ့ မေးမြန်းတိုင်ပင်ခွင့်မရှိတဲ့အခါ အရာရာက "မြုံစိစိ" သဘောမျိုးနဲ့ မဖြစ်သင့်တဲ့နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာတော့တာပဲ။ ကွန်ဒုံးဆောင်တဲ့ကောင်လေးတစ်ယောက်ကို "တဏှာကြီးသူ" လို့မြင်ကြတယ်။
  • ယူကေမှအခြေအနေ: ဒီမှာတော့ Sex Education ကို အားပေးမြှင့်တင်ကြတယ်။ Relationship and Sex Education (RSE) ဟာ ကျောင်းသင်ရိုးရဲ့ မဖြစ်မနေသင်ကြားရမယ့် အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ကွန်ဒုံးဆိုတာ မလိုလားအပ်တဲ့ကိုယ်ဝန်နဲ့ ရောဂါတွေကိုကာကွယ်ပေးတဲ့ တာဝန်သိတဲ့အသုံးအဆောင်တစ်ခုပါ။ Durex လို brand တွေ၊ sex toys တွေကို convenient store တွေမှာတောင် ပွင့်လင်းစွာရောင်းချကြတယ်။ ဒါကို ဘယ်သူကမှ ရှက်စရာ၊ ကြောက်စရာလို့မမြင်ပါဘူး။

အမှန်တကယ်တော့ ဒီလိုအသုံးအဆောင်ပစ္စည်းတွေဟာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့၊ ကိုယ့်ရဲ့လိင်စိတ်ခံယူမှုကို ဘေးအန္တရာယ်ကင်းစွာ စူးစမ်းလေ့လာဖို့အတွက် အကျိုးရှိတဲ့ကိရိယာတွေပါ။ ဒါပေမဲ့ အလွဲသုံးစားလုပ်ခြင်း (ဥပမာ- တစ်ကိုယ်ရေသန့်ရှင်းမှုမရှိဘဲသုံးခြင်း၊ အခြားသူကို အလိုမတူဘဲအသုံးပြုခြင်း) ကတော့ အန္တရာယ်ရှိပါတယ်။ ပွင့်လင်းမှုကို တာဝန်ယူမှုနဲ့အတူ အသုံးချတတ်ဖို့လိုပါတယ်။


၃။ ဘာသာစကားထောင်ချောက် - အင်္ဂလိပ်စာကျွမ်းကျင်မှုနှင့် မြန်မာ့ဂုဏ်သိက္ခာ

ကျနော် ဒီအကြောင်းကို ထပ်ခါထပ်ခါပြောနေရလို့ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ဒါဟာ သိပ်အရေးကြီးလို့ပါ။ အင်္ဂလိပ်လိုပြောတတ်တာက ကောင်းပါတယ်၊ ဒါပေမဲ့ ဒါဟာ သင်တော်ခြင်း၊ ညံ့ခြင်းကို အဆုံးအဖြတ်မပေးပါဘူး။

  • တလွဲမာနအပိုင်း (၁): International School တက်တဲ့၊ ငွေကြေးချမ်းသာတဲ့ အသိုင်းအဝိုင်းက လူငယ်တချို့ဟာ သူတို့ရဲ့အင်္ဂလိပ်စာကျွမ်းကျင်မှု (ဒါဟာ သူတို့ရဲ့အခွင့်ထူးခံအနေအထားကြောင့်ဖြစ်ပြီး ကိုယ်ပိုင်အရည်အချင်းသက်သက်မဟုတ်) ကိုသုံးပြီး အင်္ဂလိပ်လိုသိပ်မပြောတတ်တဲ့သူတွေကို နှိမ်တတ်ကြတယ်။ ကိုယ့်မိခင်ဘာသာစကားနဲ့ ကိုယ့်နိုင်ငံကိုပါ ပြန်ပြီးစော်ကားလာကြတယ်။
  • တလွဲမာနအပိုင်း (၂): တစ်ဖက်မှာလည်း အင်္ဂလိပ်စာမတတ်တာကို အားနည်းချက်လို့မမြင်ဘဲ "ငါ့မိခင်ဘာသာစကားကအကောင်းဆုံး၊ အင်္ဂလိပ်စာမလိုဘူး" ဆိုတဲ့ တလွဲမာနနဲ့ ခုခံကာကွယ်တတ်ကြတယ်။ ဒါလည်းမှားပါတယ်။
  • အမှန်တရား: ဘာသာစကားတစ်ခုကို တတ်ကျွမ်းခြင်းဆိုတာ ဂုဏ်ယူစရာဖြစ်ပေမဲ့ တခြားသူကိုနှိမ်စရာမဟုတ်ပါဘူး။ ကိုယ့်မိခင်ဘာသာစကားကို မတတ်တာကတော့ လုံးဝဂုဏ်ယူစရာမဟုတ်ပါဘူး။ "မြန်မာလိုမပြောတတ်ဘူး" ဆိုပြီး ဂုဏ်ယူနေတဲ့သူတွေဟာ အင်္ဂလိပ်လိုလည်း တကယ်ကျွမ်းကျင်ကြတာမဟုတ်ဘူးဆိုတာ ကျနော်အာမခံရဲပါတယ်။

ဘာသာစကားတစ်ခုကို တကယ်တတ်ကျွမ်းခြင်းဆိုတာ အခြေအနေ၊ အချိန်အခါ၊ အကြောင်းအကျိုးကိုဆင်ခြင်ပြီး အသင့်လျော်ဆုံးစကားလုံးတွေကို နေရာတကျသုံးနိုင်ခြင်းဖြစ်ပါတယ်။ အခုနောက်ပိုင်း "ပတ်သက်" ကို "ပက်သတ်"၊ "အပြစ်" ကို "အပစ်" လို့ရေးနေကြတာတွေမြင်ရင် စိတ်မကောင်းဖြစ်မိတယ်။ အရေးကြီးတဲ့ အလုပ်၊ ကျောင်းကိစ္စတွေမှာ သတ်ပုံမှားတာက ကိုယ့်ရဲ့ professional impression ကို အများကြီးထိခိုက်စေပါတယ်။


နိဂုံး- ကျောင်းတက်ရခြင်းရဲ့ အဓိပ္ပာယ်

နောက်ဆုံးအနေနဲ့ ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်ပါ- သင်ဘာကြောင့်ကျောင်းတက်နေတာလဲ။

  • Money (ငွေကြေး) အတွက်လား?
  • Work (အလုပ်အကိုင်) အတွက်လား?
  • Study (ပညာရေး) သက်သက်အတွက်လား?
  • Life (ဘဝကို အဓိပ္ပာယ်ရှိရှိဖြတ်သန်းဖို့) အတွက်လား?

မိဘတွေအနေနဲ့လည်း ကိုယ့်သားသမီးကို ဘွဲ့တစ်ခုရဖို့သက်သက်ထက်၊ အဓိပ္ပာယ်ရှိတဲ့လူသားတစ်ယောက်ဖြစ်လာအောင် ပံ့ပိုးပေးပါ။ ကျောင်းဆိုတာ ဘဝမှာကြုံတွေ့ရမယ့်အရာတွေကို အဆင်သင့်ဖြစ်အောင်ပြင်ဆင်ပေးတဲ့ "လေ့ကျင့်ရေးသင်တန်းကျောင်း" တစ်ခုပါ။ ဒီအတွေးလေးနဲ့အတူ အားလုံးကိုကျေးဇူးတင်ပါတယ်။


Read more

"Moe Notes Studio Journal" နှင့် သီးသန့်စကားဝိုင်း

"Moe Notes Studio Journal" နှင့် သီးသန့်စကားဝိုင်း

This article is also available in [English] အဆုံးမရှိ scroll လုပ်နေရတဲ့၊ ကျယ်လောင်တဲ့ algorithm တွေနဲ့ ခဏတာပဲမြင်ရတဲ့ social media post တွေကြားက ကမ္ဘာကြီးမှာ၊ တကယ့်စစ်မှန်တဲ့စကားဝိုင်းတစ်ခုဆိုတာ ဘာ

By Moe Htet
မပြီးဆုံးသေးသော တော်လှန်ရေး-လန်ဒန်မှ ဓာတ်ပုံဆရာတစ်ဦး၏ မှတ်စုများ

မပြီးဆုံးသေးသော တော်လှန်ရေး-လန်ဒန်မှ ဓာတ်ပုံဆရာတစ်ဦး၏ မှတ်စုများ

၈/၈/၂၀၂၅။ လန်ဒန်မြို့လယ်က Parliament Square မှာ အနီရောင်ဒေါင်းအလံတွေလွင့်ပျံတဲ့နေ့။ ဗီဒီယို/ဓာတ်ပုံဆရာတစ်ဦးအနေနဲ့ ကျနော့်အလုပ်က မှတ်တမ်းတင်ရုံပါ၊ သို့သော်ကျနော် မျက်နှာတွ

By Moe Htet